#သွေးဆောင်မှု#
Vol. 27 Ch. 382
မင်းသားတပါးတဖြစ်လဲ နယ်နိမိတ်မဲ့နယါမြေအရှင်ဖြစ်သည့် မုကျန်းထင်ခန့်အပ်ထားသည့် အမွေခံဖြစ်သဖြင့် မုဖူရှန်းက ဤရက်များအတွင်း အဆင်မပြေဖြစ်ခဲ့သလို အင်ပါယာ၏အမွေခံဖြစ်ရမည့် သူ့ပုံရိပ်ကို သတိမထားမိသော်လည်း တာ၀န်ယူရသည့်အရာများအတွက်မူ မုဖူရှန်းငြင်းဆန်မည်မဟုတ်ပေ။
ကောလဟာလအရ မုဖူရှန်းက တာ၀န်မယူတတ်သည့်လူတစ်ယောက်ဖြစ်သလို မုက်ျးထင်က သူ့ကို အရေးပါသည့်တာဝန်များကိုလည်းမပေးခဲ့ပေ။ တူညီစွာပင် သူက အင်ပါယာအမွေခံဟူသည် ပုံရိပ်ကို လက်မခံခဲ့။
ထို့ကြောင့် မုချင်းချင်း၏တောင်းဆိုချက်အပေါ် မုဖူရှန်း တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်ခြင်းဖြစ်သည်။
ယခုတွင်မူ နှစ်ဘက်ကြားက ခွန်အားကွာဟချက်က အနည်းငယ်ကြီးမားသည်မှာ သိသာထင်ရှားနေသည်။
ထိုသုံးယောက်ကိုဦးဆောင်နေသည့်ငွေချပ်၀တ်တပ်မှူးနှင့်အတူ မုဖူရှန်း၏စခန်းကိုပါ ပေါင်းမည်ဆိုပါက အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်ရှစ်ဦးသာရှိသည်။
နယ်မြေပြင်ပကမိစ္ဆာများတွင်မူ ဆယ်ယောက်ပင်ရှိသည်။
အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားရ လူနှစ်ယောက်ကြားတွင်ပင် ခြားနားချက်တခုရှိနေပြီးသားဖြစ်သည်။
ယခုလိုတိုက်ပွဲအခြေအနေမျိုးတွင် အမြင့်ဆုံးတိုက်ပွဲစွမ်းအားကွာဟချက်က အခြေအနေတခုလုံးကို မကြာခဏ သက်ရောက်စေသည်။
ယခုမုဖူရှန်းဆုံးဖြတ်သင့်သည်က လူအများကိုအနည်းငယ်နှင့် မည်သို့အနိုင်ယူရန်နှင့် အာရုံထွေပြားခြင်းရန်သူဆယ်ယောက်ကို မည်သို့ထိန်းချုပ်ထားရမလဲဆိုသည်ကိုပင်။
သို့သော် မုဖူရှန်းဤအကြောင်းကို တွေးတောနေသည်အထိ စဉ်းစားမနေတော့ဘဲ အဆင်ပြေစေရန်အတွက် ဆောင်ရွက်မှုများရှိလာသည်။
အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအား၌ အသာစီးရနေသော်လည်း ဤဗိုလ်ချုပ်အဆင့်ခေါင်းဆောင်က အနည်းငယ်မျှပင် မပေါ့ဆရဲပါ။
(အပေါ်မှာ စာရေးဆရာကအမှားတခုလုပ်ခဲ့ပါတယ်၊ နယ်မြေပြင်ပကမိစ္ဆာတွေအတွက် အဆင့်သတ်မှတ်ချက်က မိစ္ဆာစစ်သည်များ,တပ်မှူးများ, မိစ္ဆာဗိုလ်ချုပ်များနှင့် မိစ္ဆာဘုရင်တို့ဖြစ်သည်။ မိစ္ဆာဗိုလ်ချုပ်များ၏အဆင့်ကို နတ်ဘုရားများ၏အဆင့်၊ တနည်းအားဖြင့် အာရုံထွေပြားခြင်းအဆင့်နှင့် ယှဉ်၍ရသည် )
