#သန့်စင်ကမ္ဘာမှ မိုးကြိုးနတ်ဘုရားသင်္ကေတ#
Vol. 27 Ch. 386
မုဖူရှန်းလှုပ်ရှားလိုက်သောအခါ မိစ္ဆာဗိုလ်ချုပ်ကြီးက နှလုံးသားထဲကနေ အမှန်တကယ်ပျော်ရွှင်သွား၏။
အကြောင်းရင်းက ဤသည်က ထိုပုရွက်ဆိတ်လေးက နောက်ဆုံးတွင် သူနှင့် ထိပ်တိုက်ရင်ဆိုင်ရဲတော့သည်ကို ပြသနေသည်မဟုတ်ပေလော။
ထို့နောက် သူကလည်း သူ့အရှက်ရမှာအတွက် လက်စားချေနိုင်မည်ဖြစ်ကာ ဤစိတ်တိုစရာကောင်းလွန်းသည့်ပုရွက်ဆိတ်ကို တချက်တည်းဖြင့် ရိုက်သတ်ပစ်နိုင်ပေလိမ့်မည်။
သို့သော် မုဖူရှန်း၏နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေ့တက်သွားသည်ကိုမြင်ရသောအခါ မိစ္ဆာဗိုလ်ချုပ်ကြီး၏နှလုံးသားထဲတွင် မကောင်းသည့်ခံစားချက်တခုရှိလာပြီး မုဖူရှန်း လက်သီးဖွင့်လိုက်သည်ကို ထပ်ကြည့်လိုက်မိသည်။
မုဖူရှန်းလက်ဖဝါးပေါ်၌ လျှပ်စီးကြောင်းများဖြင့်ပြည့်နှက်နေသည့် သင်္ကေတစည်းတံဆိပ်တခုရှိနေသည်။
မိစ္ဆာဗိုလ်ချုပ်ကြီးမှာ ဆွံအသွားရသည်။
ဒါဘယ်လိုငရဲမျိုးလဲဟ!
မင်းငါ့ကိုအချိန်ဆွဲဖို့ကြိုးစားနေတာမဟုတ်ဘူးလား!
မင်းရဲ့ဖုန်းကွယ်ထားတဲ့အင်အားကို ထုတ်ပြဖို့မင်းတွန့်ဆုတ်နေတာမလား!
အခုစည်းတံဆိပ်သင်္ကေတကို သုံးတာက ဘာကိုဆိုလိုချင်တာလဲ!
မင်းသင်္ကေတကိုမသုံးဘူးဆိုရင် မတိုက်ခိုက်နိုင်တော့ဘူးလား ခွေးသားလေး!
ထိုအခိုက်အတန့်၌ မိစ္ဆာဗိုလ်ချုပ်ကြီး၏စိတ်က အလွန်အမင်းလှုပ်ရှားနေသည့် ရိုလာကိုစတာစီးနေသကဲ့သို့ပင်။
တခါတရံ ကိုးဆယ်ဒီဂရီထောင့်တခုတွင် ဆင်းသက်မိသလို ဆင်းသက်သောအခါတွင်လည်း အလွန်မြန်ဆန်သောနှုန်းဖြင့် ပြန်တက်သွားသည်။
ထို့နောက်ပြန်ဆင်းသွားကာ အတက်အဆင်းလုပ်နေသည့်အမာဖြစ်နေသည်။
ရိုလာကိုစတာကစားပါက နှလုံးရောဂါရှိသူများအနေဖြင့် သတိထားကစားသင့်သည်။
မုဖူရှန်းက မိစ္ဆာဗိုလ်ချုပ်ကြီး၏သတိရှိမှုကို ဖြေလျှော့ရန်အတွက် မုဖူရှန်းဤသို့ လုပ်ဆောင်ခဲ့ခြင်းပင်။
ဤအရာအားလုံးက စိတ်ပိုင်းဆိုင်ရာတွက်ချက်မှုအားလုံး၏ အစီအစဉ်တခုဖြစ်ကာ အရာအားလုံးက ထိုအခိုက်အတန့်၌ အပြည့်အ၀ပွင့်လာသည်။
သူ့လက်ဖဝါးပေါ်က အဆောင်က မိုးကြိုးလွတ်မြောက်အဆောင်မဟုတ်သလို ကာကွယ်ရေးသင်္ကေတခုလည်းမဟုတ်ပေ။
၎င်းက အတုဆယ်ခုမျှအထိပေးဆပ်ခဲ့ရသည့် အစစ်အမှန်သတ်ဖြတ်ခြင်းအဆောင်တခုပေတည်း။
ဤလများအတွင်း မုဖူရှန်းက သူ့ကိုယ်သူ စည်းတံဆိပ်စာအုပ်ထဲတွင်သာ နစ်မြှုပ်မထားပါ။
အနားယူနေစဉ် သူက ရှေးဟောင်းကောင်းကင်ကိုးသွယ်မိုးကြိုးနတ်ဘုရားတာအိုကလည်း တွေးတောနေသည်။
သတ်ဖြတ်ခြင်း၏အဓိပ္ပာယ်များ!
