← Chapters

ကျွန်တော် မမုန်းပါဘူး..

Vol. 84 Ch. 1246

ကျွန်တော် မမုန်းပါဘူး..

Vol. 84 Ch. 1246

ချင်ရင်ယွဲ့မှာ ချင်ရန်ဖူတို့ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေါ်လာသည့် ကနေဦး ရှော့ခ်ရမှုထဲမှ ရုန်းမထွက်နိုင်သေးခင်မှာပဲ လင်းရီ၏ စကားသံကို ကြား‌တော့ သူမ ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့တော့သည်။

သူမ၏ နှလုံးခုန်သံမှာ ပို၍ ပို၍ မြန်ဆန်လာပြီး လည်ချောင်းဝမှ ခုန်ထွက်လာတော့မည့်အသွင် ရှိနေသည်။

လင်းရီ သူမ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိသွားခဲ့ပြီကို ချင်ရင်ယွဲ့ ချက်ချင်း သတိထားမိလိုက်သည်။

သူမ ဝန်ခံချင်သည်။ သူမ အမှန်တရားကို ထုတ်ပြောပြလိုက်ချင်သည်။ သို့သော် သူမ မဝံ့ရဲခဲ့။

သူမတွင် ထိုသို့ ပြုပိုင်ခွင့် မရှိဟု သူမကိုယ်သူမ ခံစားနေရ၏။ သို့ပေမယ့် တွေးကြည့်ပြီးနောက် ချင်ရင်ယွဲ့ လင်းရီကို မည်သို့ ငြင်းဆန်ရမှန်း မသိ ဖြစ်နေပြန်သည်။

ထို့ကြောင့် နေရာတွင် အချိန်အတော်ကြာအောင် မလှုပ်မယှက် ရပ်တန့်နေပြီး ရေငုံနှုတ်ပိတ်နေလျက် ရှိ၏။

“ ဟုတ်တယ် သူက ချင်ရင်ယွဲ့…” ရှန်းရှုရီ ပြောလိုက်ပြီး “ ချင်ရန်လင်းရဲ့ ဘေးမှာ ရပ်နေတဲ့သူကကျ ချင်ရန်ဖူ… သူက ချင်မိသားစု တတိယ မျိုးဆက်ရဲ့ အကြီးဆုံးသား.. သူ ဒီနေ့ ရောက်လာတာ သူ့ကို လာခေါ်တာပဲ… နင် ဒီကိစ္စ ကြည့်ကြပ်ရှင်းလိုက်…”

“ ကျွန်တော် သဘောပေါက်ပြီ… အန်တီတို့ ကားထဲ အရင်ဝင်နှင့်ကြ…”

လင်းရီ၏ အသံက အင်မတန်တိုးညင်းသည်။ သို့သော် လူကို မလွန်ဆန်နိုင်သည့်စိတ် ဖြစ်ပေါ်စေသည်။

ရှန်းရှုရီ ချင်ရင်ယွဲ့ကို ဆွဲခေါ်၍ ကားထဲ ဝင်သွားခဲ့၏။

သူမ၏ အင်အားကြီး လျန်မိသားစု ချွေးမဟူသော အဆင့်အတန်းဖြင့် ရှန်းရှုရီ ချင်ညီအစ်ကို နှစ်ယောက်ကို လွယ်လင့်တကူ နှင်ထုတ်လိုက်နိုင်သည်။

သို့သော် သူမ မပြုလုပ်ခဲ့။

ဤသည်က ချင်မိသားစု၏ အတွင်းရေးကိစ္စဖြစ်ပြီး ကာယကံရှင်များကသာ ဖြေရှင်းသင့်သည်ဟု သူမ ခံစားမိသောကြောင့်ပင်။

အမျိုးသမီး နှစ်ယောက်၏ ထွက်ခွာသွားမှုက အမျိုးသား သုံးယောက်ကြားရှိ လေထုကို သိပ်သည်းတင်းမာသွားစေသည်။

“ လင်းရီ… ငါ ဒီနေ့ ငါတို့ရဲ့ ရန်ငြိုးတွေကို မဖြေရှင်းချင်သေးဘူး… ဒါ ငါတို့ ချင်မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ… မင်း နားလည်ပြီး ဝင်မစွက်ဖက်ဖို့ မျှော်လင့်တယ်… မင်းမှာ ဝင်စွက်ဖက်ခွင့်လည်း မရှိဘူး…”

