← Chapters

ဦးနှောက် ပျက်နေသည့် တယူသန် ပရိတ်သတ်များ

Vol. 84 Ch. 1257

ဦးနှောက် ပျက်နေသည့် တယူသန် ပရိတ်သတ်များ

Vol. 84 Ch. 1257

ကျောက်ရှစ်ချီက မာ့စ်နှင့် နေကာမျက်မှန် တပ်ထားပြီး အပြာရောင်ဂျင်းနှင့် ဒေါက်ဖိနပ်ကို စီးနင်းထားသည်။

သူမ၏ ရှည်လျားသော ဆံနွယ်များထက် ယုန်ပုံစံ စကုပ်ကို တပ်ဆင်ထားပြီး မိတ်ကပ်ရောင် ပရာဒါ အိတ်ကို ပခုံးထက် လွယ်ထား၏။ သူမက သပ်ရပ်ကျော့မော့နေသည်။

သူမ၏ မျက်နှာကို အုပ်ထားသော်ငြားလည်း အသံက ရင်းနှီးနေသဖြင့် လင်းရီ သူမကို ချက်ချင်း မှတ်မိသွားဆဲပင်။

သို့ဖြစ်သည့်တိုင်အောင် လင်းရီ သူမကို ဤနေရာတွင် တွေ့လိုက်ရသည့်အတွက်တော့ နည်းနည်းလေးတော့ အံ့အားသင့်သွားခဲ့မိ၏။

သို့သော် ဒုတိယ အတွေးဝင်လာသည်တွင် သူမကဲ့သို့သော အနုပညာရှင်များက မကြာခဏ ခရီးထွက်ရလေ့ ရှိပြီး ရန်ကျင်းနှင့် ကျိုးဟိုင်ဆိုသည်မှာ ဟွာရှတွင် စည်ပင်ထွန်းကားဆုံးသော မြို့ကြီးများ ဖြစ်ကြ၏။ ထို့ကြောင့် အနုပညာရှင် တော်တော်များများက ဤကဲ့သို့သော နေရာမျိုးတွင် အိမ်ဝယ်ထားတတ်ကြလေသည်။

ထို့ကြောင့် သူမကို ဤနေရာ၌ လာတွေ့ရသည်မှာ ထူးဆန်းသည်လို့တော့ မဆိုသာတော့ချေ။

ကျောက်ရှစ်ချီ လင်းရီ အနားရောက်လာပြီး နေကာမျက်မှန်ကို ချွတ်လိုက်၏။ သူမ မျက်နှာပေါ်ရှိ အံ့အားသင့်မှုလေးက အထင်းသား ပေါ်လွင်နေသည်။

“ ရှင်က ကျိုးဟိုင်မှာ နေတာ မဟုတ်ဘူးလား… ဘာလို့ ရန်ကျင်းမှာ အသီးလာရောင်းနေတာလဲ…”

“ ရန်ကျင်းကို ကိစ္စ တစ်ခုနဲ့ ရောက်လာတာလေ… ဒါကြောင့် အားနေမယ့် အတူတူ အချိန်ကို အကျိုးရှိအောင် အသီးရောင်းဖို့ ဆုံးဖြတ်လိုက်တာ…”

“ ဟုတ်လား.. တိုက်ဆိုင်လိုက်တာနော်… ကျွန်မရဲ့ အိမ်ကလည်း ဒီနားလေးမှာတင်ပဲ…” ကျောက်ရှစ်ချီ လင်းရီ ရှေ့ရှိ အသီးများကို ကြည့်ရင်း “ ကျွန်မကို ဆယ်ကတ်တီ ချိန်ပေး…”

“ ကုန်နိုင်မှာလား…”

“ မကုန်လည်း စည်သွပ်ထားလို့ရတယ်လေ..” ကျောက်ရှစ်ချီ ပြောလိုက်ပြီး “ ရှင့်အသီးတွေက တကယ့်ကို ထူးခြားတယ်… စားပြီးတော့ ကျွန်မရဲ့ အသားအရေဆို ပိုပိုပြီး ကောင်းလာခဲ့တာ … တော်တော်များများက ကျွန်မကို ဘယ်အလှကုန် ပစ္စည်းတွေများ သုံးနေကြတာလဲ ဆိုပြီး လာလာမေးကြတယ်… ကျွန်မလည်း ရှင့်အသီးတွေကို ထောက်ခံပေးလိုက်တယ် သိလား… ခု ရှင်က ရန်ကျင်းရောက်နေပြီဆိုတော့ ရှင့် အသီးတွေကို လူတွေ လာဝယ်ကြလောက်တယ်…”

