← Chapters

#အနက်ပိုင်းကမျက်လုံးများ#

Vol. 27 Ch. 380

#အနက်ပိုင်းကမျက်လုံးများ#

Vol. 27 Ch. 380

လုချန်ရှန်း၏အမူအရာကိုကြည့်ရင်း လျိုကျိယု အနည်းငယ်နောက်ဆုတ်လိုက်သည်။

လုချန်ရှန်းက ဤကြယ်နယ်မြေအတားအဆီးကို မည်သို့မည်ပုံအားဖြည့်ပေးမလဲဆိုတာ သူလည်းကြည့်ချင်သည်။

ဤကဲ့သို့အတားအဆီးမျိုးတွင် လျှို့ဝှက်သည့်မူရင်းဇစ်မြစ်ရှိလေရာ မည်သို့ဖန်တီးရမည်ကို သူကိုယ်တိုင်ပင်မသိပေ။

သူမည်သို့မည်ပုံအားဖြည့်မည်နည်း။

ထိုအခိုက်အတန့်၌ လုချန်ရှန်းကလည်း ထိုမေးခွန်းအကြောင်းကို စဉ်းစားနေသည်။

ဤကဲ့သို့ အတားအဆီးမျိုးက အစီအရင်တခုမဟုတ်ပါ။ တချိန်တည်းမှာပင် ဤသည်က အော်ရာနှင့်ပြုလုပ်ထားခြင်းမဟုတ်ပေ။ ဤသည်က သိုင်းပညာစိတ်ကူးတမျိုးနှင့် ပိုတူသည်။

မဟုတ်ဘူး! ဒီလိုစွမ်းအားမျိုး၊ ကျင့်ကြံခြင်းစိတ်ကူးထက်ပင် သာလွန်နေတဲ့ဒီစွမ်းအားက စည်းမျဉ်းစွမ်းအားပဲ!

အာကာသလမ်းကြောင်း!

ဤသည်က အတားအဆီးကိုပြုလုပ်ထားသည့် အဓိကအားဖြစ်သည်။

သူကဤအတားအဆီး၏ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်းသိချင်သည်။

အာကာသရဲ့နိယာမကိုရောနားလည်ဖို့ လိုအပ်သေးလား!

လက်ရှိလုချန်ရှန်းက အာကာသ၏ကျင့်ကြံခြင်းစိတ်ကူးအမြင်ကို နားလည်သဘောပေါက်ရုံမျှသာ ရှိသေးသည်။

မည်သို့ပင်ဆိုစေကာမူ အရင်က အာကာသစွမ်းအားကို သူမလေ့လာခဲ့ပေ။ ထို့ကြောင့် ဤကြယ်နယ်မြေအတားအဆီး၏ တည်ဆောက်ပုံကို ရှင်းရှင်းလင်းလင်း သိရန်အတွက် အာကာသတာအိုကို ကျင့်ကြံရန်လိုအပ်သည်။

ဤသည်ကိုတွေးမိသောအခါ လုချန်ရှန်းလက်ဆန့်ထုတ်ပြီး အာကာသအတားအဆီးကို ထိရန်ကြံရွယ်လိုက်သည်။

ဤမြင်ကွင်းကိုကြည့်ရင်း လျိုကျိယု ထိတ်လန့်သွားပြီး အမြန်တားလိုက်ရသည်။

"အဲဒါကိုမထိနဲ့"

"တကယ်လို့ အထူးနည်းလမ်းတခုခုမရှိဘူးဆိုရင် အာကာသစွမ်းအားကြောင့် စီနီယာရဲ့လက်က အသားတုံးလို အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရလိမ့်မယ်"

‌နောက်ဆုံးစကားလုံးကိုပြောနေစဉ် လျိုကျိယု၏မျက်နှာက ရှေ့ကမြင်ကွင်းကိုကြည့်ရင်း တဖြည်းဖြည်း တုန်လှုပ်လာသည်။