လင်းရီနှင့် ချင်ရင်ယွဲ့တို့၏ အပြုအမူက အနည်းငယ် ထူးဆန်းနေသည်ဟု သူတို့ ခံစားမိသော်လည်း ချင်ညီအစ်ကို တစ်ယောက်ကမှ များများစားစား မတွေးမိခဲ့ကြချေ။

“ မင်းက ငါ့ကို ဘာလုပ်ပါ ညာလုပ်ပါ ဆိုပြီး လာသင်ပြနေတာလား…”

“ မင်း ကြည့်ရတာ အသာတကြည် ထွက်သွားချင်တဲ့ ပုံ မပေါ်ဘူးပဲ…”

လင်းရီ တိုက်ရိုက်မဖြေပေ။ “ ကြည့်ရတာတော့ မင်းတို့နှစ်ယောက်ကလည်း ထွက်မသွားချင်တဲ့ပုံပါလား… အဲ့လိုဆိုမှတော့ တက်လာခဲ့ကြ… တစ်ယောက်ယောက်ကတော့ ဒီနေရာမှာ ရှုံးနိမ့်ရမှာပဲ…”

“ မင်း ငါ့ ညီလေးကို တိုက်ခိုက်ရဲတာ မဆန်းတော့ပါဘူး… မင်းက တယ်လည်း မောက်မာတဲ့ကောင်ပဲကိုး… မင်းမှာ ဇရှိတယ်…”

ချင်ရန်ဖူ ခြေတစ်လှမ်း ရှေ့တက်၍ သူ၏ ကိုယ်ဟန်ကို ယူလိုက်ပြီး လင်းရီထံသို့ “ အသင့်ပဲလား… “

“ လာခဲ့လိုက်…”

ချင်ရန်ဖူ မျက်လုံး အစုံ ကျဉ်းမြောင်းသွားပြီး ခွန်အားကို ခြေထောက်အောက် ဖြန့်ကျက်လိုက်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်က လင်းရီထံ အမြောက်ဆံ ပစ်လွှတ်လိုက်သည့်နှယ် တဟုန်ထိုး တိုးဝင်လာသည်။

ဤရိုးရှင်းသည့် လှုပ်ရှားမှု တစ်ခုတည်းနှင့် ချင်ရန်ဖူ၏ ခွန်အား အဆင့်က ချင်ရန်လင်းထက် အများကြီး သာလွန်ကြောင်းကို လင်းရီပြောနိုင်သည်။ နှစ်ယောက်က လုံးဝကို မတူညီသည့် အဆင့်တစ်ခုတွင်ဖြစ်၏။

လင်းရီရှေ့သို့ ရောက်လာရင်း ချင်ရန်ဖူ မျက်နှာတည့်တည့် တည့်လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

လင်းရီကိုယ်ကို နောက်သို့ အနည်းငယ်ယိမ်း၍ တိုက်ခိုက်လာမှုကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းလိုက်၏။

သူ၏ အဆင့်က ချင်ရန်လင်းထက် မြင့်မားသည် ဆိုသော်ငြား အနက်ဝတ်နှင့် လူကိုတော့ မယှဉ်သာနိုင်သေးချေ။

ချင်ရန်ဖူ၏ တိုက်ခိုက်ချက်ကို ရှောင်တိမ်းပြီးနောက် လင်းရီသူ၏ ဘယ်ခြေကို မဏ္ဍိုင်ပြု၍ ၄၅ ဒီဂရီ လည်ပတ်ပြီး ညာခြေကို အားပြင်းသည့် ကြာပွတ်သဖွယ် ချင်ရန်ဖူအား ကန်ကျောက်လိုက်သည်။

အလွန်တရာ အားကောင်းသည့် စွမ်းအားက ချင်ရန်ဖူကို ဖြူဖျော့၍ ထိတ်လန့်သွားစေသည်။

လင်းရီ၏ ခွန်အားအဆင့်က သူ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေခဲ့၏။