“ အဲ့လိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်.. ငါအခုပဲ ထုတ်ပေးလိုက်မယ်နော…”

“ အွန်း… ”

ကျောက်ရှစ်ချီ တစ်ချီတည်းနှင့် ဆယ်ကတ်တီ အားပေးလိုက်ပြီး လင်းရီ၏ အကောင့်ထဲသို့ ယွမ် သုံးသောင်း ဝင်ရောက်လာမည်ဆိုပါက ယခင် ရရှိခဲ့သည့် ယွမ် ၁၈၀,၀၀၀ နှင့် သူ ယွမ် ၂၁၀,၀၀၀ စုဆောင်းမိပြီဖြစ်၏။ အကယ်၍ နောက်ထပ် ယွမ် ၁၀,၀၀၀ ဖိုး ရောင်းချနိုင်မည်ဆိုပါက ယခု ကဏ္ဍအတွက် မစ်ရှင်သည်လည်း ပြီးမြောက်သွားလိမ့်မည်။

“ ကျောက်ရှစ်ချီမလား…”

လင်းရီ အသီးများကို ထုပ်ပိုးပေးနေစဉ်မှာပဲ တစ်စုံတစ်ယောက်မှ ရှားပါး သတ္တဝါတစ်ကောင်ကို တွေ့လိုက်ရသည့်နှယ် တစ်ရပ်ကွက်လုံးကြားအောင် အော်ဟစ်လိုက်တော့၏။

လင်းရီ ခေါင်းငဲ့ပြီး ကြည့်လိုက်တော့ အာဗြဲခြောက် အသံဖြင့် အော်လိုက်သူက မိန်းမငယ်လေးတစ်ယောက် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူမ ကြည့်ရသည်မှာ အတော်ကလေး ငယ်ပုံပေါ်သည်။ ဆယ်ကျော်သက်လောက်သာ ရှိလိမ့်ဦးမည်။ ထို ကောင်မလေးက ကျောက်ရှစ်ချီကို တလက်လက် တောက်ပစွာ စူးစိုက်ကြည့်နေလျက် ရှိ၏။

သူမ၏ ပရိတ်သတ်များထဲမှ တစ်ယောက်ဆိုသည်မှာ ကျိန်းသေသည်။

“ ဟုတ်တယ်… “

ကျောက်ရှစ်ချီ အပြုံးလေးဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

ပရိတ်သတ်များနှင့် ရင်ဆိုင်ရာတွင် သူမသည် အမြဲတစေ နူးညံ့သိမ်မွေ့ပြီး ခင်မင်ဖွယ်ရာလည်း ကောင်း၏။

သို့သော် ဤသည်က သူမ၏ ကိုယ်ပိုင် လွတ်လပ်ချိန် ဖြစ်သည့် အတွက် ထိုအချိန်လေးကိုတော့ သူမ အနှောင့်အယှက် အဖြစ်မခံလိုချေ။

သို့ပေမယ့်လည်း ကံဆိုးစွာဖြင့် သူမတွင် ရွေးချယ်ခွင့် မရှိခဲ့ချေ။ အနုပညာ နယ်ပယ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် သင်သည် ကိုယ် လုပ်ချင်တာ လုပ်ခွင့်ရှိသည်။ သို့သော် အားပေးသည့် ပရိတ်သတ်များအပေါ်တွင်တော့ ရိုင်းပြခွင့် မရှိချေ။

“ ဘုရားရေ… တကယ်ကြီး သူပဲ…”

ကျောက်ရှစ်ချီ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ပြီးနောက် အမျိုးသမီး ပရိတ်သတ် ပေါက်စနလေးမှာ သူမထံ ပြေးလာ နှုတ်ဆက်သည်။ “ ကျွန်မ ရှင့် ဇာတ်ကားတွေဆို သိပ်ကြိုက်တာ… လက်မှတ်နဲ့ ဓာတ်ပုံတစ်ပုံလောက် အတူရိုက်လို့ ရမလားဟင်…”

“ ရတာပေါ့…” ‌

ကျောက်ရှစ်ချီမှာ တွန့်တိုနေခြင်း မရှိဘဲ ထိုအစား သဘောအလွန်ကောင်းနေလေသည်။

ကံဆိုးစွာဖြင့် ဤသည်က သီးခြားဖြစ်တည်နေသည့် ဖြစ်ရပ်တစ်ခု မဟုတ်ပါဘဲ ကျောက်ရှစ်ချီ၏ ထွက်ပေါ်လာမှုက အနီးနားဝန်းကျင် တစ်ခုလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့သည်။

