← Chapters

ဘယ်ယောက်ျားမှ သူ့ထက်မသာနိုင်ဘူး

Vol. 69 Ch. 1367

ဘယ်ယောက်ျားမှ သူ့ထက်မသာနိုင်ဘူး

Vol. 69 Ch. 1367

ထိုလူသည် အပျော်ပွဲလာကြည့်သော ပင်မတိုက်ကြီးမှလူတစ်ယောက် သာဖြစ်သည်။ ယန်ယဲ့ မည်သည့်နေရာရောက်သွားသည်ကို သူ မည်သို့သိမည် နည်း။ ပေထင်းဟွမ်သည် အကျိုးအကြောင်းသင့်သူဖြစ်သော်လည်း လက်ရှိ သခင်ပေထင်းဟွမ်သည် ရူးသွပ်နေသလိုပင်။ ရုတ်တရက်ပင်လျှင် မျက်ရည် များသည် သူ၏မျက်နှာမှစီးကျလာပြီး ဤနေရာသို့ အပျော်ပင်လာမကြည့်သင့် သလို နောင်တရမိသည်။ သူသည် လက်ကိုတုန်ယင်စွာမြှောက်ပြီး ခါးသီးစွာ ပြောလေသည် “သခင်ပေထင်းဟွမ် ကျွန်တော် ကျွန်တော်...”

ပေထင်းဟွမ်သည် အောက်ခြေကိုမမြင်ရသည့် မှောင်မိုက်နေသည့် မျက်လုံးတစ်စုံဖြင့် ထိုလူအား စိုက်ကြည့်လေသည်။ 'မသိဘူး' ဟုပြောရဲလျှင် ပေထင်းဟွမ်သည် သူ၏ဝိညာဉ်ပျောက်ကွယ်သွားအောင် လုပ်မည့်အတိုင်းပင်။ ထိုလူသည် မည်သို့ပြောရဲတော့မည်နည်း။

“ရှောင်ကျို့ အစ်ကိုကြီးရှိတယ် မကြောက်နဲ့ အစ်ကိုကြီးရှိတယ်”

ပေထင်းဟွမ်အား ထိုပုံစံအတိုင်းမြင်ရသဖြင့် ပေထင်းကျင်သည် ကျခါနီး မျက်ရည်ကို တင်းခံကာ လျှောက်သွားပြီး ပေထင်းဟွမ်အား ရင်ခွင်ထဲထည့်ဖက် လိုက်သည်။ ကလေးတစ်ယောက်ကဲ့သို့ နူးညံ့စွာပွေ့ဖက်ပြီး မျက်နှာလေးကို ပုတ်ပေးနေသည် “ရှောင်ကျို့ မကြောက်နဲ့ အစ်ကိုကြီးဒီမှာရှိတယ်၊ အစ်ကိုကြီး က မင်းနဲ့အတူရှိနေမှာ၊ သူဘယ်ပဲသွားသွား အစ်ကိုကြီးရှိတယ် သူနဲ့ မိဘတွေကို ပြန်ခေါ်မယ်”

ပေထင်းဟွမ်သည် ထိုလူကိုလွှတ်ကာ ပေထင်းကျင်၏ရင်ခွင်ထဲသို့ ပစ်ဝင် လိုက်သည်။ သူမသည် မျက်လုံးများကို တဖြည်းဖြည်းမှိတ်လိုက်ရာ မျက်ရည် နှစ်ကြောင်းစီးကျလာပြန်သည် “အစ်ကိုကြီး ဒီနေ့က တကယ်မတရားဘူး မလား၊ မိဘတွေကိုဆုံးရှုံးပြီး တစ်ယောက်တည်းကြီးပြင်းလာခဲ့တာ၊ နောက်ဆုံး တော့ ချစ်ရတဲ့သူရလာတော့လည်း သူ့ကိုယုံပြီးမှီခိုခဲ့တာ၊ ကျွန်တော့်တစ်ဘဝ လုံး သူနဲ့အတူကုန်ဆုံးချင်ခဲ့တာ ဒါပေမဲ့ နတ်ဘုရားက သူ့ကိုခေါ်သွားခဲ့တယ်”

“ကျွန်တော် တကယ်ကြောက်တယ် သူ ကျွန်တော့်ကိုထားသွားရင် နှစ် တစ်သောင်းကြာဦးမှာ၊ နှစ်တစ်သောင်းအတွင်းမှာ ကျွန်တော် တခြားလူကို ချစ်မိသွားမှာကိုကြောက်တယ်၊ ကျွန်တော်က သူ့လောက်အားမကောင်းဘူး၊ နှစ်တစ်သောင်းအတွင်းမှာ လူတစ်ယောက်ကိုပဲ လွမ်းနိုင်မှာ၊ တခြားသူကိုချစ်မိ ပြီး သူ့ကိုမချစ်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ သူ ဘယ်လိုလုပ်မလဲ”

