Chapters

နဂါးနက်ဧကရာဇ်

Vol. 69 Ch. 1363

နဂါးနက်ဧကရာဇ်

Vol. 69 Ch. 1363

“ဟားဟားဟား” အကြီးအကဲကြီး ကျယ်လောင်စွာရယ်မောလေသည်။ မင်ရှို့သည် တစ်ချက်တည်းကြည့်ရုံနှင့် မှတ်မိလိမ့်မည်ဟု သူ ထင်မထားပေ။ သို့သော ထူးခြားလှသည်တော့မဟုတ်ပေ။ ထို့အပြင် လွန်ခဲ့သည့်နှစ်တစ် သောင်းက စစ်မြေပြင်တွင် သူတို့အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ သူနှင့် မင်ရှို့သည် အစောလေးက တိုက်ခိုက်သည့်အချိန်ကပင် ဖုံးကွယ်နိုင်ခဲ့သည်။ ထို့အပြင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မစိမ်းကြပေ။ သူတို့သည် တစ်ဖက်လူ၏သရုပ်မှန်ကို ခန့်မှန်းနိုင်ကြသည်။

အကြီးအကဲကြီးသည် တုန်ယင်သွားသည်။ သူသည် မူလက မထင်ရှား သောအဘိုးကြီးဖြစ်သော်လည်း ယခုအခါ ဆံပင်နက်၊ ဝတ်ရုံနက်နှင့် ချောမော သာ လူငယ်ဖြစ်နေပြီဖြစ်သည်။ နဂါးမျိုးနွယ်သည် သဘာဝ၏ ကောင်းချီးကို လက်ခံရရှိကာ နဂါးနက်ဘုရင်မဆိုထားနှင့် နဂါးနက်များအကြားတွင် ကမ္ဘာ မြေကြီးမိခင် ဖန်ဆင်းလိုက်သော စစ်မှန်သောဘုရင်ဖြစ်သည်။ သူ၏ခန္ဓာကိုယ် ထဲတွင် နတ်သွေးရောင်ခြည်ရှိသည်။ ထိုနတ်သွေးရောင်ခြည်နှင့်ဆိုလျှင် နဂါးနက်မျိုးဆက်တိုင်းသည် နဂါးနက်ဧကရာဇ်ဖြစ်နိုင်သည်။ ခမ်းနားမှုသည် နဂါးနက်များအားလုံးကို အညံ့ခံသွားစေနိုင်သည်။

ဒါက အကြီးအကဲကြီး အစစ်ဟုတ်တယ်မလား။ ပင်မတိုက်ကြီးတစ်ခုလုံး တွင် အကြီးအကဲကြီး၏သရုပ်မှန်ကို သိထားဟန်တူသော ချုံချီတို့မှလွဲပြီး အားလုံးသည် အကြီးအကဲကြီးအား ထိတ်လန့်အံ့ဩသောမျက်လုံးများဖြင့် ကြည့်ကြလေသည်။ ကိုယ်တိုင်မျက်လုံးနှင့်မြင်နေရသော်လည်း မယုံနိုင်ဖြစ်နေ ကြလေသည်။

“ဒါ ဒါက အကြီးအကဲကြီးလား”

“မိုးနတ်မင်းရေ ဒီခွန်အား”

“အားကောင်းလိုက်တာ”

နဂါးနက်ဧကရာဇ်သည် ကျယ်လောင်စွာရယ်မောလေသည်။ ထို့နောက် ခေါင်းကိုဆတ်ကာ မင်ရှို့အား အထင်သေးသောမျက်လုံးများဖြင့် ကြည့်လေ သည် “ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ ဂုဏ်သရေကို ခိုးသွားတဲ့ဓားပြက အသံကောင်းလာဟစ်နေတယ်၊ နတ်မိစ္ဆာနဲ့ဝိညာဉ်ကြားက တိုက်ပွဲမှာ အမြင့်ဆုံးကာကွယ်သူက ကြောက်လို့ပြေးသွားတာလေ ”

“မင်း မဟုတ်တာတွေပြောနေတာပဲ” မင်ရှို့သည် သူခိုးလူမိသည့်ပုံစံဖြစ် နေသည်။ အလင်းနှင့်အရိပ်လှိုင်းထဲတွင် သူ၏မျက်နှာမှာနီရဲသွားသည်ကိုမြင် နိုင်လေသည်။ ထို့နောက် ဒေါသတကြီးပြောလေသည် “ဟေ့ကောင် ငါ ဝိညာဉ် နတ်ဘုရားမျိုးနွယ်က ဝိညာဉ်နတ်ဘုရားချန်ထားခဲ့တဲ့ တစ်ခုတည်းသော သွေးသားပဲ ပြီးတော့ ငါ့ခန္ဓာကိုယ်ထဲက နတ်သွေးက သန့်စင်တယ် ၃၃ ကောင်းကင်ဘုံမှာ ဘယ်သူမသိဘဲနေလဲ”

