#၀န်းရံသည်#
Vol. 27 Ch. 381
နယ်နိမိတ်မဲ့နယ်မြေ သွေးကြောတောင်တန်းအနက်ပိုင်းသို့ မုချင်းချင်းနှင့် ကျန်သောသူများ ရောက်လာကြပြီဖြစ်သည်။
သို့စေကာမူ သူတို့ရောက်လာသောအခါ မြေကြီးက အလောင်းများနှင့် ပြည့်နှက်နေသည်ကိုတွေ့လိုက်ရသည်။
ငွေချပ်၀တ်စစ်သားအလောင်းများရှိသလို နယ်မြေပြင်ပက မိစ္ဆာများ၏ အလောင်းများလည်းရှိသည်။
တကယ်တမ်း၌ သိုင်းဧကရာဇ်အဆင့်စစ်တပ်က အရိုးနှင့်အကြွင်းအကျန်များကပိုများသည်။ ထို့ထဲတွင် အာရုံထွေပြားခြင်းအဆင့်က စွမ်းအားရှင်နှစ်ယောက်၏ အလောင်းများပင်ရှိနေသည်။
ဤမြင်ကွင်းကိုကြည့်ရင်း လူတိုင်း၏မျက်နှာများက လေးလံသွားကြသည်။ ကြည့်ရသည်မှာ တခုခုအမှန်တကယ် ဖြစ်ပျက်ခဲ့ပုံရသည်။ အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်အားလုံးက အသတ်ခံရသည်။
ဤသို့ဆိုပါက ကျန်သောသူများကရော!
လူတိုင်းကမုချင်းချင်းကို လှမ်းကြည့်ရင်း သူမဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။ မည်သို့ပင်ဆိုစေကာမူ သူမက လက်ရှိခေါင်းဆောင်ဖြစ်သည်။
မုချင်းချင်း လေးလံသည့်မျက်နှာအမူအရာဖြင့် ထိုအလောင်းများကိုကြည့်လိုက်မိသည်။
လူအနည်းငယ်တော့ကျန်ခဲ့သင့်သည်။ ထိုလူများက တခုခုကိုသတိထားမိပြီး စိတ်ပျက်အားငယ်စွာ ထွက်ပြေးပုန်းရှောင်နေခြင်းဖြစ်ရပေမည်။
နယ်မြေပြင်ပက မိစ္ဆာများ၏တိုက်ခိုက်မှုများကို ရှောင်ရှားကာ ရှေ့သို့သွားပြီး ထိုလူများကို ကယ်တင်ပြီး သတင်းအချက်အလက်များကို ရယူရပေမည်။
သို့စေကာမူ သူမကဤအကြံဉာဏ်ကို စွန့်လွှတ်ကာ တခြားလုပ်ဖော်ကိုင်ဖက်များကို စွန့်လွှတ်ရမည်လား။
အကယ်၍ဤတကြိမ်တွင်သာ ဆုတ်မည်ဆိုပါက အသိဉာဏ်ကိုဆုံးရှုံးရုံတင်မက လူများက သူတို့၏နှလုံးသားများကိုပါ ဆုံးရှုံးကြရပေလိမ့်မည်။
လက်အောက်ငယ်သားများကို အလွယ်တကူစွန့်လွှတ်တတ်သည့်ခေါင်းဆောင်နောက်ကို မည်သူကများ လိုက်ကြမည်နည်း။
ကောင်းတဲ့ဘက်က သူတို့ဘာမှမပြောနိုင်သော်လည်း နားလည်ပါသည်။ ဤတပ်မှူးအပေါ် သူတို့၏ယုံကြည်မှုများက အမှန်တကယ်ပင် သိသာစွာကျဆင်းသွားခဲ့သည်။
လူတိုင်း၏နှလုံးသားကပြန့်ကြဲနေကြ၏။
