ကျောက်ရှီး နည်းလမ်းကောင်းပဲ
Vol. 69 Ch. 1362
သူသည် ပေထင်းဟွမ်အား ပွေ့ဖက်လိုက်သည်။ ထိုအချိန်တွင် မိုးကြိုးနှင့် လျှပ်စီးသည် ခေါင်းအထက်ဆီသို့ ကျရောက်လာသည်။ သူ လျစ်လျူရှုနေတုန်း ပင် “ကစဥ့်ကျလားနတ်သိုင်းက နှစ်ပိုင်းကွဲသွားတယ် နတ်ဘုရားအရင်းအမြစ် နဲ့ ဉာဏ်အလေ့အကျင့်နှစ်ခုပဲ၊ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို မင်းရသွား တယ် ဉာဏ်အလေ့အကျင့်ကတော့ မတော်တဆတစ်ခုပဲ၊ မင်း တစ်ပိုင်းရရင် ရွှံနွံချောက်မှာ ချိတ်စည်းဖွင့်ဖို့ ကူညီပေးမယ်၊ အဲဒီမှာ မင်းရဲ့ကျိန်စာသင့် သားရဲတချို့ရှိနေသေးတယ်၊ မင်းပဲ သူတို့ကို ကယ်နိုင်လိမ့်မယ်၊ မင်း အဲဒီကို သွားရင်တော့ ချိတ်စည်းဖွင့်ဖို့ ငါ့ဝိညာဉ်ဆေးကိုသုံးပြီး လူသားဥပဒေကို ယူလို့ရ တယ်”
ထိုစကားများသည် သေတမ်းအမှာစကားများကဲ့သို့ဖြစ်နေရာ တစ်ခါမှ မျက်ရည်မကျဖူးသည့် ပေထင်းဟွမ်သည် မျက်ရည်များစီးကျလာသည်။ သို့သော် သူမသည် ယန်ယဲ့ကိုအမြင်မခံပေ။ သူမသည် ခေါင်းမော့လိုက်သည်။ ထူထဲသောခရမ်းနီရောင်မိုးကြိုးသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ သူမသည် ယန်ယဲ့အား တွန်းပို့ပြီး မိုးကြိုးသွားဆီသို့ ပြေးဝင်သွားလေသည်။
“ဟွမ်အာ”
ယန်ယဲ့သည် ကြောက်လန့်မှုကြောင့် ဖြူဖျော့လာသည်။ ဝမ်းနည်း ပက်လက်အော်လိုက်သံသည် ဟိန်းဟောက်လိုက်သကဲ့သို့ လက်တွဲဖော်ကို ဆုံးရှုံးလိုက်ရသည့် ဘဲငန်းအထီးကဲ့သို့ တိုင်လေးတိုင်ကြားမှထွက်လာကာ တစ် ကမ္ဘာလုံးကို ဖြတ်ပြီးပဲ့တင်သံထပ်နေရာ ယန်ချန်းနှင့်ဟွမ်ချန်းမှလူများသည် တိုင်များဆီသို့ လှစ်ခနဲပြေးသွားကြလေသည်။
ဘုန်း...
နတ်ဘုရားတိုင်လေးတိုင်မှ အားကောင်းသောအလင်းရောင်ခြည်တန်း သည် စွမ်းအင်လှိုင်းကဲ့သို့ ပြန့်လာပြီး ယန်ချန်းနှင့်ဟွမ်ချန်းအား လင်းသွားစေ သည်။ တိုက်ကြီးပေါ်မှ အားကောင်းသာလူများသည် ပြန်ချေပရတော့သည်။
ထိုအချိန်တွင် အလင်းနှင့်အရိပ်လှိုင်းကြားတွင်ရှိသော မင်ရှို့သည် အလွန် စိတ်လှုပ်ရှားလျက်ရှိသည်။ ပေထင်းဟွမ်သည် နတ်ဘုရားခန်းဆီးမှ သူ၏ နာမည်ကိုဖျက်ပြီး သူ့နာမည်နေရာတွင် ယန်ယဲ့၏နာမည်ကို ရေးလိုက်သည်ကို သူ မေ့သွားဟန်တူသည်။ အထဲတွင် မည်သို့ဖြစ်နေသည်ကို သူမသိပေ။ သူသည် ပူပန်စွာနှင့်အော်လိုက်လေသည် “ယန်ယဲ့ ဟေ့ကောင် မင်းက ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းကို ဖျက်ပြီး ကောင်းကင်ရဲ့အပြစ်ပေးမှုကို ဆွဲဆောင်လိုက်တာပဲ ဘယ်လိုလုပ် သူမကို ဆွဲထည့်ရဲရတာလဲ”
