← Chapters

မင်းအသက်ရှင်နေသရွေ့

Vol. 69 Ch. 1365

မင်းအသက်ရှင်နေသရွေ့

Vol. 69 Ch. 1365

တိုင်လေးတိုင်၏အလင်းများ လူငယ်၏အနီရဲရဲအင်္ကျီပေါ်သို့ ကျရောက် လာကာ သူမ၏မျက်ရည်များဖြင့်ပြည့်နေသော မျက်လုံးကို ရောင်ပြန်ဟပ်လေ သည်။ ထိုအခိုက်အတန့်တွင် ခမ်းနားပြီးစူးရှသည့်မျက်လုံးများသည် နာကြည်း မှု၊ တွန့်ဆုတ်မှု၊ မုန်းတီးမှုနှင့် နာကျင်မှုများ ပြည့်နေသည်။ ပင်ဖုန်းပင်လျှင် သူမ ကြောင့် ရင်ထဲထိမိလေသည်။

“သူက တကယ်ပဲ နတ်မိစ္ဆာဧကရာဇ်ကို ချစ်တာပဲ၊ လွန်ခဲ့တဲ့နှစ်တစ် သောင်းက သူ့ကိုအရမ်းချစ်တာပဲ၊ သူ အခုတော့ နောင်တရနေလောက်ပြီ၊ သူ့ အတွက်နဲ့ နတ်မိစ္ဆာဧကရာဇ်ကို သွေးစာချုပ်မပယ်ဖျက်ခိုင်းသင့်ဘူး” ပင်ဖုန်း သည် တွေးမိလေ၏ “လွန်ခဲ့တဲ့နှစ်တစ်သောင်းက သူမ မသေခင် နတ်မိစ္ဆာ ဧကရာဇ်ကို နှစ်ခုတောင်းဆိုခဲ့တယ်၊ တစ်ခုက သွေးစာချုပ်ဖျက်ဖို့နဲ့ နောက် တစ်ခုက သူမအတွက် လက်စားချေဖို့ပဲ”

သွေးစာချုပ်ပယ်ဖျက်ရန် သူမ၏နတ်သွေးတစ်စက်လိုသည်။ သူမသည် အမှန်တကယ်ပင် ယန်ယဲ့အား အသက်ရှင်စေချင်သည်။ ပင်ဖုန်းသည် အသက် ပြင်းပြင်းရှူလိုက်သည် “သူမက သူမရဲ့အသက်ကို နတ်မိစ္ဆာဧကရာဇ် အလွယ် တကူအသက်ရှင်ဖို့အတွက် အလဲအလှယ်လုပ်ခဲ့တယ်၊ နတ်မိစ္ဆာဧကရာဇ်ရဲ့ စွဲလမ်းမှုက နှစ်တစ်သောင်းကြာလောက်အောင် နက်ရှိုင်းလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ၊ ပထမဆုံးလုပ်တဲ့အလုပ်က သူမရဲ့ဝိညာဉ်ကို ပြန်စုစည်းပြီး ပြန်လည်မွေးဖွားစေခဲ့တယ်”

ထိုလူနှစ်ယောက်သည် မည်သူကမည်သူ့ကို ငြိတွယ်အောင်လုပ်သည်ကို တော့မသိတော့ပေ။ အချစ်နှင့်စွဲလမ်းမှုသည် သူတို့နှစ်ယောက်အား နာကျင်စွာ နေထိုင်စေခဲ့သည်။

ပေထင်းဟွမ်နာကျင်နေသည်ကိုကြည့်ပြီး ယန်ချန်းနှင့်ဟွမ်ချန်းမှလူများ သည် မီးတောက်ထဲသို့ပိုးဖလံကဲ့သို့ တိုးဝင်နေသည့် သူမအားမတားရက်တော့ ပေ။ သူမသည် နတ်တိုင်လေးတိုင်၏အလင်းကြောင့် ထပ်ခါထပ်ခါ ပြန်ကန် ထွက်ပြီး လွင့်သွားသဖြင့် ဒဏ်ရာများဖြင့် ပြည့်နှက်သွားလျှင်တောင် မျက်ရည် များဖြင့် နတ်စွမ်းအားကိုသုံးကာ ခုခံနေတုန်းပင်။ သို့သော် ထိုစွမ်းအားလောက် လေးသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။ ပုရွက်ဆိတ်တစ်ကောင်မှ သစ်ပင်ကို လှုပ်ခါသကဲ့သို့ပင် ကောင်းကင်နှင့်မြေကြီးစွမ်းအား၏ အားကောင်းသော တန်ပြန်တိုက်ခိုက်မှုနှင့် အလဲအလှယ်လုပ်နိုင်လေသည်။

