#ဆော့ကစားခြင်း#
Vol. 27 Ch. 384
တကိုယ်လုံးက ကာကွယ်ရေးတံဆိပ်သင်္ကေတများ၏ တောက်ပမှုဖြင့် လင်း၀င်းနေသည်။
ဤသည်ကအောက်ခြေကနေအပေါ်ထိ တပ်ဆင်ထားသည်ဟုဆို၍ရပြီး သွားများအထိ ရှိနေသည်။
သို့စေကာမူ ဤသည်က မုဖူရှန်းအတွက် အလွန်ပင်သာမန်ဆန်လွန်းသည်။ သူက နည်းနည်းလေးပိုကာကွယ်ရုံသာဖြစ်သည်။
အားကောင်းသည့်လူတစ်ယောက်၏ တိုက်ခိုက်ခြင်းကိုခံရစေရန်ခွင့်ပြုလိုက်ခြင်း သို့မဟုတ် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုအတွင်း ကိုယ့်အသက်ကိုကာကွယ်လိုက်ခြင်းကပိုကောင်းသည်။
ကာကွယ်ရေးသင်္ကေတတွင် ကမ္ဘာကြီးက ဖန်တီးလိုက်ချိန်မှစပြီး သဘာ၀အခန်းကဏ္ဍ၌ မပါ၀င်ဘဲ ဘိုးဘေးများ၏ သွေးနှင့်ချွေးများဖြစ်သည်။ မည်သို့မည်ပုံ ဖြုန်းတီးနိုင်မည်နည်း။
မုဖူရှန်းရှေ့က မိစ္ဆာဗိုလ်ချုပ်ကြီးက ဤမြင်ကွင်းကိုကြည့်ရင်း ဆွံအနေသည်။
ခုနှစ်မီတာရှစ်မီတာလောက်ထူတဲ့ ကာကွယ်ရေးဒိုင်လား!
ဒါကသာမန်လူတစ်ယောက်လုပ်နိုင်တဲ့အရာလား!
လူသားမျိုးနွယ်စုအကြား လူတိုင်းကဒါကို မလုပ်နိုင်ပေ။ ကောင်းကင်နှင့်မြေကြီးကို ယှဉ်နိုင်သည့်လူများအတွက်သာ။
မိမိကိုယ်မိမိမထိန်းချုပ်နိုင်ဘဲ ကြောက်နေသောသူက ဒါကိုချိုးဖျက်နိုင်မည်မဟုတ်ပါ။
ဤသို့ဆိုပါက မည်သည့်အတွက်ကြောင့် သူ့ရှေ့ကလူသားတွင် ဤကဲ့သို့ဒိုင်းမျိုး ရှိနေရလေသနည်း။
ဤလူသားက သူအရင်ကကြုံဖူးသည့် လူသားမျိုးနွယ်များနှင့်လုံး၀မတူပေ။
"မင်းက အသက်အတွက်အရမ်းလောဘကြီးပြီး သေခြင်းတရားကို ကြောက်နေတာလား"
မုဖူရှန်းက ခုနှစ်မီတာရှစ်မီတာထူသည့်ဒိုင်းအကာအရံ၏အလယ်တွင်ရှိနေပြီး ထိုစကားကိုကြားသောအခါ လက်အစုံကို ဆန့်ထုတ်လိုက်သည်။
"အသက်အတွက်လောဘကြီးပြီး သေခြင်းတရားကို ကြောက်တာကဘာမှားလို့လဲ၊ ဒါက အသက်ရှည်ဖို့အတွက် တာအိုကို ကျင့်ကြံရတဲ့အကြောင်းရင်းပဲလေ၊ ဒီနေရာမှာ သတ္တိရှိရှိသေသွားရင်ရော ဘာအဓိပ္ပာယ်ရှိလို့လဲ"
မိစ္ဆာဗိုလ်ချုပ်ကြီး "...."
