← Chapters

ရှောင်ကျို့ အခုဘယ်လိုနေလဲ

Vol. 69 Ch. 1378

ရှောင်ကျို့ အခုဘယ်လိုနေလဲ

Vol. 69 Ch. 1378

ယန်ယဲ့သည် ယန်ချန်းတွင် ပေထင်းဟွမ်အား လက်နက်သန့်စင်စေချင် သည်။ ပေထင်းဟွမ်သည် သန့်စင်ရေးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင် သင်ယူရာ မသိလိုက်ခင်မှာပင် သုံးလကုန်ဆုံးသွားလေသည်။

သူ့အနောက်တွင် လျိုကွေ့ ရပ်နေပြီး အနီရောင်ထောက်၊ သံရိုးတိုင်နှင့် တခြားပစ္စည်းများကို ညွှန်ကြားသည့်အတိုင်းဖိုထဲသို့ ကောင်လေး တစ်ခုချင်းစီ ပစ်ထည့်သည်ကို ကြည့်နေသည်။

ပေထင်းဟွမ်သည် သူမြင်ဖူးသမျှတွင် အရည်အချင်းရှိဆုံး သန့်စင်သူဟု ဆိုရမည်။ သုံးလအတွင်း၌ပင် ပေထင်းဟွမ်သာ ဤဖိုကိုအောင်မြင်လျှင် သန့်စင်သူသခင်ဖြစ်ပြီဖြစ်၏။ အပွင့်လင်းဆုံးပြောရလျှင် လက်နက်သခင် တစ် ဦးတွင်လိုအပ်သည့် ဗဟုသုတသည် ဆေးသန့်စင်ခြင်းထက်မလျော့ပေ။ ပစ္စည်း တစ်ခုချင်းစီ ပျော်ဝင်သည့်အချက်တွင် ပါဝင်ပစ္စည်းများ တစ်ခုနှင့်တစ်ခု လိုက်ဖက်မှု၊ တွန်းကန်မှုတို့ကို ရှင်းလင်းစွာနားလည်ရမည်။

ဖိုထဲတွင် သတ္တုအရည်ကြိုပြီးနောက် ပစ္စည်းတစ်ခုပြီး နောက်တစ်ခုထည့် ရသည်မှာ အကဲဖြတ်သည့်အရည်အချင်းပေါ်တွင် မူတည်သည်။ ပြီးနောက် ပစ္စည်းအရည်ပျော်သွားလျှင် ပုံပေါ်လာပြီး ၎င်းကိုထိန်းချုပ်ရန် အားကောင်း သော စိတ်ခွန်အားလိုအပ်သည်။

သုံးလကျော်အတွင်းတွင် ပေထင်းဟွမ်သည် ပစ္စည်းရာချီထက်မနည်း အသုံးပြုခဲ့ကာ အမျိုးအစားတိုင်းကို သုံးပြီးသည်နှင့် စိတ်ထဲတွင် သေချာမှတ် ထားသဖြင့် နောက်တစ်ကြိမ် ပြန်ပြောရန်ပင်မလိုတော့ပေ။

ကောင်လေး၏စိတ်အားထက်သန်သော အသွင်အပြင်နှင့် ကိုးရောင် တောက်ပသောအရောင်များ သူမ၏မျက်နှာတွင် ရောင်ပြန်ဟပ်နေသည်ကို ကြည့်ပြီး လျိုကွေ့သည် သောကရောက်လာသည်။ ပေထင်းဟွမ်သည် ဤနေရာရောက်ကတည်းကပင် လက်နက်သွန်းနည်းကို တိတ်ဆိတ်စွာနှင့် စိတ်အားထက်သန်စွာ သင်ယူခဲ့သည်။ ပညာသင်လျှင်တောင် ဤကဲ့သို့ ထင်ရာစိုင်းသောနည်းလမ်းကို အသုံးမပြုသင့်ပေ။

လျိုကွေ့သည် သူမအားအကြိမ်ပေါင်းများစွာ သတိပေးပြီးလေသည်။ သို့သော် ပေထင်းဟွမ်သည် သူ ပြောသည်ကို နားထောင်မည်မဟုတ်သည်ကို လည်း သေချာနေသည်။

အစပိုင်း နတ်မိစ္ဆာဧကရာဇ်ထွက်သွားချိန်တွင် ကိုယ်ရံတော်လေးယောက် နှင့် အကြီးအကဲကြီးတို့သည်လည်း စီဖုန်းနတ်ဘုရားအကျဉ်းထောင်သို့ သူနှင့် အတူရောက်သွားခဲ့သည်။ မဟုတ်လျှင် လျိုကွေ့သည် သူတို့လေးယောက်နှင့် တိုင်ပင်မည်ဖြစ်သည်။ ပေထင်းဟွမ်အား ဤအခြေအနေမှ မည်သို့ဆွဲထုတ်ရ မည်ကိုမသိတော့ပေ။