သူမကို မြင်တွေ့ပြီးနောက် ပို၍ ပို၍ များပြားသည့် လူတို့မှာ သူမအနား ဝန်းရံလာကြတော့၏။ ချက်ချင်း ဆိုသလိုပဲ ပရိတ်သတ်များမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာခဲ့လေတော့သည်။

“ ချီချီ… လက်မှတ်လေး လိုချင်လို့…”

“ ဓာတ်ပုံလေး တစ်ချက်လောက်နော်…”

“ ချီချီက လာမယ့် ဇာတ်ကားအသစ်မှာ ဝင်ပြီး သရုပ်ဆောင်မယ် ကြားတယ်… အဲ့သတင်းက အမှန်ပဲလား..”

“ မင်း ဝူဝန်ကျွင်းနဲ့ တွဲခုတ်နေတယ် ကြားတယ်.. အဲ့တာ အမှန်လား…”

“ မဟုတ်ပါဘူး… ကျွန်မတို့က ဒီတိုင်း နောက် ဇာတ်ကားမှာ အတူ သရုပ်ဆောင်ရမယ့် လူတွေ သပ်သပ်ပါပဲ…”

မေးခွန်းများက တစ်ခုပြီး တစ်ခု အတောမသတ်နိုင်အောင် ဆက်တိုက် ထွက်ပေါ်လာနေတော့သည်။

အရူးအမူး ဖြစ်နေသည့် fan များမှ ကျောက်ရှစ်ချီ၏ ဓာတ်ပုံများကို သူတို့ဖုန်းနှင့် မရေမတွက်နိုင်အောင် ရိုက်ယူနေကြလေသည်။

လင်းရီ ထိုသည်ကို ကြည့်ရင်း ဆိုရန်စကား ရှာမရတော့ချေ။

ဒီလူတွေက ရူးနေတာလား… ဒီတိုင်း မင်းသမီးတစ်လက်ကို အဲ့လောက်ထိ အသည်းအသန် ဖြစ်နေဖို့ လိုလို့လားဟ…

လျန်ကျင်းမင်ဆိုတဲ့ ကောင်သာ တစ်နေ့ကို မင်းသမီး တစ်လက်နဲ့ မရိုးနိုင်အောင် အိပ်နေမှန်းတာ ဒီကောင်တွေ သိရင် ရူးခါသွားမလားပဲ…

ကြာလာတော့ ကျောက်ရှစ်ချီလည်း စိတ်ရှုပ်လာပြီး မျက်မှန်နှင့် မာ့စ်ကို ပြန်တပ်ကာ လင်းရီအနောက်တွင် သွားပုန်းနေလိုက်တော့သည်။

သူမ နောက်သို့ တစ်လှမ်းဆုတ်တိုင်း fan များကလည်း သူမရှေ့ တစ်လှမ်းတိုးလာသည်။

“ ဟေ့ ဟေ့ ဟေ့… မင်းတို့တွေ… ဝေးဝေးသွားကြစမ်း… ငါ့ စီးပွားရေးကို လာပြီး နှောင့်ယှက်မနေကြနဲ့…”

“ ဘာတွေ လာအော်နေတာ… ငါတို့ကကော နင့်အနား နေချင်တယ်များ ထင်နေလား… နံစော်နေတဲ့ အသီးသည်ကများ လစ်စမ်း… ငါ့ ချီချီရဲ့ ပုံရိုက်နေတာကို ရှေ့ကနေ လာကွယ်မနေနဲ့…”

“ ဟုတ်တယ်… ထွက်သွား… မဟုတ်ရင် ဆိုင်ကို ဖျက်ဆီးပစ်မယ်…”

“ မစ္စတာလင်း… ကယ်ပါဦး…”

လင်းရီ အနောက်တွင် ကွယ်နေရင်း ကျောက်ရှစ်ချီမှ တီးတိုးပြောလိုက်၏။

သူမ လင်းရီကို ဒုက္ခမပေးချင်သော်လည်းပဲ အဝိုင်းခံလိုက်ရတော့ သူမအဖို့ ထွက်ပြေးချင်သည်ဆိုလျှင်လည်း ထွက်ပြေးရ ခက်ပေလိမ့်မည်။

လင်းရီလည်း ရွေးချယ်စရာ မရှိတော့ချေ။ အသီးမျက်နှာနှင့် ဘော်ဒီဂတ်ကြီး လုပ်ပေးရန် စိတ်ဆုံးဖြတ်လိုက်တော့၏။

“ မင်းတို့ကောင်တွေ လူစကား နားမလည်ကြဘူးလား… မြန်မြန် လစ်ကြတော့… ငါ့စီးပွားရေးကို လာမနှောင့်ယှက်နဲ့…”

“ သူ မင်းတို့ကို ဓာတ်ပုံတွေ လက်မှတ်တွေ မပေးချင်တာ မင်းတို့ မမြင်ဘူးလား… မင်းတို့မှာ အသိတရားလေးတောင် မရှိကြဘူးလား..”

“ အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့… ချီချီက ငါတို့နဲ့ ဘာလို့ ဓာတ်ပုံ မရိုက်ချင်ရမှာ…”

“ ဒါ သူ့ရဲ့ ကိုယ်ပိုင် လွတ်လပ်ချိန်… မင်းတို့က သူ့ရဲ့ ကိုယ်ပိုင် ဘဝထဲထိပါ လိုက်နှောင့်ယှက်နေပြီ…”

“ အဲ့တာ နင်နဲ့ ဆိုင်လား.. ယုံချင်ယုံ မယုံချင်နေ ငါ နင့်ရဲ့ အသီးဆိုင်ကို ဖျက်ဆီးပစ်မယ်…” အမျိုးသမီး fan တစ်ယောက်မှ ပြောလိုက်သည်။

“ မင်း လုပ်ရဲရင် ငါလည်း မင်းကို ဖြတ်ရိုက်ပြမယ်…”

ဤတစ်ကြိမ်တွင်တော့ လင်းရီ ၎င်းတို့ကို စိတ်တိုင်းကျ ပြုခွင့် ပေးမည် မဟုတ်ချေ။

၎င်းတို့၏ အဝတ်အစားများကို ကြည့်ရသလောက်တော့ သာမန်လူများ ဖြစ်သည့်ပုံပင်။ သူ့အသီးများက ဈေးကြီးလွန်းလေရာ ပျက်စီးသွားခဲ့လျှင် ၎င်းတို့ အလျော်ပြန်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူ့အသီးများကို ဖျက်ဆီးခွင့် မပြုနိုင်ချေ။

“ ငိုးမ… ငါတို့ကို မလုပ်ရဲဘူးများ ထင်နေလား… ချီးတဲ့မှ မင်းဆိုင် ဒီနေ့ အကြေပဲ…”

ဝှစ်…

တစ်ဖက်သူမှ သူ့ဆိုင်ကို ဖျက်ဆီးတော့မည့် အချိန်တွင် လင်းရီ ထိုစွာတာတာ ငနဲကို ဖြတ်ကန်ပစ်လိုက်သည်။

တစ်ဖက်သူမှာလည်း သနားစဖွယ် မြည်သံပေးလျက် နောက်သို့ လွင့်ထွက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့နောက်ရှိ လူတစ်ယောက်အပေါ် ကျသွားခဲ့ပြီး နှစ်ယောက်အတူ ထပ်သွားခဲ့ကြ၏။

လင်းရီ တစ်စုံတစ်ယောက်အား ရိုက်နှက်လိုက်သည်ကို မြင်တော့ ရာချီသည့် fan များမှ ကြက်သေသေသွားခဲ့လေသည်။

ဒီ ဘာမဟုတ်တဲ့ အသီးသည်က လူကို ရိုက်လိုက်တယ်…

“ သေစမ်း… သူ့ကို အတူ ရိုက်ကြစို့…”

ထိုအချိန် ထပ်နေသည့် လူနှစ်ယောက်မှ ပြန်မတ်တပ်ရပ်လာကြပြီး ဟစ်ကြွေးလိုက်၏။ အမျိုးသား fan များလည်း ရင်ထဲတွင် ဒေါသဆူဝေ လာခဲ့ကြသည်။

“ တက်… ချီချီ့ကို ကာကွယ်ကြစို့…”

“ ရပ်ကြစမ်း…”

လင်းရီ နောက်တစ်ကြိမ် ဖြတ်ကန်တော့မည့် အချိန်တွင်ပဲ ကျယ်လောင်သည့် အသံတစ်သံကို ကြားလိုက်ရလေသည်။

