သူ မြှာပွေတဲ့သူ ဖြစ်သွားခဲ့ရင် အပြစ်တင်လို့ မရဘူး
Vol. 84 Ch. 1254
“ မင်း ငါ့ကို အသိဆုံးပဲ..” လင်းရီ ပြောလိုက်ပြီး “ အသင်း ၁ လူခေါ်တဲ့ အချိန်ကျရင် သူတို့ရဲ့ ပိုင်ဆိုင်မှု ပစ္စည်း သုံးနေရာကို တိုင်းတာဖို့ ပြင်းပြင်းထန်ထန်ကို အကြံပြုထောက်ခံတယ်… နောက်ပြီးတော့ သူတို့ရဲ့ ရုပ်ရည်ကလည်း ၉၅ မှတ်အောက် လျော့လို့ မရဘူး..”
လျိုဟုန် စတင် ခေါင်းခဲလာခဲ့တော့၏။
“ မင်း ပုံစံ ကြည့်ရတာတော့ နောင်ကျရင် အသင်း ၁ က ကောင်မလေးတွေချည်း ခေါ်မယ့် ပုံပါလားကွ…”
“ ဘာလို့ မခေါ်ရမှာ… လက်ဖက်ဆီပြန်တွေ ခေါ်လို့လည်း စိတ်မရှိပါဘူး…”
“ သောက် အဓိပ္ပာယ် မရှိတာတွေ…” လျိုဟုန် မာထန်သည့် လေသံဖြင့် “ မိန်းမနဲ့ ယောက်ျားဆိုတာ မတူညီတဲ့ အားသာချက် အားနည်းချက်တွေ ကိုယ်စီ ရှိတယ်… မစ်ရှင်ထမ်းဆောင်တဲ့ အချိန်ကျရင် ယင်နဲ့ယန်လို တစ်ခုက လိုအပ်တာကို တစ်ခုက ဖြည့်ဆည်းပေးရမှာ… ဒါမှ အသင်း မျှခြေညီမှာ…”
“ မလိုဘူး.. မစ်ရှင်ကို ကျုပ်ဘာကျုပ် လုပ်မှာ… သူတို့ လုပ်ဖို့ လိုတာက နောက်ကနေပြီး အားပေးနေဖို့ပဲ..”
“ တကယ်လို့ သူတို့သာ ဘီကီနီလေးတွေနဲ့ဆိုရင် သူ့ရဲ့ တိုက်ခိုက်ရေး အင်အားက နှစ်ဆဖြစ်သွားရော…” နင်ချဲ့ စိတ်လှုပ်ရှားသည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ နောက်ဆုံးတစ်ကြိမ် ကျွန်မတို့ မစ်ရှင်လုပ်တုန်းက ကျွန်မနဲ့ ချိုးယွီလော့က ဘီကီနီလေးတွေ ဝတ်ထားကြတာလေ… အဲ့တုန်းကများ လင်းရီတိုက်ခိုက်ခဲ့တာ တုံးကိုက်ကိုက် ကျားကိုက်ကိုက်ပဲ…”
ချိုးယွီလော့ “ ….”
“ တော် တော် တော်… ပေါက်တတ်ကရတွေ ပြောနေတာတော်ပြီ… လူခေါ်ယူတာကို နဂို အစီအစဉ်အတိုင်းပဲ သွားကြမယ်… ဘာမှ လျှောက်မထွင်နဲ့…”လျိုဟုန် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ သူတို့ နှစ်ယောက်ကို ဒီကိစ္စ ပြောပြပြီးသွားပြီ.. မင်းရဲ့ အသင်း ၁ ထဲ လူအရင်ခေါ်မှာကို သူတို့ နှစ်ယောက်ကလည်း ငြင်းပယ်စရာ အကြောင်းမရှိဘူး.. ထွေထူးလုပ်ပြီး စိုးရိမ်မနေနဲ့…”
“ မဟုတ်ဘူး… ကျုပ် တကယ်ကြီး လိုတယ်လို့ကို မထင်တာ… တော်တဲ့လူတွေက ကျုပ်အသင်း တစ်ခုတည်းမှာချည်း စုနေလို့လည်း အလကားပဲ…” လင်းရီ ပြောလိုက်ပြီး “ သူတို့ အကုန်လုံးက တော်တယ် ဆိုတာ အတ္တမာနနဲ့ အဲ့လိုလူတွေကို ထိန်းချုပ်ဖို့ဆိုတာ တကယ်မလွယ်ဘူး… ကျုပ်ဆီ ဝင်ချင်တဲ့ လူတွေထဲက ကျပန်းပဲ ရွေးလိုက်မယ်… တကယ်လို့ အကြီးအကဲလုက သဘောမတူဘူး ဆိုရင်တောင် ကျုပ် သူနဲ့ စကားသွားပြောလိုက်မယ်….”
