ယန်ချန်းကလူတွေက ခေါင်းဆောင်ကြီးရဲ့ အမိန့်ကို နာခံမှာပါ
Vol. 69 Ch. 1376
ကောင်းကင်နှင့်မြေကြီးအကြားတွင် ရုတ်တရက် ကြည်လင်လာသည်။ ရင်ပြင်တစ်ခုလုံးတွင် ပင်မတိုက်ကြီးမှလူများ၊ ရှီရှောင်မိုတို့သုံးယောက်မှလွဲပြီး ဆင်းသက်သူများအားလုံး ပျောက်သွားကြလေပြီ။ ပင်ဖုန်းသည် အပြင်းအထန် ဒဏ်ရာရသွားသည်။ သို့သော် အနည်းဆုံးတော့ သူမ၏အသက်ကိုကယ်တင်နိုင် လိုက်ပြီး ၃၃ ကောင်းကင်ဘုံသို့ ပြန်ပြေးသွားခဲ့သည်။ ၃၃ ကောင်းကင်ဘုံ ဝိညာဉ်နတ်ဘုရားမျိုးနွယ် လျန်မင်ရှို့သည်လည်း သည်တစ်ကြိမ်တွင် ဒဏ်ရာ အပြင်းအထန်ရသွားလေသည်။ ပြန်လာပြီးနောက် အနည်းဆုံး သူ၏ဝိညာဉ်ကို ပြန်ကုသရန် ၃ နှစ်မှ ၅ နှစ်ကြာလိမ့်မည်။
ဝိညာဉ်နတ်ဘုရားမျိုးနွယ်မှ ဆင်းသက်သူတခြားနှစ်ယောက်ဖြစ်သည့် မင်ဟွမ်နှင့်လုကျီတို့သည် ဤနေရာတွင် ကျဆုံးသွားပြီး ပေထင်းဟွမ်၏ လက် ထဲတွင် သေဆုံးသွားလေပြီ။
တစ်ချက်တည်းနှင့် နတ်ဘုရားအဆင့်စွမ်းအားရှင် ကျဆုံးခဲ့သည်။ ပင်မ တိုက်ကြီးမှလူများသည် ဤဘဝတွင်မြင်တွေ့ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ ပင်မတိုက်ကြီးတွင် ဤလူငယ်တစ်ယောက်သာ လုပ်နိုင် သည်မဟုတ်ပါလား။
ကြောက်လန့် အံ့ဩသည့်မျက်လုံးများသည် ပေထင်းဟွမ်၏ခန္ဓာကိုယ် ဆီသို့ ကျရောက်လာသည်။ လူငယ်သည် ဓားပျော့ကိုလက်ထဲတွင် ကိုင်ထားပြီး တိုင်လေးတိုင်ပျောက်ကွယ်သွားသည့်နေရာကို ကြည့်နေတုန်းပင်။ နဂိုက အေးစက်နေသော မျက်လုံးများသည် အတက်အကျပင်မရှိတော့ပေ။ အတိတ် ကိုလွမ်းဆွတ်နေသည့်အရိပ်အယောင်ရှိပြီး ကြည်လင်သော မျက်ရည်နှစ်စက် စီးကျလာသည်။
အနည်းငယ်အားနည်းပုံရနေသော လူငယ်ကို မည်သူမှ အထင်မသေးရဲ ပေ။ ဤအခိုက်အတန့်မှစပြီး တိုက်ကြီးပေါ်တွင် စီရင်ချက်ဗိမာန်မရှိတော့သလို စီရင်ချက်နတ်ဘုရားမရှိ၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏အရိပ်မရှိတော့ဘဲ ဤတိုက်ကြီး၏နတ်ဘုရားဖြစ်သည့် ပေထင်းဟွမ်တစ်ယောက်သာရှိတော့ သည်ကို သိကြသည်။
“ရှောင်ကျို့ ပြန်ရအောင်” ပေထင်းကျင်သည် လျှောက်လာပြီး ပေထင်းဟွမ်၏လက်ကို ဆွဲယူလေသည် “သူဘယ်သွားသွား၊ သူ ဘယ်လိုပဲ အခက်အခဲတွေ အဟန့်အတားတွေ ဖြတ်ကျော်ပါစေ အစ်ကိုကြီးက မင်းနဲ့အတူ ရှိပေးမယ်၊ သေချာပေါက် သူ့ကိုရှာပြီးပြန်ခေါ်လာပေးမယ်”
