မင်းဘာလုပ်ချင်တာလဲ
Vol. 69 Ch. 1371
အစေခံတစ်ယောက်သည် အမျိုးသားသခင်အား ကြည့်သည့်အချိန်တွင် လေးစားမှုအပြည့်ဖြစ်သင့်သည်။ သို့သော် လုကျီသည် မင်ရှို့အား အမျိုးသား သခင်တစ်ယောက်အနေနှင့် မဆက်ဆံသည်မှာ ထင်ရှားလှသည်။ ပေထင်းဟွမ် သည် လုကျီဆီသို့လျှောက်သွားလိုက်သည်။ သူမ၏ခန္ဓာကိုယ်ပေါ်မှ ဓား ၉ လက် နတ်ဘုရားထိပ်ဆုံးအဆင့်၏ခွန်အားသည် လုကျီ၏တစ်ကိုယ်လုံးကို လေးလံသည့်ချိန်းကြိုးများ လက်ထိပ်များခတ်ထားသကဲ့သို့ ဖိနှီပ်ထားသည်။ ၎င်းသည်သူမကို ကြောက်လန့်သွားစေသည်။ သူမသည် နောက်ဆုတ်ချင် သော်လည်း ခြေလှမ်းတစ်ဝက်ပင် မလှုပ်နိုင်ပေ။
“မင်း မင်း ဘာလုပ်ချင်တာလဲ” လုကျီသည် ၃၃ ကောင်းကင်ဘုံတွင် အရှင်အဆင့်ဖြစ်သည်။ သူမ ပင်မတိုက်သို့ထွက်လာချိန်တွင် သူမသည်လည်း နတ်ဘုရားအဆင့်ရှိသည်။ ဤကဲ့သို့အားပါသောဖိနှိပ်မှုကြောင့် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ဆေးပင် အလုပ်မဖြစ်တော့ပေ။
ပေထင်းဟွမ်သည် ဖန်ထျန်းလှံတံကိုကိုင်ပြီးနောက် ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ လှံတံထိပ်သည် လုကျီ၏မျက်နှာကို ထိသွား၏။ သူမ၏ စကားကိုသာကြားရလေသည် “သခင်ကို မြူဆွယ်တာက ကောင်းတဲ့အကျင့် တော့မဟုတ်ဘူး၊ မင်းကို ဘယ်လိုရှင်းမှကောင်းမလဲ”
ပေထင်းဟွမ်သည်ပြောပြီးနောက် ခေါင်းကိုဖြည်းဖြည်းမော့ကာ ကွမ်ယန်းရှိသည့်ဘက်သို့ ကြည့်လိုက်သည်။ ကွမ်ယန်းသည် ရင်ထိတ်သွားကာ ပေထင်းဟွမ်အား စိုက်ကြည့်နေသည်။ မထင်မှတ်စွာပင် ပေထင်းဟွမ်၏ ကျဉ်းမြောင်းသောမျက်လုံးများနှင့်ဆုံသောအခါ ရုတ်တရက် ပျာယာခတ်သွား လေသည်။ ထိုအခိုက်တွင် ပေထင်းဟွမ်သည် ရုတ်တရက် ကြမ်းတမ်းလာသည်။
ထိုအချိန်တွင် သူမ ပြဿနာရှာလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။ ဖန်ထျန်းလှံတံသည် လုကျီဆီသို့ ခပ်ကြမ်းကြမ်း ထိုးစိုက်သွားသည်။ ဖန်ထျန်း လှံသည် လုကျီ၏ခန္ဓာကိုယ်ကို ဖောက်ဝင်သွားသည်။ ပေထင်းဟွမ်၏လက် သည် ဖန်ထျန်းလှံတံကိုင်ထားရာမှ လုကျီ၏ခန္ဓာကိုယ်ကို ဖောက်ထွက်ပြီး ကွမ်ယန်းဆီသို့ ပျံသွားလေသည်။
ဖန်ထျန်းလှံသည် ကြယ်တာရာတစ်စင်းအလား ကိုးရောင်မီးတောက် သည် ကောင်းကင်ကိုဖြတ်ပြီး မီးတောက်များသည် လေဟာနယ်ကို တောက်လောင်သွားလေသည်။ လမ်းတစ်လျှောက်တွင် လေဟာနယ်သည် တွန့်သွားကာ ပုံပျက်လေ၏။