သကောင့်သားအား ကြည့်ရသည်မှာ D အဆင့်နှင့် မည်သည့်နည်းနှင့်မျှ မတူညီချေ။

ထိုတခဏတွင်ပဲ ချင်ရန်လင် ဟာကွက်တစ်ခု တွေ့သွားပြီး ထင်မှတ်မထားသည့် ရှုထောင့်မှနေ၍ ၀င်ရောက် တိုက်ခိုက်လာခဲ့၏။

သို့သော် လင်းရီ ၎င်းကို မျှော်လင့်ထားပြီးဖြစ်သည်။

သူ နောက်သို့ တစ်လှမ်းထပ်ဆုတ်၍ ချင်ရန်လင်း၏ တိုက်ခိုက်လာမှုကို ပြီးပြည့်စုံစွာ ရှောင်တိမ်းလိုက်လေသည်။

ချင်ရန်လင်း သူ့နောက်ကျော ဖွင့်ပေးလိုက်မိပြီ ဆိုတာကို သတိပြုမိလိုက်ရင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့မိတော့သည်။

“ မင်း အဆင့်လောက်နဲ့များ ထွက်လာရဲသေးတယ် ဟုတ်လား… လစ်စမ်း…”

လင်းရီ၏ ခြေကန်ချက်က ချင်ရန်လင်း၏ ကိုယ်ပေါ် ကျရောက်သွားခဲ့ပြီး တစ်ဖက်သူမှာ ဟန်ချက်ပျက်၍ မြေအောက်ကားပါကင်၏ ကွန်ကရစ်တိုင်သို့ လွင့်ထွက်သွားခဲ့သည်။

“ ငိုးပဲ…”

ချင်ရန်လင်း လွင့်ထွက်သွားခဲ့ပြီးနောက် ချင်ရန်ဖူ၏ တိုက်ခိုက်မှုများက တရစပ် ဝင်ရောက်လာသည်။

သူ၏ လက်သီးများက အလျင်မပြတ်သော်ငြား လင်းရီ တစ်ချက်ချင်းစီတိုင်းကို လွယ်လင့်တကူ ကိုင်တွယ်နေနိုင်ဆဲပင်။

တိုက်ခိုက်နေစဉ်အတွင်း ချင်ရန်ဖူ၏ ခွန်အားအဆင့်မှာ အမှန်ပင် မြင့်မားလှကြောင်းကို လင်းရီ သတိပြုမိလိုက်သည်။

သေချာ တွေးကြည့်လိုက်တော့ အယ်လက်ဆာထက် အနည်းငယ်သာ အားနည်းလေသည်။ ထိုမျှကပင် တော်တော်လေး သန်မာနေပြီဟု သတ်မှတ်၍ ရ၏။

လင်းရီ၏ အေးဆေးတည်ငြိမ်မှုနှင့် နှိုင်းစာလျှင် ချင်ရန်ဖူမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ပိုပို၍ ရှော့ခ်ရလာနေမိတော့၏။

လင်းရီ၏ အဆင့်က သူ ထင်ထားသည်ထက်ကိုပင် အဆပေါင်းများစွာ ကျော်လွန်နေခဲ့ချေပြီ။

ထိုအခိုက်အတန့်တွင် လင်းရီ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း “ လုံလောက်ပြီ…. မင်း ဘယ်အဆင့်ရှိလဲ သိပြီဆိုတော့ အဆုံးသတ်ရမယ့် အချိန်ပဲ…”

အခြေအနေ မဟန်သည်ကို မြင်တော့ ချင်ရန်ဖူ အလျင်အမြန် နောက်ဆုတ်၍ လင်းရီနှင့် ဝေးအောင် ပြုလုပ်လိုက်သည်။

သို့သော် လင်းရီမှာမူ ထိုသို့ ပြုရန် အခွင့်အရေး မပေးချေ။

“ ဘန်း …”

လင်းရီ၏ ခြေဖဝါးက ချင်ရန်ဖူ၏ ရင်ဘက်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့၏။သကောင့်သားလည်း ကြိုးပြတ်စွန်ကဲ့သို့ လွင့်စင်ထွက်သွားခဲ့လေသည်။

ထိုကန်ချက်ထဲတွင် လင်းရီ သူ၏ ရှိသမျှ ခွန်အား အကုန်လုံးကို အသုံးပြုထားခဲ့၏။ ချင်ရန်ဖူ သူ၏ ရင်ဘက်ကို နာကျင်စွာ ဖိနှိပ်ထားလျက် ပြန်မထနိုင်ဘဲ ဖြစ်နေသည်။