မုချင်းချင်းလက်ထဲက စာလိပ်ကိုကြည့်ရင်း သူကချက်ချင်းလက်ဝှေ့ယမ်းလိုက်သည်။
"သူမကိုသတ်လိုက်"
ရုတ်တရက်ဆိုသလို မိစ္ဆာဗိုလ်ချုပ်ဆယ်ဦးက တကြိမ်တည်းမှာပင်တိုက်ခိုက်လာပြီး မုချင်းချင်းထံပြေး၀င်သွားကြ၏။
ဤသည်ကိုမြင်သောအခါ မုချင်းချင်း၏မျက်နှာကလေးနက်သွားသည်။
ဤအဆင့်ထိရောက်နိုင်သည့်လူများက တုံးအကြသည့်လူများမဟုတ်ပါ။ သူတို့က လက်တွေကို ရုတ်သိမ်းထားကြမည်မဟုတ်။
ထို့ကြောင့်ရန်သူများအတွက် သူတို့အား ခွန်အားအပြည့်ဖြင့်လာရောက်သတ်ဖြတ်သည်က သဘာ၀ကျပေသည်။
အကယ်၍ အခြေအနေရပ်ကသာ ပြောင်းပြန်ဆိုပါက မုဖူရှန်းကလည်း ဤကဲ့သို့လုပ်မိပေလိမ့်မည်။
ဤသည်ကိုမြင်သောအခါ မုဖူရှန်းချက်ချင်းဆိုသလို တန်ပြန်ဆောက်ရွက်မှုတခုလုပ်ဆောင်လာသည်။
"အာရုံထွေပြားခြင်းအဆင့်က လူတွေကို တိုက်ခိုက်ဖို့ ပဏာမခြေလှမ်းမလှမ်းကြနဲ့၊ ကာကွယ်ရေးအတားအဆီကို အင်အားအလုံးစုံနဲ့ထုတ်လွှတ်ကြ"
"သိုင်းဧကရာဇ်နယ်ပယ်ကလူတွေက ပတ်ပတ်လည်က မိစ္ဆာစစ်သည်တွေရဲ့ ရုတ်တရက်တိုက်ခိုက်မှုကို အာရုံစိုက်ထားကြ"
"တချိန်တည်းမှာပဲ နယ်မြေပြင်ပက တခြားမိစ္ဆာတွေရဲ့ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကို ကာကွယ်တားဆီးဖို့အတွက် မြူခိုးနက်တွေကို အမြဲအာရုံစိုက်ထားကြ"
အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားကွာဟချက်က အတော်လေးကြီးမားသည်။
အကယ်၍ တိုက်ခိုက်ရန် ပဏာမခြေလှမ်းလှမ်းမည်ဆိုပါက သူတို့က မီးတောင်ထဲက လိပ်များပမာဖြစ်နေမည်ဖြစ်ကာ သေခြင်းတရားကို ရှာဖွေနေသည်နှင့် တူနေပေလိမ့်မည်။
ထို့ကြောင့်ယခုလိုလုပ်ခြင်းကသာ အကောင်းဆုံးအဖြေဖြစ်သည်။
တချိန်တည်းမှာပင် မုဖူရှန်းက ယဲ့ချိုးပိုင်တို့ကိုကြည့်ကာမေးလိုက်သည်။
"စီနီယာအစ်ကိုတို့၊ တကယ်လို့အစ်ကိုတို့ ခွန်အားအပြည့်နဲ့တိုက်ခိုက်မယ်ဆိုရင် အာရုံထွေပြားခြင်းအဆင့်မိစ္ဆာတစ်ယောက်ကို တားဆီးနိုင်လောက်လား"
အာရုံထွေပြားခြင်းအဆင့်!