သူ့မျက်လုံးများကျဉ်းသွားပြီး ငလျင်လှုပ်နေသည့်အလား အဆက်မပြတ်တုန်ယင်နေလေသည်။

လုချန်ရှန်း၏လက်က ကြယ်နယ်မြေအတားအဆီးပေါ်သို့ ကျရောက်နေလေပြီ။

အတားအဆီးထဲတွင် အာကာသစွမ်းအားက အဆက်မပြတ်ပြင်းထန်စွာ ပစ်လွှတ်နေသည်။

သို့စေကာမူ လုချန်ရှတ်းကအနည်းငယ်မျှပင် တုန်ခါသွားခြင်းမရှိဘဲ ဆန့်ကျင်စွာပင် လျိုကျိယုကို သံသယအကြည့်ဖြင့် ကြည့်နေသည်။ သူကမေးခွန်းထုတ်နေသည့်အလားပင်။

မင်းဘာပြောလိုက်တာ!

လျိုကျိယု "....."

ဒါဘယ်လိုမကောင်းဆိုးဝါးလဲ!

သူ့ခွန်အားနှင့်ပင်လျှင် အကယ်၍သူသာ ကြယ်နယ်မြေအတားအဆီးကို ထိမည်ဆိုပါက အထူးနည်းလမ်းမပါဘဲ အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။

တချိန်တည်းမှာပင် သူ့လက်ကိုလည်း ထိန်းချုပ်နိုင်တော့မည်မဟုတ်။

လုချန်ရှန်းက သူ့ထက်ပို၍အားကောင်းသော်လည်း ဒါကသာမန်လူတစ်ယောက်ထက်ပိုနေပြီဖြစ်သည်။

ဒီလိုအရာမျိုးကိုတောင်လုပ်နိုင်တာ! ဒါဘယ်လိုကြောက်မက်ဖွယ်ခန္ဓာမျိုးလဲ!

လျိုကျိယုမသိသည်က လုချန်ရှန်း၏ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာက ဤစကြာ၀ဠာတခုလုံးတွင် မည်သူမှ မကျော်လွှားနိုင်ဟု ဆို၍ရသည်။

ဤအရာအားလုံးကမှန်ပေသည်။

လျိုကျိယုမျက်နှာကိုဖုံးလိုက်မိသည်။ ဤကဲ့သို့နတ်ဆိုးမျိုးက သူ့စိတ်ကူးထက် ကျော်လွန်းနေသည်။ သူရှက်စရာကောင်းသည်ဟု ခံစားနေရသည်။

မည်သည့်အရာကမှ လုချန်ရှန်းကို မရပ်တန့်နိုင်တော့သည့်အလားထင်ရသည်။

ဒါကတကယ်ပဲပြိုင်ဘက်ကင်းတည်ရှိမှုမျိုးမလား!

ဒီလိုစရိုက်မျိုး!

လျိုကျိယု ဤအချက်ကို အထက်ကိုတင်ပြကာ အမှောင်နယ်မြေ၏ အဆင့်ကို ပြန်လည်စီစဉ်ပေးရန်အတွက်ပင် တောင်းဆိုရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

လုချန်ရှန်းက ထိပ်ဆုံးနှစ်ယောက်တွင် ပါ၀င်သင့်သည်။

ဒါဆိုနံပါတ်တစ်ကရော!

ဤလူကိုတွေးမိရင်း လျိုကျိယု၏မျက်နှာထဲတွင် လေးနက်သည့်အမူအရာတခုပြစလာသည်။ ဤလူက တကယ့်မကောင်းဆိုးဝါးဖြစ်ပြီး အနိုင်ယူဖို့မဖြစ်နိုင်သည့် တည်ရှိမှုမျိုးပင်။

ဤသည်အပြင် သူ့ကိုအနိုင်မယူနိုင်ပါက အမှောင်နယ်မြေက သူ့ကိုအလွယ်တကူ စော်ကားရဲမည်မဟုတ်ပါ။

လုချန်ရှန်းကမူ မျက်လုံးမှိတ်ကာ အတော်လေးပြင်းထန်သည့်အာကာသတာအိုကို သူ့ကိုယ်ခန္ဓာအား ထိခိုက်စေပြီး မလှုပ်မယှက်ရပ်နေသည်။

