← Chapters

#မိစ္ဆာဗိုလ်ချုပ်ကြီးကအရူးပဲ#

Vol. 27 Ch. 383

#မိစ္ဆာဗိုလ်ချုပ်ကြီးကအရူးပဲ#

Vol. 27 Ch. 383

အင်ပါယာအမွေခံတဖြစ်လဲ မုဖူရှန်း၏ ဦးနှောက်က သာမန်ဦးနှောက်မဟုတ်ပေ။ သူကဉာဏ်ရည်များကို အလွယ်တကူထုတ်သုံးနိုင်သည်။

သူကလက်ရှိတွင် အာရုံထွေပြားခြင်းနယ်ပယ်ဗိုလ်ချုပ်တစ်ယောက်ကို ကိုင်တွယ်ထားနိုင်သေးပြီး နည်းလမ်းတခုရှိနေသေးသည်။

အာရုံထွေပြားခြင်းနယ်ပယ်တဖြစ်လဲ တချိန်တည်းမှာပင် လူသားမျိုးနွယ်စုရှေ့တွင် ထူးခြားသည့်အသာစီးရမှုတခုကို ရရှိထားသည့် မိစ္ဆာက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်က မုဖူရှန်းကိုရင်ဆိုင်ရသောအခါ အလွန်အမင်း ဂုဏ်ယူနေသည်။

ထို့ကြောင့်မုဖူရှန်း ဤသည်ကိုအသုံးချကာ သေးငယ်သည့်ဝှက်ဖဲကို ဖော်ပြရန်အတွက် ပဏာမခြေလှမ်းလှမ်း‌ခဲ့ပြီး မိစ္ဆာဗိုလ်ချုပ်၏ တိုက်ခိုက်ခြင်းနည်းလမ်းများကို ခံနိုင်ရည်ရှိခဲ့သည်။

သို့စေကာမူ ဤအဆင့်၊ ဤအနေအထားတွင် ထိုမိစ္ဆာ၏ဦးနှောက်ကလည်း တုံးအပြီး အဆင်အခြင်မဲ့နေမည်မဟုတ်။

ထို့ကြောင့်မုဖူရှန်းတကြိမ်တည်းသုံးပြီး ထွက်ပြေးသည်နှင့် တဖက်လူကို သူ့ကိုလိုက်ဖမ်းရန်အတွက် သေချာပေါက် အသုံးပြု၍ရမည်မဟုတ်ပေ။

ထို့ကြောင့် မုဖူရှန်းအကြိမ်ပေါင်းများစွာသုံးကာ ပြိုင်ဘက်၏စိတ်ခံစားချက်များကို ကောင်းစွာ ထိန်းချုပ်ထားခဲ့သည်။ ၎င်းနောက်တွင် သူ့တွင် ထိုကာကွယ်ရေးကျောက်စိမ်းဆွဲသီးမရှိတော့သည်ကို ပြသရင်း အဝေးသို့ပြေးသွားလေတော့သည်။

ဤနည်းလမ်းဖြင့်သာ တဖက်လူက ငါးစာမိလာပြီး မလွယ်တကူဖမ်းနိုင်ပေလိမ့်မည်။

မုဖူရှန်း စိတ်သက်သာရာရစွာသက်ပြင်းချသည်။

ပထမခြေလှမ်းက ပြည့်စုံသွားပြီဟုဆို၍ရသည်။ ဒုတိယခြေလှမ်းက ဤမိစ္ဆာဗိုလ်ချုပ်ကြီးကို တောင်နှင့်မြစ်များစွာကို ဖြတ်သန်းရင်း ဤ‌သွေးကြောတောင်မှ ခေါ်ထုတ်သွားခြင်းဖြစ်သည်။

အဆုံးသတ်တွင် သူ့တာ၀န်က ပြီးမြောက်သွားပေလိမ့်မည်။

မုဖူရှန်းနှင့်နီးကပ်လာနေပြီဖြစ်သည့် မိစ္ဆာဗိုလ်ချုပ်ကြီးက ရှင်းသထက်ပိုရှင်းလာသည့် မုဖူရှန်းကိုကြည့်ရင်း လှောင်လိုက်သည်။

"ထွက်ပြေးချင်တာလား၊ မင်းအမြန်နှုန်းက ငါ့ထက်မြန်မယ်ထင်နေတာလား၊ ဒါမှမဟုတ် မင်းမှာ အသက်ကယ်ဖို့ တခြားလှည့်ကွက်တွေရှိသေးလား၊ မသုံးသေးဘူးလား"

