← Chapters

#ပုန်းကွယ်ထားသည့်ခွန်အား#

Vol. 27 Ch. 385

#ပုန်းကွယ်ထားသည့်ခွန်အား#

Vol. 27 Ch. 385

ကောင်းကင်ဘုံဝိဉာဉ်နယ်မြေ၊ ယွန်ဟွမ်နန်းတော်ထဲတွင် လုချန်ရှန်းစားပွဲဝိုင်းတလုံးရှေ့တွင် ထိုင်နေသည်။

သူ့ရှေ့စားပွဲဝိုင်းတွင် မွှေးကြိုင်ပြီးအရဿာရှိသည့်ငါးစွပ်ပြုတ်တခွက်ရှိသည်။

ပုံမှန်အားဖြင့် ဤသည်က ဟုန်ရင်၏ ပထမဆုံးလက်လုပ်ငါးစွပ်ပြုတ်ပင်။

စံအိမ်တော်ထဲတွင် ဟုန်ရင်လုပ်သည့်စွပ်ပြုတ်ကစားကိုစားရသည်။ ထို့ကြောင့် ချက်ပြုတ်သည့်အကြိမ်တိုင်း စွပ်ပြုတ်ကို ဟုန်ရင်ကိုယ်တိုင်လုပ်ပေး‌တတ်သည်။

စွပ်ပြုတ်ကို ဖြည်းညင်းစွာသောက်နေသည့် လုချန်ရှန်းကိုကြည့်ရင်း ဟုန်ရင်အပြုံးဖြင့် မေးလိုက်သည်။

"ဆရာ၊ ကျွန်မရဲ့လက်လုပ်ပညာရပ်က မပျက်စီးသေးဘူးမလား"

အကယ်၍အပြင်ပကလူတစ်ယောက်ယောက်ကသာ ကောင်းကင်ဘုံဝိဉာဉ်နယ်မြေကို ဦးဆောင်နေသည့် ယွန်ဟွမ်အင်ပါယာအရှင်မက ရိုးရှင်းခန့်ညားသည့် စကတ်တစ်ထည်ကို၀တ်ဆင်ကာ ပြုံးနေသည့်လူအားစိုက်ကြည့်ရင်း သူ့အတွက် စွပ်ပြုတ်ချက်ပြုတ်ပေးနေသည်ကို သိပါက သူတို့၏မေးရိုးများပင် ပြုတ်ကျသွားပေလိမ့်မည်။

သို့စေကာမူ ဘေးက ဧကရာဇ်မင်းဆရာ၊ ကောင်းကင်ကိုးသွယ်ဌာနနှင့် တခြားသူများကမူ နောက်ထပ်အံ့ဩသင့်စရာမရှိတော့။

ထိုကဲ့သို့လူမျိုး၏ရှေ့၌ စကားပြောရန် အတော်လေးအားကောင်းစိုးမိုးသည့်သူက ဟုန်ရင်ဆရာသာရှိတော့သည်။

သူတို့၏ဘုရင်မက ထိုကဲ့သို့အမူအရာမျိုးကိုပြသရင်း ကလေးမလေးတစ်ယောက်ပမာဖြစ်လာတတ်သည်။

ဟုန်ရင်၏အမေးကိုကြားရသောအခါ လုချန်ရှန်းနှုတ်ခမ်းကွေ့လိုက်သည်။

"လက်လုပ်ပညာက နည်းနည်းကျန်ဆင်းသွားပြီ၊ ဒီဟင်းခတ်အမွှေးအကြိုင်ကိုပါ နည်းနည်းထပ်ဖြည့်လိုက်တော့ ငါးရဲ့မူလအရဿာကို ဖုံးကွယ်ထားသလိုဖြစ်သွားတယ်"

"မင်းလေ့ကျင့်နေရင်တောင် ဧကရာဇ်မင်းဆရာနဲ့ တာ၀န်တွေစီမံကိုင်တွယ်နေရရင်တောင် ချက်ပြုတ်နည်းကို လေ့ကျင့်ဖို့မမေ့နဲ့"

ဧကရာဇ်မင်းဆရာ "....."

ကောင်းကင်သိုးသွယ်ဌာန "...."

ခင်ဗျားအတွက်စွပ်ပြုတ်တောင် လုပ်ပေးထားတယ်လေ၊ ဒါတောင်တောင်းဆိုချက်တွေက အများကြီးရှိ‌သေးတာလား!

