← Chapters

ကလေးဝဝနှင့် ဝိညာဉ်ဆေး

Vol. 69 Ch. 1380

ကလေးဝဝနှင့် ဝိညာဉ်ဆေး

Vol. 69 Ch. 1380

လက်နက်ဖိုခန်းတွင် ပေထင်းဟွမ်သည် မီးတောက်ဖြင့် အမြှိုက်ခံထားရာ ကိုးရောင်အလင်းအလွှာနှင့် ဖုတ်ခံထားရသလိုပင်။ သူမသည် လက်နက်ဖိုကို စိုက်ကြည့်နေပြီး ရင်ထဲတွင် မည်သည့်လက်နက်ကို သန့်စင်လိုက်သည်ကို စဉ်းစားနေသည်။ အနည်းငယ်ဝသောအဖြူရောင်အရုပ်လေးသည် ကြာပန်းပုံစံ ထိုးထားသောအနီရောင်ရှေ့ကာအင်္ကျီဝတ်ဆင်ထားကာ လက်ပြည့်ပြည့်လေး သည် ခြေထောက်ပြည့်ပြည့်လေးကို ကိုင်ထားသည်။ သူသည် သွားဖြီးနေ၏။

ပေထင်းဟွမ် ထိုပုံကလေးကို စိတ်ထဲမှညွှန်ကြားလိုက်ချိန်တွင် သူမ၏ စိတ်စွမ်းအားသည် လက်နက်ဖိုထဲတွင် သတ္တုရည်အား ရစ်ပတ်ပြီးဖြစ်လေ၏။ ပေထင်းဟွမ်၏စိတ်ထဲမှ စိတ်အကူးအတိုင်း သူသည် လိုချင်သလို သတ္တုရည် အဖြစ် ပုံပေါ်လေသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးရောင်ဝါ သည် ထိုကလေးဝဝလေးဆီသို့ စုသွားပြီး ပေထင်းဟွမ်သည်လည်း ကစဥ့်ကလျားနတ်အရင်းအမြစ်ရောင်ဝါနှင့် နတ်မိစ္ဆာရောင်ဝါကို ထည့်လိုက် သည်။

“မှော်အရည်အချင်း” ပေထင်းဟွမ်သည် ခေတ္တမျှစဉ်းစားလိုက်သည် “ဒါဆိုရင် ဝိညာဉ်စုစည်းတာ၊ ခုခံမှု၊ စိတ်စုစည်မှု သုံးကြိမ်အလိုလိုတန်ပြန် တိုက်ခိုက်မှု၊ ကိုယ်ပျောက်တာတွေပါတာပဲ”

အခြေခံအရည်အချင်းဖြစ်သည့် ဂီယာ ၅ ခုရှိသော ထိုအရုပ်ဝဝလေးသည် အနည်းဆုံးတော့ ရှေးဟောင်းအဆင့်ဖြစ်သည်။ သန့်စင်သည့်ဖိုထဲတွင် အက်ကွဲ သံထွက်ပေါ်လာပြီး ပေထင်းဟွမ်၏စိတ်စွမ်းအားသည် အထဲမှ ကလေးဝဝဆီ သို့ မြဲမြံစွာရောက်နေသည်။ ပေထင်းဟွမ်သည် သန့်စင်သည့်ဖိုအဖုံးကို မ,လိုက်ကာ အရုပ်ဝဝလေးကို ထုတ်လိုက်သည်။

သူမ တွေးထားသလိုပင် မျက်နှာ၊ လက်နှင့်ခြေထောက်ပြည့်ပြည့်ကလေး များသည် ကြာပန်းအမြစ်များကဲ့သို့ သူမ၏အရင်ဘဝ နှစ်သစ်ကူးပန်းချီများတွင် မြင်တွေ့ခဲ့သည့် ဖုဝနှင့်တူလေသည်။ ထိပ်တန်းအရည်အသွေးကျောက်စိမ်း သတ္တုအရုပ်ဝဝလေးသည် ပြီးခဲ့သည့်ဘဝက ဝူရှီတွင်မြင်ဖူးသော ရွှံ့စေးအရုပ် ကလေးထက်မလျော့ပေ။

ထိုကောင်လေးသည် ထွက်ပြေးရန်ကြိုးစားနေပုံပေါက်ပြီး ဝိညာဉ်အသိ စိတ်ရှိပုံရသည်။ သူသည် ပေထင်းဟွမ်၏ အချုပ်အနှောင်မှ ထွက်ပြေးချင်စိတ် ပေါက်နေကာ ရုန်းကန်နေသည်။ ပေထင်းဟွမ်သည် ယန်ယဲ့အငယ်စားလေးနှင့် တူသည့် ထိုကလေးဝဝလေးကိုကြည့်ပြီး သဲ့သဲ့ပြုံးမိသည် “ပြေးချင်တာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါ မင်းကိုသန့်စင်တာက အပျော်သက်သက်မဟုတ် ဘူး”

