← Chapters

ရှောင်ကျို့ ငါ မင်းကိုတိုက်ခိုက်မှာကို ကြောက်နေလား ပေထင်းဟွမ်

Vol. 69 Ch. 1369

ရှောင်ကျို့ ငါ မင်းကိုတိုက်ခိုက်မှာကို ကြောက်နေလား ပေထင်းဟွမ်

Vol. 69 Ch. 1369

၏လက်သည် တဖြည်းဖြည်းနှင့် သူမ၏ဝမ်းဗိုက်ကို ကြင်နာစွာပွတ်သပ် လိုက်သည်။ အကြောထဲတွင် ယန်ယဲ့ သူမကိုပေးခဲ့သည့် ဝိညာဉ်ဆေးသည် သူမ ၏ အကြောထဲသို့ရောက်နေပြီဖြစ်သည်။ ထိုပုတီးလုံးထဲတွင် တင်ပျဉ်ခွေထိုင် နေသော ယန်ယဲ့အငယ်စားလေးရှိသည်။ ယန်ယဲ့သည် သူမကိုထားသွားပြီး ဘယ်တော့မှပြန်မလာလျှင်တောင် ထိုဝိညာဉ်ဆေးရှိလျှင် တစ်နေ့တော့ ယန်ယဲ့ သူမဘေးသို့ ပြန်လာမည်ကိုမျှော်လင့်နိုင်ကြောင်းကို သူမ ကောင်းကောင်းသိ သည်။

သို့သော် သူမ တန်ရာတန်ကြေး မည်မျှပင်ပေးစေကာမူ ကောင်းကင်ဘုံ ကိုးလွှာပေါက်သွားလျှင်တောင် မင်ရှို့ပြောသည့်အတိုင်း စီဖုန်းနတ်ဘုရား အကျဉ်းထောင်သည် ယန်ယဲ့အားဝါးမျိုသွားလျှင် သူမ မတားနိုင်ပေ။ စီဖုန်း နတ်ဘုရားအကျဉ်းထောင်သည် ယန်ယဲ့အားဝါးမျိုပြီးနောက် သူမကို ပြန်အန်ထုတ်ပေးမည်လား။

ရင်ပြင်ထဲတွင် အပ်ကျသံမကြားရလောက်အောင်ပင် တိတ်ဆိတ်နေ၏။ အားလုံးသည် အသက်အောင့်ထားကြကာ ပေထင်းဟွမ်အား စိတ်လှုပ်ရှားစွာ ဖြင့် ကြည့်လေသည်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ဆင်ခြင်တုံတရားမရှိ နိုင်တော့ပေ။ သူမသည် ချစ်ရသူကိုဆုံးရှုံးလိုက်ရသဖြင့် မျက်လုံးများသည် အသက်မဲ့နေသည်။ နွေးထွေးမှုမရှိသလိုဖြစ်နေရာ အားလုံးကို ကြောက်စိတ်ဝင် သွားစေသည်။

ကြောက်စရာကောင်းသည်မှာ သူမ၏ခွန်အားတင်မဟုတ်ဘဲ သူမ၏ မျက်လုံးထဲမှ ရက်စက်မှုပင်ဖြစ်သည်။

“မင်ရှို့ ရှီဖုန်းနဲ့ မင်းတို့ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကြားမှာ လျှို့ဝှက်ကြံစည်မှုမရှိရင် နတ်ဘုရားကပေးတဲ့သွေးစာချုပ်မရှိရင် ဒီနေ့ကိစ္စက ဖြစ်လာမှာမဟုတ်ဘူး” ပေထင်းဟွမ်၏လက်သည် အကြောများကို ပွတ်သပ် နေသည်။ သွေးဆာသည့်အကြည့်များသည် မျက်လုံးထဲတွင် ပေါ်ထွက်နေပြီး အသံမှာလည်း ငရဲကိုးလွှာမှ ထွက်လာသည့်အတိုင်းအေးစက်နေသည် “လွန်ခဲ့ တဲ့နှစ်တစ်သောင်းက နတ်ဘုရားကပေးတဲ့ သွေးစာချုပ်ကြောင့် ယန်ယဲ့က ငါ့ကို ဆုံးရှုံးခဲ့တယ်၊ မင်ရှို့ ဒီအကြွေးကို မင်းနဲ့ဘယ်လိုရှင်းရမှာလဲ”

ဒီအကြွေးကို မင်းနဲ့ဘယ်လိုရှင်းရမှာလဲ။

ထိုအသံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်သွားကာ ရင်ပြင်မှဆွဲထွက်လာကာ အဘက်ဘက်သို့ပျံ့နှံ့သွားလေသည်။ ၎င်းသည် အားလုံး၏စိတ်ထဲတွင် အတန်ကြာအောင် ပဲ့တင်ထပ်ကာ အားလုံး၏နှလုံးခုန် မြန်သွားစေပြီး သွေးများဆူပွက်စေသည်။