မုဖူရှန်းပြန်မေးလိုက်သည်။

"ခင်ဗျားဘယ်လိုထင်လဲ"

သူကစိတ်ထဲတွင် မိစ္ဆာဗိုလ်ချုပ်ကြီး၏ ထိရောက်သည့်တိုက်ခိုက်မှုအကွာအဝေးကို တွက်ချက်နေခဲ့သည်။

ထိုစဉ် မိစ္ဆာဗိုလ်ချုပ်ကြီးက အေးစက်စွာ နှာခေါင်းရှုံ့ကာ မုဖူရှန်းနောက်သို့ချက်ချင်းရောက်လာပြီး ထက်ရှသည့်လက်သည်းများပါ၀င်သည့်လက်ကို ဆန့်ထုတ်လိုက်၏။

မုဖူရှန်းချက်ချင်းဆိုသလို မိုးကြိုးလွတ်မြောက်အဆောင်ကို အသုံးပြုလိုက်ပြီး မိုင်ငါးရာအကွာသို့ ထွက်ပြေးသွားလေတော့သည်။

မိစ္ဆာဗိုလ်ချုပ်ကြီး၏တိုက်ချက်ကလည်း ကျရှုံးသွားခဲ့ရသည်။ လက်သည်းတချောင်းက မြေကြီးကိုထိမိသောအခါ ရုတ်ချည်းဆိုသလို မြေကြီးက စတင်ကွဲအက်လာသည်။

မရေမတွက်နိုင်လောက်သောအက်ကြောင်းများထွက်ပေါ်လာပြီး မြေကြီးကပျက်စီးသွားသည်။

ထိုအခိုက်အတန့်၌ သွေးကြောတောင်တစ်ခုလုံးက ငလျင်ကြီးတခုဖြစ်ပျက်သွားသည့်ပလား တုန်ခါသွားပုံရသည်။

ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်၏ လွတ်မြောက်အကွာအဝေးက သေချာပါက် မိုင်ငါးရာထက်ပိုပေသည်။

အကယ်၍ သွေးကြောတောင်က တိုက်ရိုက်လွတ်မြောက်ချင်တယ်ဆိုလျှင်ပင် အတော်လေးလွယ်ကူသည်။

သို့သော် ထိုသို့တခါလုပ်လိုက်သည်နှင့် ဤမိစ္ဆာဗိုလ်ချုပ်ကြီးက သူ့ကိုဆက်လက်လိုက်ဖမ်းတော့မည်မဟုတ်တော့။

ဤသို့လုပ်ပါက အရင်ကအရာအားလုံးက အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။ ထို့ကြောင့် မုဖူရှန်း ဤလှုပ်ရှားမှုကို လုပ်ခဲ့ခြင်းပင်။

ရည်ရွယ်ချက်က မိစ္ဆာဗိုလ်ချုပ်ကြီး၏ တိုက်ချက်ကနေ လွတ်မြောက်ရန်ဖြစ်သည်။ တချိန်တည်းမှာပင် သူ့ကို အမှီလိုက်နိုင်သည်ဟုသော ခံစားချက်ကို ပေးရန်လည်းဖြစ်သည်။

ဤနည်းလမ်းဖြင့်ဆိုပါက မိစ္ဆာဗိုလ်ချုပ်ကြီးက ဆက်လက်လိုက်ဖမ်းပေလိမ့်မည်။

တချိန်တည်းမှာပင် သူ့နှလုံးသားထဲက ခံစားချက်များက ပို၍ပို၍ပူပန်မှုအဖြစ် ပြောင်းလဲလာပေလိမ့်မည်။

စိတ်အခြေအနေကို ထိခိုက်သွားသည်နှင့်တပြိုင်နက် ဦးနှောက်ကလည်း အသုံးပြုရတာ ခက်ခဲသွားမည်သာ။

ဤမြင်ကွင်းကိုကြည့်ရင်း မိစ္ဆာဗိုလ်ချုပ်ကြီး၏မျက်နှာက မည်းမှောင်သွား၏။

"အဆောင်လား၊ မင်းတို့လူသားတွေမှာ လှည့်ကွက်လေးတွေအများကြီးရှိတာပဲ၊ ဒါပေမယ့်ဒါတွေက ဘာမှမဟုတ်ပါဘူး"

