ဒီကိုလာပြီး အစမ်းသပ်ခံတာ
Vol. 84 Ch. 1256
“ ဟင်… ကျိုးဟိုင်မှာ ဗီလာလား..”
ထိုစကားကြားတော့ အမျိုးသမီးကြီးသာလျှင် စိတ်လှုပ်ရှားလာသည်သာ မဟုတ်ဘဲ အခြားသော သူ့ဘေးနားရှိသည့် အဘိုးကြီး အဘွားကြီးတို့ပါ လင်းရီအပေါ် စိတ်ဝင်တစား ရှိလာခဲ့ကြသည်။
အကြောင်းအရင်းကတော့ ကျိုးဟိုင်ရှိ ဗီလာတို့မှာ ယွမ် တစ်ဘီလီယမ်ကျော် တန်ကြေးရှိနေသောကြောင့် ဖြစ်လေသည်။
ကောင်လေးက ရုပ်ရည် ချောမောသည်သာမက စည်းစိမ်ဥစ္စာနှင့်လည်း ပြည့်စုံနေသည်။ သူတို့၏ သမီး မြေးမလေးတို့ဖြင့် မိတ်ဆက်ပေးမည်ဆိုပါက အခွင့်ကောင်းပင်။
“ ကောင်လေး.. နင် ငါ့ကို လာပြီး ဟာသလုပ်နေတာလား.. နင်သာ အဲ့လောက် ချမ်းသာနေရင် ဘာလို့ ဒီလာပြီး အသီးရောင်းနေသေးလဲ…” အမျိုးသမီးကြီးမှ ပြောလိုက်ပြီး “ နင့် အသီးတွေကို တစ်ကတ်တီ ယွမ် ၃,၀၀၀ နဲ့ ရောင်းမယ်ဆိုရင်တောင် ဗီလာကိုးခုကြီးတော့ ဝယ်နိုင်မှာ မဟုတ်ဘူး… ရိုးသားလိုက်စမ်းပါအေ… အချင်းချင်းတွေကို ညာမနေစမ်းပါနဲ့..”
လင်းရီ တည်ငြိမ်စွာ ပြုံးလျက် “ ထင်ချင်သလိုသာ ထင်ကြဗျာ…”
အမျိုးသမီးကြီးမှ အောက်နှုတ်ခမ်းကို ခဲထား၏။ ဤ လူငယ်လေးက ရုပ်ရည်ပြေပြစ်သော်လည်း ပါးစပ်ကတော့ ပေါက်တတ်ကရ အတော်လေး ပြောသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် အားကိုးလို့မရသည့် အမျိုးအစားဆိုသည်မှာ သေချာလေသည်။
ထို့ပြင် သူက အသီးသည်လည်း ဖြစ်နေသေး၏။ သူမ သမီးနှင့် မိတ်ဆက်ပေးသင့်သည့် လူစားမျိုးထဲတွင် မပါဝင်ချေ။
ကျန်သူများလည်း ကိုယ်စီ ခေါင်းညိမ့်လိုက်ကြသည်။ သူတို့သည်လည်း အမျိုးသမီးကြီးနည်းတူ အတွေးဝင်နေကြသည်။
အပြောနဲ့ အလုပ် မညီတဲ့ ယောက်ျားမျိုးက အားကိုးရတဲ့ ယောက်ျားမျိုး မဟုတ်ဘူး…
လင်းရီ၏ အခြေအနေကို နားလည်သဘောပေါက်သွားပြီးနောက် အန်ကယ်ကြီး အန်တီကြီးတို့မှာ သူ့အပေါ် စိတ်ဝင်စားမှုတို့ ပျောက်ဆုံးသွားပြီး အိမ်ပြန်ရန် ဟန်ပြင်လိုက်ကြတော့၏။
ခရိတ်ခ်….
ခရိတ်ခ်…
ခရိတ်ခ်….