“ဟားဟားဟား” နဂါးနက်ဧကရာဇ်သည် ဟာသကြီးတစ်ခုကို ကြားလိုက်ရသလိုပင်။ သူသည် ကောင်းကင်ကိုမော့ကြည့်ကာ ရယ်မောလေ သည်။ မင်ရှို့သည် နဂါးနက်၏မျက်လုံးကိုမြင်သောအခါ သူ၏သွေးကိုပင် သံသယဝင်လာသည်။ ထို့နောက် နဂါးနက်ဧကရာဇ်၏စကားကိုကြားလိုက်ရ သည် “မင်ရှို့ မင်းရဲ့အမေက ဘယ်သူလဲ၊ မင်းကို ဘယ်လိုရလာတာလဲ၊ အဲလို ကိစ္စတွေဆိုရင် မင်ဟုန်ကိုမေးသင့်တယ်”

“တခြားလူရဲ့ဂုဏ်သတင်း၊ အဆင့်အတန်း၊ သွေးကိုတောင် ခိုးယူတဲ့ လူတစ်ယောက်က သူ့ကိုယ်သူ ရှေးရိုးစွဲတယ်လို့ပြောတာကို ရင်ဆိုင်ရမယ်၊ စီရင်ချက်ဗိမာန်ရဲ့ တာဝန်ခံက နတ်ဘုရားဟန်ဆောင်ပြီးတော့ ကောင်းကင်နဲ့ မြေကြီးစည်းမျဉ်းကို ထိန်းသိမ်းနေတာ” နဂါးနက်ဧကရာဇ်၏ အသံနေအသံထားသည် ဓားသွားကဲ့သို့ချွန်ထက်သည်။ သူ ထိုစကားများကို ပြောပြီးနောက် အနက်ရောင်လုံးသည် လက်ထဲမှထွက်လာပြီး ရေပျစ်ပျစ်များ စုခဲသွားသကဲ့သို့ စစ်မှန်သောနဂါးနက်တစ်ကောင်သည် ရေစက်ပေါ်တွင် ရေကူးနေသလိုပင်။

“နဂါးနက်စစ်မှန်တဲ့နှာလေလား” နဂါးနက်ဧကရာဇ်၏လက်ထဲမှ အရာ ကို ရှင်းလင်းစွာမမြင်ရခင်တွင် ၎င်းတွင် အားကောင်းသောစွမ်းအင်ပါဝင်နေ သည်ကို ပင်ဖုန်းခံစားမိသည်။ မြေပေါ်တွင်ရပ်ပြီး တဖြည်းဖြည်းနှင့် အနောက် သို့ဆုတ်လိုက်သည်။ သူတို့ကဲ့သို့ ၃၃ ကောင်းကင်ဘုံမှ အားကောင်းသောလူပင် လျှင် နဂါးနက်၏စစ်မှန်သော နှာလေကိုမဆိုထားနှင့် သာမန်နဂါး၏နှာလေကို ပင် ခံနိုင်ရည်ရှိရန် ခက်ခဲသည်။

အလင်းနှင့်အရိပ်လှိုင်းအကြားတွင် မင်ရှို့၏ပုံရိပ်သည်လည်း တဒင်္ဂမျှ လွှဲယမ်းသွားလေသည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက နတ်မိစ္ဆာဧကရီသည် ကျဆုံးပြီးပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်က နဂါးနက်သည် အရွယ် မရောက်သေးပေ။ သို့သော် သူ၏ဖခင် မင်ဟုန်၏ဝိညာဉ်အသိစိတ်သည် စစ်မှန် သော နှာလေကြောင့် ပျက်စီးခဲ့သည်။ သူ့ကို ကယ်တင်ရန်နောက်ကျသွား သဖြင့် နတ်မိစ္ဆာဧကရာဇ်၏ ဓားချက်စာမိခဲ့သည်။

ကံကောင်းစွာပင် ဝိညာဉ်ဆေးသည် ဒဏ်ရာမရခဲ့ပေ။ မဟုတ်လျှင် အသစ်တစ်ဖန်စတင်နိုင်မည်မဟုတ်ပေ။

တစ်ခါသေဖူးပြီးသားလူသည် သူတို့၏အသက်ကို ပို၍တန်ဖိုးထားသည်။