အခုဒီအတိုးကို အရမ်းစိုးရိမ်နေပြီ
Vol. 69 Ch. 1375
ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် ပေထင်းဟွမ်၏ရင်ထဲတွင် နတ်ဆိုးဖြစ် လာခဲ့ချေပြီ။ ယနေ့ မင်ရှို့၏ကိုယ်ပွားသာမရှိလျှင် ပေထင်းဟွမ်၏ရင်ထဲတွင် အပင်ပျိုးနေသည့် နတ်ဆိုးအစေ့ကို ရှင်းထုတ်နိုင်မည်မဟုတ်ပေ။
ပေထင်းကျင်သည် ပေထင်းဟွမ် 'ဟုတ်တယ်' ဟုပြောသည့်စကားကို ကြားပြီးနောက် ပေထင်းဟွမ်မှာ မင်ရှို့၏အယုံသွင်းခြင်းကိုခံရသည်ကို တွေးမိ ပြီး မည်သို့စိတ်မရှည်ဘဲနေတော့မည်နည်း။ ပေထင်းဟွမ်သာမလုပ်လျှင် သူ့ကို လုပ်ခွင့်ပေးရမည်။ သူ့အသက်ပေးရမည်ဆိုလျှင်တောင် မင်ရှို့အား ယနေ့ ပြန် ခွင့်မပေးနိုင်ပေ။
ပေထင်းဟွမ်သည် ခေါင်းခါကာ ဆပေထင်းကျင်အား သူမအနောက်သို့ ဆွဲပြီး ပိတ်လိုက်သည်။ ထိုအရာကိုကြည့်ပြီး ပေထင်းကျင်သည် သူမ မင်ရှို့အား တိုက်ခိုက်တော့မည်ကိုစိုးသဖြင့် အနည်းငယ်စိုးရိမ်စွာဖြင့် တားလေသည်။ “ရှောင်ကျို့ မင်း သူ့ကိုလွှတ်ပေးလို့မရဘူး နောင်တရလိမ့်မယ်”
“ဟုတ်တယ် ရှောင်ကျို့ အဘိုးကူညီပေးမယ်” ပေထင်းချင်းသည် မြေးဖြစ်သူကို အသက်တမျှချစ်သည်။ သူမသည် မိဘများဆုံးရှုံးခဲ့ရသလို ချစ်သူ ကိုလည်းဆုံးရှုံးလိုက်ရပြီး အနိုင်ကျင့်ခံရကာ ကြီးပြင်းလာခဲ့သည်။ ပေထင်းချင်း သည် သူမ ခံစားခဲ့ရသမျှကို ပြန်ပေးဆပ်ရန် မစောင့်နိုင်တော့ပေ။
တခြားသူ၏မျက်လုံးထဲတွင် ပေထင်းဟွမ်သည် ခွန်အားကြီးသော သန်မာသည့်လူငယ်ဖြစ်သည်။ ပင်မတိုက်ကြီးတွင် သူမ၏လက်ရှိ အဆင့်အတန်းသည် ပြိုင်ဘက်ကင်းပင်။ သူမသာ လက်ဝေ့ယမ်းလိုက်ပါက တိုက်ကြီးတစ်ခုလုံးကို သူမအတွက် အသက်ပေးပြီး ရင်ဆိုင်အောင်လုပ်နိုင်၏။ သို့သော် ပေထင်းဟွမ်သည် ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးဖြစ်ကြောင်း ကို ပေထင်းချင်းနှင့် ပေထင်းကျင်တို့သိကြသည်။
“မဟုတ်ဘူး” ပေထင်းဟွမ်သည် ခေါင်းခါကာ ဖန်ထျန်းလှံတံကိုကိုင်ပြီး ရေထဲမှအလင်းနှင့်အရိပ်လှိုင်းကြားမှလူကို စူးစိုက်ကြည့်လေသည် “မင်ရှို့ မင်း ပြောတာမှန်တယ် မင်းရဲ့လက်ရှိပုံရိပ်ကို ဖျက်ဆီးလိုက်ရင်တောင် မင်းကို အများကြီးထိခိုက်စေမှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါ ဘာလုပ်သင့်လဲ၊ ငါက ဒီအကြွေး လေးကို အခုအရမ်းစိုးရိမ်နေရတော့မှာလား”
ပေထင်းဟွမ်သည် ပြောရင်းသည်နှင့် အားလုံး၏ မယုံနိုင်သောမျက်လုံး များအောက်တွင် ဖန်ထျန်းလှံတံကိုမြှောက်လိုက်ရာ ကိုးရောင်မီးတောက်များ ပေါက်ကွဲထွက်လာပြီး အနီရောင်ကောင်းကင်ကို ရောင်ပြန်ဟပ်ကာ အလင်းနှင့် အရိပ်ရေလှိုင်းဆီသို့ ရစ်ပတ်လေသည်။ ထိုအခိုက်အတန့်တွင် အဟုန်ပြင်းစွာ နှင့် သတ်ဖြတ်မှုသည် ရင်ပြင်တစ်ခုလုံးကိုဖြတ်ကာ အလင်းနှင့်အရိပ်ရေလှိုင်း ဆီသို့ ထိုးဝင်လေသည်။
“ရှောင်ကျို့...”