"အဲဒါတွေကမင်းခွန်အားမဟုတ်နေသေးသရွေ့ အံ၀င်ခွင်ကျဖြစ်ဖို့ဆိုတာက ခက်ခဲပါသေးတယ်"

စကားပြောပြီးသည်နှင့် သူပုံရိပ်က လင်းဝင်းသွားကာ မုဖူရှန်းနောက်သို့ ထပ်မံလိုက်ဖမ်းလေတော့သည်။

မုဖူရှန်းတဲ့တိုးပြောချလိုက်သည်။

"ဒီတော့ဘာဖြစ်လဲ၊ ခင်ဗျားမှာ ခင်ဗျားရဲ့ ကိုယ်ပိုင်ခွန်အားရှိတယ်လေ၊ ဒါပေမယ့် ကျုပ်ကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်ခဲ့လား"

"နတ်ဘုရားနယ်ပယ်က လူတိုင်းက အာရုံထွေပြားခြင်းအဆင့်တွေပဲ၊ ဒါတောင်ကျုပ်လို သိုင်းဧကရာဇ်နယ်ပယ်က ပုရွက်‌ဆိတ်လေးကို မသတ်နိုင်ဘူး"

မိစ္ဆာဗိုလ်ချုပ်ကြီးက ယခုတွင် မုဖူရှန်းနှင့် မီတာအနည်းငယ်မျှသာကွာဝေးတော့သည်။

ဤသည်ကိုကြားသောအခါ သူကမည်းမှောင်သောမျက်နှာထားဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ဆူလိုက်တာ"

အသံကျလာသည်နှင့်တပြိုင်နက် တောင်ပံခတ်သံများထွက်လာပြီး လေနက်တခုက ထက်ရှသည့် ဓားနက်များအဖြစ် ပြောင်းလဲကာ မုဖူရှန်းနောက်ကျောသို့ဦးတည်သွား၏။

ပတ်ပတ်လည်ကျောက်စရစ်များက ပျံသန်းနေကာ အားကောင်းသည့်လေထဲတွင် အမှုန်များအဖြစ် ပြောင်းလဲသွား၏။

သစ်ပင်များကအဆက်မပြတ် တုန်ခါနေသည်။ ကျောက်တုံးများက ကြေမွနေကြသည်။

လေနက်ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မည်သည့်မြက်ပင်မှ မပေါက်ရောက်တော့ဟုဆို၍ရသည်။

မိစ္ဆာနက်စွမ်းအားက ဤနယ်မြေထဲတွင် ကျန်ရှိနေသေးသည်။

နှစ်ရာကျော်ကြာသွားလျှင်ပင် ထိုမြက်ပင်များက အသက်ဓာတ်ကို ပြန်လည်ထုတ်လွှတ်နိုင်လိမ့်မည်မဟုတ်ပေ။

မုဖူရှန်း ဤသည်ကိုမြင်သဖြင့် နောက်တကြိမ် မိုးကြိုးလွတ်မြောက်အဆောင်ကို ညှစ်ကာ ဘေးဘက်မိုင်ငါးရာအကွာသို့ ထွက်ပြေးသွားပြန်သည်။

ထိုအခိုက်အတန့်တွင် မိစ္ဆာဗိုလ်ချုပ်ကြီးကလည်း ဤသည်ကိုမျှော်လင့်ထားပုံရသည်။

အနက်ရောင်လေနှင့်အတူ သူ့လှုပ်ရှားမှုကိုလုပ်ဆောင်ရင်း သူက မုဖူရှန်း၏ လှုပ်ရှားမှုများကို စတင်အာရုံစိုက်လေတော့သည်။

လှုပ်ရှားမှုတိုင်းက သူ့အမြင်အာရုံထဲတွင်ရှိသည်။ မုဖူရှန်းညှစ်ကာ ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်ကို ပေါက်ကွဲစေသည်နှင့်တပြိုင်နက် မိစ္ဆာဗိုလ်ချုပ်ကြီးက ချီစက်ကွင်းကို အပြည့်အ၀အသက်သွင်းကာ မိုင်တစ်ထောင်ကျော်ကို ဖုံးလွှမ်းပစ်သည်။

