ကွမ်ယန်းတိုက်ပွဲ
Vol. 69 Ch. 1372
အားလုံးပေါင်းဆင်းသက်သူ လေးယောက်ရှိသည်။ လေးယောက်လုံးကို ပေထင်းဟွမ်တစ်ယောက်တည်း ကိုင်တွယ်ရန်မဖြစ်နိုင်ပေ။ ထိုအချိန်တွင် ပင်ဖုန်း၏သတိပေးမှုအောက်တွင် ကွမ်ယန်းသည် ခန္ဓာကိုယ်မှ နတ်စွမ်းအားကို လှုံ့ဆော်လိုက်ရာ ရွှေရောင်အလင်းတန်းထွက်လာပြီး ကြီးမားသောအဖြူရောင် ရေယူနီကွန်သည် အလင်းထဲတွင်ပေါ်လာသည်။
“ဒါ ဒါ ဒါက.. အဲတော့ သူက သားရဲပဲ”
ကွမ်ယန်းသည် သားရဲတစ်ကောင်အဖြစ်ပြောင်းသွားသည်ကိုကြည့်ပြီး ရင်ပြင်ထဲမှလူအားလုံးသည် မယုံကြည်နိုင်လောက်အောင်ဖြစ်ကြလေသည်။ သားရဲတစ်ကောင်အသွင်ပြောင်းထားပါက လူသားတစ်ယောက်နှင့် ကွဲပြားမှုရှိ ရမည်ဖြစ်သည်။ အနည်းဆုံးတော့ ဆံပင်အရောင် မျက်လုံးအရောင်ကွဲပြားလေ့ ရှိသည်။ ထိုမှသာ ခွဲခြားရလွယ်မည်။ သို့သော် ကွမ်ယန်း၏ခန္ဓာကိုယ်သည် သားရဲတစ်ကောင်၏အရိပ်အယောင်မရှိပေ။ ထို့ကြောင့် ထိုအချိန် ကွမ်ယန်း သားရဲတစ်ကောင်သို့ ပြောင်းသွားသည်ကိုကြည့်ပြီး အားလုံးသည် ထူးဆန်း သည်ဟုခံစားရသည်။
“ဘာကိစ္စလဲ” ရှီရှောင်မိုသည် ကွမ်ယန်းနောက်သို့ အလောတကြီးလိုက် လေသည် “ဒီကောင်က လူသားနဲ့သားရဲ စပ်ကြားပဲ၊ ရှောင်ကျို့ မင်း သေချာ အာရုံစိုက်ထားရမယ်၊ သူက အရမ်းအရည်အချင်းရှိတယ် လူသားတွေရဲ့ အရည်အချင်းနဲ့ သားရဲတွေရဲ့အားကောင်းတဲ့ အရည်အချင်းတွေကို စုပြီး ကျင့်ကြံထားတာ သတိထား”
ရှီရှောင်မိုသည် ကွမ်ယန်းအား အလွတ်ပေးရန် မစဉ်းစားထားပေ။ ဤလူ သည် သူမ သားရဲထိန်းကျောင်းချိန်တွင် အခွင့်ကောင်းယူကာ သူမကို လျှို့ဝှက်တိုက်ခိုက်ခဲ့သည်။ ရှီရှောင်မိုသည် ပေထင်းဟွမ်ကဲ့သို့ပင် ပေထင်းဟွမ် တစ်ယောက်တည်း ကွမ်ယန်းကို ဖြေရှင်းရန်မလွယ်ကူသည်ကို သိသည်။ ထို့ကြောင့် ကြောင်စီစီနှင့်ရပ်နေကြသော ချီဖေးနှင့်ချီလန်တို့ကို အော်လိုက် သည် “မြန်မြန်လာကူလေ”
“ဟင်”
အားလုံးသည် မှင်တက်သွားကြသည်။ ဒီလိုကိစ္စရှိသေးတာလား။ လူ လေးယောက်က တစ်ယောက်ကို ရိုက်ကြတော့မှာလား။
ချီဖေးချီလန်ညီအစ်ကိုသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက် ကြသည်။ နှစ်ယောက်လုံးသည် တုံ့ဆိုင်းနေကြသည်။ သွားကြမှာလား။ နောက်ဆုံးတွင် အကျင့်သိက္ခာထက် အသက်သည် ပိုအရေးကြီးကြောင်း ဆုံးဖြတ်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် လက်ထဲတွင်ဓားကိုင်ကာ ကွမ်ယန်းအား ဝိုင်းလိုက်ကြသည်။
ကွမ်ယန်းသည် ထိုအခိုက်တွင် သူ၏စစ်မှန်သောခန္ဓာကိုယ်ကို ဖော်ပြပြီး ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ခွန်အားသည် လူသားအသွင်ပြောင်းချိန်ထက် ၅၀ ရာခိုင်နှုန်းမြင့်သွားသည်။ ဖန်ထျန်းလှံတံသူ့ဆီသို့ ဝင်လာသည်ကိုကြည့်ပြီး ကွမ်ယန်းသည် ရှေ့ခွာကိုမြင့်မြင့်မြှောက်ပြီး မြေပေါ်သို့ပြန်ချကာ ဆောင့်လေ သည်။ ရေနက်စီးကြောင်းသည် မြေပေါ်မှထွက်လာပြီး မီတာတစ်ရာနီးပါးထိ မြောက်တက်သွားပြီး ကြီးမားသောဝဲအဖြစ်ပြောင်လေးသည်။ ထို့နောက် ဖန်ထျန်းလှံတံဆီသို့ ရစ်ပတ်လေသည်။
ဘုန်း...