သို့စေကာမူ သူတို့၏ဧကရီက အတွန့်မတက်ဘဲ ယင်းအစားအပြုံးဖြင့်ပြောသည်။

"ကောင်းပါပြီ၊ တပည့်နားလည်ပါပြီ၊ အခုကနေစပြီးတော့ တပည့်နေ့တိုင်းလေ့ကျင့်ပါမယ်"

ဤသည်ကိုကြားသောအခါ လုချန်ရှန်းခေါင်းညိတ်သည်။

"ကလေးတစ်ယောက်ဆိုတာ သင်ယူသင့်တယ်"

ဧကရာဇ်မင်းဆရာနှင့် ကောင်းကင်ကိုးသွယ်ဌာနတို့က ပို၍ပင်ဆွံအသွားကြ၏။

ထိုအချိန်တွင် ဟုန်ရင်ကပြောသည်။

"စကားမစပ် ဆရာတပည့်သစ်တစ်ယောက်လက်ခံခဲ့တယ်လို့ တပည့်ကြားခဲ့တယ်"

ဤသတင်းကို စီနီယာအစ်ကိုကြီးယဲ့ချိုးပိုင်ကပြောခဲ့ခြင်းဖြစ်သည်။

သူတို့ကအတော်လေးဝေးကွာကာ နယ်မြေများစွာခြားနေသော်လည်း ညီအစ်ကို မောင်နှမများကြား၌ သတင်းပေးလွှတ်မှုကိရိယာများရှိနေဆဲပင်။

ဤသည်က လုချန်ရှန်းလုပ်ပေးထားသည့် အသံလွှင့်ကျောက်စိမ်းဆွဲသီးကြောင့်ဖြစ်သည်။ ၎င်းက ဟင်းလင်းပြင်အ‌ကွာအဝေးကို လျစ်လျုရှုနိုင်ပုံပေါ်ပြီး သတင်းအချက်အလက် ထုတ်လွှတ်ပေးရန်အတွက် ကြိူးမဲ့အကွာအဝေးတခုကို ဆောင်ရွက်ပေးနိုင်သည်။

စွပ်ပြုတ်တငုံသောက်ပြီးနောက် လုချန်ရှန်းအပြုံးဖြင့်ခေါင်းညိတ်သည်။

"မင်းတို့ရဲ့ဂျုနီယာမောင်လေးက မင်းတို့ထက်အများကြီးပိုတော်တယ်"

ဟုန်ရင်မေးလိုက်သည်။

"အိုး၊ သူကဘယ်လိုမျိုးအစွမ်းထက်တာလဲ၊ ဆရာကိုတောင် ဒီလိုချီးမွမ်းစေတာလား"

သူတို့အားလုံးငါးယောက်ရှိပြီး လုချန်ရှန်းက သူတို့ကိုချီးမွမ်းသည့်စကားပြောဆိုသည်ဟူသည် အတော်လေးရှားသည်။

လူတစ်ယောက်က ရဲရဲတင်းတင်းချီးမွမ်းခြင်းက ယခုကပထမဆုံးအကြိမ်ပေတည်း။

လုချန်ရှန်းရှင်းပြသည်။

"မင်းတို့ရဲ့ဂျုနီယာအသစ်လေးက တာအိုကျင့်ကြံခြင်းရဲ့ အစစ်အမှန်အဓိပ္ပာယ်ကိုတောင် နားလည်သဘောပေါက်ပြီးသွားပြီ"

"သူကဘာလုပ်နိုင်တယ်၊ ဘာမလုပ်နိုင်ဘူးဆိုတာ ကောင်းကောင်းသိတယ်"

"သူတခုခုလုပ်တယ်ဆိုရင်တောင် အရမ်းသတိထားတတ်တယ်"

"ဒါ့အပြင် ခြေရာသဲလွန်စတွေကို ကိုင်တွယ်ရာမှာလည်း အဆင့်မြင့်တယ်၊ ငါသူ့ကို အဲဒါတွေကိုလုံး၀ သင်ပေးစရာတောင်မလိုလိုက်ဘူး"

"ဆန့်ကျင်ဘက်အနေနဲ့တော့...."