သူက အာကာသနိယာမထဲက အာဟာရဓာတ်များကို ကမန်းကတန်းစုပ်ယူနေပြီး အာကာသ၏အခြေခံနှင့် ဤကြယ်နယ်မြေအတားအဆီးထဲက တည်ဆောက်ပုံကို နားလည်ရန် ကြိုးစားနေသည်။

လျိုကျိယုဤမြင်ကွင်းကိုကြည့်ရင်း တွေးတောနေမိသည်။

ခင်ဗျားက အာကာသအခြေခံကို နားလည်အောင်လုပ်နေတာလား!

အကယ်၍အခြားတစ်ယောက်ဆိုပါက လျိုကျိယုအံ့ဩသင့်သွားလောက်သည်။

တာအိုဝါဒါက နားလည်ရန်အတွက် အတော်လေးခက်ခဲသည်။ ပါရမီကမည်မျှပင် အားကောင်းနေပါစေ ဤသည်က အခွင့်အရေးပေါ် မူတည်နေသေးသည်။

အာကာသလမ်းကြောင်းကိုမူ ပြောဆိုနေစရာပင်မလိုတော့။ ဤသည်က တာအို၏ အမြင့်ဆုံးစည်းမျဉ်းစွမ်းအားဖြစ်သည်။

နားလည်နိုင်ရန်အခက်အခဲက တခြားတာအိုများထက် အများကြီးပို၍အားကောင်းသည်။

သို့သော် လုချန်းရှန်းအပေါ်တွင်ဆိုပါက သူကအံ့ဩသင့်တော့မည်မဟုတ်တော့။ ဤသို့လုပ်တာက ရူးနေတာဟု သူမတွေးတော့ပါ။

လျိုကျိယုက မှန်းဆကြည့်နေသည်။

အာကာသအ‌ခြေခံကို နားလည်အောင်လုပ်ရန်အတွက် လုချန်ရှန်းအချိန်မည်မျှ ယူရမည်နည်း။

တစ်မိနစ်နှင့်တစ်စက္ကန့်ကုန်ဆုံးသွားသည်။

လုချန်ရှန်းကိုယ်ပေါ်က အာကာသစွမ်းအားကပို၍ထူထဲကာ နက်ရှိုင်းလာပြီး တချိန်တည်းမှာပင် ပို၍ဆန်းကြယ်လာသည်။

ပတ်ပတ်လည်အာကာသက တာအိုစွမ်းအားက လုချန်ရှန်းကို အစကတည်းကပင် တိုက်ခိုက်နေခဲ့သည်။

ဤသည်က အာကာသစွမ်းအားကို ဖြည့်ဆည်းရန်အတွက် စီးဆင်းနေပုံရပြီး ဆယ့်ငါးမိနစ်ခန့်မျှသာကြာမြင့်ပြီးနောက် ဤအဆင့်ကိုပင် ရောက်လာခဲ့လေပြီ။

လျိုကျိယုအကူအညီကင်းမဲ့စွာ လက်ဆန့်လိုက်မိသည်။ ဤမွန်းစတားနှင့်ပတ်သက်၍ သူ့တွင်ဘာမှမရှိတော့။

နောက်ဆယ့်ငါးမိနစ်ကြာပြီးနောက် လုချန်ရှန်းကိုယ်ခန္ဓာတဝိုက်၌ အာကာသကျင့်ကြံခြင်းစိတ်ကူးက အရည်အသွေးဆိုင်ရာ အပြောင်းအလဲကို ကြုံတွေ့ခဲ့ရသည်။

၎င်းထဲရှိ စွမ်းအားက အဆင့်နိမ့်ကြယ်နယါမြေအတားအဆီးမှ ထုတ်လွှတ်သည့် အာကာသနှင့်အတူ ဖြည်းဖြည်းချင်း သဟဇာတဖြစ်လာသည်။