“ဟုတ်တယ် ရှောင်ကျို့ ငါတို့ရှိတယ် ဝမ်းမနည်းနဲ့၊ အနာဂတ်မှာ မင်း ဘယ်လိုရန်သူကိုရင်ဆိုင်ပါစေ သူ ဘယ်လောက်ပဲအားကောင်းပါစေ မင်းနဲ့ငါတို့ အတူပြန်တိုက်ခိုက်မယ်” ချူဖုန်းသည် သံမဏိသွေးအဖွဲ့ဝင်များနှင့် အတူလျှောက်လာပြီး ပေထင်းဟွမ်၏ပခုံးကို လက်ဖြင့်တင်ကာ ကြီးမားပြီး နွေးထွေးသည့်လက်ဖြင့် သူမအား ခွန်အားပေးလိုက်သည်။
“ခေါင်းဆောင် နတ်မိစ္ဆာဧကရာဇ်က အရမ်းအားကောင်းတယ်၊ သူ့ကို နှစ်တစ်ထောင်စောင့်မယ်ဆိုရင် သူ အပတ်တကုတ်ကြိုးစားမှာပါ အဆင်ပြေပါ လိမ့်မယ်”
“ဟုတ်တယ် ခေါင်းဆောင် ငါတို့တွေ အတူကြိုးစားပြီး သန်မာလာရင် ၃၃ ကောင်းကင်ဘုံကို သတ်ပြီး ဝိညာဉ်မျိုးနွယ်ကိုချေမှုန်းနိုင်မှာပါ”
“ရှောင်ကျို့ ဆရာရှိတယ် မင်းဘာပဲလုပ်ချစ်ပါစေ ဆရာက မင်းကို ကူညီ ပေးမှာ” ထိုရက်အတွင်းတွင် နန်လင်းသည် သူမအတွက် မည်မျှစိတ်မကောင်း ဖြစ်မိသည်ကိုပင်မသိတော့ပေ။ ပေထင်းဟွမ်သည် လွန်ခဲ့သည့်နှစ်တစ်သောင်း က နတ်မိစ္ဆာဧကရီဝင်စားသူဖြစ်နေသည်။
“ရှောင်ကျို့ ဘိုးဘိုးက မင်းကိုယုံတယ် မင်းကသန်မာပါတယ်၊ မင်းက ငယ်ငယ်လေးနဲ့ ဒီနေ့ကို ရောက်အောင်လုပ်နိုင်တယ်၊ မင်း အခက်အခဲတွေ ဘယ်လောက်တောင် ကြုံတွေ့ခဲ့လဲမသိဘူး၊ ဘိုးဘိုး မင်းကိုယုံတယ်၊ ဒီတစ်ခေါက် သေချာပေါက် လုပ်နိုင်မှာပါ” ပေထင်းချင်းသည် လက်မြှောက်ပြီး ပေထင်းဟွမ်၏မျက်နှာကို ပွတ်သပ်ပေးလေသည်။ သူ၏အိုမင်းသောမျက်လုံး များထဲတွင် ပေထင်းရွေ့နှင့်ဇနီးဖြစ်သူတို့ ပျောက်သွားစဉ်ကပင်မရှိခဲ့သော မျက်ရည်များစီးကျလာသည်။
“ရှောင်ကျို့ မကြောက်နဲ့ ငါပြန်သွားပြီးရင် အဖေ့ဆီကိုသွားမယ် သူက ကွေ့ရှိုမိုယွိရဲ့ အထွတ်အထိပ်သခင်ပဲ၊ နတ်မိစ္ဆာဧကရာဇ်ကို ကယ်ဖို့ သူ့မှာ နည်းလမ်းရှိမှာပါ”
“အင်း တောင်ရိုးရဲ့အထွတ်အထိပ်ကြီး ငါတို့အဖေလည်းရှိတယ် ငါ့အဖေက နတ်မိစ္ဆာဧကရာဇ်နဲ့ ခင်တယ်လေ...”
....
ပေထင်းဟွမ်သည် မျက်လုံးများပင့်ကာ ဝိုင်းနေသော ဟွမ်ချန်းမှလူများ ကို တစ်ယောက်ချင်းစီလိုက်ကြည့်သည်။ ထိုအချိန်တွင် ယန်ချန်းမှလူများ လည်း ဟွမ်ချန်းမှလူများအကြားတွင် ရောနှောနေသည်။ လျိုရွှီ၏ဖခင်သည် ရှေ့မှရပ်နေပြီး ပေထင်းဟွမ်၏မျက်လုံး ရောက်လာသည်ကိုကြည့်ပြီး ယန်ချန်း မှလူများကို ဦးဆောင်ကာ ပေထင်းဟွမ်အား ပြောလေသည် “မြို့စားက အကြီးအကဲကြီးနဲ့ ကိုယ်ရံတော်လေးယောက်ကို ဆင့်ခေါ်ခဲ့တယ်၊ အခုကစပြီး ယန်ချန်းကလူတွေက ခေါင်းဆောင်ကြီးရဲ့အမိန့်ကို နာခံပါမယ်”