ကမ္ဘာမြေကိုလှုပ်ခါခြင်း!
ဤသည်ကို လူသတ်နည်းစနစ်ကြီးတခုဟုဆို၍ရသည်။
မိုးကြိုးနတ်ဘုရားတာအိုဖြင့်ပေါင်းစည်းလိုက်ပါက မုဖူရှန်းက မူလက မိုးကြိုးကျင့်ကြံခြင်းအမြင်တွင် ကောင်းမွန်လေရာ ယခုတွင် မိုးကြိုးအရည်အသွေးနှင့် ပိုတူလာပြီး ကိုယ်ခန္ဓာက မိုးကြိုးဖြစါလာသည်ဟုဆို၍ရသည်။
မိုးကြိုးလမ်းကြောင်းကို ထိန်းချုပ်နိုင်မည်ဆိုပါက မည်သည့်ပြဿာနာမှရှိမည်မဟုတ်။
မိုးကြိုးကိုးဆယ့်ကိုးစင်းက ယမန်နေ့ရက်များအတွင်းဖြစ်တည်လာခဲ့သည်။
စည်းတံဆိပ်စာအုပ်က သတ်ဖြတ်ခြင်းတံဆိပ်နည်းလမ်းနှင့် ပေါင်းစည်းလိုက်ပါက ဤသတ်ဖြတ်ခြင်းသင်္ကေတကို စည်းတံဆိပ်ကနေ ထွင်းထုနိုင်ပြီး မိမိ၏ ရှေးဟောင်းမိုးကြိုးကိုးဆယ့်ကိုးစင်းနည်းစနစ်ကို အားကောင်းအောင်လုပ်နိုင်သည်။
ထို့နောက် မိမိ၏နယ်ပယ်အလွန်တွင်ရှိသည့် သတ်ဖြတ်ခြင်းစွမ်းအားတခုကို ဖန်တီးရန်အတွက်လည်းသုံးနိုင်သည်။
ထိုအချိန်တွင် မုဖူရှန်း၏ကိုယ်က မိုးကြိုးများဖြင့်ပြည့်နှက်နေသည်။ မူလတည်ငြိမ်အေးချမ်းနေသည့် ကြယ်တာရာကောင်းကင်၌ တိမ်မည်းများထွက်လာသည်။
တိမ်မည်းများကြားတွင် မိုးကြိုးများကလင်း၀င်းလာကာ ဒိုင်နိုဆော့များအလား လှိမ့်ဆင်းလာကြသည်။
တကြိမ်ပြီးတကြိမ် မိုးကြိုးနဂါးများက မြည်ဟီးနေကြသည်။ သို့သော်ဤမိုးကြိုးမုန်တိုင်းများက သာမန်မိုးကြိုးများနှင့် ကွဲပြားသည်။
အဖျက်စွမ်းအားက ပို၍ကြီးမားသည်။
တချိန်တည်းမှာပင် ဤမိုးကြိုးထဲတွင် သန့်စင်စွမ်းအားများဖြင့်ပြည့်နှက်နေသည်။
ဤသည်က သာမန်မိုးကြိုးများ၏ သန့်စင်စွမ်းအားအလွန်၌ရှိနေပြီး မုဖူရှန်း၏ အထူးစည်းတံဆိပ်ကနေ ထိုသက်ရောက်မှုကို ယူဆောင်လာခြင်းဖြစ်သည်။
သူယခုတကြိမ် သွေးကြောတောင်ကို လာကတည်းက ယခုတကြိမ်ရန်သူက နယ်မြေပြင်ပက မိစ္ဆာများဖြစ်လိမ့်မယ်ဆိုတာ ခန့်မှန်းထားပြီးဖြစ်သည်။
ဤသို့ဆိုပါက နယ်မြေပြင်ပက မိစ္ဆာများ၏ကပ်ဆိုးရန်သူကဘာများဖြစ်လေသနည်း။
တာအိုစွမ်းအား!