“ ကောင်းပြီလေ… ဒါဆိုလည်း မင်းတို့သုံးယောက် စစ်ဆေးပွဲမှာ ဘယ်သူတွေ အဆင်ပြေမလဲ လိုက်ကြည့်ထားကြ… ပြီးရင် ဘယ်သူ့ကို အသင်းထဲ ခေါ်ကြမလဲဆိုတာ မင်းတို့ဘာမင်းတို့ ဆုံးဖြတ်ကြတော့… ငါ ဝင်မပါတော့ဘူး…”
“ ကျုပ်က ဒီတိုင်း လမ်းကြုံလို့ ဝင်လာခဲ့တာ… မွန်းလွဲပိုင်းကျရင် အသီးတွေ ရောင်းဖို့ ရှိသေးတယ်… အဲ့တာပြီးမှပဲ လာခဲ့တော့မယ်…”
အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လျိုဟုန် လင်းရီကို ဆောင့်ကန်ပစ်ချင်နေသည်။
“ သောက် အသီးရောင်းတာက အရေးကြီးလား…”
“ သိပ်အရေးကြီးတာပေါ့… ဒါမှ ကျုပ် ကိုယ်ပိုင် ဝင်ငွေလေး ရမှာလေ…”
လျိုဟုန် မျက်မှောင်နှစ်ခုကို ပွတ်သပ်နေလိုက်သည်။ သူ လင်းရီကို မည်သို့ လုပ်လို့ လုပ်ရမှန်းလည်း မသိတော့ချေ။
နေ့လည်စာ စားနေစဉ်အတောအတွင်း လင်းရီ မနက်ပိုင်း ထရိန်နင် ရလဒ်များကို တစ်ချက် ကြည့်ကြည့်လိုက်၏။
ပါဝင်ယှဉ်ပြိုင်သူများ၏ ဘက်ပေါင်းစုံ စံချိန်စံနှုန်းက ယခင်ကထက်ကို ပိုပြီး မြင့်မားနေသည်။ အထူးသဖြင့် စွေ့ချန်နှင့် ယွီစီယင်တို့အတွက်ဆို ပိုမှန်လိမ့်မည်။ သူတို့နှစ်ယောက်က ကြက်အုပ်ကြားရှိ ကြိုးကြာများသဖွယ် ဖြစ်လို့နေလေသည်။
ဤတစ်ခေါက် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူခေါ်ယူမှုက တော်တော်လေးကို ထိရောက်သွားခဲ့ပင်။
သို့သော် အဆုံးသတ်တွင် လူမည်မျှ ကျန်နေရစ်မည်လဲ ဆိုတာတော့ ပြောရခက်ခဲ၏။
“ နင် ဒီမွန်းလွဲပိုင်းကျရင် ဘယ်မှာလဲ အသီးသွားရောင်းမှာ….” နင်ချဲ့ မေးမြန်းလိုက်၏။
“ ခိုင်ရွှမ်အိမ်ယာမှာ... ငါကြားတာတော့ အဲ့မှာ သူဌေးတွေ တော်တော်လေး များတယ်ဆိုပဲ… တကယ်လို့ မြန်မြန် မရောင်းဘူးဆိုရင် အသီးတွေက ပုပ်ကုန်တော့မှာ…” လင်းရီ စားရင်း ပြောလိုက်ပြီး “ ဘာဖြစ်လို့လဲ…”
“ နောက်ထပ် ဝင်ပြိုင်မယ့် သင်တန်းသားတွေက တစ်ဒါဇင်ကျော်ကျော်လောက် ရှိတော့တာ… အဲ့တာပြီးရင် ငါ နင့်ဆီ လာခဲ့မယ်… ငါ သိပ်အရသာရှိတဲ့ တုံးပေ ဘာဘီကျူးဆိုင် တစ်ဆိုင် တွေ့ထားတယ်.. ဒီည အဲ့မှာ သွားသောက်ကြစို့…” နင်ချဲ့ မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း “ သူတို့ရဲ့ ဆိတ် ကျောက်ကပ်ကင်က အထူးကို အရသာရှိတာနော်… နင် စားရအောင်လို့ ငါ ခေါ်သွားပေးမယ်….”