သူမ ပြောပြီးသည်နှင့် လက်ချောင်းထိပ်မှ သွေးတစ်စက်ကို ဖောက်ထုတ် ကာ ကလေးဝဝလေးဆီသို့ ချလိုက်သည်။ ချက်ချင်းပင် ကလေးဝဝလေး၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းထွက်လာပြီးနောက် မူလကမှိန်နေသော အရောင်နှင့် မလိုက်မဖက်ဖြစ်စေလေသည်။ သို့သော် ၎င်း၏ ခပ်ပြည့်ပြည့် ခြေချောင်းငါးချောင်းသည် ဒြပ်စင် ငါးခုဂီယာကဲ့သို့ပင်။ ပေထင်းဟွမ်တွေးထား သလိုပင် ဝိညာဉ်စုစည်းမှု၊ ခုခံမှု၊ စိတ်ဝိညာဉ်စုစည်းမှု၊ သုံးခုတန်ပြန်တိုက်ခိုက် မှုနှင့် ကိုယ်ပျောက်မှုတို့မှာ လစ်ဟာခြင်းမရှိပေ။

ထိုအရာကိုကြည့်ပြီး ပေထင်းဟွမ်သည် အလွန်ကျေနပ်လျက်ရှိသည်။ သူမသည် ခန္ဓာကိုယ်ထဲမှ ယန်ယဲ့၏ဝိညာဉ်ဆေးကို ဖိအားပေးထုတ်ပြီး ကလေး ဝဝလေး၏လက်မောင်းပေါ်သို့ မြှုပ်လိုက်သည်။ ယန်ယဲ့ချန်ထားခဲ့သော ထို ဝိညာဉ်ဆေးသည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်မှ ယန်ယဲ့နှင့် ဆက်သွယ်မှု ရှိမရှိကို မသိသော်လည်း ထိုဝိညာဉ်ဆေးကို လှုံ့ဆော်နိုင်မည်ဟု ပေထင်းဟွမ် မျှော်လင့်နေတုန်းပင်။

ပေထင်းဟွမ်၏မျက်လုံးများသည် ဝိညာဉ်ဆေးပေါ်သို့ကြည့်လိုက်ရာ ယန်ယဲ့သည် တင်ပျဉ်ခွေထိုင်နေပြီး မျက်လုံးပိတ်ထားလေသည်။ သူမ မည်မျှ ကြာအောင်စိုက်ကြည့်မိသည်မသိပေ၊ အပြင်မှအသံကြားမှပင် နိုးထလာသည် “ယန်ယဲ့ သွားတော့မယ်၊ ကျွန်မ ရှင့်ကို အခုပြန်ခေါ်ဖို့ခွန်အားမရှိပေမဲ့၊ စိတ်မပူ ပါနဲ့ ကျွန်မရှင့်ကိုပြန်ခေါ်နိုင်ဖို့ သိပ်မကြာပါဘူး”

သူမပြောပြီးနောက်တွင် ဆံပင်မှ ခရမ်းရောင်ဖဲပြားကိုဆွဲချွတ်လိုက်ကာ ထိုဖက်တီးလေးကို ချည်ပေးပြီး သူမ၏လည်ပင်းတွင် ချိတ်ဆွဲကာ အင်္ကျီထဲ ထည့်ဖွက်လိုက်သည်။ သူမ မမြင်လိုက်သည်မှာ ဝိညာဉ်ဆေးသည် သူမ၏ ရင်ဘတ်နားတွင် အနည်းငယ်လှုပ်ယမ်းသွားပြီး ဖက်တီးလေးလှည့်လိုက်ချိန် တွင် ဝိညာဉ်ဆေးသည် ပေထင်းဟွမ်၏အသားအရေနှင့်သွားထိမိလေသည်။ ရင်းနှီးသောအထိအတွေ့ပြီးနောက်တွင် သူသည် ဖက်တီးလေး၏လက်မောင်း ထဲတွင် အေးဆေးနေကာ စတင်ကျင့်ကြံတော့သည်။

သူသည် ကောင်းကင်နှင့်မြေကြီးရောင်ဝါကို မစုပ်ယူရုံသာဖြစ်သည်။ သို့သော် ပေထင်းဟွမ်၏လက်ပတ်ထဲနေရာမှ မှော်စွမ်းအင်ကိုစုပ်ယူသည်။ ဝိညာည်ဆေးထဲတွင် တင်ပျဉ်ခွေထိုင်နေသော ယန်ယဲ့သည် မှော်စွမ်းအင်ကို စုပ်ယူပြီးနောက် မျက်လုံးမျက်လုံးများ ကြည်လင်လာပုံပေါက်လေသည်။

All Chapters