အခုမင်းရောက်နေပြီဆိုတော့ နေရအောင်
Vol. 69 Ch. 1370
မင်ရှို့၏ထိုပုံစံအား မြင်သောအခါ ရှီရှောင်မိုသည် ဒေါသထွက်လာသည်။ သူမသည် ပေထင်းဟွမ်အားခိုးကြည့်ရာ သူမ၏ မျက်ခုံးနှင့်မျက်လုံးများသည် အေးခဲနေသည့်အလား တန်းနေသည်။ သူမသည် အရင်ကထက်ပင် ပို၍ လေးနက်ပုံပေါက်ကာ လူအများကို ကြည့်ရန်ခက်ခဲစေသည်။ စိတ်သည် ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
ရှီရှောင်မိုသည် သက်ပြင်းချလိုက်သည်။ ယန်ယဲ့သည် စီဖုန်းနတ်ဘုရား အကျဉ်းထောင်တွင် အကျဉ်းကျနေကာ ပေထင်းဟွမ်သည် စိတ်ကိုချိတ်ပိတ် လိုက်ပြီဖြစ်သည်။ နောက်နှစ်တစ်သောင်းကြာပြီးနောက် တခြားယောက်ျားကို ချစ်မိပြီး ယန်ယဲ့အားမေ့သွားနိုင်သည်ဟု အစောလေးကတင်ပြောနေသေး သည်။ ယခုချိန်မှစပြီး နောက်နှစ်တစ်သောင်းကြာသွားသည့်တိုင်အောင် ပေထင်းဟွမ်၏နှလုံးသားထဲသို့ မည်သူမှဝင်နိုင်တော့မည်မဟုတ်ပေ။
ထိုအချိန်တွင် လူအားလုံးသည် ပေထင်းဟွမ်အားကြည့်ကြလေသည်။ သူမသည် ခါတိုင်းကဲ့သို့ ကြမ်းတမ်းနေပြီး အနည်းငယ်ပို၍ အထီးကျန်ဆန်လာ သည်။ သူမသည် ကမ္ဘာပေါ်တွင်တစ်ယောက်တည်း ကျန်ခဲ့သည့်အလားပင်။ တစ်ဖက်ကမ်းမှ ရွှေရောင်ပန်းဖြင့်ထိုးထားသော အနက်ရောင်ဝတ် လူမရှိလျှင် ပေထင်းဟွမ်သည် သန်မာလျှင်တောင် အနည်းငယ်အထီးကျန်ဆန်နေသလို ပင်။
သို့သော် သူ့အတွက် မည်သူမှ သနားစိတ်မဖြစ်မိကြပေ။
သနားစိတ်သည် သူမအတွက် စော်ကားခြင်းပင်။ သူမသည် သန်မာတုန်း ပင်။ သူမသည် ဖန်ထျန်းလှံတံကိုကိုင်ကာ မင်ရှို့အား ချိန်ရွယ်ပြီး ခန္ဓာကိုယ်မှ လူသတ်မည့်ရောင်ဝါသည် ပြင်းထန်စွာ ထွက်လာသည်။ သူမ၏အသံသည် ရေခဲတမျှပင် “မင်ရှို့ မင်းက အပျော်ပွဲလာကြည့်တာမလား၊ မင်းက ဒီမှာရောက် နေမှတော့ ဒီမှာပဲနေလိုက်တော့”
နေလိုက်တော့ ဟုတ်လား။ ဘာအဓိပ္ပာယ်လဲ။
အချစ်ရူးရူးနေသော မိန်းကလေးတစ်ဦးသည် စဉ်းစားဉာဏ်မဲ့ပြီး အချစ် ရူးရူးနေသည့်ယောက်ျားလေးသည် ဝက်တစ်ကောင်လို တုံးအသည်ဟု ဆိုကြ သည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ အားကောင်းပြီးထက်မြက်သည့် မင်ရှို့ သည် ပေထင်းဟွမ်၏စကားများကို နားမလည်သဖြင့် ငေးငိုင်စွာစိုက်ကြည့်လေ သည်။