အသက်ရှုကြိမ်ရေအနည်းငယ်အတွင်းမှာပင် လုချန်ရှန်းမျက်လုံးများကိုဖွင့်လိုက်၏။

သူ့မျက်သူငယ်အိမ်များက အတော်လေးနက်ရှိုင်းနေပြီး အထဲတွင် အဆုံးမဲ့တွင်းနက်တခုရှိနေပုံရသည်။

အာကာသစိတ်ကူးအပေါ်နားလည်နိုင်စွမ်းက ထိုအခိုက်အတန့်၌ကိုယ်ထဲတွင် အာကာသအခြေခံသဘောတရားများအဖြစ် လုံး၀ပြောင်းလဲသွားသည်။

ဤသည်က အမွေးတိုင်နှစ်တိုင်စာမျှသာကြာမြင့်ခဲ့သည်။

လုချန်ရှန်းက အာကာသအခြေခံသဘောတရားကို အပြည့်အ၀နားလည်သွားခဲ့သည်။

လျိုကျိယု၏မျက်ခုံးများပင်တုန်ယင်နေသည်။ တာအိုကဒီလောက်နားလည်ဖို့ လွယ်ကူတာလား! နာရီ၀က်ပဲလေဟ!

အာကာသအခြေခံကိုနားလည်သွားတာလား!

ဒါကအရမ်းမိုက်လွန်းတယ်လေ!

အာကာသလမ်းကြောင်းက လမ်းဘေးကတရုတ်ဂေါ်ဖီထုပ်လိုမျိုး လွယ်ကူလွန်းတယ်ဆိုတာ အမှန်တရာလား!

ချက်ချင်းဆိုသလို လုချန်ရှန်းလက်ကိုမရုတ်သိမ်းဘဲ ယင်းအစား သူ့ကိုယ်ထဲက အာကာသအခြေခံစွမ်းအားကို အသုံးပြုလိုက်စဉ် ၎င်းက ကြယ်နယ်မြေအတားအဆီးပေါ်က စွမ်းအားနှင့် ပေါင်းစပ်သွား၏။

ဖွဲ့စည်းပုံအထဲတွင် ဤကြယ်နယ်မြေဖွဲ့စည်းပုံကိုသိမှသာလျှင် အားဖြည့်ကာ ပြောင်းလဲပစ်နိုင်သည်။

သို့စေကာမူ လုချန်ရှန်းကြည့်လိုက်သောအခါတွင်မူ မျှော်လင့်ထားသည့်အတိုင်း လွယ်ကူမနေပေ။

ကြယ်နယ်‌မြေအတားအဆီးထဲတွက် ပရမ်းပတာဖြစ်နေပြီး ဤကဲ့သို့ အငွေ့အသက်မျိုးက ကမ္ဘာကြီးစတင်ပွင့်လာစဉ်ကတည်းက ပရမ်းပတာဖြစ်နေခဲ့သည့်သဲလွန်စတခုပင်။

ဤကြယ်နယ်မြေအတားအဆီးတွင် အာကာသကိုဖွဲ့စည်းထားသည်သာမက ပရမ်းပတာဖြစ်မှု၏ သဲလွန်စများလည်းရှိသည်ဟုဆို၍ရသည်။

ဤသည်ကအရမ်းအားကောင်းပြီး အထူးနည်းလမ်းများဖြင့်သာ ဖြတ်သန်း၍ရသည်က အံ့ဩသင့်စရာမရှိ‌တော့။

ပရမ်းပတာချီက သေးနုပ်သည့်အပိုင်းအစတခုလေးဆိုလျှင်ပင် လူတစ်ယောက် သို့မဟုတ် အရာ၀တ္ထတခုကို အတော်လေးအစွမ်းထက်အောင်လုပ်နိုင်သည်။

လုချန်ရှန်းပင်လျှင် အနည်းငယ်သိချင်သွားသည်။

ဘာလို့ဒီနေရာမှာ ပရမ်းပတာလေထုတခုရှိနေရတာလဲ!