ဤသို့ဆိုပါက မုချင်းချင်းက ခေါင်းဆောင်နေရာတွင် ထိုင်ရန်မသင့်တော်တော့ပါ။ သူက စစ်အင်အားနှင့် ထိုက်တန်တော့မည်မဟုတ်တော့။ အဖြေကသိသာထင်ရှားနေသည်။
ထိုအခိုက်အတန့်၌ မုချင်းချင်းက ရှေ့တိုးကာ ကျန်ရှိနေသည့်လူများကို ကယ်တင်ရင်း သတင်းအချက်အလက်များကိုရယူရန်ကိုသာ ရွေးချယ်နိုင်တော့သည်။
ထို့ကြောင့် မုချင်းချင်းညွှန်ကြားလိုက်သည်။
"ဒီနေရာကို အင်အားအပြည့်နဲ့ရှာဖွေကြ၊ တခြားလူတွေရဲ့သဲလွန်စတွေကို ရှာကြ၊ တချိန်တည်းမှာပင် အနီးအနားမှာ ခြေရာတွေရှိလားဆိုတာ စစ်ဆေးကြ"
ကျန်ရှိနေသူများက သူတို့ဘယ်နေရာသို့ သွားကြသလဲဆိုတာကို ပြသရန်အတွက် အချက်ပြမှုတခုကို ချန်ထားနိုင်သည်။
ဤစကားလုံးများကိုကြားသောအခါ လူတိုင်း၏စိတ်ဓာတ်များက မြှင့်တက်လာကြသည်။
မုချင်းချင်းအပေါ် လေးစားမှုနှင့်ယုံကြည်မှုက ပို၍ပင်အားကောင်းလာသည်။
ယဲ့ချိုးပိုင်ဤမြင်ကွင်းကိုကြည့်ရင်း ညင်သာစွာခေါင်းညိတ်သည်။
ဘေးကမုဖူရှန်းကိုကြည့်ရင်းသူကပြောသည်။
"မင်းညီမလေးကမဆိုးဘူးဘဲ"
ဤသည်ကိုကြားသောအခါ မုဖူရှန်းဂုဏ်ယူနေပုံရပြီး လက်ကိုခါး၌ထောက်လိုက်၏။
"ဒါပဲလေ၊ ဘယ်သူ့ညီမလဲဆိုတာ မတွေ့ဘူးလား"
ယဲ့ချိုးပိုင်ဆွံအစွာမျက်ခုံးပင့်လိုက်မိသည်။ ဤကောင်ကိုသူထပ်ပြီးချီးမွမ်းတော့မည်မဟုတ်တော့။
ဘာလို့အရမ်း၀င့်ကြွားကြွားနေတာတုန်း!
"ဒါပေမယ့် မင်းရဲ့စရိုက်နဲ့တော့ အရမ်းကွာလွန်းတယ်"
"မင်းသာဆိုရင် ချက်ချင်းနောက်ဆုတ်သွားမှာမလား"
မုဖူရှန်းမျှော်လင့်မထားစွာပင် ခေါင်းခါယမ်းသည်။
ယဲ့ချိုးပိုင် ဤအခြေအနေရပ်ကိုမြင်ရသောအခါ အနည်းငယ်အံ့ဩသင့်သွား၏။
"ဒီလိုဆိုမှတော့ ငါမင်းကိုနားလည်မှုလွဲသွားပြီပဲ၊ မင်းကအရဲစွန့်မှာလား၊ ကြည့်ရတာ အနာဂတ်မှာ ငါ့အမြင်ကို ပြောင်းရတော့မယ့်ပုံပဲ"
ဤသည််ကိုကြားသောအခါ မုဖူရှန်းရှက်ရွံ့စွာခေါင်းကုတ်လိုက်သည်။
"မဟုတ်ဘူး၊ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်လုံး၀လာမှာမဟုတ်ဘူး"
ယဲ့ချိုးပိုင် "....."
ဟုတ်ပါပြီ၊ ဒါကငါ့အမှားပါ!
မင်းကိုငါမမြင်နိုင်ဖြစ်ခဲ့တယ်!
ဘေးကရှောင်ဟိုင်နှင့်ရှီရှန်းတို့ကလည်း ရယ်မောလိုက်ကြသည်။
သူတို့၏ဂျူနီယာအသစ်က အတော်လေးအလုပ်များလွန်းသည်။ ဒါပေမယ့်ဒီပုံစံက ဘာလို့ဆရာနှင့်တူနေရတာလဲ!
