← Chapters

လင်းရီ ရင်ထဲရှိ အာဃာတ

Vol. 84 Ch. 1249

လင်းရီ ရင်ထဲရှိ အာဃာတ

Vol. 84 Ch. 1249

“ သူကျွန်တော့်အနားကနေ ထွက်မသွားခဲ့ဘူး ဟုတ်လား…”

ရှန်းရှုရီ ခေါင်းညိမ့်လိုက်သည်။ “ နင့်ကို မွေးပြီး သိပ်မကြာခင်မှာပဲ သူတို့ နှစ်ယောက်လုံး ရန်ကျင်းကနေ ထွက်သွားခဲ့ကြတယ်… ဒါပေမယ့် အဲ့လို ပရမ်းပတာ ဖြစ်နေတဲ့ အခြေအနေမှာ နင့်အဖေက နင့်ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းအစ မရှိသေးဘူး.. နင့်အမေကလည်း အတူတူပဲ… ဒါကြောင့်မို့ သေချာလေး စဉ်းစားဆုံးဖြတ်ပြီးတော့ သူက နင့်ကို မိဘမဲ့ ဂေဟာမှာ ပေးထားခဲ့လိုက်တာ…”

လင်းရီ ဘာမျှ ဝင်မပြောဘဲ ရှန်းရှုရီ ပြောသည်ကိုသာ တိတ်တဆိတ် နားထောင်နေလျက်ရှိသည်။

“ ဒါပေမယ့် နင့်အဖေက လူကို စိတ်မပျက်စေခဲ့ဘူး… နှစ်နှစ် သုံးနှစ်တည်းနဲ့ အပြင်မှာ ခြေကုပ်ယူနိုင်ပြီးတော့ တည်ငြိမ်တဲ့ ဘဝတစ်ခုကို ထူထောင်နိုင်ခဲ့တယ်… ဒါပေမယ့် သူတို့ နေတဲ့ နေရာမှာဆို နင့်ကို ကောင်းမွန်တဲ့ ပညာရေးလည်း ပေးအပ်နိုင်မှာ မဟုတ်ဘူး… ဒါကြောင့်မို့ သူတို့ နင့်ကို ပြန်မခေါ်ခဲ့တာ…”

“ ကျွန်တော်တော့ သူ(မ) ဂေဟာကို တစ်ခေါက်တစ်လေ လာဖူးတယ်လို့ မထင်ဘူးနော်…”

“ သူလည်း လာချင်ခဲ့ပါတယ်… ဒါပေမယ့် မလာရဲခဲ့တာ..” ရှန်းရှုရီ သက်ပြင်းချလိုက်ရင်း “ နင့်ကို အဲ့လို ပို့ပြီး နေက်တစ်ကြိမ် သူ နင့်ကို ပြန်တွေ့တော့ နင်က သုံးနှစ်သား အရွယ် လူမမယ်လေး… နင်က ဂေဟာထဲမှာ အဖော်အသင်းတွေနဲ့ ပြေးလွှားဆော့တတ်နေပြီး ဝမ်ချွေ့ပင်း လို့ခေါ်တဲ့ အမျိုးသမီးကို ‘ အမေ ‘ လို့ခေါ်ပြီး ကျောက်ချွမ်ဖူကိုကျ ‘ အဖေ ‘ လို့ ခေါ်နေပြီလေ.. အဲ့ကစပြီး သူက နင့်အမေ ဖြစ်ခွင့် မရှိတော့ဘူးဆိုတာ သူ သိလိုက်တယ်…”

“ ဆိုပေမယ့်လည်း သွေးဆိုတာ ရေထက်ပျစ်တဲ့ သဘော ရှိတယ်လေ… နောက်ဆုံးကျ သူ နင့်ကို ဘယ်လိုမှ မခွဲရက်နိုင်ခဲ့ဘူး..”

