← Chapters

ဝိညာဉ်တန့် သူ့ကို ကူပြီးပျိုးထောင်ပေး

Vol. 69 Ch. 1361

ဝိညာဉ်တန့် သူ့ကို ကူပြီးပျိုးထောင်ပေး

Vol. 69 Ch. 1361

သူမသည် ပေထင်းဟွမ်၏အတွေးများကို နားလည်နိုင်သည်။ ထို့အပြင် တိုင်လေးတိုင်ထဲမှ တစ်ခုသည် သူမ၏ဆွေမျိုးဖြစ်ပြီး၊ နောက်တစ်တိုင်မှာ သူ၏ ဆွေမျိုးဖြစ်သည်။ သို့သော် ရှီရှောင်မိုသည် သိချင်မိသည်။ တစ်နေ့ ဤကံဆိုးမှု သည် သူမဆီသို့ကျရောက်လာပါက ပေထင်းကျင်သည် နတ်မိစ္ဆာဧကရာဇ် ကဲ့သို့ အသက်ပင်မငဲ့ဘဲ လုပ်ဆောင်မည်လား။

ထိုအချိန်တွင် ပေထင်းကျင်သည် ရှီရှောင်မိုအား အာရံမစိုက်နိုင်ပေ။ သူ၏ တစ်ကိုယ်လုံးနှင့်စိတ်သည် တိုင်လေးတိုင်ထဲမှလူနှစ်ယောက်ပေါ်သို့ရောက်နေ သည်။ ပေထင်းဟွမ်သည် ညီမဟုတ်ဘဲ ညီမဖြစ်သည်ကို သူ ကောင်းကောင်းသိ သည်။ သူမသည် နတ်မိစ္ဆာဧကရီဝင်စားသည်ဖြစ်စေကာမူ ဤဘဝတွင် သူ၏ ညီမသာဖြစ်သည်။

သူ၏ညီမလေးသည် နတ်မိစ္ဆာဧကရာဇ်နှင့် သွေးစာချုပ်တည်ထောင်နေ သည်။ ထိုအချိန်မှစပြီး သူမသည် နတ်မိစ္ဆာဧကရာဇ်နှင့်သာ တစ်ဘဝလုံး လင်မယားဖြစ်ခွင့်ရှိမည်။ ဤကဲ့သို့ရလဒ်မှာ ကောင်းသည်ဆိုးသည်ကို ပေထင်းကျင်မသိတော့ပေ။ ညီမဖြစ်သူ သဘောကျလျှင် အဆင်ပြေသည်ဟု သာ သူတွေးသည်။ သူသည် သူတို့ကိုပျော်ရွှင်စေချင်သည်။

နတ်မိစ္ဆာဧကရာဇ် ကောင်းကင်အပြစ်ပေးမှုကို မည်သို့ ဖြေရှင်းမည်ကို သိချင်စိတ်ဖြင့် အားလုံးသည် စိတ်လှုပ်ရှားစွာနှင့် စောင့်ဆိုင်းနေကြသည်။ ပင်ဖုန်းအပါအဝင် ပင်မတိုက်ကြီးတစ်ခုလုံးတွင် ကောင်းကင်အားဆန့်ကျင်ရ လောက်အောင် အားကောင်းသည့်ဤလူသည် အားလုံးဆီသို့ အံ့ဩစရာများ သယ်ဆောင်လာပြီး အဖြစ်ဆိုးများ ယူမလာရန် အားလုံးမျှော်လင့်မိကြသည်။

“ဖြေရှင်းလိုက်ပြီလား၊ ဒါက အိပ်မက်ပဲဖြစ်မယ် နတ်ဘုရားအပြစ်ပေးမှု ကို အလွယ်လေးဖြေရှင်းသွားတာလား” မင်ရှို့၏မျက်လုံးများသည် ရဲရဲနီနေပြီး မူလကချောမောသည့်မျက်နှာသည် ဒေါသထွက်လာ၏။

ကောင်းကင်အပြစ်ပေးမှုကြောင့် ယန်ယဲ့ သေဆုံးသွားမည်ကို ၃၃ ကောင်းကင်ဘုံမှလူများမှလွဲပြီး မည်သူမှ မမျှော်လင့်ကြပေ။ ကင်းခြေများသည် သေသွားလျှင်တောင် တောင့်တင်းမသွားပေ။ ၃၃ ကောင်းကင်ဘုံမှ ယန်းမို့ထျန်းမျိုးနွယ်မဆိုထားနှင့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ လွှမ်းမိုးခြင်းကို ခံရသော အားကောင်းသည့်အင်အားစုပင်လျှင် ချေမှုန်းခံရနိုင်သည်။ လွန်ခဲ့သည့် နှစ် ၁၃,၀၀၀ ကျော်က ယန်းမို့ထျန်းမျိုးနွယ်ဆီသို့ ညအခါတွင် မီးတောက်ဝင်သွားပြီးကတည်းကပင် ယန်းမို့ထျန်းမျိုးနွယ်သည် ၃၃ ကောင်းကင်ဘုံတွင် နှစ်တစ်ထောင်တည်းနှင့် ထိုးတက်ကြီးပွားလာခဲ့သည်။

