မင်းနဲ့ငါက ကံတရားကိုမျှဝေနေတာ
Vol. 69 Ch. 1366
ပေထင်းဟွမ်သည် တုံးအသွားသလိုပင်။ သူမသည် ငေးငိုင်စွာနှင့် လက်မြှောက်ကာ တိုင်ဆီသို့ ချစ်သူ၏ခန္ဓာကိုယ်ကို ပွတ်သပ်သကဲ့သို့ ပွတ်သပ် လိုက်သည်။ သူမသည် သူမဘာသာရေရွတ်လိုက်သည် “ဟုတ်တယ် ဟုတ်တယ် ကျွန်မအသက်ရှင်နေသရွေ့ ရှင်လည်း အသက်ရှင်မှာ အဲဒါကြောင့် ယန်ယဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ကောင်းကောင်းအသက်ရှင်မယ် အဲတော့ ရှင်လည်း ကောင်းကောင်းအသက်ရှင်ပါ”
သူမ၏နားထဲတွင် ပဲ့တင်သံထွက်နေတုန်းပင်ဖြစ်သည်။ ယန်ယဲ့သည် ထို အသံကိုချုပ်တည်းရန်ကြိုးစားသော်လည်း သည်းသံထွက်နေတုန်းပင်။ ပေထင်းဟွမ်အတွက် ၎င်းအသံသည် သေမိန့်ချသည့် ကျိန်စာတစ်ခုလိုပင်။
တိုင်လေးတိုင်မှအလင်းတန်းသည် မိုးကြိုးအပြီးတွင် ကောင်းကင်မှ တဖြည်းဖြည်းတိုဝင်သွားသည်။ ကမ္ဘာတစ်ခုလုံးတွင် ရောင်ခြည်တစ်ခုတည်း သာကျန်တော့သည်အထိ မှေးမှိန်သွားလေသည်။ ထိုအခိုက်အတန့်တွင် မှောင်မိုက်နေသော ကောင်းကင်သည် ကြည်လင်သွားပြီး တိမ်တိုက်များပြန် ရောက်လာသည်။
မိုးကြိုးနှင့်တိမ်တိုက်မည်းများ ပျောက်ကွယ်သွားသော်လည်း အားလုံး၏ နှလုံးမှာပိုပိုလေးလံလာသည်။ သူတို့၏မျက်လုံးများသည် မျက်စိရှေ့မှတိုင်ဆီ သို့ရောက်သွားကြကာ အထဲမှလူအသက်ရှင်နေသေးသည်လားဆိုသည်ကို အဆက်မပြတ် ရှာဖွေနေတုန်းပင်ဖြစ်သည်။ ထိုအချိန်တွင် ပြုံးသယောင်ရှိသည့် အသံသည် ရုတ်တရက် ရင်ပြင်မှထွက်လာလေသည် “ဟွမ်အာ ကြည့်လေ ငါ မင်းကိုမလိမ်ဘူးလေ မင်းအသက်ရှင်နေသရွေ့ ငါ သေချာပေါက် အသက်ရှင်မှာ ပါလို့”
ထိုစကားကိုကြားကိုနားထောင်ရသည်မှာ မထင်ရှားသောအသံမရှိတော့ ဘဲ တိုးညင်းသောအက်ကွဲသံသာရှိတော့လေသည်။ အားလုံးသည် လက်မောင်း ကို သေနတ်မှန်သွားသလိုပင် သူတို့၏ဝိညာဉ်များ ထိတ်လန့်သွားပြီး ရင်ပြင် အားမယုံနိုင်စွာဖြင့် ကြည့်လေသည်။ ဤလူသည် အားအကောင်းဆုံး သားရဲ ပင်မခံနိုင်သည့် ဤကဲ့သို့မိုးကြိုးမျိုးကို ရင်ဆိုင်ပြီးနောက် အသက်ရှင်နေသေး သည်ကို မယုံနိုင်သေးပေ။ သူသည် ကောင်းကင်ကို အံတုချင်နေသည်လား။