“ ကောင်းတယ်… ငါလည်း အဲ့တာ သိပ်ကြိုက်တာ…”
လျိုဟုန် သူတို့နှစ်ယောက်ကို အကြည့်တစ်ချက် ပေးလိုက်ပြီး “ ငါ မင်းတို့ကို သတိ မပေးဘူးလို့ မပြောနဲ့နော်… စား ၊ သောက် ၊ ပျော်… ဒါပေမယ့် ရှုပ်ရှုပ်ယှက်ယှက်တွေတော့ မလုပ်ကြနဲ့…”
“ မပူနဲ့… ကျွန်မ အိတ်ထဲမှာ ဆေးအသင့်ရှိတယ်… ဘာမှ မဖြစ်စေရဘူး…”
လျိုဟုန် တိတ်ဆိတ်လျက်သာ သူ့နေ့လည်စာကို ဆက်စားနေလိုက်သည်။
စိတ်ထဲတွင်တော့ သူ့တွင် အဘယ်ကြောင့် ဤကဲ့သို့ သောက်ကျိုးနည်း လက်အောက်ငယ်သား ရှိနေရသလဲ ဆိုတာကို မေးခွန်းထုတ်မိနေသည်။
စားသောက်ပြီးနောက် လင်းရီ သုံးယောက်လုံးကို နှုတ်ဆက်၍ လျန်ရူရွှယ် အကြံပြုပေးသည့် ခိုင်ရွှမ်အိမ်ယာသို့ မောင်းထွက်လာခဲ့လိုက်၏။
ချိုးယွီလော့နှင့် နင်ချဲ့တို့ နာရီကို ငုံ့ကြည့်လိုက်ကြပြီး ၁ : ၃၀ ရှိနေပြီဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။ မွန်းလွဲပိုင်း လေ့ကျင့်ရေးကို စတင်သင့်သည့် အချိန်အခါပင်။
နှစ်ယောက်မှာ အဆောက်အဦးထဲမှ ထွက်လာခဲ့ကြ၏။ ယှဉ်ပြိုင်သူ ၃၀၀ ကျော်တို့မှာ ကွင်းပြင်ထဲတွင် ဆီလျော်သလို မတ်တပ်ရပ်နေကြသည်။ သို့သော် အကယ်၍ တစ်စုံတစ်ယောက်မှ ဂရုတစိုက်နှင့် ရေတွက်ကြည့်မည် ဆိုပါက အစောပိုင်းကထက်ကို လူလျော့နည်းနေကြောင်း သိရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စမ်းသပ်စစ်ဆေးမှု ပြီးဆုံးသဖြင့် လူအများစုမှ ပြန်သွားခဲ့ကြသောကြောင့်ပင်။
အကယ်၍ မပြန်ချင်ပါကလည်း အခြားသူများ စမ်းသပ် လေ့ကျင့်မှု ပြုသည်ကို လာရောက်ကြည့်ရှုရုံသာ ရှိသဖြင့် အများစုကတော့ အိမ်ပြန်ဖို့ကိုသာ ရွေးချယ်လိုက်ကြသည်။
စုဝေးပြီးနောက် လူတိုင်းမှ သူတို့၏ ခြေဖျားထားကို ထောက်ရင်း ရှေ့သို့ လှမ်းမျှော်ကြည့်ရှုနေကြလေသည်။ သူတို့ သူတို့ သိပ်မြင်ချင်နေသည့် လင်းရီကိုတော့ အရိပ်အယောင်လေးပင် မမြင်တွေ့ကြရပေ။
ချိုးယွီလော့နှင့် နင်ချဲ့တို့ကတော့ များများစားစား မစဉ်းစားဘဲ မွန်းလွဲပိုင်း စမ်းသပ်လေ့ကျင့်ရေးကို စတင်ရန် ဟန်ပြင်လိုက်၏။
သို့သော် ထိုအခိုက်အတန့်တွင်ပဲ ယွီစီယင်မှ ရှေ့ထွက်လာပြီး “ ခေါင်းဆောင်ချိုး … ခေါင်းဆောင်နင်… ခေါင်းဆောင်လင်းက ရှင်တို့နဲ့ အတူ ရှိနေတာ မဟုတ်ဘူးလား….”