လင်းရီ တစ်လှမ်းခြင်း လှမ်းရင်း ချင်ရန်ဖူကို ဆံပင်မှ ဆွဲဆုပ်၍ အမူအရာကင်းမဲ့စွာဖြင့် “ သူ့ကို ထပ်လာမရှာနဲ့တော့… သူက မင်းတို့ ချင်မိသားစုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး.. ဒီနေ့ သင်ခန်းစာကိုမှ မမှတ်မိဘူးဆိုရင် မင်းတို့ ချင်မိသားစုကို ပြာချပစ်မယ်…”

ချင်ရန်ဖူ၏ မျက်နှာထက်ရှိ ဒေါသရိပ်သည် ပို၍ ကြီးမားလာခဲ့တော့၏။

“ မင်းက သူစိမ်းတစ်ယောက်အတွက်နဲ့ ချင်မိသားစု တစ်ခုလုံးကို ဆန့်ကျင်ချင်နေတယ်ပေါ့ ဟုတ်လား..”

“ မင်းလို အရှုံးသမားက အဲ့တာကို တွေးပူနေရမယ့် အရာမဟုတ်ဘူး.. မင်းတို့နှစ်ကောင်လုံး ခု လစ်လိုက်တော့… ငါ ဒေါသမထွက်ခင် မြန်မြန်လေး…”

ချင်ရန်ဖူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ၏ မုန်းတီမှုကို မည်သို့မျှ ဖောက်ထုတ်မရ ဖြစ်နေလေသည်။

“ ငါ-ိုးပဲကွာ….”

နာကျင်မှုကို အောင့်အီးသည်းခံရင်း ချင်ရန်ဖူ မတ်တပ်ရပ်ကာ ချင်ရန်လင်းနှင့်အတူ ကားထဲဝင်၍ ထွက်ခွာသွားခဲ့၏။

ထိုနှစ်ယောက်ကို ကိုင်တွယ်ပြီးနောက် လင်းရီ နောက်သို့ လှည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ရှန်းရှုရီနှင့် ချင်ရင်ယွဲ့သည်လည်း အပြင်သို့ ထွက်လာလေသည်။

သို့သော်လည်း အမူအရာကတော့ တစ်ယောက်နှင့် တစ်ယောက် မတူညီကြပဲ ရှန်းရှုရီမှာ အမူအရာကင်းမဲ့နေလျက် ရှိနေစဉ်တွင် ချင်ရင်ယွဲ့မှာမူကား နေရထိုင်ရခက်နေသည့် ပုံစံနှင့် ဖြစ်၏။

ထိုအခိုက်အတန့်တွင်တော့ လင်းရီ အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့လေပြီ။

ရှန်းရှုရီ သူ့ကို သူမနှင့်အတူ ထမင်းစားဖို့ ဖိတ်လာခဲ့သည်မှာ မဆန်းတော့ချေ။ အမှန်တော့ ယင်းက သူမအတွက် မဟုတ်ပါဘဲ အဆိုပါ အမျိုးသမီး အတွက် ဖြစ်နေခဲ့သည်။

အမြဲတစေ တက်ကြွပြီး ပူပင်ကြောင့်ကြမဲ့သည့် လင်းရီသည် ထိုအခိုက်အတန့်တွင်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကာ ကြောင်အမ်းအမ်း ဖြစ်နေတော့၏။

ယခင်တုန်းက လူတော်တော်များများ သူ့ကို ဤအကြောင်း မေးမြန်းခဲ့ဖူးပြီး သူ ကိုယ်၌လည်း တစ်ယောက်တည်း ရှိနေစဉ်တွင် တစ်နေ့ သူမနှင့် ဆုံတွေ့ရသည့် အခါ မည်သို့မည်ပုံ တုံ့ပြန်မည့် သူ၏ သဘောထားကို စိတ်ကူးယဉ်ခဲ့ဖူး၏။

သို့သော် ယခု အမှန်တကယ် တွေ့ပြီဆိုပြန်တော့လည်း သူ့ဘက်က အဆင်သင့် မဖြစ်သေးကြောင်းကိုတော့ လင်းရီ ဝန်ခံရပေမည်။