“ပါးစပ်ပိတ်ထား” ပေထင်းကျင်သည် ပျာယာခတ်နေပြီဖြစ်သည်။ မင်ရှို့ စကားမဆုံးခင်မှာပင် ပေထင်းကျင်သည် ဒေါမောနှင့် အော်ဟစ်လိုက်ပြီး မင်ရှို့ အား ပက်လိုက်သည် “မင်းစကားမပြောလည်း ဘယ်သူမှ မင်းကို သေလူလို မဆက်ဆံဘူး”
မင်ရှို့သည် ထိုပြန်ခံပက်မှုကြောင့် မှင်တက်သွားသည်။ ၃၃ ကောင်းကင် ဘုံမှ အမြင့်ဆုံးအထွတ်အထိပ်ပင်လျှင် သူ့အား ယဉ်ကျေးရသည်။ ဝိညာဉ် နတ်ဘုရားမျိုးနွယ်၏မင်းသား၊ နောက်တက်မည့်ဧကရာဇ်အဖြစ် မည်သူတင် ပေးလိုက်သနည်း။ ပင်မတိုက်ကြီးမှ ပုရွက်ဆိတ်တစ်ကောင်သည် မည်သို့ပင် သူ့အား မလေးမစားလုပ်ရဲသနည်း။ သူကဲ့သို့ ၃၃ ကောင်းကင်ဘုံ၏ ဝိညာဉ် နတ်ဘုရားမင်းသားတစ်ပါးကို အော်ရဲနေသည်။
မင်ရှို့၏လက်ဖဝါးတွင် စွမ်းအားတစ်ခု တဖြည်းဖြည်းစုစည်းလာကာ ပေထင်းကျင်ဆီသို့ ပစ်လွှတ်တော့မည့်အတိုင်းပင်။ ထိုနတ်စွမ်းအားသည် ဘုံ၏ စည်းမျဉ်းကြောင့် ဖိနှိပ်ထားရာ မင်ရှို့၏ကိုယ်ပွားပစ်လိုက်လျှင်တောင် ဝိညာဉ် သခင်အဆင့်သာရှိသော ပေထင်းကျင် သေသွားနိုင်သည်။
“မင်ရှို့ သူက ပေထင်းဟွမ်ရဲ့ အစ်ကိုကြီးပဲ”
မင်ရှို့ မပစ်ခင်မှာပင် ခက်ထန်သောအသံတစ်သံသည် မင်ရှို့အား တားဆီး လိုက်သည်။ တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခုသည် ပျံလာပြီး မင်ရှို့နှင့် ပေထင်းကျင်တို့ အကြားတွင် ကာဆီးလေသည်။ သူ့အားဟိန်းဟောက်သည်မှာ ယန်ချန်း၏ အကြီးအကဲကြီးဖြစ်သည်ကို မြင်သောအခါ မင်ရှို့၏မျက်လုံးများ သည် ပို၍အေးစက်လာသည် “ကျောက်ရှီး နည်းလမ်းကောင်းပဲ ခင်ဗျားကို အားလုံးက ၃၃ ကောင်းကင်ဘုံမှာလို့ထင်နေကြတာ၊ ဒါပေမဲ့ ထင်မထားဘူး၊ ခင်ဗျားက အလှလေးတွေကိုကြိုက်တဲ့အချစ်ရူးနောက်ကိုလိုက်ပြီး ပင်မတိုက် ကြီးလိုမျိုး နေရာမှာ ကိုယ့်အဆင့်ကိုယ်မေ့ပြီး နဂါးနက်ဧကရာဇ်လိုမျိုး နေနေ တာပဲ”
နဂါးနက်ဧကရာဇ်သည် ကမ္ဘာမြေကြီးမိခင်ဖန်တီးလိုက်သော သားရဲအုပ် သာဖြစ်သည်။ ၎င်း၏သွေးသားနှင့် ခွန်အားသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်နဂါးနှင့်ဇာမဏီတို့အတွက် ဒုတိယ်မြောက်ခန့်ရှိသည်။ ဤကဲ့သို့မျိုးစိတ် သည် ခွန်အားနောက်လိုက်ခြင်းကို အာရုံမစိုက်ဘဲ ရောင်ဝါပါးလွှာသော ပင်မတိုက်ကြီးတွင် ယန်ယဲ့အတွက် နှစ်ပေါင်းထောင်ချီနေလာခဲ့ကြသည်။ ဤကဲ့သို့နေရာတွင် အဆင့်တက်ရန်မျှော်လင့်ချက်မရှိနိုင်သည်ကို သိထားရ မည်။ မည်မျှပင်အားကောင်းစေကာမူ အဆင့်တက်လိုက်လျှင် ဘုံ၏စည်းမျဉ်း များက ဖိနှိပ်မည်ဖြစ်သည်။