ဤအဆင့်ကအဆင့်တစ်ခုဆိုသည်ထက်ပိုသည်။ အာရုံထွေပြားခြင်းအဆင့် အခြေအနေရှိလူတစ်ယောက်က သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်တစ်ယောက်ကို လက်တစ်ချောင်းတည်းဖြင့် သတ်ပစ်နိုင်သည်ဟုဆို၍ရသည်။ သိုင်းဧကရာဇ်တ၀က်ဆိုပါက ပြောစရာပင်မလိုတော့။
သို့သော် အကယ်၍ ယဲ့ချိုးပိုင်တို့ကသာ ဝှက်ဖဲများကိုသုံးမည်ဆိုပါက ထိုမိစ္ဆာများက သိုင်းဧကရာဇ်နယ်ပယ်ကလူများကို ခုခံနိုင်မည်မဟုတ်။
မုဖူရှန်းပြောသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"သေချာတာပေါ့၊ ငါတို့ခွန်အားအကုန်နဲ့ တားဆီးလို့ရတယ်၊ ဒါပေမယ့်နောက်တစ်ယောက် ကျန်သေးတယ်လေ"
မုဖူရှန်းခါးသီးစွာပြုံးရင်း သူ့ကိုယ်သူလက်ညိုးထိုးပြကာ မျှော်လင့်မထားသည့် ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။
"ကျန်တစ်ယောက်က ငါ့အပေါ်မူတည်တယ်"
မုဖူရှန်းက သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်ကစွမ်းအားရှင်တစ်ဦးဖြစ်သည်။
သူကသူ့၏သိုင်းပညာအတိမ်အနက်ကို မပြသသော်လည်း တကယ်တမ်းတွင် ပါရမီက အတော်လေးထူးချွန်ပေသည်။
အင်ပါယာ၏အမွေခံတဖြစ်လဲ သူ့တွင်လည်း နယ်နိမိတ်မဲ့နယ်မြေ၏ အရင်းအမြစ်များကို အပြည့်အ၀အသုံးချနိုင်စွမ်းရှိသည်။
မုဖူရှန်း၏နယ်မြေက အရမ်းကြီးမဆိုးသော်လည်း မုဖူရှန်း၏လုပ်ဆောင်ချက်များက ယဲ့ချိုးပိုင်တို့ကို အနည်းငယ်အံ့ဩသင့်သွားစေသည်။
မည်သို့ပင်ဆိုစေကာမူ မုဖူရှန်း၏ပင်ကိုယ်စရိုက်က ဆရာနှင့်တူသည်။
ပထမဆုံးအနေနှင့် မသေချာသည့်အရာများကို မည်သောအခါမှ မလုပ်ပေ။
သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်နှင့် အာရုံထွေပြားခြင်းနယ်ပယ်ဆိုသည် ကမ္ဘာကြီးတစ်ခုပမာ ခြားနားသည်။
ဤသည်က သိုင်းဧကရာဇ်တ၀က်နယ်ပယ်နှင့် သိုင်းဧကရာဇ်နယ်ပယ်ကြားက ကွာဟချက်မဟုတ်ပေ။
နယ်ပယ်ပိုမြင့်လာလေလေ၊ အဆင့်ဖြတ်ကျော်ရန်ဟူသည် ပို၍ခက်ခဲလာလေလေဖြစ်သည်။
သူက သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်နေပြီဖြစ်သော်လည်း အာရုံထွေပြားခြင်းနယ်ပယ်က စွမ်းအားရှင်တစ်ယောက်ကို အဆင့်ဖြတ်ကျော်ကာ ကိုင်တွယ်ရန်ဟူသည် မဖြစ်နိုင်သလောက်ပင်။
အနည်းဆုံးနယ်နိမိတ်မဲ့နယ်မြေ၌ ဤကဲ့သို့ အရာမျိုးတခါမှမဖြစ်ပျက်ခဲ့ပေ။
ဒုတိယအနေနှင့် မုဖူရှန်းက သူ့ကိုယ်သူ အန္တရာယ်ထဲတွင် မည်သောအခါမှ ထည့်သွင်းမည်မဟုတ်ပေ။
ယခုကိစ္စတွင် မုဖူရှန်း၏အန္တရာယ်က အလွန်မြင့်မားသည်ဆိုတာ သံသယမရှိသေချာသည်။
အကယ်၍ကောင်းကောင်းမကိုင်တွယ်နိုင်ပါက သူကရန်သူ၏သတ်ဖြတ်ခြင်းကိုခံရကာ မိစ္ဆာ၏ အစာ၊ အာဟာရများဖြစ်လာပေလိမ့်မည်။
သို့စေကာမူ မုဖူရှန်းဤစကားများကို ပြောလိုက်သောအခါ သူ့တွင်လည်း သူ့ကိုယ်ပိုင်အတွေးများရှိပေလိမ့်မည်။
ယဲ့ချိုးပိုင်တို့ခေါင်းညိတ်လိုက်သည်။
"ဂရုစိုက်ပါ"
မုဖူရှန်းကလည်းခေါင်းညိတ်သည်။
လေးယောက်လုံးသဘောတူညီမှုရပြီးနောက် ယဲ့ချိုးပိုင်တို့က မိစ္ဆာဗိုလ်ချုပ်တစ်ဦးထံပြေး၀င်သွားလေတော့သည်။
အရိပ်ကဆင်းသက်လာသည်!