ဒါကအဓိပ္ပာယ်ရှိပြီးလုံး၀ငြင်းဆန်၍မရပေ။
သို့စေကာမူ မိစ္ဆာဗိုလ်ချုပ်ကြီးက ဤအလွန်အမင်းထူထဲပုံရသည့်ဒိုင်းအကာအရံနှင့်ပင် မုဖူရှန်းက သူ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ဟု တွေးထားသည်။
သူကနယ်မြေအပြင်ပက မိစ္ဆာများအနက် မိစ္ဆာဗိုလ်ချုပ်ကြီးဟူသော ဘွဲ့ဖြင့်တည်ရှိမှုတခုဖြစ်သည်။ တချိန်တည်းမှာပင် အာရုံထွေပြားခြင်းအဆင့်က တခြားဗိုလ်ချုပ်များနှင့်ယှဉ်ပါက သူကအနည်းငယ်အားကောင်းသည်။
ယခုလိုခွန်အားမျိုးဖြင့် သိုင်းဧကရာဇ်နောက်ဆုံးအဆင့်သာရှိသည့် ပုရွက်ဆိတ်ပမာလူသားတစ်ဦးက ထိုစွမ်းအားကိုမှီခိုကာ မည်သို့မည်ပုံခုခံနိုင်မည်နည်း။
တစ်ချက်တည်းကအလုပ်မဖြစ်ပါက နှစ်ချက်ထုမည်။ နှစ်ချက်ကမလုံလောက်ပါကသုံးချက်ထုမည်။
ဒီကာကွယ်ရေးသင်္ကေတက အမြဲတစေတော့မရှိနေနိုင်ပါဘူး!
ဤသည်ကိုတွေးမိသောအခါ မိစ္ဆာဗိုလ်ချုပ်ကြီးက နောက်ထပ်တုံ့ဆိုင်းမနေတော့ပေ။
သူကလက်နှင့်လက်သည်းများအကြား အဆုံးမဲ့မိစ္ဆာစွမ်းအားကိုစုစည်းလိုက်စဉ် သွေးကြောတောင်မှ မြူခိုးနက်များက မိစ္ဆာဗိုလ်ချုပ်ကြီး၏လက်သည်းများအကြား စုစည်းလာပုံရသည်။
လက်သည်းများအကြား၌ အနက်ရောင်ဝဲဂယက်တခုရှိနေသည်။
ထိုစဉ် မိစ္ဆာဗိုလ်ချုပ်ကြီးကအော်ဟစ်ကာ တစ်ချက်တည်းဖြင့် ပစ်လွှတ်လိုက်သည်။
ဤရိုက်ချက်က လေဟာနယ်ကိုပင် တုန်ခါသွားစေပုံရသည်။ မိစ္ဆာဗိုလ်ချုပ်ကြီး၏ခွန်အားက ထိုအခိုက်အတန့်၌ သံသယမရှိ ထွက်လာသည်။
ယခုတကြိမ်တွင် မိစ္ဆာ၌ သံသယမရှိတော့။
ဤရိုက်ချက်ဖြင့် သူကလိပ်ခွံထက်ပင်ပိုထူသည့် ကာကွယ်ရေးဒိုင်းကို တိုက်ရိုက်ချိုးဖျက်ကာ ထိုမုန်းစရာကောင်းသည့် ပုရွက်ဆိတ်ကို သတ်နိုင်ပေလိမ့်မည်။
ဤနည်းလမ်းဖြင့်သာ မိစ္ဆာဗိုလ်ချုပ်ကြီး၏နှလုံးသားထဲက ဒေါသကို သက်သာရာရစေမည်ဖြစ်သည်။
ဘန်း!
