← Chapters

နတ်လက်နက် အခြေအနေပြောင်းလဲခြင်း

Vol. 69 Ch. 1379

နတ်လက်နက် အခြေအနေပြောင်းလဲခြင်း

Vol. 69 Ch. 1379

“ဒီမှာဘာတွေဖြစ်နေတာလဲ ဘာဖြစ်တာလဲ” ပေထင်းချင်းနှင့်တခြားသူ များသည် စကားပင်ဆုံးအောင်မပြောနိုင်တော့ဘဲ ပြေးလာလေသည်။ ထိုအချိန် တွင် သူတို့သည် ပေထင်းဟွမ် အနှောင့်အယှက်ဖြစ်မည်ကို ဂရုမစိုက်နိုင်တော့ ပေ။ အထဲတွင် တစ်စုံတစ်ရာဖြစ်မည်ကို စိုးရိမ်နေကြသည်။

လျိုကွေ့သည် အားလုံး ပြေးသွားသည်အထိပင် တုံ့ပြန်မှုမရှိပေ။ သူသည် လည်း ထိုဖြစ်စဉ်ကို ကြောက်လန့်သောကြောင့် အစီအရင်ဝင်ပေါက်တွင် ငေးငိုင်စွာရပ်နေလေသည်။ သူသည် အံ့ဩတုန်လှုပ်နေပုံရသည်။ ကောင်းကင် မှ မှောင်မိုက်သောတိမ်တိုက်များသည် နေကိုကွယ်သွားကာ တိမ်တိုက်များ လှိမ့်တက်လာပြီး တစ်နေရာတည်းတွင်စုစည်းသွားသည်ကိုကြည့်နေသည်။ သူတို့စုသည့်နေရာသည် သန့်စင်သည့်အခန်းနေရာဖြစ်နေသည်။ လျိုကွေ့သည် ကြောက်လန့်လွန်းသဖြင့် ပါးစပ်ပင်မပိတ်နိုင်တော့ပေ “မဖြစ်ဘူး မဖြစ်ဘူး မဟုတ်ဘူးမလား နတ်ဘုရား... လက်နက်လား”

လျိုကွေ့သည် မြေကြီးပေါ်ခြေဖျားထောက်ကာ ခုန်ပြီးနောက် သန့်စင် သည့်အခန်းရှိရာသို့ ပျံသွားလိုက်သည်။ သူ မယုံနိုင်သေးပေ။ သူသည် အကြိမ် ပေါင်းများစွာ ဟန်ချက်ပျက်ပြီး လေထဲမှကျလုနီးပါးပင်။ ဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ။ ဘယ်လိုဖြစ်သွားတာလဲ။ ဖိုထဲမှ ပေထင်းဟွမ်သန့်စင်နေသည့် လက်နက်သည် အလယ်အလတ်အဆင့်ဝိညာဉ်လက်နက်သာဖြစ်သည်။ သို့သော် ယခုအခါ နတ်လက်နက်ကို သွန်းထုနေသည်။ မည်သို့ဖြစ်နိုင်မည် နည်း။

“မဟုတ်ဘူး ဒါ လုံးဝမဖြစ်နိုင်ဘူး၊ သူက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်တာ မဟုတ်ဘူး၊ သူ့စိတ်ထဲမှာ အတွင်းနတ်ဆိုးအစေ့ရှိနေသေးတယ်၊ ချက်ချင်းကြီး ဘယ်လိုလုပ် လက်နက်သန့်စင်နိုင်တာလဲ” လျိုကွေ့သည် မယုံနိုင်သဖြင့် သူ့ကိုယ်သူ ထပ်ခါထပ်ခါ နှစ်သိမ့်နေသည် “နတ်လက်နက်သန့်စင်ဖို့ဆိုရင် လူနဲ့ သဘာဝတို့ စည်းလုံးမှလုပ်နိုင်မယ့်ဟာလေ”

ကောင်းကင်နှင့်မြေကြီး၏ရောင်ဝါကို လှုံ့ဆော်ပြီး ကောင်းကင်နှင့်မြေကြီးနှင့် ဝိညာဉ်လက်နက်၏ ဆက်သွယ်မှုကို တည်ထောင် လိုက်မှပင် နတ်လက်နက်အဆင့်ကို ရောက်နိုင်မည်ဖြစ်သည်။

သန့်စင်သည့်အခန်းအပေါ်တွင် တိမ်တိုက်မည်းများပျံ့နေပြီး ကောင်းကင် တစ်ခုလုံးတွင် တိမ်တိုက်မည်းအလွှာများဖြင့် ဖုံးအုပ်နေသည်။ နေ့အချိန်ဖြစ် သည်မှာ ရှင်းလင်းသော်လည်း ကောင်းကင်နှင့်မြေကြီးသည် မှောင်မည်းလာ သည်။ ဤကဲ့သို့အခြေအနေအောက်တွင် ဝိညာဉ်စွမ်းအင်လှိုင်းတံပိုးသည် လက်နက်ဖိုဆီသို့ စီးဝင်လေသည်။ ကံကောင်းစွာပင် လက်နက်ဖို၏ တည်ဆောက်ပုံသည် အလွန်သန်မာသည်။ ဤကဲ့သို့အခြေအနေအောက်မှာပင် ပြိုကျပျက်စီးသည့်လက္ခဏာမရှိပေ။