“ ဒါကြောင့်မို့ အစောပိုင်း အနှစ် ၂၀ ကာလလောက် အထိကို အချိန်အများစုမှာ ရန်ချိန်မှာ နေတယ်… သူ အားရင် နင့်ဆီလာကြည့်တယ်.. သူပျင်းရင်ကျ နင့်အဖေဆီ သွားတယ်.. နင် တက္ကသိုလ်တက်ဖို့ ကျိုးဟိုင်ကို သွားတော့တောင် သူ ခဏလောက် လိုက်ကြည့်သေးတယ်…. ဒီနှစ်ပိုင်းတွေမှာ နင် သူ့မြင်ကွင်းထဲကနေ ဘယ်တုန်းကမှ မပျောက်ကွယ်ခဲ့ဘူးလို့ ပြောနိုင်တယ်… နင် ကြိုက်တတ်တာတွေကိုလည်း သူသိတယ်.. တခြားကိစ္စတွေရောပဲပေါ့.. ဒါကြောင့်မို့ သူ နင့်အကြောင်း ကောင်းကောင်းသိနေတယ်လို့ ပြောလို့ရတယ်…”

လင်းရီ ခါးသီးစွာ ပြုံးလိုက်ရင်း အနည်းငယ် စိတ်မကောင်းဖြစ်သလို ခံစားလိုက်ရသည်။

“ တကယ်ကြီးလား… ကျွန်တော်နဲ့ တွေ့ဖို့လေးကို သူ့မှာ အဲ့လောက်တောင်မှ ခက်ခဲနေတယ်ပေါ့… ကျွန်တော်လည်း မစဉ်းစားတတ်တဲ့ကောင်မှ မဟုတ်တာ… နားလည်ပေးနိုင်ပါတယ်…”

“ ဒါပေမယ့် နင်ကနင် ၊ သူက သူလေ.. နင် တွေးသလိုကြီးတော့ သူက ဘယ်တွေးနိုင်မှာလဲ…”

ရှန်းရှုရီ ပြုံးလျက် ပြောလိုက်ပြီး “ တကယ်လို့ ငါသာဆိုလို့ကတော့ ကျိန်းသေပေါက် ဂေဟာကိုသွားပြီး နင်နဲ့ တစ်ခေါက်လောက် လာတွေ့တယ်… အတွေးလွန်နေမှာ မဟုတ်ဘူး… ဒါပေမယ့် သူကကျ အဲ့လို မလုပ်နိုင်ဘူး… နင့် အမေက ငါ တွေ့ဖူးသမျှ လူတွေထဲမှာ အနူးညံ့ဆုံးနဲ့ အကြင်နာတတ်ဆုံးပဲ… သူ့မှာရှိသမျှ အရာအားလုံးကို နင့်ဆီ ပေးခဲ့တယ်… နင် သွားတဲ့နောက်ကိုလည်း သူ လိုက်ခဲ့တယ်… သူက နင့်ရဲ့ မွေးရင်း အမေဆိုတာတောင်မှ သူက နင် သူ့ကို အမေဆိုပြီး အသိအမှတ်ပြုလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး..”

“ ဒါပေမယ့် မိုးနတ်မင်းကြီးက သူ့အပေါ်မှာ ကြင်နာနေခဲ့တုန်းပဲ… ဒီလိုမျိုး အံ့အားသင့်ဖို့ ကောင်းလောက်တဲ့ တိုက်ဆိုင်မှု တစ်ခု ရောက်လာခဲ့တယ်လေ… မဟုတ်ရင် နင်တို့ နှစ်ယောက်လုံးက ဘယ်အချိန်မှ ဆုံဖြစ်ကြမလဲ မသိဘူး…”

“ ဒီတော့လည်း ဖြစ်ပြီးသမျှကို ဖြစ်ပြီးတဲ့အတိုင်းပဲ ထားလိုက်ကြတာပေါ့…” လင်းရီ အသက်ပြင်းပြင်း ရှူလိုက်ရင်း “ အဆုံးသတ်ကျရင် အားလုံး အဆင်ပြေသွားမှာပဲလေ…”

“ အမှန်ပဲ… ရှေးလူကြီးတွေ ပြောကြတာ လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ မွေးပြီးကတည်းကနေ သတ်မှတ်လာပြီးသားတဲ့.. စီစဉ်ထားပြီးမှတော့ ကောင်းတာပဲ ဖြစ်ဖြစ် ၊ ဆိုးတာပဲ ဖြစ်ဖြစ် ငါတို့ လက်ခံရမှာပဲ…” ရှန်းရှုရီ ပြောရင်းဖြင့် လင်းရီကို ကြည့်လိုက်ကာ “ သူက နင့်ကို ကျွေးမွေး ပြုစုခဲ့တာမျိုး မရှိဘူးဆိုရင်တောင် ငါကတော့ သူက မိခင်ကောင်းတစ်ယောက် ဖြစ်နေသေးတုန်းပဲလို့ ထင်တယ်…”

“ ကျွန်တော် နားလည်ပါတယ်…”