မိစ္ဆာဗိုလ်ချုပ်ကြီး၏လက်သည်းက ထိုအခိုက်အတန့်၌ ခုနှစ်ပေရှစ်ပေထူသည့် ဒိုင်းပေါ်သို့ ကျရောက်သွား၏။
ဒိုင်းအပေါ်၌ လှိုင်းစီးကြောင်းများရှိနေပြီး ကန်မျက်နှာပြင်ပေါ်ကို ကျဆင်းလာသည့် ဧရာမကျောက်တုံးတခုအလား လှိုင်းထောင်ချီဖြင့် တုန်ခါစေသည်။
တာအိုလှိုင်းများက လက်သည်းရိုက်ခတ်သည့်နေရာကိုဗဟိုပြုပြီး ပတ်ပတ်လည်နေရာများသို့ ဆက်လက်ပျံ့သွားကာ ကျယ်လောင်သည့်အသံများထွက်လာသည်။
ရုတ်ချည်းဆိုသလို အပြင်ဘက်ဒိုင်းကကွဲအက်သွားသည်။ တချိန်တည်းမှာပင် ဒုတိယနှင့်တတိယပါ ကွဲသွားသည်။
ဤလက်သည်းချက်က မုဖူရှန်း၏ ကာကွယ်ရေးဒိုင်းမှ လေးးမီတာခန့်အထိ တိုက်ရိုက်ချိုးဖျက်ပစ်သည်။
သို့သော် သုံးမီတာအကွာ၌ရပ်သွားသည်။
မိစ္ဆာကအနည်းငယ်ထိတ်လန့်သွားသည်။ အပြည့်အ၀မပျက်စီးသွားဘူးလား!
မုဖူရှန်းဤမြင်ကွင်းကိုကြည့်ရင်း ညင်သာစွာခေါင်းညိတ်သည်။ ကြည့်ရသည်မှာ ဒါက အောင်မြင်သွားပုံရသည်။
ပထမအလွှာလေးနေရာတွင် မုဖူရှန်းက သူ့၏စည်းတံဆိပ်များအနက်မှ ဒုတိယအဆင့်ကာကွယ်ရေးစည်းတံဆိပ်ကို အသုံးပြုခဲ့သည်။
နောက်ဆုံးသုံးလွှာကိုမူ စည်းတံဆိပ်စာအုပ်ထဲတွင် ရေးထားသည့်စည်းတံဆိပ်ကို အသုံးပြုထားခြင်းပင်။
ဤစည်းတံဆိပ်က တိုက်ခိုက်ရေးစွမ်းအားကို လုံး၀ပျံ့နှံ့သွားစေနိုင်ပြီး ထိုစုစည်းနေသည့်အားကို ကာကွယ်ရေးအတားအဆီးတဝိုက်၌ ပြန့်ကြဲသွားစေသည်။
ဤသည်ကသတ်ဖြတ်လိုသည့်အား၏ တိုက်ခိုက်ရေးစွမ်းအားကို အားနည်းသွားစေသည်။ တချိန်တည်းမှာပင် ပထမအလွှာလေးခုကလည်း ထိုလှိုင်း၏ခွန်အားကို လျော့ကျသွားစေသည်။
ဤနည်းလမ်းဖြင့် ၎င်းကိုပြီးပြည့်စုံစွာ ခုခံနိုင်ပေလိမ့်မည်။
မည်သည့်အတွက်ကြောင့် ကာကွယ်ရေးစည်းတံဆိပ်သင်္ကေတအားလုံးကို စည်းတံဆိပ်စာအုပ်၌ ရေးသားထားသည်ကို မသုံးခဲ့ရသည့်အကြောင်းရင်းကမူ အတော်လေးရိုးရှင်းသည်။
ပထမအလွှာလေးခုကျိုးသွားသောအခါ မိစ္ဆာဗိုလ်ချုပ်ကြီးကို လွယ်ကူသည်ဟု ခံစားရစေသည်။
မိစ္ဆာဗိုလ်ချုပ်ကြီး၏နှလုံးသားထဲတွင် လွယ်ကူမှုကို အလွယ်ကူခံစားရစေကာ ဤစည်းတံဆိပ်သင်္တေက ထို့ထက်မပိုဘူးဟု တွေးမိစေလိမ့်မည်။
ထိုဟာကိုအလွယ်တကူချိုးဖျက်ရန်အတွက် ခွန်အားအလုံစုံကိုသာ အသုံးပြုရန်လိုအပ်သည်။