ထိုအခိုက်အတန့်တွင် ကားဘရိတ်အုပ်သံများ အစီအရီ ထွက်ပေါ်လို့လာသည်။ ဝင်ပေါက်ဝနားတွင် ရပ်နေကြသူများမှ လှည့်ကြည့်လိုက်ကြတော့ ဇိမ်ခံကားများနှင့် စူပါကား လေးငါးစင်းခန့်မှာ ဂိတ်ပေါက်ဝအနားတွင် ထိုးရပ်လာခဲ့ကြောင်းကို မြင်တွေ့လိုက်ကြရ၏။
ဤသည်က လူတိုင်းကို ကြက်သေသေသွားစေသည်။
သူတို့လို အရွယ် လူကြီးပိုင်းများပင် ထိုကားများက ပေါပေါပဲပဲ မဟုတ်ကြောင်းကို ခန့်မှန်းနိုင်ကြ၏။
လင်းရီ သူတို့ကို သိချင်စိတ် ပြင်းပြစွာဖြင့် စူစမ်းကြည့်လိုက်၏။ ဤသည်က လမ်းပေါ် ရှိုးပြရန် ထွက်လာခဲ့ကြသည့် ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးများလော ၊ ဒါမှမဟုတ် သူ သင်ခန်းစာပေးလိုက်သည့် တစ်ကောင်ကောင်က အပေါင်းအပါများဖြင့် သူ့ဆီ ပြဿနာ လာရှာနေသည်လော ဆိုတာကို သူ သိချင်မိသွားခဲ့သည်။
တစ်ချိန်တည်းတွင် ကားထဲမှ လူများ ထွက်လာခဲ့ကြ၏။ အများစုကို လင်းရီ မသိရှိသော်လည်းပဲ အနည်းငယ် သုံးလေးယောက်လောက်ကိုတော့ လင်းရီ မှတ်မိနေသည်။
ယင်းက သူနှင့် အချင်းများခဲ့ကြသည့် ယွီစီယင်နှင့် အပေါင်းအပါ နှစ်ယောက်ပင်။
“ ခေါင်းဆောင်လင်း..”
ယွီစီယင် လင်းရီရှေ့ ရပ်တန့်၍ ရှက်ကိုးရှက်ကန်း ဟန်ပန်လေးဖြင့် ခေါ်ဆိုလိုက်၏။
“ မင်းတို့ကောင်တွေ ဒီကို ဘာလာလုပ်တာ…”
“ ကျွန်မတို့က မွန်းလွဲပိုင်း လေ့ကျင့်ရေး မရှိတော့ဘူးလေ… ဒါကြောင့်မို့ ရှင့်ကို လာရှာတာ… “ ယွီစီယင် ဆံပင်ကို နောက်သို့ သပ်လျက် ပြောလိုက်ရင်း “ ကျွန်မ မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်…”
“ မလိုပါဘူး..” လင်းရီ ထူးမခြားနားစွာ လက်ဝှေ့ယမ်းလိုက်ပြီး “ ငါက အသင်းခေါင်းဆောင်ဆိုပေမယ့် မင်းတို့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး… မင်းတို့ရဲ့ ရလဒ်တွေ ကောင်းမွန်နေသရွေ့ ဝင်လို့ရတယ်… တောင်းပန်ဖို့ မလိုဘူး…”
လင်းရီ ဤမျှ စိတ်သဘောထား ကြီးမြတ်နေလိမ့်မည်လို့ ယွီစီယင် မျှော်လင့်မထားခဲ့ပါချေ။ သို့သော် ယင်းက သူမကို ပိုလို့ပင် ရှက်စိတ် ဝင်သွားစေခဲ့၏။
“ ဒါပေမယ့် ဘာပဲ ပြောပြော ကျွန်မဘက်က မှားတာလေ… ရှင့်ကို တောင်းပန်ရဦးမှာပဲ…”
“ ကျွန်တော်ရောပဲ ကျွန်တော်ရောပဲ…”
ချန်ချောင် ဝင်ပြောလိုက်ပြီး “ ခေါင်းဆောင်လင်း… ဒီ နေ့လည်ခင်းတုန်းက ကျွန်တော် မှားသွားပါတယ်… ခေါင်းဆောင်လင်းလို ကြီးမြတ်သူက ကျွန်တော့် အဆင့်ရောက်အောင် မနိမ့်ချလိုက်ပါနဲ့…”