ရှန်းရှုရီ သိနေသည့် အပြုံးမျိုးဖြင့် ပြုံးလျက် “ နင် ဒီသဘောတရားတွေ နားလည်တယ် ဆိုမှတော့ ငါ ဆက်ပြီး အများကြီး မပြောတော့ဘူး.. ဘဝဆိုတာ ရှေ့ဆက်သွားနေရမယ်… ကြိုးထုံးကို ချည်တဲ့သူသာလျှင် ပြန်ဖြည်ရမယ်… ငါ နင်တို့ သားအမိကြားမှာ ဒီလောက်ကြာအောင် ရင်ကြားစေ့ပေးနေတာ အောင်မြင်သွားပြီဆိုတော့ ငါလည်း အနားယူရမယ့် အချိန်ရောက်ပြီထင်တယ်…”

“ ဟုတ်ကဲ့.. ကျေးဇူးပါ အန်တီရှန်း..”

“ ကောင်ရူးလေး…” ရှန်းရှုရီ အပြုံးတစ်ပွင့်ဖြင့် လင်းရီ ဆံပင်ကို ထိုးဖွလိုက်သည်။

သို့သော် လင်းရီရင်ထဲတွင် အာဃာတ တစ်ချို့ ရှိနေသေးသည်ကိုတော့ သူမ ကောင်းစွာ ခံစား သိရှိနိုင်သည်။

ယင်းက ချင်ရင်ယွဲ့ကို မဟုတ်ပဲ သူ တစ်ကြိမ် တစ်ခါမှ မြင်တွေ့ဖူးခြင်း မရှိသေးသည့် သူ့အဖေ ဖြစ်သူ လင်းကျင်ကျန့်ကိုပင်။

မဟုတ်ပါက ယခုလို စကားဝိုင်းတစ်ခုလုံး၌ သူ့အဖေအကြောင်းအား ချပ်လှပ်ထားခဲ့မည် မဟုတ်သည်မှာ ကျိန်းသေလေသည်။

ကလင် ကလင် ကလင်….

ထိုအခိုက်အတန့်တွင်ပဲ အိတ်ကပ်ထဲရှိ လင်းရီ၏ ဖုန်းသံ မြည်ဟီးလာသည်။ ကျန်းချင်မှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ အစ်ကိုကြီးလင်း… လူရွေးပွဲက စတောင်စနေပြီကို ဘယ်လဲရောက်နေတာ…”

“ အင်း.. ငါ ရင်းနှီးတဲ့ တစ်ယောက်ကို လေဆိပ်လိုက်ပို့နေတာ… ခုပြီးပြီ… ခဏဆို ပြန်လာခဲ့မယ်…”

“ မြန်မြန်လာခဲ့… ဒီ တစ်ခေါက် ပါဝင်လာတဲ့ လူတွေက တကယ်တော်တဲ့ လူတွေချည်းပဲ… ရှင့်အသင်းအတွက် သင့်တော်မယ့်သူ ရှိမရှိ မြန်မြန်လာကြည့်လှည့်…”

“ ချိုးယွီလော့နဲ့ နင်ချဲ့တို့ကို အရင်ရွေးခိုင်းလိုက်လေ… ငါတို့ချင်း အတူတူကိုပဲ ဘယ်သူ့ ဦးစားပေးတွေမှ လုပ်မနေနဲ့…”

“ ဘာပဲဖြစ်ဖြစ် ရှင်လည်း ရောက်လာသင့်တယ်… ဘော့စ်လျိုလည်း ဒီမှာ စောင့်နေတယ်…”

“ အိုကေ.. ငါ အခု လာနေပြီ…”

ပြောပြီးနောက် လင်းရီ ဖုန်းချ၍ ကားပါကင်ထံ ရှန်းရှုရီနှင့်အတူ ထွက်လာခဲ့လေသည်။

“ ကျုံးဝေ့တပ်ဖွဲ့က နင့်ဆီ ဖုန်းဆက်လာခဲ့တာလား…”

လင်းရီ ခေါင်းညိမ့်လိုက်၏။

“ ဒီနေ့က လူရွေးပွဲ ပထမနေ့လေ… သူတို့က ကျွန်တော့်ကို လူတစ်ချက် အကဲလာခတ်ခိုင်းချင်နေတာ…”

“ ဒါဆိုလည်း ငါ့ကို လိုက်ပို့ပေးမနေနဲ့တော့…. မြန်မြန် သွားပြီး နင် လုပ်စရာ ရှိတာ လုပ်တော့..”