ထို့နောက်ပတ်ပတ်လည်က ပုံပန်းပျက်နေသည့်အာကာသလေဟာနယ်တိုင်းကို ပိတ်ပစ်ကာ လေဟာနယ်က စတင်ပုံပျက်လာသည်နှင့်တပြိုင်နက် တိုက်ရိုက်ပစ်လွှတ်လိုက်သည်။

သို့စေကာမူ မိစ္ဆာဗိုလ်ချုပ်ကြီးကို အံ့ဩသင့်စေသည်က လေဟာနယ်က လုံး၀ပုံပျက်နေခြင်းမရှိခြင်းပင်။

မုဖူရှန်းလျှပ်စီးကြောင်းတခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ဘယ်ဘက်မီတာရာပေါင်းများစွာတွင် ကျဆင်းပြီး ဤကြောက်မက်ဖွယ်လေနက်ကနေ ပြီးပြည့်စုံစွာလွတ်မြောက်သွား၏။

ထို့နောက် မိစ္ဆာဗိုလ်ချုပ်ကြီး၏ချီစက်ကွင်းကလည်း ပိတ်ဆို့ခံလိုက်ရသည်။

"ဘာလို့လဲ"

သူ့အမြင်အရ လွတ်မြောက်ခြင်းအဆောင်တံဆိပ်မျိုးက အာကာသစွမ်းအားကို အားကိုရပြီး အလတ်စားနှင့်တာတိုအာကာသယာဉ်တခုအဖြစ်သို့ အောင်မြင်အောင်လုပ်ရသည်။

အာကာသစွမ်းအားကိုတကြိမ်အသုံးပြုလိုက်သည်နှင့်တပြိုင်နက် ဤသည်က စတင်မှတ်နှင့် ဆင်းသက်သည့်နေရာတွင် အာကာသပုံပျက်မှုများကို သေချာပေါက် ဖြစ်ပျက်စေလိမ့်မည်။

ထို့ကြောင့် မိစ္ဆာဗိုလ်ချုပ်ကြီး၏အော်ရာအရ သတိမထားမိဘူးဟူသည် မဖြစ်နိုင်။

သူက အချိန်မီဆင်းသက်ရာနေရာသို့ပင် ရောက်ကာ တိုက်ခိုက်ခဲ့သည်။

သို့သော် မုဖူရှန်းလွတ်မြောက်အဆောင်ကို သုံးပြီးသည်တိုင် ပတ်၀န်းကျင်၌ လေဟာနယ်အတက်အကျများမရှိသလို အာကာသစွမ်းအားတမျှင်တစမျှပင် ထုတ်လွှတ်ခြင်းမရှိဘဲ မိုင်ရာကျော်သို့ ထွက်ပြေး၍ရနေသေးသည်။

ဒါကိုဘယ်လိုလုပ်လိုက်တာလဲ!

ဤမိစ္ဆာမသိသည့်အရာက ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်ဖြစ်သည်။

ဤသည်က အာကာသကိုဖြတ်သန်းရန်အတွက် အာကာသစွမ်းအားကိုသုံးတာမျိုးမဟုတ်ဘဲ ယင်းအစား တခြားနည်းတခုဖြင့် မိုးကြိုးစွမ်းအားကို ထိန်းချုပ်ခြင်းပင်။

ထို့နောက်၎င်းကို လျှပ်စီးကြောင်းတခုအဖြစ်ပြောင်းပစ်ကာ ကိုယ်ခန္ဓာပထမဆုံးကျရောက်သွားသည်နှင့် အငွေ့အသက်ကို ထုတ်လွှတ်ပေးပေလိမ့်မည်။

ထို့ထဲတွင် အလင်း၏အမြန်နှုန်းက အသံထက်ပိုမြန်သည်ဟူသည့် အကြောင်းရင်းကိုလည်းသုံးထားသည်။

အထွေထွေမိုးသက်မုန်တိုင်းများအကြား မိုးကြိုးပစ်ခံရသောအခါ လူတိုင်းက လျှပ်စီးသည်ကို ပထမဆုံးမြင်ရပေလိမ့်မည်။

အချိန်တိုအတွင်းမှာမှသာ မိုးကြိုးပစ်သံကို ကြားရခြင်းဖြစ်သည်။ တခုတည်းသော အမှန်တရားက ဤသည်ကလည်း ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်၏ ဦးနှောက်တခုပေတည်း။