“ ဟုတ်တယ် ဟုတ်တယ်… ကျွန်တော်တို့ အဆင့်ရောက်အောင် ကိုယ့်ကိုယ့်ကို မနှိမ့်ချပါနဲ့…” ချန်ဖန့်လည်း ပြောလိုက်သည်။
“ ငါ ဒီကိစ္စတွေကို အရေးတယူ ပြုနေဖို့ အချိန်မရှိဘူး… တကယ်လို့ တခြား ဘာမှ မရှိတော့ဘူးဆိုရင် မြန်မြန် ဂျောင်းကြတော့… ငါ အသီးရောင်းနေတာကို လာမနှောင့်ယှက်နဲ့…”
“ ရောင်းမနေနဲ့တော့… ကျွန်မ အကုန်ဝယ်လိုက်မယ်… ယွမ် ၂၀၀,၀၀၀ ဆို လောက်ပြီမလား…”
သူမ၏ စစ်မှန်သည့် တောင်းပန်မှုကို ဖော်ပြရန် အလို့ငှာ ယွီစီယင် ထိုသို့ ပြောလိုက်သည်။
“ မင်းနားက ဒီငွေနည်းနည်းလေးကို ငါမလိုချင်ဘူး… ငါ ဒီကို အသီးလာရောင်းတယ်ဆိုတာ အတွေ့အကြုံရချင်လို့…. ငါ့ဆီ သောက်ပြဿနာတွေ သယ်သယ်လာမနေနဲ့… သွားပြီး မင်းအလုပ် မင်းသွားလုပ်ချည်…”
“ ကောင်လေး… ဟိုက နင့်အသီးတွေ ဝယ်ချင်နေတာလေ… ဘာလို့ မရောင်းပေးလိုက်တာ..ပြီးတော့ ၂၀၀,၀၀၀ ဖိုးကြီးများတောင်… နင်တော့ ချမ်းသာတော့မယ်ဟဲ့…”
“ သူ့နားက ပိုက်ဆံ နှစ်သိန်းကို ကျွန်တော် မလိုအပ်ဘူး…”
“ မလိုဘူး ဟုတ်လား.. နင့်စကားက ဘာစကားတုန်း…”
“ အန်တီ… သူက ကျွန်မတို့ အဖွဲ့ရဲ့ ခေါင်းဆောင်… ကျွန်မ ကြားတာတော့ သူက ယွမ် ဘီလီယမ် ရာနဲ့ချီ ချမ်းသာတယ်ဆိုပဲ… သူ တကယ်ကြီး ဒီ ငွေလောက်ကို မမက်မောတာ အမှန်ပဲ…”
“ ဘီလီယမ် ရာချီ… ဟုတ်လား…”
အဘိုးကြီး အဘွားကြီးများလည်း ကြက်သေသေသွားခဲ့ကြသည်။
ဘီလီယမ်နာတစ်ယောက်က တကယ်ကြီး ဒီလာပြီး အသီးလာရောင်းနေတယ်ပေါ့…
ထိုအခိုက်အတန့်တွင်တော့ သူတို့ လင်းရီ၏ စစ်မှန်သည့် အထောက်အထားကို သံသယ မရှိကြတော့ချေ။
ဤလူများက ဇိမ်ခံ ကားအကောင်းစားကြီးများ စီး၍ ရိုရိုကျိုးကျိုးလေး သူ့ထံ ရောက်လာခဲ့ကြသည်။ ထို့ပြင် စကားပြောစဉ်တွင်လည်း အတော်လေးကို ယဉ်ကျေးနေကြလေသည်။
ဆိုတော့ သူက အတွေ့အကြုံရဖို့ လုပ်နေတဲ့ သူဌေးကြီး တစ်ယောက်ဆိုတာ မှန်လောက်တယ်…
လင်းရီ ဆွံ့အသွားခဲ့တော့၏။
ဒီ အမျိုးသမီးရဲ့ ပါးစပ်ကလည်း ဖွာလိုက်တာ… သူ ဘယ်သူ ဘယ်ဝါပါဆိုတာ ချက်ချင်းကြီး ထုတ်ပြောပစ်တယ် ကြည့်စမ်း…
“ ရပြီ ရပြီ… မင်းတို့ကောင်တွေ တခြား မရှိတော့ဘူးဆို ခု ပြန်ကြတော့…”
“ ကျွန်မတောင်းပန်တာကို လက်ခံလား…”
“ ငါ ဂရုကို မစိုက်တာလို့ ပြောပြီးပြီလေ… ငါက မင်းအမြင်မှာ အဲ့လောက်တောင် သဘောထား သေးသိမ်တဲ့ ကောင်နဲ့ တူနေလို့လား…”