သို့စေကာမူ ဤလျော့ရဲမှုကို အဓိကအသုံးပြုကာ အရင်ကအစီအစဉ်အတိုင်းပင် ထိုရိုက်ချက်အား ပြီးပြည့်စုံစွာ ခုခံနိုင်ခဲ့သည်။
တချိန်တည်းမှာပင် အထဲကမုဖူရှန်းကို နည်းနည်းလေးမျှပင် မထိခိုက်စေခဲ့ပေ။ မုဖူရှန်း၏အကာအကွယ်က အတော်လေးနက်ရှိုင်းသည်။
မုဖူရှန်းက ရန်သူ၏စိတ်ပညာကို အပြည့်အ၀လေ့လာခဲ့သည်ဟုဆိုရပေမည်။
သူကတဖက်လူ၏စိတ်ပညာကို ခန့်မှန်းနိုင်ခဲ့ကာ စိတ်ကိုအလွယ်တကူထိန်းချုပ်ခဲ့သည်။
ဤနည်းလမ်းဖြင့် ထိပ်တိုက်ရင်ဆိုင်ရာ၌ တစ်ဆင့်တည်းတွင် ပြိုင်ဘက်ကို ဖြစ်စဉ်တခုလုံး၌ အပြည့်မ၀ချေမှုန်းနိုင်ကာ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ခြင်းတွင်လည်း နိုင်ရန်အခွင့်အလမ်းအနည်းငယ်ရှိသည်။
နယ်ပယ်များစွာကိုကျော်လွန်နေသည့် မိစ္ဆာဗိုလ်ချုပ်ကြီးကဲ့သို့ မိစ္ဆာများအတွက်မူ ထိခိုက်ဒဏ်ရာမရစေဘဲ ရန်သူ၏ တိုက်ချက်ကို ခုခံနိုင်သည်က ပိုကောင်းသည်။
မိစ္ဆာဗိုလ်ချုပ်ကြီးကအော်ဟစ်လိုက်သည်။
ဤကဲ့သို့မကျေမနပ်မှုမျိုးကို သူတခါမှမခံစားခဲ့ရဖူးပါ။
ဗိုလ်ချုပ်အဆင့်မိစ္ဆာတဖြစ်လဲ သူက ဤလူသားမျိုးနွယ်၏ အာရုံထွေပြားခြင်းအဆင့်ပုရွက်ဆိတ်များထက် တစ်နည်းအားဖြင့်ပိုအားကောင်းသည်။
ယခုက သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်ဖြစ်ကာ သူ့ထက်ပင်တဆင့်နိမ့်သည့် လူသားပုရွက်ဆိတ်လေးကို သူက ချက်ချင်းမသတ်ပစ်နိုင်ဘဲ တချိန်လုံး ယခုလိုမျိုး တဘက်လူ၏ဆော့ကစားခြင်းကို ခံနေရသည်။
ဤမာနကြီးမောက်မာသည့်မိစ္ဆာဗိုလ်ချုပ်က ဒါကို ဘယ်လိုသည်းခံနိုင်မည်နည်း။
ဒေါသအနေအထားသို့ အပြည့်အ၀ကျရောက်သွားသည့်သူ့ရှေ့က မိစ္ဆာဗိုလ်ချုပ်ကြီးကိုကြည့်ရင်း မုဖူရှန်းညင်သာစွာ ခေါင်းညိတ်သည်။
ဆိုလိုရင်းအများကြီးမရှိနိုင်ခဲ့လျှင်ပင် စိတ်ပိုင်းဆိုင်ရာဗျုဟာထိုးနှက်ချက်များရှိခဲ့လေရာ ဤအဆင့်ကို အောင်မြင်သည်ဟု ယူဆ၍ရသည်။
ဤသည်က မုဖူရှန်း၏မျှော်လင့်ချက်တွေနှင့် လုံး၀ကိုက်ညီသည်။
တိုက်ပွဲအကြောင်းကိုပြောမည်ဆိုပါက ၎င်းကရုပ်ရှင်ကားတကားဟုဆိုပါက မုဖူရှန်းက ဒါရိုက်တာ သို့မဟုတ် ဇာတ်ညွှန်းရေးသူဖြစ်သည်။