ဆရာဤကောင်ကို တပည့်အဖြစ်လက်ခံတုန်းက အရမ်းပျော်ရွှင်စွာ ပြုံးနေသည်မှာ အံ့ဩသင့်စရာမရှိတော့။
ထိုအချိန်တွင် မုချင်းချင်းလက်အောက်က ဒုဗိုလ်ချုပ်က အော်ဟစ်သည်။
"အရှင်မင်းသမီး၊ ဒီမှာတခုရှာတွေ့ပါတယ်"
မုချင်းချင်းအသံကိုကြားသည်နှင့် ချက်ချင်းလျှောက်သွားသည်။
ဒုဗိုလ်ချုပ်က သစ်ပင်တစ်ပင်၏ ကျိုးပဲ့နေသည့်ပင်စည်ကိုလက်ညိုးထိုးပြသည်။
"အရှင်မင်းသမီး၊ ဒီမှာကြည့်လိုက်ပါဦး"
မုချင်းချင်း ဒုဗိုလ်ချုပ်၏လက်ချောင်းအတိုင်း လှုပ်ရှားကာ ထိုနေရာသို့သွားလိုက်သည်။
သူညွှန်ပြသည့်နေရာ၌ ဓားတစ်ချောင်းဖြင့် ထွင်းထုထားသည်ကို တွေ့ရသည်။ ဓားကိုယ်ထည်က အရမ်းပါးလွှာပြီး လက်ကိုင်က အတော်လေးကျယ်သည်။
ထိုအချိန်က အသေးစိတ်အချက်အလက်များကို မုချင်းချင်းက အသေးစိတ်လုပ်ခဲ့သည်။
ဤသည်က စစ်တပ်၏ တပ်ဆင်ကုဒ်တမျိုးပင်။ ဓားထိပ်ကညွှန်ပြနေသည့်တည်နေရာက အရှေ့ဘက်ဖြစ်သည်။
ဆိုရမည်ဆိုပါက ကျန်ရှိနေသည့်လူအနည်းငယ်က အရှေ့ဘက်သို့ပြေးသွားခဲ့ကြသည်။
နောက်ထပ်ဆွေးနွေးမနေတော့ဘဲ မုချင်းချင်းချက်ချင်းဆိုသလို သေးသွယ်သည့်လက်ကိုဝှေ့ယမ်းကာ ကျယ်လောင်စွာပြောသည်။
"သွားကြရအောင်၊ အနီး၀န်းကျင်က ခြေရာ သဲလွန်စတွေကို အာရုံစိုက်ထားကြ"
ထိုစကားလုံးများကိုကြားပြီးနောက် လူတိုင်းကချက်ချင်းစတင်ထွက်ခွာကြသည်။
အရှေ့ဘက်သို့ဦးတည်နေစဉ် နောက်ထပ်အလောင်းနှစ်လောင်းကို သူတို့တွေ့ရသည်သာမက တိုက်ပွဲခြေရာများအပြင် သဲလွန်စများကိုပါ တွေ့ခဲ့ရသည်။
သဲလွန်စအတိုင်း နေရာပြောင်းကာ လိုက်ပါရင်း ရက်တ၀က်ခန့်ကြာသောအခါ နောက်ဆုံးတွင် အော်ရာအတက်အကျကို သူတို့ခံစားလိုက်ရလေပြီ။
မြူခိုးနက်ထဲတွင် အော်ရာကိုကန့်သတ်ထားသည်။ သွေးကြောတောင်၏ ပတ်၀န်းကျင်ဧရိယာကြောင့် ကမ္ဘာသန့်စင်အစီအရင်အတွက် ပုံစံအများစုကို ချမှတ်ပြီးသားဖြစ်နေသည်။
အတိုင်းအတာတခုအထိ ဤသည်က မြုခိုးနက်၏စွမ်းရည်ကို ကန့်သတ်ထားသည်။ ထို့ကြောင့် အော်ရာအတက်အကျကို ရှာမတွေ့နိုင်မှာ သူမကြောက်လာသည်။
သူတို့ရှေ့မိုင်ငါးရာ၌ မိစ္ဆာနက်စွမ်းအားရှိသလို စွမ်းအားချင်းတိုက်ခတ်နေသည်။ ဤအော်ရာလေးခုက အတော်လေးနှေးကွေးနေသည်။
