← Chapters

အမှတ်များ

Vol. 69 Ch. 1364

အမှတ်များ

Vol. 69 Ch. 1364

နဂါးနက်၏စစ်မှန်သောနှာလေသည် နဂါးနက်ဧကရာဇ်၏လက်ဖဝါးထဲ တွင် တဖြည်းဖြည်းလည်ပတ်လေသည်။ ရေပျစ်ပျစ်၏ရောင်ဝါသည် ရင်ပြင် တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားရာ အားလုံးသည် ရွှံ့နွံထဲရောက်သွားသလို ခံစားရလေ သည်။ သူတို့၏ခန္ဓာကိုယ်ကပင် မစွမ်းနိုင်တော့ပေ။

ပင်မတိုက်ကြီးမှလူများသည် နဂါးနက်၏စစ်မှန်သောနှာလေကို မကြား ဖူးကြပေ။ ပုတီးစေ့အနက်မှ ထွက်လာသော ဖိနှိပ်မှုကို ခံစားမိချိန်တွင် ထိုလူ များသည် ကြောက်ရွံ့လာကြ၏။

ကံကောင်းစွာပင် လွန်ခဲ့သည့်နှစ်တစ်သောင်းတွင် သူတို့သည် ယန်ချန်း ၏သခင်ကို မည်သူမှ စိန်မခေါ်ခဲ့ကြပေ။ ကံကောင်းစွာပင် ယန်ချန်းအား ပြစ်မှားခဲ့သည့်အင်အားစုများသည် တစ်စစီဖြစ်ပြီး မတည်ရှိနိုင်တော့ပေ။

အားကောင်းသည်။ အမှန်တကယ်ပင် အားကောင်းသည်။

ထိုအခိုက်အတန့်တွင် အဆက်မပြတ်လည်ပတ်နေသည်။ အရှိန်နှုန်းမှာ မြန်လွန်းသဖြင့် တိုင်လေးတိုင်ဝန်းရံထားသည့်နေရာမှ ရုတ်တရက် ပုံရိပ်တစ်ခု ပျံထွက်လာလေသည်။ ထိုအပြောင်းအလဲသည် နဂါးနက်နှာလေမှ အားလုံးကို လှုပ်နှိုးလိုက်သလိုပင်။ သူတို့ အနီးကပ်ကြည့်လိုက်ချိန်တွင် ဖော်မပြနိုင်လောက်အောင် ချောမွတ်သောမျက်နှာနှင့် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသောလူသည် မျက်ရည်အပြည့်နှင့်ဖြစ်နေ၏။

သူသည် သန်မာသည်၊ ပြတ်သားသည်၊ ဇွဲနပဲကြီးသည်၊ သတ္တိရှိသည်ဟူ သော အမြင်မျိုးကိုပေးစွမ်းသည်။ သူ့နောက်လိုက်သောလူများသည် သူရဲကောင်းတစ်ယောက်ကို ရိုသေသကဲ့သို့ လေးစားမှုကို ခံစားရသည်။ ဤလူငယ်ရှိလျှင် မည်သည့်အရာကိုမှ စိုးရိမ်ရန်မလိုဘဲ အတွေးများအားလုံး အောင်မြင်နိုင်သလို ခံစားရသည်။

လူငယ်သည် လေထဲတွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်နေသည်။ သို့သော် သူလေထဲတွင် မရပ်ခင်တွင် အလင်း၏အရှိန်နှုန်းနှင့် တိုင်လေးတိုင် ဆီသို့ပြေးသွားကာ အက်ကွဲပြီး နွမ်းနယ်သောအသံဖြင့် အော်လေသည်။ “ယန်ယဲ့ ရှင်ကြီး ကျွန်မကို ဘယ်လိုလုပ် ဒီလိုဆက်ဆံနိုင်တာလဲ”

လင်မယားဆိုသည်မှာ မည်သို့အရာနည်း။ လင်နှင့်မယားကြားတွင် တူညီသော ချိုမြိန်မှုရှိပြီး နာကျင်မှုကို မျှဝေခံစားရမည်။

သူမ မိုးကြိုးကိုရင်ဆိုင်ရဲသည့်အကြောင်းအရင်းမှာ ကျို့ယန်နှင့် ကင်းကောင်တို့ ဘေးဒုက္ခရင်ဆိုင်ရစဉ်က သူမသည် ကူညီပေးခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။ သူမတွင် အတွေ့အကြုံရှိသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ် သည် သူမကို အလွယ်တကူအသေခံမည်မဟုတ်သည်ကို သူမ သိသည်။

ဘုန်း..