လေဆင်နှာမောင်းသည် ရူးသွပ်စွာလှည့်ပတ်နေပြီး ဖိနှိပ်သည့်စွမ်းအားရှိ ကာ အလောင်းကောင်နံ့ကဲ့သို့ သုပ်သိုးသိုးအနံ့ထွက်နေသည်။ ထိုရေနက်သည် စားတတ်သည့်သက်ရောက်မှုရှိသည်ကို ပြသနေသည်။ ဝဲထဲတွင် ကိုးရောင် ဖန်ထျန်းလှံတံသည် ပုံပျက်သွားပုံပင်။
ထိုအခိုက်တွင် ကွမ်ယန်းအား အစိတ်စိတ်ပိုင်းချင်နေသည့် ရှီရှောင်မိုနှင့် ချီဖေးတို့ညီအစ်ကိုပင် လှုပ်ရှားမှုများရပ်တန့်ကာ အနက်ရောင်ဝဲအား မျက်တောင်မခတ်ဘဲကြည့်နေကြသည်။ ချီဖေးသည် ရေရွတ်မိလေ၏ “သုံးထပ်ကွမ်းအလောင်းပုပ်ရေ”
“ကောင်းတယ်”
ချီဖေးသည် သူ၏ဝမ်းတွင်းပါအရည်အချင်းကိုမြင်နိုင်သဖြင့် ရေယူနီကွန် သည် မြူးတူးစွာဖြင့်ရယ်မောလေသည် “မင်းမှာ အသိပညာတချို့ရှိရင်တောင် ငါ့ကို လှံတံအကျိုးနဲ့ သတ်ချင်သေးတာပဲ၊ ဒီတိုက်ကြီးအထက်မှာ နတ်ဘုရား ထိပ်ဆုံးအဆင့်ရှိတယ်၊ အရှင်တစ်ပါးလောက်က ငါ့ကိုသတ်ချင်တာ စိတ်ကူး ယဉ်တာပဲ...”
နောက်ဆုံးစကားလုံး ပါးစပ်ထဲမှမထွက်ခင်တွင် သူ၏မျက်လုံးများသည် မီးပုံးတစ်လုံးကဲ့သို့ ကြီးလာသည်။ ဝဲထဲတွင် ရေလှိုင်းများသည် ဖန်ထျန်းလှံတံ ကို ဝေ့ယမ်းနေသည်ကို သူရှင်းလင်းစွာမြ်ငနေရသည်။ ဖန်ထျန်းလှံတံပေါ်မှ မီးတောက်များသည် အခိုးပင်မထွက်နိုင်တော့ပေ။
ဖန်ထျန်း၏လှံတံသည် မြူခိုးကျောက်စိမ်းလှံတံနှင့်တူနေလိမ့်မည်ဟု ထင်မထားပေ။ ၎င်းတွင် အံ့အားသင့်စရာကောင်းလောက်အောင် အားကောင်း သောစွမ်းအားပါဝင်ပြီး သူ၏သုံးထပ်ကွမ်းရေပုပ်ကို ဖျက်ဆီးနိုင်သည့် စွမ်းအား ရှိသည်။