ပေထင်းဟွမ်သည် နှုတ်ဆက်ခြင်းမရှိ ပစ်လွှတ်လိမ့်မည်ဟု ကွမ်ယန်း ထင်မထားပေ။ သူသည် ပေထင်းဟွမ်အားတကယ်မသိပေ။ ပေထင်းဟွမ်သည် တိုက်ပွဲမစမီ နှုတ်ဆက်ပြီးမှ လှုပ်ရှားလေ့ရှိသည်။ သူမသည် လူများကို နှစ်သိမ့် ပေးလေ့မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူအကောင်းဆုံးလုပ်နိုင်သည်မှာ ယခုကဲ့သို့ တိတ်ဆိတ်စွာလူသတ်ခြင်းပင်ဖြစ်လေသည်။
ကိုးရောင်ဖန်ထျန်းသည် လုကျီ၏နှလုံးကို စိုက်ဝင်ကာ တစ်ကိုယ်လုံးကို ဖောက်ထွက်သွားပြီး လနောက်ကိုလိုက်သည့် ဥက္ကာပျံကဲ့သို့ ကွမ်ယမ်းဆီသို့ တိုးဝင်လေသည်။
ပင်မတိုက်ကြီးမှလူများသည် ပေထင်းဟွမ်၏ ယခုလိုပုံစံကိုမမြင်ဖူးကြ ပေ။ သူမ ကောင်းကင်ပေါ်တွင် ပျံတက်ပြီး ပြိုင်ဘက်အား တိုက်ခိုက်သည်ကို သာ မြင်ဖူးကြပြီး ယခုလိုပုံစံကိုမမြင်ဖူးကြပေ။ မသိမသာစိမ့်ဝင်သည့်နည်းဖြင့် မထင်မှတ်သည့်အချိန်တွင် လူကိုတိုက်ခိုက်ခြင်းပင်။
လှုပ်ရှားမှုများအားလုံးသည် မြန်ဆန်လွန်းရာ အားလုံးသည် သတိပင် ပြန်မဝင်နိုင်ကြပေ။ သို့သော် ကွမ်ယန်းသည် သူ့ဆီသို့ဝင်လာသော ကိုးရောင် ဖန်ထျန်းကိုကြည့်ပြီး မှင်တက်ကာ အတန်ကြာသည့်တိုင်အောင် သတိပြန်မဝင် နိုင်သေးပေ။ ဖန်ထျန်းလှံတံသည် သူ၏မျက်လုံးထဲတွင် ပိုပိုကြီးလာပြီး ကိုးရောင်အလင်းသည် သူ၏မျက်လုံးနှစ်ခုလုံးကို စူးသွားစေသည်။ သူ၏မျက်လုံးထဲတွင် ကြောက်လန့်မှုများစုစည်းသွားကာ နောက်သို့ဆုတ်မိလေ သည်။
“ကွမ်ယန်း ပြန်တိုက်ခိုက်” ပင်ဖုန်းသည် အော်မိလေသည်။
ထိုအသံသည် ပေထင်းဟွမ်အား သတိပေးသလိုဖြစ်သွားပြီး သူမ၏ မျက်လုံးများသည် ခံစားချက်မဲ့စွာဖြင့် ပင်ဖုန်းအားကြည့်လေသည်။ နောက်တစ်ယောက်သည် ပင်ဖုန်း မင်းဖြစ်လိမ့််မည်။
ပေထင်းဟွမ်ထက် ခွန်အားကြီးသည့် ပင်ဖုန်းသည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ သူမ ကြာကြာမနေနိုင်တော့မည်မဟုတ်ကြောင်း ကောင်းကောင်သိသည်။ ပေထင်းဟွမ်သည် လက်ကောက်ဝတ်ကိုလှည့်ကာ ဓားပျော့ထုတ်ပြီး ကွမ်ယန်းဆီသို့သွားသကဲ့သို့ ကြယ်တာရာအလား ပြေးဝင်လေသည်။ ပင်ဖုန်းသည် လက်ထဲမှ ကံတရားကတ်ပြားကို ရုတ်တရက် ညှစ်လိုက်ကာ ကွမ်ယန်းဆီသို့ အလင်းစီးကြောင်းတစ်ခု ပျံသွားလေသည်။ ကောင်းကင်ဆီသို့ ပျံတက်သွားကာ ဒဏ်ရာရထားသော ပင်ဖုန်းသည် မြေပြင် ပေါ်မှ မည်သည့်နေရာသို့ရောက်သွားသည်မသိတော့ပေ။