Chapters

သတ်ဖြတ်ခြင်း

Vol. 69 Ch. 1373

သတ်ဖြတ်ခြင်း

Vol. 69 Ch. 1373

ထိုအခြေအနေကိုကြည့်ပြီး ပွဲကြည့်ရန်ရောက်လာကြသည့် ပင်မတိုက် ကြီးမှလူများအားလုံးသည် ရုတ်တရက် ထိတ်လန့်မှုများပေါ်ပေါ်လာသည်။ သုံးထပ်ကွမ်းအလောင်းရေပုပ် နာမည်သည် အလွန်ပင် ကြမ်းတမ်းလှသည်။ ထိုရေပုပ် ယူနီကွန်၏ခွာမှအောက်မှထွက်လာချိန်တွင် အားလုံးသည် ထိုရေ၏ တိုက်စားနိုင်မှုကို ခံစားမိကြလေသည်။ အလွန်ပင်အံ့အားသင့်လောက်စရာ စွမ်းအားပင်။

ထိုအချိန်တွင် သုံးထပ်ကွမ်းအလောင်းရေပုပ်ထိပ်တွင်ရှိနေသော ဖန်ထျန်းလှံတံသည် ကိုးရောင်မီးတောက်များ တောက်လာသည်။

“သခင်ပေထင်းဟွမ်ရဲ့ ကိုးရောင်မီးတောက်က ပိုပြီးသန်မာလာသလိုပဲ”

မည်သို့ကွာခြားသနည်း။ သေချာပေါက်ပင်။ မည်သူမှမသိပေ။ ဖန်ထျန်း လှံတံသည် သုံးထပ်ကွမ်းရေပုပ်၏ ဝန်းရံမှုကိုထိုးဖောက်ကာ ကွမ်ယန်းဆီသို့ တိုးဝင်လေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကွမ်ယန်း၏ပါးစပ်မှ စကားဆုံးသည်နှင့် ကိုးရောင်မီးတောက်လောင် ကျွမ်းနေသော ဖန်ထျန်းလှံတံသည် ရေယူနီကွန်၏လည်ပင်းကိုထိုးဖောက်လေ သည်။ လောင်ကျွမ်းသောအနံ့ထွက်လာပြီး မီးတောက်များသည် ယူနီကွန်၏ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားလေသည်။ ဖန်ထျန်းလှ့တံသည် ရေယူနီကွန်၏တစ် ကိုယ်လုံးကို ဖောက်ဝင်သွားပြီးနောက် လှံတံ၏ချွန်ထက်သောအစွန်သည် သူ၏ တင်ပါးမှဖောက်ထွက်လာသည်။

“အာ...”

စူးရှသောအော်သံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ် သွားကာ ကောင်းကင်တွင်မြည်ဟီးလေသည်။ လုကျီအား ထိုးဖောက်သည့် အချိန်နှင့်ယှဉ်လျှင် ကွမ်ယန်းသည် များစွာခံစားရသည်ဟုဆိုရမည်။ ကိုးရောင် နိဗ္ဗာန်မီးတောက်သည် သူ့အား လုံးလုံးလျားလျားလွှမ်းခြုံကာ ခန္ဓာကိုယ်အား ဖောက်ထွက်သွားပြန်သည်။ မီးတောက်သည် အတွင်းမှအပြင်၊ အပြင်မှအတွင်း ကူးလူးသွားလာနေသည်။ ရေယူနီကွန်သည် ကြီးမားသော်လည်း ကိုးရောင်မီးတောက်၏လောင်ကျွမ်းမှုဖြင့် အားလုံး၏မျက်လုံးရှေ့မှ ပျောက်ကွယ်သွားလေသည်။

ကွမ်ယန်းသည် လက်ထဲတွင် ကံတရားကတ်ပြားကို တစ်ချိန်လုံးကိုင် ထားကာ ထွက်ပြေးရန်အချိန်စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ပေထင်းဟွမ်၏ တိုက်ခိုက်မှုသည် ရုတ်ခြည်းဆန်လွန်းရာ သူ အသွင်ပြောင်းလိုက်သည်နှင့် လူသတ်လိမ့်မည်ဟု ထင်မထားပေ။