ပေထင်းဟွမ်သည် ထိုအခိုက်အတန့်တွင် အသက် ၁၀ သက် သက်တမ်းရှိ အိပ်မက်မှ နိုးထလာသလိုပင်။ အိပ်မက်ထဲရှိ မိနစ်တိုင်းစက္ကန့်တိုင်းသည် နာကျင်လှသည်။ နောက်စက္ကန့်ပိုင်းပင် အသက်မရှင်ချင်လောက်အောင် နာကျင်သည်။ ယန်ယဲ့၏အသံထဲတွင် အရည်ပျော်ရန်ထူထဲလှသည့် နာကျင်မှု ရှိလျှင်တောင် ပေထင်းဟွမ် အလွန်ပင် ပျော်ရွှင်မိသည် “ယန်ယဲ့ အဆင်ပြေရဲ့ ဘလား အဆင်ပြေရဲ့လား အဆင်ပြေလားဆိုတာပြောပါဦး”
နာကျင်သည်ဖြစ်ဖြစ် မနာကျင်သည်ဖြစ်စေ ပေထင်းဟွမ်သည် ဤကဲ့သို့ အဓိပ္ပာယ်မဲ့သည့်မေးခွန်းကိုမေးမည်။ မနာကျင်ဘဲနေမည်လား။ သူမသည် မိုကြိုးအပစ်မခံရဖူးခြင်းမဟုတ်ပေ။ ယနေ့ယန်ယဲ့ရင်ဆိုင်ရသည့် ၁၀ ပုံ ၁ ပုံသာ ရှိသည့်မိုးကြိုးဖြစ်သည်။ ထိုစဉ်က သူမ မည်မျှနာကျင်ခဲ့ရသနည်း။
“အရမ်းကောင်းတယ် ဟွမ်အာ စိတ်မပူနဲ့” အမည်မသိ သတ္တုကြိုး လေးကြိုးသည် ခြေနှင့်လက်များကို ချည်နှောင်ထားပြီး သူ့ဆီမှ စွမ်းအင်များကို အဆက်မပြတ်စုပ်ယူနေကာ သူ၏အကြောကို မခုခံနိုင်လောက်အောင် ဖြစ်စေ သည်။ သူ မလုပ်နိုင်ပေ။ ဝိညာဉ်စွမ်းအားရှိ နတ်သွေးအားအနည်းငယ်ကိုသာ လှုံ့ဆော်နေရသည်။ သူ၏ကျောပြင်နှင့်ခြေထောက်များမှ အသွေးနှင့်အသား သည် ကွဲပြဲလောင်ကျွမ်းနေရာ အရိုးများပင်ပေါ်လျက်ရှိသည်။ ပေထင်းဟွမ်သည် မကြည့်ရက်တော့ပေ “ဟွမ်အာ မကြောက်နဲ့ မင်းနဲ့ကိုယ်က ကံတရားကိုမျှဝေနေတာ၊ ကိုယ်သေသွားရင် မင်းအသက်ရှင်နိုင်မှာမဟုတ်ဘူး မင်းသေသွားရင် ကိုယ်လည်းအသက်မရှင်နိုင်ဘူး၊ ကိုယ့်ကိုယုံ ကိုယ်တို့ မကြာ ခင်တွေ့လိမ့်မယ်”
“ဟုတ်ပြီ” ပေထင်းဟွမ်သည် မည်သည့်နေရာကလာမှန်းမသိသည့် အံ့ဩ လောက်စရာ ယုံကြည်မှုသည် သူမကို ခံစားရသက်သာအောင်လုပ်ပေးနေသလို ပင်။ သူ အသက်ရှင်နေသေးသရွေ့ သူ့ကို ကယ်တင်ရန် နည်းလမ်းရှာနိုင်သည်။
နတ်တိုင်ကို ဖြတ်သွားရင်း လက်များဆီမှ တဖြည်းဖြည်းပျောက်ကွယ် သွားသောအလင်းကိုကြည့်ပြီး ပေထင်းဟွမ်သည် ဒေါသနှင့်နာကြည်းမှုကို အောင့်အီးသည်းခံကာ ခေါင်းငုံ့ပြီး သူမ၏ခြေထောက်ဆီသို့ နတ်တိုင်လုံး တဖြည်းဖြည်းနစ်ဝင်သွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။
“ဘယ်သွားလိုက်တာလဲ” ရုတ်တရက် ပေထင်းဟွမ်သည် အနည်းငယ် ပျာယာခတ်သွားသည်။ သူမသည် မည်သည့်နေရာရောက်သည်ကို ရှာမတွေ့ ပေ။ ချက်ချင်းဆိုသလိုပင် သူမသည် ဘေးမှလူကိုဆုပ်ကိုင်ကာ ခပ်ထန်ထန် မေးလိုက်သည် “သူဘယ်ရောက်သွားတာလဲ ပြောဦး သူ ဘယ်ရောက်သွားတာ လဲ”