ယွီစီယင် ပြုံးလျက် လင်းရီကို ဦးညွှတ်လိုက်သည်။
“ ဒါဆိုလည်း ကျွန်မ အရင်သွားနှင့်တော့မယ်… ခေါင်းဆောင်လင်းကို မနှောင့်ယှက်တော့ဘူး…”
“ ခဏလေး ခဏလေး…”
ထိုအခိုက်အတန့်တွင် မိန်းကလေး လေးငါးယောက်ခန့်မှ လင်းရီထံ တိုးဝင်လာကြပြီး “ ခေါင်းဆောင်လင်း… ကျွန်မက D cup လေ… ကျွန်မ အသင်း ၁ ထဲ ဝင်လို့ရမလား…”
“ ကျွန်မက F cup … ကျွန်မရဲ့ ခွန်အားအဆင့်က E ဆိုတော့ စစ်ဆေးတာတွေ ကျော်လိုက်လို့ ရပြီမလားဟင်…”
“ ဟင်…. မင်းတို့ ဘာတွေ လာပြောနေကြတာ…”
“ ခေါင်းဆောင်နင်က ပြောတယ်… D cup အောက်ဆိုရင် အသင်း ၁ ထဲ ဝင်ဖို့ အရည်အချင်း မမှီဘူးတဲ့… ဒါကြောင့်မို့ ခေါင်းဆောင်လင်းဆီ လာပြီး အစမ်းသပ်ခံတာ…”
“ ဟ… မင်းတို့ အစမ်းသပ်ခံချင်တယ်ဆိုလည်း လေ့ကျင့်ရေး စခန်းသွားလေ… ဘာလို့ ငါ့ဆီ လာရှာနေကြတာတုန်း…”
“ ကျွန်မက ဒီကို ကျွန်မရဲ့ အရွယ်အစား အတည်ပြုဖို့လေ…. ကျွန်မက F cup နော်… ပြီးတော့ သဘာဝ F … “
ယွီစီယင် ပြောစရာစကား ကင်းမဲ့နေတော့၏။ ခေါင်းဆောင်နင်က ဒီတိုင်း ပြောလိုက်တာကို အဲ့ဒီ အရွယ်အစားကြီးက လူရွေးတာနဲ့ ဘာဆိုင်လို့လဲ…
ပဓာနကျတာက ခွန်အားပဲ ဟုတ်ပြီလား…
ဒါနဲ့… ဟုတ်ပါတယ်နော်…
“ အာ…. ဒီအတွက် အပိုအမှတ်တွေ ရမယ်… ဒါပေမယ့် အရေးကြီးဆုံးက စမ်းသပ်မှု ရလဒ်ပဲ.. အဲ့အတွက် ကောင်းကောင်းပြင်ဆင်ထားကြ… ခုက နေ့ခင်းကြောင်တောင်ကြီး… ကိစ္စတွေကို မရောထွေးရဘူး…”
“ ဒါဆို ကျွန်မတို့ ညကျ တိတ်တိတ်လေး တွေ့ကြမလား..” F cup ပိုင်ရှင် ကောင်မလေးမှ တိတ်တိတ်လေး လာပြော၏။
“ ဒီညတော့ မရသေးဘူး… ငါ မင်းတို့ခေါင်းဆောင်နင်နဲ့ ညစာ အတူသွားစားရဦးမှာ…”
“ မှတ်မိပြီ… ခေါင်းဆောင်နင်ကလည်း D cup ပဲ… ပြီးတော့ သူ့ရဲ့ အလုံးအဖန်က သိပ်ကောင်းတာ…”
ထိုစကားလုံးများ ကြားပြီးသည်နှင့် တစ်ပြိုင်နက် သူ့ရှေ့ရှိ မိန်းကလေးများမှ လင်းရီကို တမူထူးခြားသည့် အကြည့်တို့ဖြင့် ကြည့်ရှုလာခဲ့ကြ၏။
“ ငါတို့ကြားမှာ ဘာ ဆက်ဆံရေးမှ မရှိထားဘူးဆိုရင် ယုံမှာလား…”
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ခေါင်းဆောင်လင်း… ဝေ့လည်ကြောင်ပတ် လုပ်မနေစမ်းနဲ့… ဘာပဲ ပြောပြော ကိစ္စမရှိဘူး… ကျွန်မက ဒီလို အမြဲတမ်း ထုတ်ပြောပြလို့ မရတဲ့ ဆက်ဆံရေးတွေကို ထောက်ခံအားပေးသူ တစ်ယောက်လေ….”