ထိုအချိန်တွင် ၃၃ ကောင်းကင်ဘုံ သားရဲထောင်ချီတောင်ရိုး၏ လူသားနှင့် ရေယူနီကွန်တို့၏ အရည်အချင်းရှိသားတစ်ပါးသည် အဆင့်နိမ့်လူတစ်ယောက် ၏သတ်ခြင်းကိုခံလိုက်ရသည်။

ချီဖေးနှင့်ချီလန်တို့၏မျက်လုံးများပြူးကျယ်သွားသည်။ သူတို့မြင်ရသည် ကိုပင် မယုံနိုင်တော့ပေ။ ကွမ်ယန်း၏ကြက်သီးထစရာအသံသည် သူတို့၏ နားထဲတွင် မည်ဟီးသွားသည်။ ကွမ်ယန်း၏စွမ်းအားပုံတူသည် ကိုးရောင်မီး တောက်ကြောင့် ပြာအဖြစ်ပြောင်းသွားလေပြီ။ ဖန်ထျန်းလှံတံသည် ကွမ်ယန်း ၏ ယူနီကွန်ခန္ဓာကိုယ်ကို ထိုးဖောက်ပြီးနောက် ပေထင်းဟွမ်၏လက်ထဲသို့ ပြန် ရောက်လာသည်။

ထိုအချိန်တွင် ပေထင်းဟွမ်သည် အသက်မရှိတော့သည့် ကွမ်ယန်းကို ကြည့်ရုံသာကြည့်လေ၏။ ထို့နောက် ပင်ဖုန်းရှိခဲ့သည့်နေရာကိုကြည့်လိုက် သည်။ ထိုနေရာတွင် လွတ်မြောက်သွားသည့် ပြိုင်ဘက်တစ်ဦးရှိခဲ့သည်။ ချီဖေး ချီလန်တို့သည် ခန္ဓာကိုယ်မှ အမွေးအမျှင်များထောင်မတ်သွားသလို ခံစားရ သဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ ငါတို့တွေ ဒီလူငယ်ကို ပြစ်မှားမိသေးလား။

ပေထင်းဟွမ်ကြည့်သည့်နေရာကို ကြည့်ခြင်းအားဖြင့် ဤလူငယ်၏စိတ် ထဲတွင် ပင်ဖုန်းရှိနေသည်ကို ချီဖေးနှင့်ချီလန်တို့ ယုံကြည်ကြသည်။ နတ်မိစ္ဆာ ဧကရာဇ်ထွက်သွားခြင်းသည် ဤလူငယ်၏ အကျင့်ကို ပြောင်းလဲသွားစေပုံပင်။ အနာဂတ်တွင် သူမ ၃၃ ကောင်းကင်ဘုံသို့ဝင်သည်နှင့် ဆူပူလှုပ်ရှားမှုများဖြစ် စေလိမ့်မည်။ သည်တစ်ခေါက် သူ ဘေးကင်းကင်းနှင့်ပြန်သွားနိုင်ပါက ဖခင်ကို ပြောပြီး ကြိုတင်ပြင်ဆင်ရန်ပြောထားရမည်။

ပတ္တမြားကမ္ဘာတွင် အေးချမ်းတော့မည်မဟုတ်သလို ခံစားရလေသည်။

ပေထင်းဟွမ်၏ပြောင်းလဲမှုကိုခံစားရသည်မှာ ချီဖေးချီလန်တို့ညီအစ်ကို တင်မဟုတ်ဘဲ ရင်ပြင်ထဲမှတခြားလူများလည်း ထိုသို့ခံစားရလေသည်။ သို့သော် အားလုံးသည် အကြောင်းအရင်းမရှိ သူမကို ကြောက်ရွံ့မိကြလေ၏။