ဇာတ်ကွက်များနှင့်ရိုက်ကူးရေးအသေးစိတ်အချက်အလက်များက မုဖူရှန်းလက်ထဲတွင် အပြည့်အ၀ရှိနေသည်။
ထိုအကြောင်းကိုမတွေးတောနိုင်ခင်မှာပင် မိစ္ဆာဗိုလ်ချုပ်ကြီး၏ဒုတိယရိုက်ချက်က ဒေါသကြောင့် ကျဆင်းလာခဲ့လေပြီ။
ဤတိုက်ချက်က နောက်ဆုံးတကြိမ်နှင့်ယှဉ်ပါက ပို၍အားကောင်းသည်။
သူကလက်နှစ်ဖက်ဖြင့်လက်သီးဆုပ်ကာ ကျန်ရှိနေသည့်ဒိုင်းအလွှာသုံးခုရှိရာသို့ရိုက်ချလိုက်သည်။
မြူခိုးနက်များက တဟုန်ထိုးတိုးတက်လာသည်။ မိစ္ဆာဗိုလ်ချုပ်ကြီး၏လက်သီးချက်တွင် မိစ္ဆာစွမ်းအားက အဆက်မပြတ်မြည်ဟီးနေသည်။
ဒေါသအောက်ကထိုးနှက်မှုဖြစ်လေရာ ဤသည်က ယခင်တိုက်ချက်ထက်ပင် အများကြီးပိုအားကောင်းသည်။
မုဖူရှန်း၏မျက်နှာကအနည်းငယ်လေးနက်သွားပြီး လက်စွပ်ကို ထိလိုက်သည်။
မုဖူရှန်း၏လှုပ်ရှားမှုများကိုမြင်ရသောအခါ မိစ္ဆာဗိုလ်ချုပ်ကြီး၏ပါးစပ်က အနည်းငယ်ကွေ့သွားသည်။
ရုတ်တရက်သူမကောင်းသည့်ခံစားချက်တခုရလာသည်။ ဤသည်က အကြောက်တရားကနေ မကြာခဏရောက်လာသည့် အရာမျိုးနှင့်တူသည်။
မိစ္ဆာဗိုလ်ချုပ်ကြီးတွေးတောနေစဉ် မုဖူရှန်းလက်ချောင်းက လက်စွပ်က တောက်ပသွား၏။
ထို့ထဲတွင် နောက်ထပ်စည်းတံဆိပ်သင်္ကေတတခုက မျှော်လင့်မထားစွာပေါ်လာသည်။ ဤသင်္ကေတက လျှပ်စီးများဖြင့်ဖြာထွက်နေသည်။
မိစ္ဆာဗိုလ်ချုပ်ကြီး၏လက်သီးက သုံးလွှာဒိုင်းကို ရိုက်ချက်လိုက်စဉ် ပေါက်ကွဲမှုကြီးတစ်ခုပေါ်လာခဲ့သည်။ အလွှာသုံးခုက စတင်အက်ကြောင်းများဖြစ်လာသည်။
ဤဒိုင်းအလွှာများက ပေါက်ကွဲတော့မည့်အချိန်တွင် မုဖူရှန်းပါးစပ်ထောင့်စွန့်၌ ခပ်ထေ့ထေ့အပြုံးဖြင့် မိစ္ဆာဗိုလ်ချုပ်ကြီးရှိရာသို့ လက်ကိုဝှေ့ယမ်းလိုက်၏။
"ဘိုင့် ဘိုင်"
ချက်ချင်းဆိုသလို သူက လက်ထဲက ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်ကို ချေမွပစ်လိုက်သည်။
ရုတ်ချည်းမှာပင် မုဖူရှန်း မိုးကြိုးပစ်သံတခုအဖြစ်ပြောင်းလဲကာ မီတာတစ်ရာအကွာ၌ ပြန်ပေါ်လာသည်။
ထိုအခိုက်အတန့်၌ မိစ္ဆာဗိုလ်ချုပ်ကြီး၏ လက်သီးချက်က အလွှာသုံးခုကိုချိုးဖျက်ကာ လေထုနှင့်တွေ့ဆုံသွားရသည်။
မုဖူရှန်းကမူ မီတာတစ်ရာအကွာကနေ သူ့ကို ရွှတ်နောက်နောက်ကြည့်နေလေသည်။
အပိုင်း(385) coming။