လုံခြုံရေး အဖွဲ့သား အယောက် သုံးဆယ်ကျော်မှာ ယူနီဖောင်း အပြည့်ဖြင့် အိမ်ယာအတွင်းမှ ထွက်လာခဲ့ပြီး သူတို့လက်ထဲတွင်လည်း ဘတ်တံများ ကိုင်ဆောင်ထားကြသည်။ သူတို့ လူအုပ်ကိုခွဲ၍ လင်းရီနှင့် ကျောက်ရှစ်ချီတို့ရှေ့တွင် မားမားမတ်မတ် ရပ်တန့်လိုက်ကြကာ “ ထွက်သွားကြစမ်း… ဒါ မင်းတို့ကောင်တွေ ဝုန်းဒိုင်းကြဲနိုင်တဲ့ နေရာမဟုတ်ဘူး … “

ခိုင်ရွှမ် အိမ်ယာက ရန်ကျင်းမြို့ရှိ အဆင့်မြင့် လူနေ အိမ်ယာ တစ်ခုဖြစ်၏။ ထို့ကြောင့် လုံခြုံရေး အစောင့်များကလည်း သဘာဝအလျောက် ကျွမ်းကျင်သည့် စစ်မှုထမ်းဟောင်းများ ဖြစ်ကြလေသည်။

အကုန်လုံးက အရည်အချင်း ပြည့်ဝကြပြီး ၎င်းတို့၏ အရှိန်အဝါက သာမန်လူတို့ ယှဉ်သာနိုင်သည့် အရာ မဟုတ်ချေ။

ချက်ချင်းဆိုသလိုပဲ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ကင်းမဲ့နေကြတဲ့ fan များမှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြတော့၏။

“ ထွက်သွား… မင်းတို့အားလုံး…”

ရာချီသည့် fanများမှ ကြောက်လန့်တကြား ပြန်လည် ဆုတ်ခွာသွားကြသည်။ သူတို့ ထပ်ပြီး မဆင်မခြင် မပြုမူရဲကြတော့ချေ။

လင်းရီ အသီးအိတ်ကို ကျောက်ရှစ်ချီထံ ကမ်းပေး၍ “ မင်းလည်း သွားတော့..”

“ ခဏနေကျရင် ကျွန်မ ဒါရိုက်တာရန်ဆီ ငွေလွှဲခိုင်းပြီး ရှင့်ကို ပေးဖို့ ပြောလိုက်မယ်နော်.. ကျေးဇူးတင်ပါတယ်… “

“ ရတယ်…. အလျင်လိုစရာ မလိုပါဘူး…”

ကျောက်ရှစ်ချီမှာ နေထိုင်သူ တစ်ဦး ဖြစ်သည့်အတွက် လုံခြုံရေး အစောင့်များမှ သူမကို မှတ်မိသည်။ ထို့ကြောင့် လူနှစ်ယောက် ခြံရံ၍ သူမကို အိမ်ပြန်ပို့ပေးလိုက်၏။

ကျောက်ရှစ်ချီ ထွက်ခွာသွားသည်ကို မြင်တော့ ဦးနှောက်မပါသည့် fan များမှာလည်း ဖြည်းဖြည်းချင်း အသိပြန်ဝင်လာခဲ့ကြပြီး “ နင် စောင့်နေစမ်း… နင်တို့ကို တိုင်ပြမယ်..”

ခြိမ်းခြောက်စကား ဆိုပြီးနောက် fanများမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ လင်းရီ၏ အသီးဆိုင်လေးမှာလည်း ယခင် တိတ်ဆိတ်ပြီး ငြိမ်းချမ်းသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

သို့သော် ထိုအခိုက်အတန့်တွင်ပဲ ဘေးမှ ရပ်ကြည့်နေကြသည့် ပွဲကြည့် ပရိတ်သတ် လူတစ်စုတို့မှာ သူ့ဆိုင်နား ဝိုင်းအုံလာကြတော့၏။

ထို့ပြင် ၎င်းတို့၏ အဝတ်အစားများမှာ သိပ်ကို ဖက်ရှင်ကျနေပြီး ဈေးမနည်းသည်မှာ သိသာသည်။ ကြည့်ရသလောက် ဤနေရာရှိ နေထိုင်သူများ ဖြစ်ပြီး ယခု သူတို့ အကုန်လုံးက လင်းရီကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေခဲ့ကြ၏။

“ ကျောက်ရှစ်ချီဆိုတဲ့ မင်းသမီးက သူ့နားကနေ အသီးတွေ ဝယ်သွားခဲ့တာမလား… အရည်အသွေးက ကျိန်းသေပေါက် ကောင်းလို့ဖြစ်မယ်…”

All Chapters