“ ရပါတယ်.. ကျွန်တော် အန်တီ့ကို ရုံးခန်း အရင် လိုက်ပို့ပေးမယ်…”

ရှန်းရှုရီ လင်းရီအပေါ် အားတောင့်အားနာ ပြုမနေတော့ဘဲ ကားထဲဝင်၍ ထွက်ခွာရန် ဟန်ပြင်လိုက်လေည်။

သို့သော် ထိုအချိန်တွင်ပဲ Rolls Royce Cullinan တစ်စင်းက သူတို့ရှေ့ ထိုးရပ်လာသည်ကို နှစ်ယောက်လုံး မြင်တွေ့လိုက်ရ၏။

လင်းရီ ကားကို တစ်ချက်ကြည့်လိုက်တော့ မည်သူ့ကားဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

ယင်းက ချင်ရန်လင်း၏ ကားပင်...။

နှစ်ယောက်သား နေရာတွင် မလှုပ်မယှက် မတ်တပ်ရပ်နေခဲ့၏။ ချင်မိသားစုက ဤနေရာသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းကို သူတို့ နှစ်ယောက်လုံး သိရှိလိုက်ကြသည်။

ကားတံခါး ပွင့်ဟလာခဲ့ပြီး ချင်ရန်ဖူနှင့် ချင်ရန်လင်းတို့အပြင် သက်လတ်ပိုင်း လူကြီးတစ်ယောက်လည်း ကားထဲမှ ထွက်လာလေသည်။

အဆိုပါ သက်လတ်ပိုင်းလူက သားနားသပ်ရပ်စွာ ဝတ်စားဆင်ယင်ထားပြီး အဖြူရောင်ရှပ်၊ အပြာရောင် ဝတ်စုံပြည့်နှင့် အနက်ရောင် သားရေရှူးဖိနပ်တို့အား စီးနင်းထားသည်။ သူ၏ ဝတ်ပုံစားပုံက အရေးကြီးသည့် အခမ်းအနားပွဲတစ်ခုသို့ တက်ရောက်မည့် လူကြီးသူကောင်း တစ်ယောက် အသွင် ရောက်နေလေသည်။

ရှန်းရှုရီ၏ အကြည့်က အဆိုပါ သက်လတ်ပိုင်း လူကြီးထံ ကျရောက်သွားခဲ့ပြီး မည်သူဆိုတာကို သူမတန်းသိလိုက်၏။

ထိုသူကား ချင်မိသားစု ဒုတိယမျိုးဆက်တွင် အကြီးဆုံး သားတစ်ယောက်ဖြစ်သည့် ချင်ရန်လုံပင်။

သူသည်လည်း လင်းရီ၏ အမေဘက်က ဦးလေးတစ်ယောက်ဖြစ်သည်။

သို့သော် ချင်မိသားစုမှာ လင်းရီနှင့် ချင်ရင်ယွဲ့ကြားရှိ ရင်းနှီးပတ်သက်မှုကို ယခုတိုင် မသိရှိကြသေးချေ။

ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် ချင်ရင်ယွဲ့ ရန်ကျင်းမှ အလျင်စလို ထွက်ခွာသွားမည်ကို သူတို့ ခန့်မှန်းမိသောကြောင့်သာ ယခုလို အချိန်မီ ထွက်လာခဲ့ခြင်းပင်။

သို့‌သော် သူတို့ လင်းရီနှင့် ရှန်းရှုရီတို့ ပြန်လာနေသည်ကို အမှတ်မထင် တွေ့ရှိလိုက်ရတော့ သူတို့ နောက်ကျသွားခဲ့ပြီဟု တပ်အပ်သိလိုက်၏။

“ ချင်ရင်ယွဲ့ ထွက်သွားပြီလား…” ချင်ရန်လုံမှ မေးလိုက်သည်။

“ သွားပြီ…”

“ ရှန်းရှုရီ…. မင်း ဒါသဘောတုန်း… မင်းလည်း သူနဲ့ ငါတို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိနေတာပဲ မဟုတ်ဘူးလား… ဒီကိစ္စမှာ လျန်မိသားစုက ဝင်ပါ စွက်ဖက်စရာ အကြောင်းကို မရှိဘူး… မင်းတို့ သိပ် တရားလွန်နေပြီ…”

“ အစ်ကိုချင်.. ရှင် ကျွန်မကို မစော်ကားပါနဲ့လား… ကျွန်မတို့က ဒီလောက်နှစ်တွေ အကြာကြီး မိတ်ဆွေတွေ ဖြစ်ခဲ့တာကို သူ ရန်ကျင်းရောက်လာတာ ကျွန်မက ကြိုဆိုခွင့် မရှိတော့ဘူးလား….”