အားလုံးရပ်လိုက်ကြသည်။ လက်နက်ဖိုအခန်းအပြင်ဘက်တွင်ရပ်ပြီး အခန်းကိုအနီးကပ်စိုက်ကြည့်ကြသည်။ သူတို့သည် အထဲမှလူကိုရှင်းလင်းစွာ မမြင်နိုင်ပေ။ ဤအခြေအနေတွင် အားလုံးနီးပါးသည် ကောင်းကင်နှင့်မြေကြီး ဖြစ်စဉ်ကို ခန့်မှန်းနေကြပြီဖြစ်သည်။ ဤကဲ့သို့လှုပ်ရှားမှုကိုဖြစ်စေသည်မှာ အကြောင်းအရင်းတစ်ခုသာရှိသည်။ လက်နက်၏အသွင်အပြင်သည် အခြေအနေကိုပြောင်းလဲလိုက်ခြင်းပင်။

“မဖြစ်နိုင်တာ ရှောင်ကျို့က လူရောဟုတ်သေးရဲ့လား၊ ရက်နည်းနည်း လောက်ကြိုးစားလိုက်တာနဲ့ နတ်လက်နက် သန့်စင်နိုင်သွားတာလား” ရှီရှောင်မိုသည် အော်မိလေသည်။

“ဒါက... သခင်လျိုကွေ့ သင်တာကောင်းလို့ဖြစ်မယ်” ပေထင်းချင်းသည် ထိုသို့ပြောလိုက်သော်လည်း စိတ်ရင်းမပါပေ။ ထိုအခိုက်အတန့်တွင် ပေထင်းချင်းသည် ရယ်မောနေသဖြင့် ပါးစပ်ပင်မပိတ်နိုင်ဘဲ 'ငါ့မြေးက မှော်လက်နက် သန့်စင်နိုင်ပြီ' ဟု သုံးကြိမ်တိုင်တိုင်အော်နေသည်။

သူ၏မြေးဖြစ်သူ ပေထင်းဟွမ်သည် အရှင်အဆင့်ရတနာဆေးကို သန့်စင် နိုင်သည့်အဂ္ဂိရတ်ပညာရှင်၊ ရှေးသားရဲထိန်းရောဖြစ်ရာ ပင်မတိုက်ကြီးတွင် ရှားပါးသောအလုပ်အကိုင်သုံးခုကို လုပ်နိုင်နေသည်။ သူ မည်သို့မပျော်ဘဲနေ မည်နည်း။

“တကယ့်ပါရမီရှင်ပဲ” ပေထင်းချင်းသည် ရင်ထဲမှတွေးမိသည်။ သို့သော် ၎င်းသည် သူ၏မိသားစုဖြစ်သည်။ ပေထင်းချင်းသည် သူ့ကိုယ်သူ အမွှမ်းတင် လောက်အောင် မတုံးအပေ။

မည်သို့ပင်ဖြစ်စေကာ ပေထင်းဟွမ်အား ချီးမွန်းသူ နည်းပါးသွားမည် မဟုတ်ပေ။

ထိုမြင်ကွင်းအားကြည့်ပြီး လျိုကွေ့သည် ခေါင်းခါပြီးပြောလိုက်သည် “ဒါက လူတွေကို အသက်ရှင်အောင်လုပ်ပေးလိုက်တာပဲ သခင်ပေထင်းဟွမ်က လက်နက်သန့်စင်ဖို့ သုံးလပဲအချိန်ယူလိုက်တယ် ပြီးတော့ ငါက အနှစ် ၃၀ ကြာ မှ ပါရမီရှင်ပါလို့ အခေါ်ခံရတယ်၊ ငါသာ ပါရမီရှင်ဆိုရင် သခင်ပေထင်းဟွမ်က ဘယ်လိုအရည်အချင်းမျိုးရှိတာလဲ”

“အံ့ဖွယ်ပဲ” ရှီရှောင်မိုသည် ဗြုန်းစားကြီးပြောလေသည် “အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင်တာနဲ့ သားရဲထိန်းနိုင်တဲ့လူကိုမြင်ဖူးကြလား”

ပေထင်းခကျင်သည် ခေါင်းလှည့်ပြီး ရှီရှောင်မိုအား စိတ်မချမ်းမြေ့စွာနှင့် ကြည့်လေသည်။ ညီမဖြစ်သူ ယခုလို ချီးမွှမ်းခံရသည်ကို သူ ရယ်ရမည်လား ငိုရမည်လားကိုမသိတော့ပေ။ သို့သော် ရှီရှောင်မိုသည် ညီမဖြစ်သူအပေါ် ကောင်းပေးသည်ကိုတွေးပြီး သူ ဘာမှမပြောတော့ပေ။

ပေထင်းကျင်၏အကြည့်များကို လက်ခံပြီးနောက် ရှီရှောင်မို၏ချောမော သောမျက်နှာသည် အထိန်းကွပ်မဲ့စွာ နီရဲသွားသည်ကို သူ မမြင်လိုက်ရရုံသာ ဖြစ်သည်။

All Chapters