လင်းရီ “ ….”
“ ကောင်းပြီ.. ဒီမှာ ပေါက်တတ်ကရတွေ တော်လိုက်တော့… မြန်မြန် လစ်ကြတော့… ငါ အသီးရောင်းနေတာကို လာမနှောင့်ယှက်ကြနဲ့..”
“ ဒါဆို ကျွန်မတို့ အရင်သွားနှင့်ပြီနော်… နောက်နေ့မှ တွေ့ကြမယ်…”
လင်းရီမှ ထွက်ခွာရန် အမိန့်ပေးနေပြီဖြစ်ရာ ကျန်သူများလည်း ဆက်မနေဝံ့ကြတော့ချေ။
သူတို့ မောင်းနှင်လာသည့် ကားကိုယ်စီထဲသို့ ဝင်၍ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။
လူတိုင်း ထွက်ခွာသွားပြီးနောက် လင်းရီ တွေးထင်ထားသည်မှာ သူ အေးအေးချမ်းချမ်းနှင့် အသီးရောင်းလို့ရပြီဟူ၍ပင်။ သို့သော် သူ့ အနီးတစ်ဝိုက်ရှိ လေထုက အနည်းငယ် ထူးဆန်းလာသည်ကို ခံစားမိလိုက်လေသည်။
သူ အနည်းငယ် ကျောချမ်းချင်သလိုတောင် ဖြစ်သွားခဲ့တော့သည်။
“ ကောင်လေး… နင်က တကယ်ကြီး ယွမ် ဘီလီယမ် ရာနဲ့ချီပြီး ချမ်းသာတယ်ဆိုတာ တကယ်လား…” အမျိုးသမီးကြီးမှ မေးမြန်းလိုက်၏။
“ အဲ့တာတော့ ကျွန်တော်လေး မရေကြည့်တော့ သေချာလေး မသိဘူး… ဒါပေမယ့် ၁၀၀ ဘီလီယမ်တော့ ကျော်တယ်…”
တိကျ သေချာသည့် အဖြေကို လက်ခံရရှိလိုက်တော့ လူတိုင်း၏ မျက်ဝန်းတို့က စိန်ကို တွေ့လိုက်ရသည့်နှယ် အရောင်လက်သွားခဲ့ကြသည်။
“ ကောင်လေး… နင် ကြည့်စမ်း… ဒါ အဒေါ့်သမီးရဲ့ ဓာတ်ပုံလ… သူက ၂၁၁ တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့သူနော်… ခုထိ တစ်ကိုယ်တည်း…”
“ ငါ့သမီးကလည်း ၉၈၅ တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ရထားသေးတယ်…”
“ ငါ့သားက…..”