လွန်ခဲ့သည့်နှစ်တစ်သောင်းကပင် နတ်မိစ္ဆာဧကရာဇ် တခြားဘုံများဆီသို့ သွားမှ ယန်းမို့ထိန်းမျိုးနွယ်သည် နှစ်ခြမ်းကွဲခဲ့သည်။ အမှောင်နတ်မိစ္ဆာခန်းမမှ အကျိုးအမြတ်ယူတတ်သည့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်မှလွဲပြီး တခြားအင်အားစုများသည် မကျော်လွန်နိုင်ခဲ့ပေ။

နတ်မိစ္ဆာဧကရာဇ်သည် ၃၃ ကောင်းကင်ဘုံတွင်မရှိသော်လည်း ယန်းမို့ ထျန်းမျိုးနွယ်အကြွင်းအကျန်များသည် သူ့အား သူတို့၏ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ကြသည်။ သူတို့ယုံကြည်ထားသည့် ထိုလူသည် ယောက်ျား တစ် ယောက်ကြောင့် ကောင်းကင်၏အပြစ်ပေးမှုကိုခံနေရသည်ကို သိလခိုက်ရပါက သူတို့၏ဝိညာဉ်ကို ပြန်စုပြီး ပြန်လည်မွေးဖွားလာစေရန်မဖြစ်နိုင်ပေ။ ထိုမျိုးဆက်လက်ကျန်များသည် အသေခံသွားနိုင်ကြသည်။

ကံကောင်းစွာပင် နတ်မိစ္ဆာဧကရာဇ်သည် အားလုံးကို အကြာကြီးမစောင့် ခိုင်းပေ။ သူ ဆက်ပြောလေသည် “ကိုယ် မကြာခင်ပြန်လာမှာကို ယုံလား မယုံဘူးလား”

ယန်ယဲ့စကားမဆုံးခင်မှာပင် သူ့အား စိတ်လှုပ်ရှားစွာနှင့် စိုက်ကြည့်နေ သော ပေထင်းဟွမ်သည် တစ်ကိုယ်လုံးတုန်ယင်သွားသည်။ သူမသည် ‌ယန်ယဲ့ ၏ လက်ဖဝါးကို ဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည် “ဘယ်သွား မလို့လဲ”

သူမသည် စိတ်လှုပ်ရှားလျက်ရှိသည်။ ယန်ယဲ့၏မျက်နှာမှ ချောမောပြီး နူးညံ့မှုတို့သည် လစွဲလမ်းနာကျင်မှုကို ထပ်မံကြုံတွေ့လိုက်ရသည့်အလား တင်းမာလာပြန်သည်။ သူသည် ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်ကာ ကိုယ်ကို ကိုင်းပြီး ပါးစပ်ချင်းဖိကပ်လိုက်သည်။ သူ၏နှုတ်ခမ်းများနှင့် ပျော့ပြောင်းသော လျှာသည် သူမ၏သွားများကို ပွင့်ဟသွားစေသည့်တစ်ချိန်တည်းမှာပင် ပေထင်းဟွမ်သည် အနည်းငယ် ငေးငိုင်သွားမိလေသည်။ ပုတီးစေ့တစ်လုံး လျှောကျလာပြီး ပေထင်းဟွမ်၏ပါးစပ်ထဲသို့ ဝင်သွားလေသည်။

ထိုပုတီးစေ့ကို စဉ်းစားမိပြီး ပေထင်းဟွမ် ထိတ်လန့်သွားကာ ယန်ယဲ့အား မယုံနိုင်စွာဖြင့် ကြည့်လေသည်။ ပေထင်းဟွမ်၏ ပါးစပ်ထဲသို့ ပုတီးစေ့ထိုးထည့် ပြီးနောက် ယန်ယဲ့သည် နှုတ်ခမ်းများကိုလွှတ်ပေးလိုက်သည်။ ပေထင်းဟွမ်၏ မျက်လုံးများထဲတွင် ပူဆွေးမှုများကိုမြင်နေရသဖြင့် ယန်ယဲ့သည် လက်မြှောက် ကာ သူမ၏မျက်လုံးများကို ကာလိုက်သည်။ ထိုအချိန်တွင် သူသည် စကား မပြောတော့ဘဲ ပေထင်းဟွမ်၏ဝိညာဉ်ကိုပြောလိုက်သည် “ဟွမ်အာ ဒါက နတ်မိစ္ဆာနတ်ဘုရားဂိုဏ်းထောက်မဟုတ်ဘူး တန့်ပဲ ကျင်းတန့် ကိုယ် သန့်စင် ပြီးသွားပြီ၊ ဒီအပြစ်ပေးမှုမှာ ကိုယ် အသက်ရှင်ချင်တယ်၊ ဒါက ကိုယ်ခဲထားတဲ့ နောက်ထပ်ဝိညာဉ်ဆေးတစ်မျိုးပဲ၊ မင်း သူ့ကို ကူပြီးပျိုးထောင်ပေး၊ မကြာခင် ကိုယ့်ကိုယုံပါ မင်းဆီကို မကြာခင်လာခဲ့မယ်၊ ကိုယ်တို့တွေ နှစ်ပေါင်းထောင်ချီ အတူရှိပြီး တစ်သက်လုံးပေါင်းသင်းသွားကြမယ်”

All Chapters