လုချန်ရှန်း ဟုန်ရင်ကို ရွှံရှာသည့်အသွင်ကြည့်လိုက်သည်။

"မင်းကိုကြည့်ဦး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကိုသင်ပေးလို့မရသေးဘူး"

ဟုန်ရင်းရှက်ရွှံ့စွာပြုံးလိုက်၏။

ကြည့်ရသည်မှာ သူမတို့၏မောင်ငယ်လေးက စရိုက်အရာနှင့် သူမတို့၏ဆရာနှင့် အတော်လေးဆင်တူပုံရသည်။

"ဒါပေမယ့်...."

"ဒါပေမယ့် ဘာလဲ"

"မင်းဂျူနီယာမောင်လေးနဲ့ပတ်သက်ပြီး စိတ်ကျေနပ်စရာအကောင်းဆုံးကတော့ သူကသူ့ခွန်အားကို ဖုံးကွယ်ထားနိုင်တယ်"

ဟုန်ရင်စိတ်၀င်စားသွားသည်။

"ဒီတော့ ဆိုလိုတာက ဂျူနီယာမောင်လေးရဲ့တကယ့်နယ်ပယ်က အရမ်းမြင့်တာပေါ့"

"မြင့်လားမမြင့်လားငါလည်းမသိဘူး"

လုချန်ရှန်းပြုံးလိုက်သည်။

"သူငါ့ကိုရင်ဆိုင်ခဲ့တာတောင် သူ့ကျင့်ကြံခြင်းအစစ်အမှန်ကိုမပြသခဲ့ဘူး၊ သူ့အစစ်အမှန်နယ်ပယ်ကို ဖုံးကွယ်ထားဖို့အတွက် သူကနည်းလမ်းများစွာသုံးခဲ့တယ်"

"မင်းရဲ့ဂျူနီယာမောင်လေးဆီကနေ များများသင်ယူထား"

ယခုအချိန်တွင် ဟုန်ရင်က သူမတို့၏ဂျူနီယာမောင်လေးအသစ်နှင့် တွေ့ဆုံရန် အမှန်တကယ်စိတ်၀င်စားလာပြီဖြစ်သည်။

ကောင်းကင်ဘုံဝိဉာဉ်နယ်မြေက ကိစ္စများပြီးသွားပါက ဟုန်ရင် ယွန်ဟွမ်အင်ပါယာ၏ ကိစ္စအရပ်ရပ်ကို ဧကရာဇ်မင်းဆရာထံလွှဲပြောင်းပေးပြီးနောက် နယ်နိမိတ်မဲ့နယ်မြေသို့ သွားတော့မည်ဖြစ်သည်။

.....

တချိန်တည်းမှာပင် နယ်နိမိတ်မဲ့နယ်မြေ၊ သွေးကြောတောင်၌ မိစ္ဆာဗိုလ်ချုပ်ကြီးက အသက်ပြင်းပြင်းရှုနေပြီး မူလမည်းနက်နေသည့်မျက်သူငယ်အိမ်များက ဒေါသကြောင့် အနီရောင်ဖြစ်သည်။

ရှေ့ကမုဖူရှန်းကိုကြည့်ရင်း သူပြောသည်။

"မင်းမှာဘာလို့ လွတ်မြောက်သင်္ကေတတွေရှိနေရသေးတာလဲ"

မုဖူရှန်းလက်အစုံကို ဆန့်တန့်လိုက်သည်။

"ကျုပ်မှာ အဆောင်စည်းတံဆိပ်တွေ ကုန်သွားပြီလို့ ကျုပ်မပြောခဲ့ဘူးထင်တယ်၊ ပြောခဲ့လို့လား"

မိစ္ဆာဗိုလ်ချုပ်ကြီး "....."

ချီးပဲ၊ ဒီလိုဆိုရင်မင်းဘာလို့ တိုက်ရိုက်မသုံးရတာတုန်း!