အကြွင်းမဲ့ဓားစက်ကွင်းနယ်ပယ်လေးခု!
ကြယ်အရှင်သခင်!
အရာအားလုံးထွက်လာသည်။
တချိန်တည်းမှာပင် ရှောင်ဟိုင်က ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်တင်းပုတ်ကို လက်ထဲတွင် ကိုင်ထားပြီးဖြစ်သည်။
ယဲ့ချိုးပိုင်ကလည်း ကြယ်ကြွေဓားကို ထုတ်ယူလိုက်သည်။
ရှီရှန်းကကည်း ကြယ်စင်စွမ်းအားကို အသုံးပြုလိုက်သဖြင့် ယခုမှောင်မဲနေလေရာ သူ့ခွန်အားက ထိုးတက်သွားသည်။
ဤသည်ကိုမြင်သောအခါ မုဖူရှန်းအသက်ပြင်းပြင်းရှုရင်း သူ့ပုံရိပ်က လင်း၀င်သွား၏။
ထို့နောက်သူက မိစ္ဆာဗိုလ်ချုပ်ရှေ့တွင် ရောက်နေပြီဖြစ်သည်။ ဤမိစ္ဆာဗိုလ်ချုပ်က နယ်မြေပြင်က မိစ္ဆာများကို လောလောဆယ် အမိန့်ပေးနေသည့် မိစ္ဆာဗိုလ်ချုပ်ကြီးဖြစ်သည်။
မိစ္ဆာဗိုလ်ချုပ်ကြီးက မျက်ခုံးအနည်းငယ်ပင့်ကာ မုဖူရှန်းကို စိတ်၀င်တစားကြည့်ရင်း နက်မှောင်သည့်အသံဖြင့်ပြောသည်။
"အိုး၊ သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်ပုရွက်ဆိတ်လေးက ငါ့ကို ရင်ဆိုင်ရဲတာလား"
"ဒီဗိုလ်ချုပ်ရဲ့ကိုယ်ထဲမှာ အာဟာရဓာတ်ဖြစ်လာဖို့အတွက် အရမ်းစိတ်မရှည်ဖြစ်နေတာလား"
မုဖူရှန်းမျက်မှောင်ကြုတ်လိုက်သည်။
အကယ်၍သူတို့သာပြန်သွားမရတော့သည့် ကိစ္စမျိုးရှိခဲ့မည်ဆိုပါက သူအသတ်ခံရလျှင်ပင် မုဖူရှန်း ဤကဲ့သို့ အန္တရာယ်ရှိသည့် အရာမျိုးကို လုပ်မည်မဟုတ်။
မုဖူရှန်း မိစ္ဆာဗိုလ်ချုပ်ကြီးကိုကြည့်ရင်း လှောင်ပြောင်သည့်အသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"ဒီလိုဆိုမှတော့ ကျုပ် သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်က ပုရွက်ဆိတ်လေးတစ်ကောင်က ခင်ဗျားရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသလားဆိုတာ ခင်ဗျားကြိုးစားကြည့်လို့ရတယ်"
ဤသည်ကိုကြားသောအခါ မိစ္ဆာဗိုလ်ချုပ်ကြီးက နှာခေါင်းရှုံ့ရင်း ထောက်ပြလိုက်သည်။
မြူခိုးနက်အသွင်ဆောင်ထားသည့် သိပ်သည်းကာ မှောင်မိုက်သော အတော်လေးကျစ်လျစ်သည့်အလင်းတန်းတစ်ခုက မုဖူရှန်းရင်ဘတ်သို့ ပစ်၀င်သွား၏။
ဤတိုက်ခိုက်မှုကို အာရုံထွေပြားခြင်းအဆင့်က စွမ်းအားရှင်တစ်ယောက်ပင် အလွယ်တကူ ခုခံနိုင်မည်မဟုတ်ပေ။
မုဖူရှန်းကလည်း လေးနက်သွားပြီး တစ်ချက်လေပူမှုတ်ထုတ်လိုက်သည်။