နေ့လည်စာ စားနေစဉ်အတောအတွင်း သူမ ထိုကိစ္စကို ပြန်တွေးမိတော့ စိတ်ထဲ မသက်မသာ ခံစားနေရလေသည်။ သူမ လင်းရီကို တောင်းပန်သင့်သည်ဟု ခံစားနေရ၏။
မည်သို့ပင်ဆိုစေ သူမက အသင်း ၁ ထဲသို့ ဝင်ရန် ရည်ရွယ်ထားပြီး သူမ၏ အထက်လူကြီးနှင့် အချေအတင် ဖြစ်ထားသည်မှာ သိမ်ဖျင်းရာ ကျလွန်းလှ၏။ ထို့ပြင် လင်းရီ၏ အရည်အချင်းတို့ဖြင့်ဆိုပါက အကယ်၍ သူသာ သူမကို ဖြေရှင်းလိုသည်ဆိုပါက အားစိုက်ထုတ်ရန်ပင် မလိုဘဲ လွယ်လင့်တကူ ကိုင်တွယ်လိုက်နိုင်သည်။
သူမတို့၏ ယမန်နေ့က တွေ့ဆုံမှုတွင် တစ်ယောက်နှင့် တစ်ယောက် မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိသည့်အပြင် သူ့ဘက်ကလည်း စိတ်ရှည်မှုကို ပြသ၍ မည်သည်ကိုမျှ ပြန်လည် တုံ့ပြန်ပြုလုပ်ခဲ့ခြင်း မရှိချေ။ သို့ဖြစ်သည့်တိုင်အောင် သူ၏ ရည်ရွယ်ချက်က မည်သို့ပင် ရှိစေကာမူ မှားယွင်းသူ သူမ အနေဖြင့် တောင်းပန်ရန်တော့ လိုအပ်၏။
မွန်းလွဲပိုင်း စမ်းသပ်လေ့ကျင့်ရေး အတွက်ကတော့ သူမ စိတ်ထဲ၌ပင် ရှိမနေချေ။ အိမ်မပြန်ဘဲနှင့် အခြားသူများ၏ စမ်းသပ်မှု ရလဒ်ကို ထိုင်ကြည့်နေသည်က အချိန်ဖြုန်းခြင်း ဖြစ်၏။
“ နင် လင်းရီကို သိနေတယ်ပေါ့..” ချိုးယွီလော့ အံ့အားသင့်သည့် လေသံဖြင့် မေးမြန်းလာသည်။
“ ကျွန်မတို့ နေ့လည်ခင်းတုန်းက တွေ့ခဲ့ကြတာ.. သူနဲ့ ပြောချင်တာလေး ရှိလို့…”
ချိုးယွီလော့နှင့် နင်ချဲ့တို့ ယွီစီယင်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ကြသည်။
သူမတို့ အနှီ မိန်းကလေးကို စိတ်ထဲတွင် ကောင်းစွာ သိရှိနေသည်။ မည်သို့ပင်ဆိုစေ သူမသည်လည်း အနည်းငယ်သော D အဆင့် ယှဉ်ပြိုင်သူများထဲမှ တစ်ယောက်ဖြစ်၏။
သို့ဖြစ်သည့်တိုင်အောင် တစ်ကြိမ်တစ်ခါမျှ တွေ့ဖူးရုံမျှနှင့် လင်းရီကို လိုက်ရှာနေသည်ကတော့ နည်းနည်းလေး လွန်ကြူးသည့်သယောင် ထင်ရလေသည်။
ချိုးယွီလော့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါရမ်းလိုက်မိသည်။
အကယ်လို့ တစ်နေ့ လင်းရီ မြှာပွေသူ ဖြစ်လာခဲ့လျှင် သူမ သူ့ကို အပြစ်တင်မိလိမ့်မည် မဟုတ်ချေ။ အကုန်လုံးက ဤမိန်းကလေးများကြောင့်သာ ဖြစ်၏။
“ နင် သူ့ကို သွားရှာလို့လည်း ထူးမှာ မဟုတ်ဘူး…” နင်ချဲ့ ပြောလိုက်ပြီး “ အသင်း ခေါင်းဆောင်လင်းရဲ့ စိတ်က သူများနဲ့ မတူဘူး… သူက D cup အောက် ရှိတဲ့ မိန်းကလေးတွေဆို ခေါင်းထဲကို မထည့်တာ… နင် သူ့ကို သွားရှာလို့လည်း အလကားပဲ.. ကိုယ့် ထရိန်နင်ကိုယ် လုပ်နေလိုက်…”
ထိုသို့ပြောပြီးနောက် နင်ချဲ့ သူမ၏ ရင်ကို ကော့ပြလိုက်၏။ သူမကတော့ အရည်အချင်းမှီတယ်ဟူ၍ ပြောနေသယောင်ယောင်….။
“ ဟင်….”
ပါဝင်ယှဉ်ပြိုင်သူ ထရိန်နီသင်တန်းသားများအားလုံး စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ကြသည်။
ထို့နောက် သူတို့ထဲမှ ဒါဇင်ကျော်သော အမျိုးသမီးလေးတို့မှာ ကမ္ဘာတုန်ဟီးမတတ် စတင် ဟစ်ကြွေးကြတော့၏။
“ ငါက D cup … “
“ တို့လည်း D cup….”