သံသယ၊ နာကျင်မှုနှင့် မလိုလားမှုအသံများသည် ကိုးရောင်မီးတောက်မှ ထွက်လာလေသည်။ ပူဆွေးသောအော်သံသည် ပေထင်းဟွမ်အား အနည်းငယ် ပင် မလှုပ်ခတ်နိုင်ပေ။ သူမ၏ခန္ဓာကိုယ်မှ နတ်စွမ်းအားသည် ထပ်မံထွက်ပေါ် လာပြီး ကိုးရောင်မီးတောက်ဆီမှ ကျိုးပဲ့သံထွက်လာသလိုပင်။ မီးတောက်၏ ရက်စက်မှု၊ ပေထင်းဟွမ်၏ပြတ်သားမှု ထိုအခိုက်အတန့်တွင် အားလုံး၏ ရင် ထဲတွင် အမှတ်ကြီးတစ်ခု ထွင်းထုပြီးဖြစ်လေသည်။
မီးတောက်သည် အလင်းနှင့်အရိပ်ရေလှိုင်းရှိသည့်နေရာတွင် အတန်ကြာ အောင် လောင်ကျွမ်းနေပုံပေါက်ကာ ပေထင်းဟွမ်၏မျက်နှာမှာလည်း ပို၍ ဖြူဖျော့လာသည်။ လူအားလုံးသည် ထိုလူငယ်အား တိတ်ဆိတ်စွာစောင့်ကြည့် လေသည်။ ဤကောင်းကင်အားအံတုသည့်မီးတောက်သည် ၃၃ ကောင်းကင်ဘုံ မှ ဆင်းသက်လာသည့်ကိုယ်ပွားအား ဘာမှမကျန်အောင် မီးမြှိုက်လေသည်။
၎င်းသည် ဝိညာဉ်၏စွမ်းအားဖြစ်သည်။ မင်ရှို့ပြောသလိုပင် ဤပုံရိပ်သည် ဤနေရာတွင်ပျောက်ကွယ်သွားလျှင်တောင် မင်ရှို့၏ခွန်အားသည် များစွာ ထိခိုက်မည်မဟုတ်ပေ။ မင်ဟုန်၏ဝိညာဉ်စွမ်းအားကို မင် ခေါင်းဖြတ်လိုက် သကဲ့သို့ အိပ်မောကျသွားရုံနှင့် ကောင်းကင်နှင့်မြေကြီးစွမ်းအားကို စုပ်ယူပြီး ပြန်ပြင်ဆင်နိုင်သည်။ အချိန်မှာအနည်းငယ်ကြာမြင့်သည်။ ၎င်းသည် သူ့ကို မသတ်နိုင်ပေ။
သို့သော် ဝိညာဉ်စွမ်းအားဖြစ်လျှင်တောင် ပေထင်းဟွမ်သည် သူ့ကို အလွတ်မပေးနိုင်ပေ။ မီးတောက်သည် တဖြည်းဖြည်းလောင်မြိုက်ကာ နောက် ဆုံးတွင် သူမ၏ခန္ဓာကိုယ်သို့ပြန်လာသည်။ တစ်ချိန်တည်းမှာပင် ဖန်ထျန်းလှံ ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမသည် လက်ထဲတွင် ဓားပျော့ကိုင်ထားဆဲဖြစ် ကာ လှုပ်ခတ်နေသောမျက်လုံးဖြင့် သူမကိုယ်သူမ ရေရွတ်လိုက်သည် “တစ်နေ့ တစ်နေ့ကျရင် ဝိညာဉ်နတ်ဘုရားရှီဖုန်း မင်းလည်ပင်းကိုဆေးပြီး ငါ့ကိုစောင့်နေ”