ကာကွယ်ရေးအတားအဆီးများစွာက သူ့ရှေ့တွင်ပေါ်လာသည်ာ
အနက်ရောင်အလင်းက အလွန်အစွမ်းထက်လေရာ အတားအဆီးအလွှာများကို တိုက်ရိုက်ပင် ထိုးဖောက်နေသည်။
သို့သော် နောက်ဆုံးအလွှာသို့ရောက်လာသောအခါ ၎င်းကပိတ်ဆို့ခံလိုက်ရသည်။
မုဖူရှန်းက လက်ထဲတွင် ကျောက်စိမ်းဆွဲသီးတခုကိုကိုင်ထားသည်။ ဤကျောက်စိမ်းဆွဲသီးထဲတွင် အာရုံထွေပြားခြင်းအဆင့်က စွမ်းအားရှင်တစ်ဦး၏အော်ရာဖြင့် ပြည့်နှက်နေသည်။
အနက်ရောင်အလင်းပျောက်ကွယ်သွားသောအခါ ထိုကျောက်စိမ်းဆွဲသီးကလည်း ကွဲအက်သွားပြီး ဖုန်မှုန့်များအဖြစ်ပြောင်းကာ မြူခိုးနက်ထဲတွင် ပြန့်ကြဲသွားသည်။
ဤသည်က တခါသုံးတခုထက်မပိုဘူးဆိုတာ သိသာထင်ရှားနေသည်။
မိစ္ဆာဗိုလ်ချုပ်ကြီးက အနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။ သို့သော် အံ့ဩသင့်စရာမရှိချေ။ ဤလူသားမျိုးနွယ်စုများ၏ လက်ထဲတွင် သက်ကယ်ဝှက်ဖဲတချို့ရှိသည်က ပုံမှန်သာ။
"မင်းမှာ ကျောက်စိမ်းဆွဲသီးဘယ်နှစ်ခုလောက် ရှိသလဲဆိုတာကိုငါမသိပေမယ့် မင်းမမောမပန်းဘဲ အသုံးပြုလို့တော့မရနိုင်ဘူး၊ မှန်တယ်မလား"
ထိုသို့ပြောပြီးနောက် မိစ္ဆာဗိုလ်ချုပ်ကြီးက နောက်ထပ်လက်သုံးချောင်းကို ညွှန်ပြလိုက်သည်။
အနက်ရောင်အလင်းသုံးစင်းက မုဖူရှန်းထံ ထပ်မံပစ်၀င်သွားပြန်သည်။
မုဖူရှန်းဤမြင်ကွင်းကို ကြည့်ရင်း တိတ်ဆိတ်စွာပြောလိုက်မိသည်။
"ထပ်ပြီးတော့လား...."
ချက်ချင်းဆိုသလို နောက်ထပ်ကျောက်စိမ်းဆွဲသီးသုံးခုပေါ်လာကာ အနက်ရောင်အလင်းသုံးစင်းကို ထပ်မံခုခံလိုက်ပြန်သည်။
အင်ပါယာအမွေခံတဖြစ်လဲ သူ့တွင် အသက်ကယ်ပစ္စည်းများစွာရှိသည်က သာမန်သာ။ ဤသည်ကိုမဆိုထားနဲ့၊ မုဖူရှန်းက တခြားအစီအစဉ်များလည်းရှိသည်။
မိစ္ဆာဗိုလ်ချုပ်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းမှာထပ်ရှိသေးလား"
မုဖူရှန်းလက်များကိုဖြန့်လိုက်သည်။
"ဘယ်သူသိမှာလဲ"
ချက်ချင်းဆိုသလို သူ့ပုံရိပ်ကလင်း၀င်းကာ ထိုနေရာ၌ပျောက်ကွယ်သွားပြီး တခြားဘက်သို့ အရူးအမူးပြေးသွားသည်။
တချိန်တည်းမှာပင် သူ့နောက်၌ မိစ္ဆာဗိုလ်ချုပ်ကြီးက လိုက်ပါနေသည်။
မိစ္ဆာဗိုလ်ချုပ်ကြီး သူ့ကိုလိုက်ဖမ်းနေသည်ကို မြင်ရသောအခါ မုဖူရှန်းရယ်မောလိုက်သည်။
"ဟုတ်တယ်၊ နောက်ဆုံးတော့ ငါမျှားခေါ်လို့ရပီ"
အပိုင်း(383) coming။