အသံထဲတွင် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် နတ်ဘုရားစွမ်းအားရှိနေ သည်။ ကွမ်ယန်းနှင့် လုကျီတို့ပင် ထိုခွန်အားကိုမခံနိုင်ကြပေ။ ဒဏ်ရာရ ပြီးနောက် ပင်ဖုန်းသည် ပို၍မသက်မသာဖြစ်လေသည်။ ယခုအခါ သူမ၏ လက်ချောင်းများပင် တင်းကြပ်လျက်ရှိသည်။ သူမသည် ကံတရားကတ်ပြားကို တင်းတင်းကြပ်ကြပ်ကိုင်ဆောင်ထားသည်။ ပေထင်းဟွမ် သူမအား အချိန်မရွေး တိုက်ခိုက်လာမည်ကို သူမ စိုးရိမ်လျက်ရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ သည် ဤနေရာတွင် သူမ၏အသက်ကို ဆုံးရှုံးမခံနိုင်ပေ။

ကွမ်ယန်းနှင့်လုကျီတို့သည် မင်ရှို့အား တဖြည်းဖြည်းချည်းကပ်လာ၏။ သူတို့သည် ၃၃ ကောင်းကင်ဘုံသို့ မပြန်ချင်သေးပေ။ သူတို့နှစ်ယောက်လုံး လုပ်ရမည့်တာဝန်တစ်ခုကျန်နေသေးသည်။ ကွမ်ယန်းသည် လက်ဗလာနှင့် မပြန်ချင်ပေ။ ဖခင်ဖြစ်သူမှ သူ့ကိုအထင်သေးသွားနိုင်သည်။ သို့သော် လုကျီ လည်းမပြန်နိုင်ပေ။ ယခုအချိန်ထိ သူတို့၏အသက်မှာ မင်ရှို့အပေါ်တွင် မူတည် နေသေးသည်။

ပေထင်းကျင်အား တွန်းပြီးနောက် ပေထင်းဟွမ်သည် မင်ရှို့ဆီသို့ ဖြည်းဖြည်းလျှောက်သွားပြီး မင်ရှို့ဘေးသို့ရောက်သောအခါ သူမ၏လက်ထဲ၌ ကိုးရောင်ဖန်းထျန်းလှံတံရောက်နေပြီဖြစ်၏။ လှံတံ၏အရောင်သည် ထူးခြား လွန်းကာ ရိုးရှင်းသောမျဉ်းကြောင်းများထွင်းထုထားသည်။ အသွားသည် အေးစက်သောအလင်းဖြင့် တောက်ပနေသည်။ လှံတံတစ်ခုလုံးမှာ ပါးလွှာသော တိမ်တိုက်ထဲတွင် ပိတ်ဆီးနေသလိုပင်။ သေချာကြည့်လျှင် ၎င်းပေါ်တွင် မီးတောက် တောက်လောင်နေသလိုပင်.

မင်ရှို့သည် ပေထင်းဟွမ်၏လက်ထဲမှ ဖန်ထျန်းလှံတံကိုကြည့်ပြီး လူငယ် အားပြန်ကြည့်လိုက်သည်။ သူမသည် မီးတောက်ကဲ့သို့ ရဲရဲနီသောဝတ်စုံကို ဝတ်ဆင်ထားကာ ကောင်းကင်နှင့်မြေကြီးအကြားတွင် ပေါလောပေါ်နေသည်။ သူမ၏အနောက်မှ ဆံနွယ်ရှည်သည် စွမ်းအင်ကြောင့် အတက်အကျဖြစ်နေ သည်။ ချောမွတ်သည့်မျက်နှာတွင် အေးစက်သောမျက်နှာထားရှိနေပြီး ရေခဲ အလွှာကိုကြည့်နေရသည့်အလားပင်။ ထိုကဲ့သို့လူငယ်သည် မိန်းကလေးဆို လျှင် ငိုသွားစေနိုင်သည်။

“ရှောင်ကျို့ ငါ မင်းကိုတစ်ခုခုလုပ်မှာကိုကြောက်နေတာလား” မင်ရှို့ ထိုစကားကိုပြောချိန်တွင် သူ၏မျက်လုံးထဲ၌ နာကျင်သောခံစားချက်များ ပေါ် ထွက်လာသည်။ သူတို့အကြားတွင် ဤကဲ့သို့ ယုံကြည်မှုကင်းမဲ့သည့်အဆင့်ရှိ ခဲ့သည်လား။

All Chapters