အသံသည် တည်ငြိမ်ပုံပေါက်ပြီး ကြည်လင်နေသော်လည်း အားလုံးသည် ထိုစကားများကိုကြားလိုက်ရသောအခါ မျက်ရည်များကျမနိကြသည်။ ဤကဲ့သို့ အကျိုးအကြောင်းမသင့်သော ကြောက်ရွံ့မှု၊ စိုးရိမ်မှုများသည် စစ်မှန် သောအချစ်နှင့်အတူမွေးဖွားလာပြီး လူတစ်ယောက်အပေါ် အသက်တမျှ ချစ်ခြင်းကိုပြသသည်။

ယန်ယဲ့အား နတ်တိုင်လုံးများမှခေါ်သွားသည်။ ပင်ဖုန်း၏နှလုံးသားသည် ဓားတစ်ချောင်းနှင့် အမွှန်းခံလိုက်ရသလိုပင်။ သူမသည် ပေထင်းဟွမ်အား နာကြည်းမိသည်။ သူမသည် နဂါးနှင့်ဇာမဏီဓားကြီးကိုသုံးပြီး ထိုလူငယ်အား ထက်ဝက်ပိုင်းချင်မိသည်။ သို့သော် ပေထင်းဟွမ်၏စကားများကိုကြား ပြီးနောက် ပေထင်းဟွမ် ယန်ယဲ့အား သစ္စာဖောက်သည့်စက္ကန့်တိုင်းသည် ယန်ယဲ့၏နှလုံးသားကို နာကျင်စေမည်ဖြစ်သည်။ ယန်ယဲ့ ပေထင်းဟွမ်အား မချစ်လျှင်ကောင်းမည်။ သို့သော် သူမ စဉ်းစားကြည့်သည်။ သူမ တခြားကို မချစ်လျှင် ကောင်းမည်။ မဟုတ်လျှင် သူမကိုအလွှတ်ပေးမည်မဟုတ်ပေ။

ရှီရှောင်မိုသည် ငိုမိသည်။ သူမသည် လက်ဖဝါးဖြင့် ပါးစပ်ကိုကာပြီး အောင့်မထားနိုင်တော့သဖြင့် ရှိုက်ငိုမိသည်။ သူမငိုနေသည်ကိုကြည့်ပြီး အစက ဝမ်းနည်းရုံသာရှိသော ချီဖေးတို့ညီအစ်ကိုသည် မျက်လုံးလှိမ့်ကာ မျက်ရည် ထိန်းလိုက်သည်။ ချီလန်သည် သတိပြန်ဝင်လာပြီး အကြောင်းအရင်းမရှိ ငိုနေ သော ရှီရှောင်မိုအား ကြည့်နေသည်။

ပေထင်းကျင်သည်လည်း မျက်ရည်ကျလာသည်။ သူသည် သက်ပြင်းကြီး ချကာ ကောင်းကင်အားကြည့်ကာ ကျလာမည့်မျက်ရည်ကိုထိန်းလိုက်သည်။ သူသည် ပေထင်းဟွမ်၏ဦးခေါင်းကို ညင်သာစွာပွတ်သပ်ပေးနေသည် “ရှောင်ကျို့ အဲလိုမဖြစ်ပါဘူး မင်း သူ့ကိုချစ်တာရပ်သွားမှာမဟုတ်ဘူး ဒီကမ္ဘာ မှာ သူ့ထက်သာတဲ့ယောက်ျားမရှိဘူး၊ သူ့ကိုမေ့လောက်အောင် လုပ်နိုင်တဲ့လူ မရှိဘူး”

ကိုယ့်အသက်ကိုပေးပြီး ပေထင်းဟွမ်အား ချစ်နိုင်သည့်သူမရှိပေ။ ရှိလျှင် တောင် ယန်ယဲ့ထက်မသာနိုင်ပေ။

ရင်ပြင်ထဲတွင် လူတစ်သိန်းသည် ပင်မတိုက်ကြီးမှလူများသည် ငေးငိုင်နေကြသည်။ ပင်မတိုက်ကြီးတွင် အားလုံးအရည်အချင်းရှိ၊ ခွန်အားမှာ ထူးချွန်ကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် ပေထင်းကျင်၏ စကားများ ကြောင့် ပတ္တမြားကမ္ဘာတွင် ယန်ယဲ့ထက်သာသည့်လူမရှိနိုင်သည်ကို သတိဝင် သွားကြသည်။ သူ့ထက်ချစ်နိုင်သည့်သူရှိနိုင်သေးသည်လား။

All Chapters