← Chapters

လက်နက်ဘယ်လိုလုပ်ရမလဲဆိုတာ ယန်ယဲ့က ငါ့ကို သင်စေချင်တာ

Vol. 69 Ch. 1377

လက်နက်ဘယ်လိုလုပ်ရမလဲဆိုတာ ယန်ယဲ့က ငါ့ကို သင်စေချင်တာ

Vol. 69 Ch. 1377

ပေထင်းဟွမ်ခေါင်းညိတ်လိုက်သ်ည။ သူမသည် ဆရာနန်လင်းကို ကြည့် လိုက်သည် “ဆရာ ပင်မတိုက်ကြီးက ကျွန်တော့်ရဲ့အခြေစိုက်စခန်းပဲ၊ ကျွန်တော့်အမြစ်တွေအကုန်လုံးက ဒီမှာရှိတယ် ပြီးတော့ ဆရာ့ကို ဒီမှာစောင့်ကြပ်ခိုင်းမယ်၊ အကုန်လုံးက အရင်စည်းမျဉ်းအတိုင်းပဲ၊ စီမံပေးပါ ဒါပေမဲ့ ကျွန်တော်ထွက်မသွားခင် တစ်ခုတော့ အရင်လုပ်စရာရှိတယ်၊ ဆရာလျိုကွေ့က ဒီကိစ္စကို ကူညီဖို့လိုမယ်”

ဆရာဟု ချက်ချင်းပင်ခေါ်လိုက်သဖြင့် လျိုရွှီ၏ဖခင် လျိုကွေ့သည် လန့် သွား၏။ သူသည် အလျင်အမြန်ပင် ပေထင်းဟွမ်အား အရိုအသေပေးရန် ကွေးညွှတ်လိုက်သော်လည်း နူးညံ့သောခွန်အားမှ ပြန်ထူလိုက်သည်။ သူသည် ပေထင်းဟွမ်အား မော့ကြည့်ရာ မျက်လုံးတစ်စုံကိုမြင်လိုက်ရသည်။ မှောင်မိုက် သောမျက်လုံးများထဲတွင် ရှားပါးသော အလင်းတန်းရှိနေသည် “ကျွန်တော့်မှာ ဆရာနှစ်ယောက်ရှိတယ် ဓားသိုင်းသင်ပေးတဲ့ဆရာလန်ချန်းမိုနဲ့ နောက်တစ် ယောက်က ဆရာနန်လင်းပဲ ကျွန်တော် နောက်နေ့မှ ဆရာတွေကို ကန်တော့ရ မယ်၊ ဆရာလျိုကွေ့ ကျွန်တော့်ကို လက်နက်သွန်းတဲ့ပညာသင်ပေးပါ”

အားလုံးနားမလည်နိုင်ဖြစ်နေသည်ကိုကြည့်ပြီး ပေထင်းဟွမ်၏မျက်လုံး များသည် ဟွမ်ချန်းနှင့်ယန်ချန်းမှလူများကို ဝေ့ဝဲကြည့်ကာ ပင်မတိုက်ကြီးမှလူ များကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လေသည်။ သူမ၏နှုတ်ခမ်းထောင့်သည် ပွဲကြည့်လာပရိသတ် တစ်သိန်းကို ကွေးညွှတ်ပြီးပြုံးပြလေသည်။ အနည်းငယ် အေးစက်ပုံပေါက်သော်လည်း ပြတ်သားမှုမှာပေါ်လွင်နေသည် “ယန်ယဲ့က စီဖုန်းနတ်ဘုရားအကျဉ်းထောင်ထဲကိုဝင်သွားပြီ၊ အကုန်လုံးက ကျွန်တော့်ကို ဂရုစိုက်တာကိုသိပါတယ် ကျွန်တော် တကယ်အဆင်ပြေတယ် ဒီကမ္ဘာမှာ ဘယ်ဟာကမှ ကျွန်တော့်ကို အနိုင်မယူနိုင်ဘူး၊ အခက်အခဲတွေ အဟန့်အတား တွေက ပိုပိုပြီးသန်မာအောင်ပဲလုပ်နိုင်မှာ”

သူမသည် လျိုကွေ့အား ရှင်းပြလေသည် “အရင်က ယန်ယဲ့က ကျွန်တော့် ကို လက်နက်သန့်စင်နည်းကိုသင်စေချင်တယ် ကျွန်တော်ကဘာမှမသင်ခဲ့ဘူး လေ အခုတော့ နောင်တရနေပြီ” သူမ၏မျက်နှာတွင် လှောင်ပြောင်သည့်အပြုံး ရှိနေသည် “သူက အဂ္ဂိရတ်ပညာကိုသင်ပေးခဲ့တယ်၊ ကျွန်တော်သိခဲ့သင့်တာ၊ အဲတုန်းက ကျွန်တော်ခေါင်းငုံ့ပြီး သူ့ဆီကသင်ရမှာ”