ဤသည်ကိုခံစားမိသောအခါ မုချင်းချင်း လူတိုင်းကို ချက်ချင်းထိုနေရာသို့ဦးဆောင်သွားသည်။
သူတို့ထိုနေရာသို့ရောက်လာသောအခါ မူလလူလေးယောက်ကို တွေ့လိုက်ရလေပြီ။
သူတို့ထဲကတယောက်ကထိုမိစ္ဆာများ၏ ဖမ်းဆီးခြင်းကိုခံထားရပြီး မုချင်းချင်းနှင့် လူတိုင်း၏အကြည့်အောက်တွင် အပိုင်းပိုင်းအစစ ဆွဲဖြတ်ခံလိုက်ရပြီး မိစ္ဆာက ပါးစပ်ထဲထည့်လိုက်သည်။
ဤမိစ္ဆာက အာရုံထွေပြားခြင်းအဆင့်ကို ရောက်နေသည်မှာ သိသာထင်ရှားနေသည်။
ပုံမှန်အာရုံထွေပြားခြင်းအဆင့်များနှင့် ယှဉ်မည်ဆိုပါက သူကအနည်းငယ်ပိုအားကောင်းသည်။
ကျန်သောသုံးယောက်ကလည်း အာရုံထွေပြားခြင်းအဆင့် စွမ်းအားရှင်များဖြစ်ကြသည်။ သူတို့ထဲကတယောက်က ငွေချပ်၀တ်တပ်မှူးဖြစ်သည်။
မုချင်းချင်းနှင့်အားလုံး ရောက်လာသည်ကို မြင်သဖြင့် ငွေချပ်၀တ်တပ်မှူးက ချက်ချင်းကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"အရှင်မင်းသမီး၊ အမြန်ထွက်သွားတော့"
စကားပြောနေရင်း သူကလှံကိုပစ်လွှတ််လိုက်သည်။ လှံကိုယ်ထည်၌ စာလိပ်တခုချည်ထားသည်။
မုချင်းချင်းလှမ်းယူလိုက်သော်လည်း စာလိပ်ကို မဖွင့်သေးပါ။
ထို့ထဲတွင် သူတို့အသက်များနှင့် လှဲလှယ်၀ယ်ယူခဲ့သည့် ထောက်လှမ်းရေးသဲလွန်စတခုရှိရပေမည်။
နယ်မြေပြင်ပကမိစ္ဆာက ဤမြင်ကွင်းကို ကြည့်ရင်း ပါးစပ်ထောင့်စွန်းက နီရဲတောက်ပနေသည့်သွေးကို လျက်ကာ အကြည့်ကို နှစ်ခြိုက်ခံစားနေသည်။
မုချင်းချင်းနှင့်ကျန်သောသူများကိုကြည့်ရင်း သူ့မျက်နှာပေါ်၌ လောဘတခုရှိနေသည်။
"အိမ်တံခါး၀မှာ နောက်အစားအစာတွေ လာပို့တာလား"
"အရေအတွက်ကိုကြည့်ရမယ်ဆိုရင်တော့ ဒါကငါ့ရဲ့လက်အောက်ငယ်သားတွေအတွက် ဝေမျှဖို့လုံလောက်ပါပြီ"
"ထွက်သွားချင်တာလား၊ မင်းတို့မလုပ်နိုင်မှာ ငါကြောက်မိတယ်"
စကားပြောပြီးနောက် သူကလက်ကို ဝှေ့ယမ်းလိုက်သည်။
မုချင်းချင်းနှင့်ကျန်သောသူများ၏၀န်းကျင်က မြူခိုးနက်ထဲက မြောက်မြားစွာသော တပ်မှူးအဆင့် မျက်နှာစိမ်းမိစ္ဆာများက ထရပ်လိုက်ကြပြီး လူတိုင်းကို ၀န်းခံလိုက်ကြသည်။