မိုးကြိုးသည် ကောင်းကင်ကိုခွဲကာ အဘက်ဘက်သို့ကျလေသည်။ ထို မိုးကြိုးသံသည် သူတို့၏နားထဲသို့ တိုးဝင်လာသလိုပင် အားလုံးခံစားလိုက်ရ သည်။ ထို့နောက် ကောင်းကင်သည် အပြည့်အဝမှောင်မိုက်သွားသည်။ ကောင်းကင်နှင့်မြေကြီးသည် ညဉ့်အချိန်သို့ကျရောက်သွားသလိုပင်။ သူမ အနားမှလူများသည် သူမအား ရှင်းလင်းစွာမမြင်ရတော့ပေ။

ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် နှိုင်းယှဉ်မရသော ကြောက်ရွံ့မှု ဖြစ်မိသည်။ သူမသည် ရူးသွပ်သွားနှင့် တိုင်လေးတိုင်ဆီသို့ပြေးလေသည်။ သူမ အနားမရောက်ခင်တွင် တိုင်ဆီမှ အနီရောင်အလင်းထွက်ပေါ်လာပြန်သည်။ အလင်းအထက်တွင် ကြီးမားသောစွမ်းအင်ရှိသည်။ ၎င်းသည် သူမအား ပြန်ကန်တွန်းထုတ်လေသည်။ ပြီးခဲ့သည့်တစ်ခေါက်က စီဖုန်းရှန့်ကျွင်းဆီသို့ အနားကပ်ရန်ကြိုးစားသည့် ယန်ချန်းနှင့်ဟွမ်ချန်းမှလူများကဲ့သို့ တွန်းကန်ရာ လေထဲတွင်လွင့်နေပြီး အကြိမ်ပေါင်းများစွာ လှိမ့်သွားလေသည်။

“ယန်ယဲ့” နာကျင်မှုနှင့် ကြောက်ရွံ့မှုများသည် ပေထင်းဟွမ်၏ တစ်ကိုယ် လုံးနှင့်စိတ်ကို သိမ်းပိုက်ပြီးဖြစ်လေသည်။ တိုင်လေးတိုင်အထက်ရှိ ကောင်းကင်ကိုကြည့်ရာ ကောင်းကင်သည် ပိုပိုလင်းလာပြီး မိုးကြိုးသည် မည်မျှကြာအောင် ပစ်နေမည်ကိုမသိနိုင်ပေ။ ယန်ယဲ့အား မိုးကြိုးပစ်တော့မည် ကိုကြည့်ပြီး ပေထင်းဟွမ်သည် အော်ဟစ်မိသည်။ သူမ နောင်တရမိသည်။ သူမသည် သွေးစာချုပ်ကို မဖျက်သင့်ပေ။ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူမ ၏အရင်ဘဝတွင် နတ်မိစ္ဆာဧကရာဇ်ကိုလက်ထပ်ကာ သူ့ရှေ့တွင် အသေခံရန် ဘာကြောင့်ရွေးချယ်ခဲ့သည်ကို နားလည်လာသည်။

ကိုယ်ချစ်ရသူ ကောင်းကောင်းနေရသည်ကို မြင်ရသည်ထက် ဘာကများ ပျော်ဖို့ကောင်းမည်နည်း။

မျက်ရည်များသည် ပိုက်ဆံမပေးရတိုင်း ကျဆင်းလာသည်။ ပေထင်းဟွမ် သည် ပိုးဖလံကဲ့သို့ မီးတောက်ဆီသို့ ပျံလိုက် တိုင်လေးတိုင်ဆီသို့ ထပ်မံပြေး လိုက်နှင့် အသံဝင်တော့မည့်အတိုင်း အော်ဟစ်နေသည်။ သို့သော် ထိုအသံတွင် မျက်ရည်အပြည့်ပါသည်။

ထိုအခိုက်အတန့်တွင် ပွဲကြည့်သူ လူတစ်သိန်းသည် သူတို့၏သရုပ်မှန်မှာ မည်သို့ပင်ဖြစ်စေကာမူ မျိုးနွယ်၏ ခေါင်းဆောင်များဖြစ်ကြသလို စွမ်းအားကို ထိန်းချုပ်သည့် စွမ်းအားရှင်များဖြစ်ကြသည်။ ထိုလူများအပါအဝင် လူငယ်များ၊ ဆယ်ကျော်သက်များ သို့မဟုတ် နှစ်ပေါင်းရာချီနေလာခဲ့ကြသော အဘိုးကြီး များပင် မျက်ရည်ကျမိကြလေသည်။

All Chapters