ဤလူသားမျိုးနွယ်က အတော်လေးလျှို့ဝှက်သည်။

ရုတ်တရက် အရင်ကမုဖူရှန်းလုပ်ခဲ့သည်ကို တွေးမိသွားပြီးနောက် မိစ္ဆာဗိုလ်ချုပ်ကြီးက တည်ငြိမ်သွားသည်။

အရင်ကလုပ်ရပ်များကို ပြန်လည်သတိရသွားသဖြင့် မိစ္ဆာဗိုလ်ချုပ်ကြီးက နားလည်သွားပြီး မုဖူရှန်းကိုကြည့်ကာ အေးစက်စွာပြောသည်။

"ပုရွက်‌ဆိတ်လေး၊ မင်းငါ့ကိုအချိန်ဆွဲထားချင်တာလား"

မုဖူရှန်းမည်သည့်စကားမှမဆိုဘဲ ပြုံးလိုက်သည်။ အချိန်အတော်ကြာနှောင့်နှေးခဲ့ပြီးနောက် မိစ္ဆာဗိုလ်ချုပ်ကြီးကသိသွားလေပြီ။

အကယ်၍သူသာတခုမှမတွေ့နိုင်ပါက လက်ရှိတည်နေရာအတွက် ရပ်တည်ရန်မထိုက်တန်ပေ။

"ဒါပေမယ့် မင်းငါ့ကိုအချိန်ဆွဲထားရင်တောင် မင်းတို့ဘက်ကနိုင်မယ်လို့ ထင်နေတာလား"

"မင်းငါတို့မိစ္ဆာမျိုးနွယ်စုကိုလျှော့မတွက်သင့်ဘူး"

မုဖူရှန်းပြုံးလိုက်သည်။

"သူတို့ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး၊ ကျုပ်ဂရုစိုက်တာက ခင်ဗျားပဲ"

"ဟီးဟီး၊ အဲဒါကခင်ဗျားအပေါ်မူတည်တယ်"

မိစ္ဆာဗိုလ်ချုပ်က နှာခေါင်းရှုံ့သည်။

"ငါမင်းကိုနောက်မှကြည့်တာပေါ့"

စကားပြောပြီးနောက် မိစ္ဆာဗိုလ်ချုပ်ကြီးက အသိပြန်၀င်လာသဖြင့် မုချင်းချင်းနှင့် ကျန်သောသူများရှိရာသို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်၌ မိစ္ဆာဗိုလ်ချုပ်နောက်တွင် ကြောက်မက်ဖွယ်ရာအော်ရာတခုက သွေးကြောတောင်တစ်ခွင် ဖြတ်သန်းပြန့်ကြဲသွား၏။

မိစ္ဆာဗိုလ်ချုပ်ကလည်း ဤအငွေ့အသက်ကို ခံစားမိသဖြင့် ရုတ်တရက်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများ၌ မယုံနိုင်စရာအမူအရာတခုရှိနေသည်။

ဤအငွေ့အသက်က လူသားမျိုးနွယ်အကြား အာရုံ‌ထွေပြားခြင်းအစောပိုင်းအဆင့်က အငွေ့အသက်ပေတည်း။

ဤအငွေ့အသက်ကိုထုတ်လွှတ်သည့်သူကတခြားတယောက်မဟုတ်။ ဤနေရာတဝိုက်တွင် တခြားမည်သူမှမရှိလေရာ ၎င်းက မုဖူရှန်းပင်ဖြစ်သည်။

မိစ္ဆာဗိုလ်ချုပ်ကြီးက မျက်လုံးများကို အနည်းငယ်ကျဉ်းကာ ပြုံးနေသည့်မုဖူရှန်းကိုလှမ်းကြည့်သည်။

"မင်းကနယ်ပယ်ကိုဖုံးကွယ်ထားတာလား"

မုဖူရှန်းပြောသည်။

"နယ်ပယ်မဖုံးကွယ်ထားရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ"

"ဒါပေမယ့်ကျုပ်နယ်ပယ်မှာဆိုရင် ခင်ဗျားကို အချိန်ဆွဲထားချင်တယ်ဆိုရင် အဲဒါက ဖြစ်နိုင်မှာပါ၊ ဟုတ်တယ်မလား"

နယ်ပယ်ကိုထုတ်ဖော်ပြသသည့်တိုင် ၎င်းက အာရုံထွေပြားခြင်းအဆင့် အစောပိုင်းဖြစ်သော်ငြားလည်း ဤနယ်မြေပြင်ပက မိစ္ဆာဗိုလ်ချုပ်၏ ပြိုင်ဘက်မဟုတ်ပါ။

ဤမိစ္ဆာဗိုလ်ချုပ်ကြီးက သာမန်အာရုံထွေပြားခြင်းနယ်ပယ် နောက်ပိုင်းအဆင့်စွမ်းအားရှင်ထက် အနည်းငယ်ပိုအားကောင်းသည်။