“အိုး ဒီလိုမျိုးအကြာကြီးလုပ်နေတာ အဖြေမဟုတ်ဘူး” လျိုကွေ့သည် အလွန်ပင်ရှက်ရွံ့မိသည် “ဒီလိုလုပ်တာက သူ့ကျင့်ကြံမှုကို နှောင့်နှေးစေမှာ စိုးတယ် ငါတို့နည်းလမ်းရှာရမယ်”

သို့သော် လျိုကွေ့သည် ပေထင်းဟွမ်အား လက်နက်ပြုလုပ်နည်းကို သင်ပေးရုံအပြင် တခြားနည်းလမ်းကိုစဉ်းစားမရပေ “ဒီဖိုက ကောင်းကင် ဝိညာဉ်လက်နက်ကို သန့်စင်ဖို့ပဲဖြစ်မယ်၊ အောင်မြင်ရင်တော့ ငါ သူ့ကို ဖျောင်းဖျတာကောင်းမယ်”

ထိုအခိုက်အတန့်တွင် လျို့ကွေ့သည် အစီအရင်အပြင်ဘက်မှ လူတစ် ယောက်ခေါ်သံကိုကြားလိုက်ရသဖြင့် အခန်းထဲမှထွက်ကာ အပြင်သို့လျှောက် သွားလိုက်သည်။ အစီအရင်ဝင်ပေါက်တွင် ခါတိုင်းလိုပင် လျိုရွှီဦးဆောင်သော ဟွမ်ချန်းမှလူများ၊ ရှီရှောင်မိုနှင့်တခြားသူများရောက်နေကြသည်။

“အခုဘယ်လိုနေလဲ အခြေအနေက ကောင်းလာပြီ...” ရှီရှောင်မိုသည် အနည်းငယ်ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လေသည် “ချီဖေးနဲ့ ကျွန်တော်က အမှောင်နတ်မိစ္ဆာဘုံကို အရေးကြီးကိစ္စနဲ့သွားဖို့ရှိသေးတယ်၊ ကျွန်တော်တို့ မစောင့်နိုင်တော့မှာစိုးတယ်”

တခြားဘုံတွင် သူတို့၏စွမ်းအင်မှာ ၁ နှစ်သာကြာရှည်ခံပြီး သူတို့သည် ပင်မတိုက်ကြီးတွင် ရောက်နေသည်မှာ နှစ်တစ်ဝက်ကြာပြီဖြစ်သည်။ သူတို့သာ အမှောင်နတ်မိစ္ဆာဘုံကို မသွားလျှင် ဘာမှကျန်တော့မည်မဟုတ်ပေ။ သို့သော် ရှောင်ကျို့သာ သူမကို နေစေချင်ပါက နေမည်ဖြစ်သည်။ သည်တစ်ခေါက် ခရီးစဉ်မှာ ဘာမှယူသွားနိုင်တော့မည်မဟုတ်ပေ။ ထိုအကြောင်းအားတွေးပြီး ရှီရှောင်မိုသည် ဘေးမှ ပေထင်းကျင်အား ခိုးကြည့်မိသည်။

ပေထင်းချင်း၊ ပေထင်းကျင်နှင့် တခြားသူများသည် လျိုကွေ့အားကြည့် ပြီး မေးလေသည် “ရှောင်ကျို့ အခု ဘယ်လိုနေလဲ သူ ဘယ်တော့ထွက်လာမလဲ သိချင်တာ”

နဂိုက တစ်လဟုသဘောတူခဲ့သော်လည်း ယခုအခါ သုံးလကျော်သွားပြီ ဖြစ်ရာ လန်ချန်းမိုသည် ဟွမ်ချန်းကိစ္စများကို ဖြေရှင်းပြီးသဖြင့် ပြေးလာပြီး ပေထင်းချင်းတို့နှင့် ထွက်သွားရန်ပြင်ဆင်ရတော့မည်။

လျိုကွေ့သည် ခေါင်းကိုခါယမ်းလိုက်သည်။ ကြီးမားသောစွမ်းအင် အတက်အကျသည် ရုတ်တရက် အစီအရင်ထဲတွင် ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအရောင်ပြောင်းလဲသွားပြီး လေနှင့်တိမ်တိုက်များ လှိမ့်တက်လာသည်။ ကြီးမားသောဝဲသည် အစီအရင်ဝင်ပေါက်တွင်ရပ်နေကြသောလူများကို လှည့်ပြီး ကြည့်စေသည်။

All Chapters