ယန်ယဲ့သည် အပြင်မှအသံများကို ရှင်းလင်းစွာကြားနေရသည်။ ပေထင်း ဟွမ်သည် သူ့အတွက်နှင့် ကောင်းကင်မိုးကြိုးကို လှုံ့ဆော်ပြီး သူ့အတွက် ကိုယ်စားခံချင်နေသည်။ ယန်ယဲ့သည် မခံနိုင်တော့သဖြင့် ပေထင်းဟွမ်အား တွန်းထုတ်ခဲ့သည်။ သူသည် ချစ်သူနှင့် ခေတ္တမျှထပ်နေချင်သေးသဖြင့် တွန့်ဆုတ်မိသော်လည်း သူမအား ဤကဲ့သို့စွန့်စားမှုကြီးလုပ်ပြီး နာကျင်မှုကို မခံစားစေလိုပင်။

ကိုးရက်မိုးကြိုးသွား ကျရောက်လာချိန်တွင် ယန်ယဲ့သည် တိုင်လေးတိုင် အကြားတွင် တင်ပျဉ်ခွေထိုင်နေသည်။ တိုင်တစ်တိုင်တွင် နွားပေါက်တစ် ကောင်အရွယ်အစားရှိသော ကြိုးများသွယ်တန်းထားပြီး ၎င်းကြိုးများသည် သံလည်းမဟုတ် သံမဏိလည်းမဟုတ်ပေ။ ရော့ရှန်းယွဲ့ကြိုးများသည် ယန်ယဲ့ ၏ ခြေထောက်နှင့်လက်များကို အသီးသီးချုပ်နှောင်ထားသည်။ သံကြိုးလေး ချောင်း သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ချိန်တွင် သူ၏သွေးကြောထဲတွင် နတ်မိစ္ဆာ ကျွင်းတန့်သည် မထင်မှတ်စွာပင် လည်ပတ်မှုရပ်တန့်သွားလေသည်။

“ကောင်းကင်နဲ့မြေကြီးစွမ်းအင်ပီသပါပေတယ်”

ယန်ယဲ့ သက်ပြင်းချလိုက်သည်။ ခေါင်းပေါ်သို့ရောက်နှင့်နေသည့် မိုးပေါ်မှမိုးကြိုးကိုကြည့်လိုက်သည်။ ပေထင်းဟွမ်၏အော်သံကိုကြားလိုက် သည့်အချိန်တွင် သူသည် အကြောထဲမှ လက်ကျန်စွမ်းအားကို လှည့်ပတ်လိုက် ပြီး အသံကူးပြောင်းလိုက်သည် “ဟွမ်အာ မှတ်ထားပါ မင်းအသက်ရှင်နေသရွေ့ ကိုယ်လည်း သေမှာမဟုတ်ဘူး”

“ဘုန်း”

တိုင်လေးတိုင်ထဲမှမြင်ကွင်းကိုမမြင်ရသော်လည်း မိုးကြိုးသံသည် ရှင်းလင်းလှသည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် ကြောက်လန့်နေ သည့် ငှက်တစ်ကောင်အလား ပျာတီးပျာယာဖြင့် တိုင်လေးတိုင်ကိုကြည့်လေ သည်။ ယန်ယဲ့၏အသံသည် မိုးကြိုးပစ်သံနှင့်အတူ ထွက်ပေါ်လာသည်။ သို့သော် ထိုအသံနားထဲသို့ဝင်သွားသည်နှင့် မိုးကြိုးသံကြောင့်မှေးမှိန်သွားပြီး တိုင်အကြားတွင် ခရမ်းနီရောင်အလင်းပေါက်ကွဲထွက်ပြီး တိုင်၏အရောင်များ အားလုံးကို ဆွဲချကာ ခရမ်းနီရောင်အလင်းကိုသာ မြင်ရလေသည်။ ကြီးမား သော တိုင်သည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ရပ်နေပြီး အလင်းသည် အတန်ကြာသည်အထိ မကွဲသေးပေ။

မသဲကွဲသောညည်းသံသည် ကြားရရုံလောက်ဖြစ်သော်လည်း ပေထင်းဟွမ်၏နားထဲသို့ ဝင်နေတုန်းပင်။ ထို့နောက် သူမသည် စီဖုန်းနတ်တိုင် ရှေ့ကို ငေးငိုင်စွာဖြင့် ဝိညာဉ်လွင့်သွားသည့်အလား စိုက်ကြည့်နေသည်။ သူမ သည် ဘာမှမမြင်နိုင်သော်လည်း အထဲသို့ ခပ်ဝါးဝါးသာမြင်ရလေသည်။ တာအို မည်မျှကြာအောင် စီမံနေသည်ကိုတော့မသိပေ။ လက်မောင်းအရွယ်အစား ရှိသော မိုးကြိုးနှင့်လျှပ်စီးသည် ယန်ယဲ့၏ခန္ဓာကိုယ်ကို ပစ်ချကာ သူ၏ နတ်ဘုရားတစ်ပါးမျှ ချောမောသောမျက်နှာ၊ သန်မာသောခန္ဓာကိုယ်နှင့် ပြီးပြည့်စုံသောခြေထောက်ကို ဖျက်ဆီးလေသည်။ ထိုအခိုက်အတန့်တွင် သူ၏ ကောင်းခြင်းအားလုံးသည် ရှင်လျက်ဖျက်ဆီးခံလိုက်ရသည်။

All Chapters