တာအိုစွမ်းအား၏ အခြေခံအကျဆုံးစွမ်းအားတခုက သန့်စင်ခြင်းစွမ်းအားပင်။
မိုးကြိုးတွင်လည်းသန့်စင်ခြင်းစွမ်းအားရှိသည်။
ထို့ကြောင့် မုဖူရှန်းလုပ်ရန်လိုသည်က သူမိုးကြိုးသတ်ဖြတ်ခြင်းစွမ်းအားကို သုံးသောအခါ သန့်စင်ခြင်းစွမ်းအားကို အားဖြည့်ရန်ဖြစ်သည်။
ဤသို့ဖြင့် မိစ္ဆာဗိုလ်ချုပ်ကြီး၏ ခွန်အားကို တိုက်ခိုက်ရာ၌ မိုးကြိုး၏သတ်ဖြတ်ခြင်းစွမ်းအားတခုတည်းကို အားကောင်းအောင် လုပ်ခြင်းထက် ပို၍ထိရောက်ပေလိမ်မည်။
ပို၍အစွမ်းထက်ပေလိမ့်မည်။
မိစ္ဆာဗိုလ်ချုပ်ကြီးက ဤမြင်ကွင်းကိုကြည့်နေပြီး အထဲကစွမ်းအားကို ခံစားမိသဖြင့် သူ့အစိမ်းရောင်မျက်လုံးများက တင်းတင်းစေ့နေသည်။
သန့်စင်ခြင်းစွမ်းအားက သူ့ခွန်းအားနှင့်ဆိုလျှင်ပင် အနည်းငယ်ခက်သလိုခံစားရသည်။
သူ့ရှေ့ကပါးနပ်သည့်ပုရွက်ဆိတ်လေးက ၎င်းကိုကြံစည်နေပြီး ထုတ်လွှတ်လိုက်သည့်တိုက်ချက်ကလည်း လုံး၀အားမနည်းပေ။
နယ်ပယ်တူလူများနှင့်ယှဉ်ပါက မိစ္ဆာဗိုလ်ချုပ်ကြီးကအများကြီးပိုအားကောင်းသည်။ ဤသည်ကိုတွေးမိစဉ် မိစ္ဆာဗိုလ်ချုပ်က ဂရုမစိုက်ဘဲမနေရဲတော့။
ရုတ်တရက်ဆိုသလို မိစ္ဆာစွမ်းအားကို ကိုယ်ထဲကနေ ထုတ်လွှတ်လိုက်သည်။ ၎င်းက ပတ်ပတ်လည်က မြူခိုးနက်များဖြင့် ပေါင်းစပ်သွားပြီး အနက်ရောင်လေပွေများအဖြစ် ပြောင်းလဲကာ မုဖူရှန်းထံ ၀င်ရောက်သွားကြသည်။
ယခုတကြိမ်တွင် မုဖူရှန်းကလည်း လက်ထဝါးဖြင့်ရိုက်ချလိုက်သည်။
မိုးကြိုးကို လက်ဖဝါး၌ဖြစ်ပေါ်စေပြီး တခုပြီးတခု ကမ္ဘာ့သန့်စင်မိုးကြိုးနဂါးများက တိမါမည်းများထဲကနေ လွင့်မြောကာ မုဖူရှန်း၏လက်ဖဝါးချက်နှင့်အတူ လိုက်ပါသွားသည်။
တချိန်တည်းမှာပင် အနက်ရောင်လေပွေများကိုရင်ဆိုင်လိုက်ကြသည်။
မြူခိုးနက်များကမြည်ဟီးနေကြသည်။
နဂါးများကဟိန်းနေကြသည်။
လုံး၀ဆန့်ကျင်ဘက်အားနှစ်ခုက ထိုအခိုက်အတန့်၌ စုဆုံသွားကြသည်။
မိုးကြိုးနဂါးဧရာမကိုယ်ထည်က ထောင်ချီသောသန့်စင်မိုးကြိုးများကိုထုတ်လွှတ်ကာ ထိုလေနက်များကို ပြင်းထန်စွာ ရိုက်ခတ်သည်။
ချက်ချင်းဆိုသလို သန့်စင်ခြင်းစွမ်းအားက တောင်ပလာသည်။
လေနက်ကနေသယ်ဆောင်လာသည့် မြူခိုးနက်များက ထိုအခိုက်အတန့်၌ ရေခဲလွှာတခုက ချော်ရည်နှင့်ဆုံမိသည့်အလား တကျီကျီမြည်ကာ စတင်အရည်ပျော်လာသည်။
တခြားတဘက်တွင် မုဖူရှန်း၏လက်ဖဝါးက သန့်စင်ခြင်းမိုးကြိုးစွမ်းအားကို သယ်ဆောင်လာပြီး မိစ္ဆာဗိုလ်ချုပ်ကြီး၏ လက်ဖဝ်းကို ရိုက်ချလိုက်သည်။