“သခင်ပေထင်းဟွမ် သင်ဖို့အချိန်ရှိပါသေးတယ် ပြီးတော့ ဒီလက်အောက်ငယ်သားက မင်းကို ကောင်းကောင်းသင်ပေးမှာပါ ကျုပ် သိသလောက် အကုန်သင်ပေးမှာပါ” လျိုကွေ့သည် အသက်ကိုပြင်းပြင်းရှူကာ ရင်ထဲမှဝမ်းနည်းမှုကို ချုပ်တည်းထားပြီး အလေးအနက်ပြောလေသည်။

ပေထင်းဟွမ်သည် နဂိုက သူမအား ခေါင်းဆောင်ဟုခေါ်သည်ကို တားချင်သော်လည်း သူသည် ယန်ယဲ့၏လက်အောက်ငယ်သားဖြစ်သည်ကို တွေးမိပြီးနောက် စိတ်ပြောင်းရန်ခက်ခဲမည်ကိုသိသည်။ ထို့ကြောင့် သူမသည် ထိုကိစ္စကို အစဆွဲမထုတ်တော့ပေ။ ထို့နောက် ယန်ယဲ့လျှောက်လာပြီး ပေထင်းဟွမ်အားပြောလေသည် “နတ်မိစ္ဆာဧကရာဇ်ထွက်မသွားခင်က ကိစ္စ တချို့ကို ဝန်ခံသွားတယ်၊ ယန်ချန်းနဲ့ ဟွမ်ချန်းက သားရဲ၊ ဆေး၊ လက်နက် ထုတ်လုပ်မှုအကြောင်းတွေ ပြောသွားတယ် ဆရာနဲ့ ယန်ချန်းကလူတွေ ရှင်းလိုက်ပါမယ်”

ထိုစကားကိုကြားပြီးနောက် ရင်ပြင်တွင်စုနေကြသော လူတစ်သိန်းသည် သက်ပြင်းချမိလေသည်။ သူတို့အတွက် ထိုအရာကလွဲပြီး စိုးရိမ်စရာမရှိပေ။ သူတို့၏ခွန်အား မည်မျှပင်တိုးတက်စေကာမူ ဟွမ်ချန်း၊ ယန်ချန်းတို့နှင့် မယှဉ် နိုင်ပေ။ ယခု သူတို့တွက် ခွန်အားသည် ဟွမ်ချန်းနှင့်ယန်ချန်းသို့ ဝင်ရန် အဆုံးအဖြတ်ဖြစ်သည်။

ယနေ့အလွန်တွင် တခြားကမ္ဘာရှိသည်ကို သူတို့မသိလျှင် ထိုလူများသည် ပင်မတိုက်ကြီးရှိ ကန်တွင် ရုန်းကန်နေဦးမည်ဖြစ်သည်။ သို့သော် ပိုအဆင့် မြင့်သည့် နေရာသို့သွားရန် ပင်မတိုက်ကြီးတွင်လမ်းရှိသည်ကို သိထားပြီဖြစ် သည်။ ဘုံအလွှာတွင်ဆိုပါက ပင်မတိုက်ကြီးတွင် နှစ်ပေါင်းထောင်ချီ ထိပ်ဆုံး ဝိညာဉ်ဂိုဏ်းများ ရုတ်တရက် ဘာကြောင့်ပျောက်ကွယ်သွားသည်ကို ရှင်းပြနိုင် မည်ဖြစ်သည်။ ထိုလမ်းသည် နတ်ဘုရားအဆင့်သို့ တက်ရန် ၃၃ ကောင်းကင် ဘုံသို့သွားနိုင်မည့်လမ်းဖြစ်နိုင်သည်။

ဆိုလိုသည်မှာ ယန်ချန်းနှင့်ဟွမ်ချန်းမှ နတ်ဘုရားအဆင့်ခွဲဆေးမသောက် လျှင်တောင် အန၃ည်းဆုံးတော့ သွားရန်လမ်းရှိသေးသည်။ ထိုလမ်းကိုလျှောက် လျှင် အဆုံးမရှိသောဘဝကို ရနိုင်သည်။

သည်လိုနှင့် ခွန်အားသည် အထူးတလည်အရေးကြီးလာသည်။ ၎င်းသည် ယန်ချန်းနှင့်ဟွမ်ချန်းတို့ကို တိုင်းတာနိုင်သည့်အရာဖြစ်သည်။ ချက်ချင်းပင် အင်အားစုများသည် ရင်ပြင်မှထွက်ခွာကြသည်။ သူတို့သည် သူတို့၏ခွန်အား တိုးတက်ရန် ယန်ချန်းနှင့်ဟွမ်ချန်းတို့မှပေးသည့် ထိုရတနာများကို ရရန် ပြင်ဆင်ဖို့လိုသည်။

All Chapters