လင်းရီ “ ??? “
ဒီမှာ အောင်သွယ်လုပ်နေတာလေ… ခင်များရဲ့ သောက်သားအတွက် ဒီမှာ နေရာ မရှိဘူး…
“ တော် တော် တော်ကြတော့…”
လင်းရီ စကားသံများအား တိတ်ဆိတ်စေလိုက်ပြီး “ ကျွန်တော်က လက်ထပ်ပြီးသား… ဘယ်သူနဲ့မှ လာပြီး မမိတ်ဆက်ပေးနဲ့…”
“ ဆိုတော့ နင်က အိမ်ထောင်ကျပြီးသားကိုး….”
လူတိုင်း ၎င်းတို့၏ စိတ်အားထက်သန်မှုတို့ ပျောက်ဆုံးသွားခဲ့ကြပြီး အသီးဆိုင်ထဲမှ စိတ်ပျက်လက်ပျက် ထွက်ခွာသွားခဲ့ကြသည်။
သို့ဖြစ်သည့်တိုင်အောင် သူတို့ မနေနိုင်ဘဲ နှမြောသသ ဖြစ်စွာဖြင့် နောက်သို့ တစ်ကြိမ်တစ်ခါလောက် သမင်လည်ပြန် ကြည့်မိကြ၏။
ဘာလို့ ဒီလို အဖိုးတန်လေးကို စောစီး မတွေ့လိုက်ရတာလဲနော်…
ဈေးကို ဆိုင်းဘုတ်ကြီးဖြင့် ရှင်းလင်းတိကျစွာ ဖော်ပြထားသဖြင့် လူအများစုမှာ အသီးများကို တစ်ချက် လာကြည့်ကြသည်။ သို့သော် အနည်းစုကသာလျှင် ဝယ်ယူအားပေး သွားကြ၏။
မည်သို့ပင်ဆိုစေ ရုပ်ရည်ပြေပြစ်သည်ကလည်း အားသာချက် တစ်ခုပင်။
စီးပွားရေးက အရောင်းအေးနေသဖြင့် လင်းရီ ဖုန်းထုတ်၍ သူ၏ တစ်ချိန်က အခန်းဖော် သူငယ်ချင်းများနှင့်အတူ ဂိမ်းဆော့နေလိုက်သည်။
“ ကျန်းစုန့်… မင်း Tank ကြီး ကိုင်ပြီး ဘယ်ပြေးတာတုန်း… မြန်မြန် ဝူကောကို ကာကွယ်ပေးလိုက်…”
“ ငိုးပဲ… လောင်တက မင်းကို ဖလစ်ကာနဲ့ ပြေးပြီး ကာခိုင်းတာ… မင်းကို ဖလစ်ကာသုံးပြီး သေခိုင်းနေတာ မဟုတ်ဘူးကွ…” ဝူကော ဆိုသည့်လူမှ ကျယ်လောင်စွာ အော်ပြောနေတော့၏။
ကျန်းစုန့်၏ အရည်အချင်းက ရှောင်ထျန်နှင့် တော်တော်လေး လိုက်ဖက်ညီလှသည်ဟု လင်းရီ ခံစားနေရလေသည်။
“ တော်ပြီကွာ... ငါ မင်းကို ဆက်ပြီး ကယ်ရီ မလုပ်ပေးနိုင်တော့ဘူး… ငါမင်းကို သောက်ရမ်းကျွမ်းတဲ့ စော်လေး တစ်ပွေနဲ့ မိတ်ဆက်ပေးမယ်… သူ့နာမည်က ရှောင်ထျန်တဲ့… သူ ကယ်ရီပေးရင် မင်း မိနစ်ပိုင်း အတွင်း အင်ပါယာ အဆင့်ကို ရောက်သွားလိမ့်မယ်…”
“ မစ္စတာလင်းလား…”
ဂိမ်း တစ်ပွဲပြီးလို့ လင်းရီ ကျန်းစုန့်ကို ရေရေလည်လည် ချီးမွမ်းတော့မည် ကြံကာရှိသေး၊ ရုတ်တရက် ချိုသာသည့် အသံတစ်သံကို သူကြားလိုက်ရသည်။
သူ လှမ်းကြည့်လိုက်တော့ ရောက်လာနေသူမှာ အမျိုးသမီး ဆယ်လီ အနုပညာရှင် ကျောက်ရှစ်ချီ ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။