သို့မဟုတ် သူ့ဘက်က ရှောင်ပြေးချင်နေသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အနှစ် ၂၀ကျော်..... ၊ အနှစ် ၂၀ ကျော် အချိန်ကြာခဲ့ပြီးမှ သူ့အား မိဘမဲ့ ဂေဟာသို့ ပို့ခဲ့သည့် ဤအမျိုးသမီးသည် ယခု သူ့ရှေ့ ထွက်ပေါ်လို့ လာခဲ့ပြီဖြစ်၏။

သူ သူမကို မုန်းလား ဆိုတော့…. နည်းနည်းပေါ့။ ဒါပေမယ့် သိပ်မများပါဘူး။

အဆိုပါ မိုးသည်းထန်သည့် ညတွင် မျက်နှာထက် ကျဆင်းလာသည့် သူ၏ မျက်ရည်များက သူမအပေါ် မုန်းတီးမှုများကို တစ်ပါတည်း သယ်ဆောင်သွားခဲ့သည်ဟု လင်းရီ ခံစားမိသည်။

သူမတွင်လည်း သူမ အခက်အခဲနှင့် သူမ ရှိလောက်၏။

“ ထွေထူး ပြောစရာ လိုမယ် မထင်ပါဘူး… သူ ဘယ်သူလဲဆိုတာ နင်သိပြီးရောပေါ့…” ရှန်းရှုရီ၏ ညင်သာသည့် အသံဖြင့် ပြောလိုက်ပြီး “ နင့်ရဲ့ မွေရင်းအဖေကလည်း အခု နင့်လိုပဲ… ပမာမခန့်နဲ့ ဘာကိုမှ ဂရုမစိုက်တော့ ရန်သူတွေ အများကြီး ဖွဲ့ခဲ့မိတယ်… ဒါပေမယ့် နင်နဲ့ မတူသာက သူ့မှာ ငါတို့လို ကျောထောက်နောက်ခံ ပြုပေးနေတဲ့ လူ မရှိဘူး.. အဲ့ဒီ အချိန်မှာ ချင်မိသားစုကလည်း နင့်အမေနဲ့ သံယောစဉ်ဖြတ်လိုက်တော့ သူလည်း မတတ်နိုင်ဘဲ နင့်ကို မိဘမဲ့ဂေဟာမှာ သွားပေးထားလိုက်ရတာပဲ… ဒါတွေ အကုန်လုံးဟာ မလွှဲဖယ်သာတဲ့ အခြေအနေတွေကြောင့်ပဲ လင်းရီ… နင် နားလည်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်…”

ရှန်းရှုရီ၏ အသံမှာ အတိတ်၏ ဖြစ်ရပ်များကို အကျဉ်းချုပ် ပြန်ပြောပြရင်း နူးညံ့သိမ်မွေ့နေသည်။

ဤ အကြောင်းအရင်းများက လင်းရီ အတွက် အရေးကြီး၏လော။

ဟုတ်သည်။ ၎င်းတို့က သိပ်ကို အရေးကြီးသည်။ ဘာကြောင့်လဲဆိုတော့ သူ့လက်ရှိ အတိတ်၏ ဖြစ်ရပ်မှန်များ ဖြစ်သောကြောင့်ဖြစ်၏။

သို့သော် အနီးကပ် သေချာဝေဖန်ပိုင်းခြားကြည့်လျှင် ထိုအချင်းအရာတို့က သူ့အတွက် အရေးမကြီးတော့ပြီကို လင်းရီ သတိပြုမိလိုက်သည်။

ဤမျှ နှစ်များစွာ ကုန်လွန်ပြီးနောက် အရာအားလုံးကလည်း အချိန်၏ လွန်လေပြီးသော ကာလတို့နှင့်အတူ ရေးမပါသည့် အသေးအဖွဲ့လေး ဖုန်မှုန့်‌လေးများသာ ဖြစ်လာလေတော့သည်။

လင်းရီ သူ့လက်မောင်းကို ဖြည်းညင်းစွာ ဖြန့်ကားရင်း မျက်ရည်တို့က သွင်သွင်စီးကျလျက် “ ကျွန်တော် အမေတို့ကို မမုန်းပါဘူး… မွေးပေးခဲ့လို့ ကျေးဇူးတင်ပါတယ်…”

All Chapters