အာရုံထွေပြားခြင်းနယ်ပယ်က စွမ်းအားရှင်သုံးဦးအပါအ၀င် ငွေချပ်၀တ်တပ်မှူးတို့၏ မျက်နှာများက ကြည့်ရဆိုးနေကြသည်။
သူတို့ရှေ့က အာရုံထွေပြားခြင်းမိစ္ဆာမျိုးနွယ်စုကအရမ်းအားကောင်းလွန်းသည်။
သူတို့သုံးယောက်အင်အားစုလိုက်လျှင်ပင် သူတို့ကိုဖိနှိပ်နိုင်မည်မသေချာ။
ဤသည်ကိုမဆိုထားနဲ့၊ ဤနေရာ၌ တခြားနယ်မြေပြင်ပကမိစ္ဆာများရှိနေသေးသည်။
ရလဒ်အနေနှင့် သူတို့အဖွဲ့တွင် သုံးယောက်တည်းသာကျန်တော့သည်။
ဤမြင်ကွင်းကိုကြည့်ရင်း မုချင်းချင်း၏ အမူအရာက အတော်လေးကြည့်ရဆိုးသွားခဲ့သည်။
"ငါအဆင်သင့်မဖြစ်သေးဘူး"
သူတို့ဤနေရာရောက်နေပြီဆိုမှတော့ မုချင်းချင်းက ဘေးကင်းမှုကို အာမခံချင်သည်။ ထို့ကြောင့် သူမက စာလိပ်တလိပ်ကို ထုတ်ယူလိုက်သည်။
ပတ်ပတ်လည်က အာရူံထွေပြားခြင်းအဆင့် စွမ်းအားရှင်နှစ်ယောက်က ဤမြင်ကွင်းကို မြင်သောအခါ သူတို့ကညင်သာစွာ ခေါင်းညိတ်ရင်း မုချင်းချင်းအနားတွင် ရပ်ကာ လက်များကို ဆန့်ထုတ်လိုက်ကြသည်။
တစ်ယောက်ပြီးတစ်ယောက် ဝိဉာဉ်စွမ်းအင်များကို စာလိပ်ထဲသို့ သွန်ထည့်လိုက်ကြ၏။
ထို့ထဲတွင် ကမ္ဘာသန့်စင်ရေးအစီအရင်တခုထွင်းထုလာသည်။ သယ်ရလွယ်ရန်အတွက် ဤသည်ကို စာလိပ်ထဲတွင်ထည့်ထားခြင်းပင်။ တစ်နည်းအားဖြင့် စွမ်းအားကို မလျော့ကျသွားစေရန်ဖြစ်သည်။
ဤသည်ကို အပြည့်အ၀အသက်သွင်းရန်အတွက် အော်ရာကိုထည့်သွင်းရန် အာရုံထွေပြားခြင်းအဆင့်က စွမ်းအားရှင်ကို လိုအပ်သည်။
သို့သော် ဤအရာများကအချိန်ယူရသည်။
မုချင်းချင်း မုဖူရှန်းကိုကြည့်ကာ လေးနက်စွာပြောသည်။
"အစ်ကို၊ ဒါကိုအစ်ကိုကို အရင်လက်လွှဲပေးခဲ့လိုက်မယ်၊ ကျေးဇူးပြုပြီး အမွေးတိုင် တစ်တိုင်စာအတွင်းလုပ်ပေးပါ"
ဤစကားလုံးများကိုကြားသောအခါ မုဖုရှန်းမငြင်းတော့ပါ။ ယခုအနေအထားတွင် သူတို့က နောက်လှည့်၍မရတော့။
သူ့အဖို့ ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်ကိုသုံးရန်ဟူသည်လည်း မဖြစ်နိုင်ပေ။ သူကလူအနည်းငယ်ကို ခေါ်ယူသွားနိုင်သော်လည်း လူတစ်၀က်ကျော်က ပြိုလဲကျသွားပေလိမ့်မည်။ မုဖူရှန်းအဖို့ ဤသို့ လုပ်ရန်ဟူသည် မဖြစ်နိုင်ပေ။
အပိုင်း(382) coming။