မိစ္ဆာဗိုလ်ချုပ်ကြီးကပို၍ပို၍စိုးရိမ်ကာ အတော်လေးဒေါသထွက်လာသည်။

သိုင်းဧကရာဇ်နယ်ပယ်က လူသားကို ရင်ဆိုင်ရင်း သူကတိုက်ခိုက်မှုများစွာကို လုပ်ခဲ့သည့်တိုင် ရန်သူ၏ကိုယ်လေးကို ထိပင်မထိနိုင်ခဲ့ပေ။

ဤသည်အပြင် ရန်သူက မည်သည့်ထိခိုက်မှုကိုမှမခံစားရပုံရသည်။ ဤသည်က အလွန်အင်မတန်ဂုဏ်ယူ၀င့်ကြွားတတ်သည့် မိစ္ဆာများအဖို့ လူသားများကိုရင်ဆိုင်ရာတွင် လုံး၀လက်မခံနိုင်စရာပင်။

စိတ်ပိုင်းဆိုင်ရာမငြိမ်မသက်ဖြစ်လာသောအခါ ရလဒ်အဖြစ် နှလုံးသားထဲက အတွေးများက ပို၍နှေးကွေးကာ ဂဿှာမငြိမ်ဖြစ်လာပေလိမ့်မည်။

အော်ဟစ်ရင်း မိစ္ဆာဗိုလ်ချုပ်ကြီးက ‌နောက်ကအတောင်ပံများကိုဝှေ့ယမ်းကာ အလွန်ထူထဲသည့်အမြီးကို လှုပ်ရှားရင်း မုဖူရှန်းထွက်ပြေးသွားသည့်နေရာဘက်သို့ လိုက်သွားသည်။

အသက်ရှုကြိမ်တခဏတာအတွင်းမှာပင် သူကမုဖူရှန်းရှိရာနေရာသို့ရောက်လာသဖြင့် တဖက်လှည့်ကာ ဧရာမအမြီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဧရာမအမြီးဖြတ်သန်းသွားသောအခါ လေဟာနယ်ထဲတွင် အက်ကြောင်းများဖြစ်လာသည်။ အသံများကအဆက်မပြတ် မြည်ဟီးနေလေရာ စွမ်းအားက အတော်လေးကြီးမားသည်ဟုဆို၍ရသည်။

သို့စေကာမူ ယခုတကြိမ်တွင် မုဖူရှန်းက ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်ကို မသုံးဘဲ ယင်းအစား လှည့်ကာ ဤမြင်ကွင်းကိုကြည့်နေသည်။

မိစ္ဆာဗိုလ်ချုပ်ကြီးကနှလုံးသားထဲကနေ လှောင်ပြောင်လိုက်သည်။

ဒီလိုထူးခြားတဲ့အဆောင်တွေကို သုံးပြီး အခုတော့ပင်ပန်းနေရပြီမလား!

"မင်းမှာအခုလှုပ်ရှားမှုကို ခုခံဖို့ တခြားလှည့်ကွက်လေးတွေရှိသေးလား၊ ပုရွက်ဆိတ်လေး"

မုဖူရှန်းတမင်တကာရပ်လိုက်ခြင်းဖြစ်သည်။ သူကသက်ပြင်းတချက်ရှုရင်း မှုတ်ထုတ်ကာ ချက်ချင်းဆိုသလို သူ့ကိုယ်ကို အတားအဆီးဖြင့် ၀န်းရံလိုက်သည်။

အတားအဆီးလွှာများစွာကပေါ်လာသည်။ သူ့ကိုယ်ပေါ်၌ တံဆိပ်၏အလင်းတခုက ပြင်းထန်စွာလင်း၀င်းနေပြီး လည်ပင်းကနေ ခြေဖဝါးအောက်ထိ တံဆိပ်၏တောက်ပမှုကို ထုတ်လွှတ်နေသည်။

အတားအဆီးကမည်မျှပင် သိပ်သည်းသည်ဟူမူ မုဖူရှန်းကို ခုနှစ်မီတာ ရှစ်မီတာခန့်အထိ ၀န်းရံထားလေသည်။

ဤမြင်ကွင်းကိုမြင်ပြီးနောက် မိစ္ဆာဗိုလ်ချုပ်ကြီးက ဆွံအသွားလေတော့သည်။

ဘာလားဟ! ငါဒါကိုထပ်မပြင်နိုင်တော့ဘူး!

အပိုင်း(384) coming။

All Chapters