“ ဒါပေါ့.. မင်းမှာ ရှိတယ်… ဒါပေမယ့် မင်း ဘာလို့ ငါ့ကလေးတွေကို ဟန့်တားလဲ…”

“ သူတို့ကို ဟန့်တားခဲ့တာ ကျွန်မ မဟုတ်ဘူး… လင်းရီ… ပြီးတော့ ကျွန်မလို မိန်းမသားတစ်ယောက်က သူတို့ကို ဟန့်တားနိုင်စွမ်း ရှိပါ့မလား…”

ချင်ရန်လုံ၏ စူးရှသည့် အကြည့်က လင်းရီထံ ကျရောက်သွားခဲ့သည်။

“ မင်း ငါတို့ ချင်မိသားစုကို တစ်ကြိမ်လည်း မဟုတ် နှစ်ကြိမ်လည်း မဟုတ် ဆန့်ကျင်ခဲ့ပြီးပြီ… အကြီးအကဲလု ကာကွယ်ပေးထားတာနဲ့ပဲ မင်းကိုယ်မင်း ထင်ရာစိုင်းနိုင်နေပြီလို့များ ထင်နေလား…”

“ ခင်များတို့ ဘာကိစ္စနဲ့ သူ့ကို ရှာနေလဲ ဆိုတာ ကျုပ်မသိဘူး… ဒါပေမယ့် ခင်များတို့ ဒီမှာတင် ရပ်တန်းက ရပ်လိုက်ကြဖို့ မျှော်လင့်တယ်…. မဟုတ်ရင် ခင်များတို့ဖို့လည်း ကောင်းမှာ မဟုတ်ဘူး…” လင်းရီ အသံကို နိမ့်၍ ပြောလိုက်၏။

ချင်ရန်လုံ မျက်ခုံးပင့်လိုက်ပြီး ဒေါသရိပ်များကိုတော့ မျက်နှာထက်တွင် ရေထိုးထားလျက် ရှိသည်။

“ မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ… ငါတို့ ချင်မိသားစုရဲ့ အရေးကို လာပြီး ဝင်စွက်ဖက်ရဲနေတယ်ပေါ့…”

“ ခင်များတို့ ချင်မိသားစုက ခင်များပြောတဲ့အတိုင်း သိပ်စွမ်းနေတယ်ဆိုလည်း ဘာလို ကျုပ်နဲ့ အန်တီရှန်းကို ဂရုထားနေသေးတုန်း… တကယ် စွမ်းရင် ခုလို ခြိမ်းခြောက်မှုမရှိတဲ့ လက်ညိုးထိုး စကားတွေ ပြောနေမယ့်အစား တစ်ခုခု လုပ်လိုက်ပါရောလား.. ဒါပေမယ့် ခင်များ မလုပ်ဘူး… အဲ့တာ ခင်များတို့မှာ လုပ်နိုင်စွမ်း မရှိဘူးဆိုတာ ပြသနေတာပဲ မဟုတ်ဘူးလား…” လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး လှောင်ပြောင်ကျီစယ်သည့် လေသံဟန်ပန်ဖြင့် “ ရာထူးကျသွားတဲ့ အရာရှိတွေ… နောက်ဆုံး အင်ပါယာရဲ့ မျိုးဆက်တွေ… အတိတ်မှာပဲ နေထိုင်နေတယ်ဆိုတာ ခင်များတို့အတွက် သိပ်သနားစရာပဲ…”

သူ ချင်ရန်လင်းနှင့် ချင်ရန်ဖူတို့ကို ညွှန်ပြလိုက်ပြီး “ ခင်များမှာ အချိန်တွေအားနေတယ်ဆိုလည်း သူတို့ကို စကေးကောင်းအောင် ပိုသင်ပေးလိုက်… ဘယ်လိုပဲဖြစ်ဖြစ် ခင်များရဲ့ စကားလုံးတွေကို သက်သေပြဖို့ ခွန်အားလိုတယ်… အကြီးကြီးတွေ ပွားနေလို့ ဘာမှ မထူးဘူး…”

All Chapters