“ အဟမ်း… တစ်စိတ်လောက် ရှင်တို့တွေ… ဒီမှာ ကျွန်မက E cup……”
“ E cup က ဘာပေါက်… ငါက F Cup… နင်တို့တွေ တစ်ယောက်မှ ခေါင်းဆောင်လင်းကို ငါနဲ့ ပြိုင်လုမယ် မစဉ်းစားနဲ့…”
အဆိုပါ ရူးသွပ်နေသည့် အမျိုးသမီးများကို မြင်တော့ ချိုးယွီလော့ ကြက်သေသေသွားခဲ့သည်။
“ ဝိုး… ဒီ တစ်သုတ်က တော်တော်လေး အံ့ဩဖို့ကောင်းတာပဲ… သူတို့ထဲ F cup တွေတောင် ပါလာတယ်… အရင်တုန်းက သူတို့ ဟော်မုန်း အစားထိုး ကုထုံးတွေများ လုပ်ဖူးကြလား မသိဘူးနော်…”
ယွီစီယင် ခေါင်းငုံ့ရဲ့ သူမကိုယ်သူမ ငုံ့ကြည့်လိုက်၏။
ဤကဲ့သို့ နေရာမျိုးတွင် သူမကဲ့သို့ B cup ပိုင်ရှင်လေးမှာ မည်သို့ ရှင်သန်ရမည်နည်း။
“ ခေါင်းဆောင်နင် .. ရှင် နားလည်မှု လွဲနေပြီ ထင်တယ်… ကျွန်မက ခေါင်းဆောင်လင်းနဲ့ တစ်ခုခု ဆွေးနွေးချင်တာလေး ရှိလို့… ကျွန်မကို ခွင့်ပြုပေးပါလား…”
“ ကျုံးဝေ့တပ်ဖွဲ့မှာ အဲ့လောက် စည်းကမ်းချက်တွေ အများကြီး မရှိပါဘူး… နင်တို့ကို ပေးတွေ့လို့လည်း စိတ်မရှိဘူး… ခက်တာ လင်းရီက ဒီမှာ မရှိတော့ နင်တို့ တွေ့လို့ရဦးမှာ မဟုတ်ဘူး… ပြောချင်တာတွေကို ခဏလောက် ထိန်းထားလိုက်ဦး…”
“ ဒါဆို သူက ဘယ်မှာလဲတဲ့.. သူ့ကို သွားရှာလိုက်မယ်…”
“ သူက ခိုင်ရွှမ်အိမ်ယာဘက်မှာ အသီးသွားရောင်းနေတယ်… နင် အဲ့ကို သွားရင် သူနဲ့ တွေ့ရင် တွေ့နိုင်တယ်…”
“ ကျေးဇူးနော်.. ခေါင်းဆောင်နင်…”
လင်းရီ မည်သည့် နေရာကို သွားခဲ့ကြောင်း သိရှိပြီးနောက် ယွီစီယင် နောက်သို့လှည့်၍ ထွက်ခွာသွားခဲ့သည်။ ချန်ညီအစ်ကိုတို့တတွေလည်း သူမနောက်မှ လိုက်ပါသွားကြလေသည်။
“ သောက်ပဲ… ငါလည်း လိုက်ချင်တယ်လေ…” D cup ပိုင်ရှင် ကောင်မလေး တစ်ယောက်မှ အော်ဟစ်လိုက်ပြီး “ ငါလည်း အသင်း ၁ ထဲ ဝင်ချင်တယ်…”
“ ငါရောပဲ ငါရောပဲ… ငါဆို F cup တောင် ဖြစ်နေပြီကို ကျိန်းသေပေါက် အသင်း ၁ ထဲ ဝင်လို့ရနိုင်တယ်… စစ်ဆေးမှုတောင် ဖြေစရာ မလိုလောက်တော့ဘူး…”
“ သောက်ပဲ… အရှက်မရှိလိုက်တဲ့ မိန်းမတွေ… ဘာလို့ ငါတွေးသလို သူတို့ လိုက်တွေးနေကြလဲ မသိပါဘူး…”
အမျိုးသမီး ဆယ်ယောက်ကျော်နှင့် အမျိုးသားတစ်ချို့ ပြေးထွက်သွားသည်ကို မြင်တော့ နင်ချဲ့ ရင်ဘက်ရှေ့ လက်ကို ပိုက်လျက် “ လင်းရီကတော့ တကယ့်ကို လူ့စည်းစိမ် ခံစားနေရတာပဲ…”