ဤသည်က ကလေးကစားကွင်း၌ လက်ခုပ်တီးနေသည်မျိုးမဟုတ်ပါ။ အသက်နှင့်သေခြင်းတရားအတွက်ဖြစ်သည်။
နဂါးနှင့်ကျားများအကြားကတိုက်ပွဲဖြစ်ပြီး တစ်ယောက်ယောက်ကသေချာပေါက် သေဆုံးရပေမည်။
အားနှစ်ခုကအရူးအမူးတိုက်မိကြသည်။
မုဖူရှန်း၏နယ်ပယ်က ထိုမိစ္ဆာဗိုလ်ချုပ်ထက်များစွာနိမ့်ကျသည်။
သန့်စင်မိုးကြိုးနတ်ဘုရားစည်းတံဆိပ်၏ ကောင်းချီးကြောင့် သန့်စင်ခြင်းစွမ်းအားက မကြုံစဖူးထိုးတက်လာခဲ့သည်။
ထိုအချိန်တွင် သူကအဆင်မပြေဖြစ်နေခြင်းမရှိတော့။ ဤသည်က တိုက်ဆိုင်မှုတခုဟုဆို၍ရသော်လည်း မိစ္ဆာဗိုလ်ချုပ်ကို ထိန်းချုပ်ရန် ထိုစွမ်းအားကိုသုံးလိုက်သည်။
သို့စေကာမူ အာရုံထွေပြားခြင်းနောက်ပိုင်းအဆင့်မိစ္ဆာဗိုလ်ချုပ်များနှင့်ယှဉ်မည်ဆိုပါက ၎င်းတို့ကတစ်နည်းအားဖြင့် ပိုအားကောင်းသည်။
မုဖူရှန်းလက်ထဲတွင် သူကဘာအကျိုးခံစားခွင့်မှမရရှိခဲ့ပေ။ ဤကဲ့သို့ မှတ်တမ်းမျိုးကသာ ပြန့်သွားမည်ဆိုပါက နယ်နိမိတ်မဲ့အင်ပါယာအမွေခံတဖြစ်လဲ မုဖူရှန်းပုံရိပ်က ပို၍လုံခြုံသွားစေလိမ့်မည်။
မူလကမထင်ရှားသည့် အင်ပါယာအမွေခံလေးက ယခုလိုတိုက်ခိုက်ရေးစွမ်းအား မြင့်မားသည့်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားရသည်။
စီမံကိန်းရေးဆွဲနည်းလမ်းများ၊ ထူးကဲသည့်ပါရမီနှင့် ယခုလိုလူမျိုးကသာ ပြီးပြည့်စုံသော အင်ပါယာအမွေခံဖြစ်သည်။
ထိုအချိန်တွင် မည်သူကများ ဧကရာဇ်မုကျန်းထင်ကိုယ်တိုင်ထုတ်ပြန်သညိ့ အမိန့်ကို ဆန့်ကျင်ရန်အတွက် ထိုပါရမီကိစ္စကို အသုံးပြုရဲတော့မည်နည်း။
မိစ္ဆာဗိုလ်ချုပ်ကြီးကလည်း အတော်လေးကြည့်ရဆိုးသွားခဲ့သည်။
ရန်သူတွင် သူ့ကိုထိန်းချုပ်ရန်စွမ်းအားရှိသော်လည်း ဤပုံစံပင် သူက အာရုံထွေပြားခြင်းအစောပိုင်းအဆင့်က ပုရွက်ဆိတ်တကောင်နှင့် ယှဉ်ပြိုင်ခဲ့ရသည်။
ဒါကသူ့ကိုအတော်လေးစိတ်မသက်မသာဖြစ်စေသည်။ ယခုအချိန်တွင် လွတ်မြောက်အဆောင်မရှိတော့သလို ကာကွယ်ရေးသင်္ကေတများလည်းမရှိတော့ပါ။
ဤသည်က တကယ့်ထိပ်တိုက်တွေ့ဆုံမှုပင်။ သို့စေကာမူ သူကသူ့ရှေ့က ပါးနပ်ပြီး ပရိယာယ်ကြွယ်၀သည့် ပုရွက်ဆိတ်ကို မသတ်နိုင်သေးပေ။
ဒါကသူ့မျက်နှာကိုရိုက်လိုက်သည်နှင့်တူပေသည်။
ဤသည်ကိုမဆိုထားနှင့် သူ့ကိုဤနေရာသို့ ခေါ်လာသည့်တိုင် ထိုနေရာတွင်ရော!
အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားက လုံး၀အနိုင်ယူသွားလျှင်ပင် မိစ္ဆာစစ်သည်များနှင့် တပ်မှူးအဆင့်မိစ္ဆာအရေအတွက်က ရန်သူများထက်ပိုများသည်။
ယခုလိုတိုက်ခိုက်ရေးစွမ်းအားကွာဟချက်၌ ဘာတခုမှစိုးရိမ်စရာမရှိပါ။
သို့စေကာမူ ထိုအမျိုးသမီးလက်ထဲက စာလိပ်ကိုလည်းမေ့၍မရပေ။ ရန်သူများကထွက်ပြေးနိုင်မည်မဟုတ်ဘဲ ထိုနေရာတွင် နေရပေဦးမည်။ ဒီအချက်ကသေချာသည်။
ယခုစီမံကိန်း၌မည်သည့်အမှားမှမရှိသင့်ပေ။ ဖြစ်နိုင်ချေအနည်းဆုံးရှိခဲ့လျှင်ပင် မိမိလူများကိုပါသတ်ပစ်ရမည်။
ထို့ကြောင့် သူ့ကိုဤနေရာ၌ထာ၀ရဆွဲခေါ်ထား၍မရပေ။ ယခုတွင်မူ သူက တိုက်ခိုက်ရန် ခွန်အားအပြည့်ကို အကြိမ်ရေမည်မျှပင် သုံးစေကာမူ မုဖူရှန်းကို မနိုင်နိုင်သေးပေ။
ထိုမကုန်ခမ်းနိုင်တော့သည့်ကာကွယ်ရေးသင်္ကေတများနှင့် လွတ်မြောက်အဆောင်များက သူ့ကိုဝါဂွမ်းစနှင့်ထိုးနေသလို အကြောက်တရားကိုခံစားရစေသည်။
မိနစ်စက္ကန့်များကဖြည်းဖြည်းချင်းကုန်ဆူံးနေသည်။ တစ်မိနစ်အတွင်းမှာပင် မိစ္ဆာဗိုလ်ချုပ်ကြီး၏နှလုံးသားထဲက မသက်မသာဖြစ်မှုက ပို၍နက်ရှိုင်းလာသည်။
ယခုလေးတင် ဝေးလံသည့်ကောင်းကင်၌ မြူခိုးနက်များက သန့်စင်ကမ္ဘာ၏အလင်းကြောင့် ပျောက်ကွယ်ကာ ကောင်းကင်ပေါ် ထိုးတက်သွားကြ၏။
မိစ္ဆာဗိုလ်ချုပ်ကြီးက ဤမြင်ကွင်းကိုကြည့်ရင်း သူ့မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
မုဖူရှန်းစိတ်သက်သာရာရစွာသက်ပြင်းချသည်။ နောက်ဆုံးတော့ပြီးသွားခဲ့လေပြီ။
သို့သော် မိစ္ဆာဗိုလ်ချုပ်ကြီးကိုသွားခွင့်မပေးနိုင်သေး။ တတ်နိုင်သမျှဆွဲထားရမည်။ တိုက်ပွဲကိုအဆုံးသတ်သည်အထိ ဆွဲထားနိုင်ပါက အကောင်းဆုံးပေတည်း။
ထို့ကြောင့် မုဖူရှန်းကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်ပို ထပ်အသုံးပြုပြီးနောက် ထပ်ပြီးလှုပ်ရှားလိုက်ပြန်သည်။
အပိုင်း(387) coming။