အာရုံထွေပြားခြင်းအစောပိုင်းအဆင့်ကို ထုတ်ဖော်ပြသခြင်းက ခုခံနိုင်စွမ်းမရှိသလောက်ပင်။

အာရုံထွေပြားခြင်းနယ်ပယ်သို့ရောက်လာသောအခါ နယ်ပယ်လေးတစ်ခုကပင် ဖြတ်ကျော်ရန် အတော်လေးခက်ခဲသည်။

နယ်ပယ်သုံးလေးခုဆိုပါက ပြောနေစရာပင်မလိုတော့။

ထို့ကြောင့် အချိန်ဆွဲရန်အတွက် သူက အာရုံထွေပြားခြင်းအစောပိုင်းအဆင့်ခွန်အားကိုမပြသဘဲ နည်းဗျူဟာများကို သုံးကာ ဆက်လက်အချိန်ဆွဲရခြင်းဖြစ်သည်။

ဤနည်းလမ်းဖြင့်သာ အများဆုံးအချိန်ဆွဲနိုင်မည်ဖြစ်ကာ ဆော့ကစားရန်လည်း ပိုလွယ်ကူမည်ဖြစ်သည်။

မိစ္ဆာဗိုလ်ချုပ်ကလည်း တိုးသာဆုတ်သာအခြေအနေတွင်ရှိနေသည်။

ဤပါးနပ်သည့်လူသားက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်မှာပင် သူ့ကို အကြာကြီးအချိန်ဆွဲတားဆီးထားနိုင်ခဲ့သည်။

ထို့အပြင် ယခုတွင်မူ အာရုံထွေပြားခြင်း အစောပိုင်းအဆင့်ခွန်အားကိုပင် ပြသနေသည်။

"ဒါပေမယ့် မင်းငါ့ကိုအချိန်ဆွဲထားရင်ရော ဘာအရေးလဲ"

"အဲဒီက အာရုံထွေပြားခြင်းနယ်ပယ်အများစုက အလယ်အလတ်အဆင့်တွေပဲ"

"တချိန်တည်းမှာပင် လူတစ်ယောက်ကလည်းလျော့သွားသေးတယ်"

"ဒီလိုခွန်အားအရာကွာဟချက်မျိုးနဲ့ မင်းတို့ဘယ်လိုတိုက်ခိုက်မှာလဲ"

မုဖူရှန်းထိုနေရာမှာပင်ပျောက်ကွယ်သွား၏။

နောက်အခိုက်အတန့်ဤ သူကမိစ္ဆာဗိုလ်ချုပ်၏မျက်စိရှေ့တွင်ပေါ်လာပြီး ထိုးနှက်လိုက်သည်။

"ကျုပ်ပြောခဲ့တယ်၊ အဲနေရာကဟာတွေက ကျုပ်သောက်လုပ်မဟုတ်ဘူး၊ ကျုပ်တာ၀န်က ခင်ဗျားကိုအချိန်ဆွဲထားဖို့ပဲ"

မိစ္ဆာဗိုလ်ချုပ်ကြီးကနှာခေါင်းရှုံ့သည်။

"နောက်ဆုံးတော့ပြင်ပစွမ်းအားမရှိတော့ဘူးပေါ့၊ ပြင်ပခွန်အားမပါဘဲ ငါ့ရဲ့တိုက်ချက်ကို မင်းဘယ်လိုခုခံမှာလဲ"

ထိုစကားဆိုပြီးနောက် သူကလည်း အလားတူထိုးနှက်လိုက်သည်။

သို့သော် တခဏအကြာတွင် မုဖူရှန်းနှုတ်ခမ်းထောင့်စွန်းကအနည်းငယ်ကွေ့တက်သွား၏။

သူကလက်သီးအစုံကိုချက်ဖွင့်ကာ လက်သီးများကို လက်ဖဝါးများအဖြစ် ပြောင်းလဲပစ်သည်။

ထိုစဉ်သူ့လက်ဖဝါးပေါ်၌ လျှပ်စီးကဲ့သို့ တလက်လက်ထနေသည့် နောက်ထပ်သင်္ကေတတခုပေါ်လာခဲ့သည်။

အပိုင်း(386) coming။

All Chapters