သူမ၏ခန္ဓာကိုယ်မှ နတ်စွမ်းအားထွက်လာပြီး သူမ၏ခန္ဓာကိုယ်ကို ကိုးရောင်မီးတောက် စက်ဝိုင်းဖြင့် လည်ပတ်လောင်ကျွမ်းနေသလိုပင်။ မီးတောက်များထွက်လာချိန်တွင် ကောင်းကင်သည် မှောင်မိုက်သွားသည့် အလား နေပင်တုန်ယင်သွားလေသည်။ ပေထင်းဟွမ်၏ခြေထောက်အောက် တွင် ကိုးရောင် သတ္တဂံကြယ်အစီအရင်ပေါ်လာပြီး သန့်စင်သောဓား ၉ ချောင်း သည် သူမ၏ခြေထောက်ကို တဖြည်းဖြည်း လှည့်ပတ်ကာ တောက်ပသော အလင်းထုတ်လွှတ်လေသည်။ ထိုအချိန်တွင် သူမ၏ ဓား ၉ လက်နတ်ဘုရား အဆင့်ရှိသော ခွန်အားကို ပြသလေသည်။
ပေထင်းဟွမ် ခွန်အားပြသသည်ကိုကြည့်ပြီး မည်သို့ဖြစ်သွားသည်ကို မသိသည့် မင်ရှို့သည် ပျာယာခတ်သွားလေသည်။ သို့သော် ထိုအချိန်တွင် ပေထင်းဟွမ်သည် သူ့အားတစ်စုံတစ်ရာလုပ်မည်ဟု မင်ရှို့မယုံကြည်ပေ။ လွန်ခဲ့သည့်နှစ်တစ်သောင်းကပင် သူနှင့်ရှီဖုန်းတို့ သွေးခိုးပြီး နတ်ဘုရား သွေးစာချုပ်တည်ထောင်ကာ ပူးပေါင်းကြံစည်ခဲ့သည်ကို ပေထင်းဟွမ်သိသော် လည်း သူ့ကိုမုန်းတီးသည်ကလွဲပြီး တခြားဘာမှမလုပ်ခဲ့ပေ။
“ရှော်ကျို့ မင်း ငါ့ကိုတစ်ခုခုလုပ်စေချင်လား” မင်ရှီု့သည် ဖန်ထျန်းလှံတံ ဆီမှ နတ်စွမ်းအင်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုအခါမှပင် မင်ရှို့၏ မျက်အိမ်မှာ အနည်းငယ်လှုပ်ခတ်သွားကာ ခေါင်းမာမာဖြင့် မေးလေသည်။
ထိုအချန်တွင် ကွမ်ယန်းပင်လျှင် မင်ရှို့အား အထင်သေးမိသည်။ သိသာနေတာပဲမလား။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ အားကောင်းပြီး ထက်မြက်တဲ့မင်းသားတစ်ပါးက တုံးအလွန်းလိုက်တာ။ သူသည် မင်ရှို့အား အထင်သေးစွာကြည့်ပြီး ခေါင်းခါကာ ရင်ပြင်ထောင့်တစ်ထောင့်သို့ သွားကာ ပုန်းလေသည်။
လုကျီသည် ထိုအချိန်တွင် ရွေးချယ်စရာမရှိတော့ဘဲ မင်ရှို့ဆီသို့ပြေးသွား ကာ အော်လေသည် “မင်းသား မြန်မြန်ပြန်တော့ ဝိညာဉ်ပျက်စီးသွားမယ် သတိထား”
ထိုကိုယ်ပွားသည် မင်ရှို့ ပေးပို့သည့် ဝိညာဉ်စွမ်းအင်အပိုင်းအစသာဖြစ် သည်။ ပေထင်းဟွမ် မည်သည့်အဆင့်ထိ စွမ်းဆောင်နိုင်သည်ကို လုကျီ မသိ သော်လည်း သူမသည် သန်မာသောဝိညာဉ်၏ဝိညာဉ်စွမ်းအားကို ထိန်းသိမ်း ထားနိုင်သည်။ သို့သော် သူမသည် မှတ်ထားတုန်းပင်။ မင်ရှို့သည် သူမအား ဇနီးအဖြစ်တင်မြှောက်ထားမည်ဟု ကတိပေးခဲ့ပြီး မင်ရှို့အား မည်သို့မှ မခံစား စေချင်ပေ။
ပေထင်းဟွမ်၏အသက်မပါသောမျက်လုံးများသည် လုကျီအားကြည့်ပြီး နှုတ်ခမ်းသည် တဖြည်းဖြည်းကွေးတက်သွားကာ ထေ့ငေါ့မှုအပြည့်ဖြင့်ပြော လေသည် “လုကျီ မင်းက ငါ့အစ်မရဲ့အစေခံလို့ကြားတယ် ဒါမှမဟုတ် သတို့သမီးတင်တောင်းပစ္စည်းလား၊ မင်းက မင်ရှို့ရဲ့မိန်းမဖြစ်ချင်တာလား”