သူကစိတ်ကူးယဉ်၀တ္ထုမျိုးစုံနှင့်ရင်းနှီးနေသဖြင့် ဤပရမ်းပတာလေထုက မည်မျှအထိ ကြမ်းတမ်းသလဲဆိုတာ သူသိသည်။

ဤသည်အပြင်က ဤနေရာ၌ ပရမ်းပတာလေထုများပေါ်လာခြင်းက သေချာပေါက် မတော်တဆဖြစ်ရပ်မဟုတ်ပေ။

တစ်ယောက်ယောက်က ဤနေရာသို့ ရည်ရွယ်ချက်ရှိရှိယူဆောင်လာကာ ကြယ်နယ်မြေအတားအဆီးကို ဖန်တီးခဲ့ခြင်းပင်။

လုချန်ရှန်းဤအကြောင်းကိုပင် တွေးနေခဲ့သည်။

ဒီနေရာမှာ ကြယ်နယ်မြေအတားအဆီးကို ချမှတ်ဖို့အတွက် ဒီလိုကြီးမားတဲ့ခဲတံမျိုးကို ဘာလို့ခင်ဗျားသုံးခဲ့ရတာလဲ!

ပြီးတော့ အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ကြယ်နယ်မြေတွေအဖြစ် ခွဲခြားဖို့ ဘာလို့ဒီနည်းလမ်းကိုသုံးခဲ့ရတာလဲ!

ဒါတွေအကြားမှာ လျှို့ဝှက်ချက်ကဘာလဲ!

လုချန်ရှန်းပို၍တွေးတောလာလေလေ၊ သူ့မျက်နှာကပို၍ပင်လေးနက်လာလေလေဖြစ်သည်။

ထို့ထဲတွင် မသိရသေးသည့်လျှို့ဝှက်ချက်တချို့ပါ၀င်နိုင်ပါသည်။ ဤသည်ကို တွေးမိသောအခါ လုချန်ရှန်း ထိုးဖောက်လုနီးပါးဖြစ်နေသည့် အာကာသအခြေခံတာအိုစွမ်းအားကို ရုတ်သိမ်းလိုက်၏။

ထို့နောက်တချိန်တည်းမှာပင် သူ့လက်ကို ပြန်ဆွဲယူလိုက်သည်။

လျိုကျိယုမေးလိုက်သည်။

"ဘာများမှားယွင်းနေလို့လဲ"

"ကျရှုံးသွားတာလား"

လုချန်ရှန်းခေါင်းခါယမ်းသည်။

သူတွေးနေသည်။ ဤကြယ်နယ်မြေအတားအဆီးလွှာကို သူနောက်ထပ် နက်နက်နဲနဲနားမလည်နိုင်တော့သလို အားကောင်းအောင်မလုပ်နိုင်တော့။

အကယ်၍အားဖြည့်ပေးမည်ဆိုပါက ဤလျှို့ဝှက်ချက်အလွှာပါ ပါ၀င်လာပေလိမ့်မည်။ ဤသို့ဆိုပါက အကြောင်းရင်းနှင့် အကျိုးဆက်ကိုပါ မြှုပ်နှံပြီးသားဖြစ်သွားပေလိမ့်မည်။

လုချန်ရှန်း ဤအလွှာကြောင့် ကိုယ့်ကိုကိုယ်မညစ်ညမ်းစေချင်ပါ။ ထို့ကြောင့် သူက အတားအဆီးကို အားဖြည့်ချင်သည့် အကြံကို လက်လျှော့လိုက်သည်။

သို့သော် အတားအဆီးကိုအားဖြည့်မရသော်လည်း လုချန်ရှန်း ကြယ်နယ်မြေအတားအဆီးတဝိုက်၌ အစီအရင်များစွာကို တည်ဆောက်လိုက်သေးသည်။

ထို့ကြောင့် လျိုကျိယုနှင့်အတူပြန်သွားခဲ့သည်။

ဤအရာအားလုံးကို အာကာသအနက်ပိုင်းက မျက်လုံးတစ်စုံက မြင်နေခဲ့သည်။

အပိုင်း(381) coming။

All Chapters