#ဝှက်ဖဲအားလုံးဖြင့် ကစားခြင်း#
Vol. 27 Ch. 387
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့ကလည်း တချိန်တည်းတွင် ပစ်လွှတ်ကာ အာရုံထွေပြားခြင်းအဆင့်မိစ္ဆာဗိုလ်ချုပ်ကို နှောင့်နှေးအောင်လုပ်ကြသည်။
သူတို့သုံးယောက်ထဲတွင် တစ်ယောက်တည်းကသာ သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ဖြစ်သည်။
ဤသည်က ဘေဘီဝဲယာက အာရုံထွေပြားခြင်းနယ်ပယ်ကလူတိုင်းက ထိတ်လန့်သွားစေသည်။
ယဲ့ချိုးပိုင်လက်ထဲက ရိုးစင်းပုံမပေါ်သည့် ဓားမှ ထွက်လာသည့် ဓားသိုင်းစည်းမျဉ်းစွမ်းအားဖြစ်စေ၊ ရှောင်ဟိုင်လက်ထဲက မယုံနိုင်စရာမှော်စွမ်းအားကို ထုတ်လွှတ်နေသည့် ကောင်းကင်ကိုးသွယ်နတ်ဆိုးတင်းပုတ်ဖြစ်စေ၊ ကြယ်အလင်းများစုစည်းနေသည့် အမှောင်ယံည၏ ကြယ်တာရာများအောက်တွင် ပြင်းထန်သည့် ကြယ်စွမ်းအားကို ထုတ်လွှတ်နေသည့် ရှီရှန်းဖြစ်စေ၊ ထိုအခိုက်အတန့်၌ ထွက်ပေါ်လာသည့် အားက လူတိုင်းကို အတော်လေးလက်တွေ့မကျစေသည့် ခံစားချက်တခုကို ခံစားရစေသည်။
ဤသည်က သိုင်းဧကရာဇ်တ၀က်အဆင့်နှစ်ဦးနှင့် သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ဦး ထုတ်လွှတ်နိုင်သည့်စွမ်းအားပေလား။
နယ်ပယ်ပိုမြင့်လေလေ ဖြတ်ကျော်ရန် ပိုခက်ခဲလေလေဖြစ်သည်။
ဤသို့ဆိုပါက အာရုံထွေပြားခြင်းအဆင့်ကရော!
ဤကြယ်နယ်မြေ၌ အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်တစ်ဦးက ပထမတန်းစားဆရာသခင်တစ်ဦးအဖြစ် ရပ်တည်နိုင်သည်ဟုဆို၍ရသည်။
အထွပ်အထိပ်တွင်မူ တာအိုနယ်ပယ်ဖြစ်သည်။
သို့သော် သိုင်းဧကရာဇ်နယ်ပယ်နှင့် သိုင်းဧကရာဇ်တ၀က်နယ်ပယ်စွမ်းအားနှင့် လူသုံးယောက်က အတင်းတားဆီးနိုင်ခဲ့သည်။
ဒါဘယ်လိုပါရမီမျိုးလဲ!
နယ်ပယ်ဖြတ်ကျော်စစ်ဆင်ရေးတွေရဲ့ အားကဒီလောက်ထိ အားကောင်းလို့လား!
မုချင်းချင်းက အစီအရင်ကိုအသက်သွင်းနေသော်လည်း သူမတွင်လှုပ်ရှားရန်အချိန်မရှိပေ။
သို့သော် သူမကအခြေအနေကို ဘက်ပေါင်းစုံကနေ စောင့်ကြည့်နေနိုင်သည်။
သူမကိုအများဆုံးအံ့ဩသင့်နေသည့်သူများက ယဲ့ချိုးပိုင်တို့သုံးဦးပင်။
သူတို့ဒါကိုဘယ်လိုလုပ်လိုက်တာလဲ!
ထိုရှေးခေတ်မိသားစုမှ ထိပ်သီးနတ်ဆိုးများဖြစ်စေ မင်းဆက်၏ထိပ်တန်းပါရမီရှင်များပင်ဖြစ်စေ ဤသည်ကိုမလုပ်ဆောင်နိုင်။
သူမ၏ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းပါရမီက ထိပ်တန်းမဟုတ်လျှင်ပင် မဆိုးဘူးဟု မုချင်းချင်းတွေးနေမိသည်။
စစ်မြေပြင်၌ နှစ်များစွာအတွေ့အကြုံရှိခြင်းက သူမကို တကယ့်စစ်ပွဲအတွေ့အကြုံ၌ အတော်လေး ကြွယ်၀စေသည်။
သို့စေကာမူ အကယ်၍သူမသာ သိုင်းဧကရာဇ်တ၀က်နယ်ပယ် သို့မဟုတ် သိုင်းဧကရာဇ်နယ်ပယ်၌ရှိမည်ဆိုပါက ဤမျှထိ လုပ်နိုင်မည်မဟုတ်ပါ။
နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်သည့် ယဲ့ချိုးပိုင်၏စွမ်းရည်မျိုးက လူသားများလုပ်နိုင်သည့်အရာတခုမဟုတ်။
ဤသည်က သူမနားလည်မှုကို ကျော်လွန်သွားပြီဟုဆို၍ရသည်။
ယဲ့ချိုးပိုင်တို့ကို ရင်ဆိုင်နေသည့်မိစ္ဆာဗိုလ်ချုပ်က ပို၍တိုက်ခိုက်လေလေ၊ ပို၍အံ့ဩသင့်လာလေလေဖြစ်သည်။
တိုက်ပွဲ၌ သူကအခွင့်ကောင်းယူနိုင်သော်လည်း ဤအားသာချက်ကို ပုရွက်ဆိတ်လေးပမာရန်သူသုံးယောက်က အကြိမ်တိုင်းဖြေရှင်းပစ်ခဲ့သည်။
အထူးသဖြင့် သူတို့လက်ထဲကဓားနှင့် မှော်တင်းပုတ်က သူ့ကိုနှလုံးတုန်စေသည်။
စည်းမျဉ်းစွမ်းအား!
အလယ်အလတ်အဆင့်ကြယ်နယ်မြေက မိစ္ဆာမျိုးနွယ်တဖြစ်လဲ သူကဤစွမ်းအားအကြောင်းကို ကြားဖူးသည်။
သို့သော် ဤအဆင့်နိမ့်ကြယ်နယ်မြေတွင် တစ်စုံတစ်ယောက်က မည်သို့မည်ပုံ စည်းမျဉ်းစွမ်းအားကို နားလည်သဘောပေါက်နိုင်လေသနည်း။
သူကိုယ်တိုင်ပင်လျှင် ကြားရုံသာကြားခဲ့ဖူးပြီး ကိုယ်တိုင်တခါမှကြုံတွေ့မခံစားခဲ့ရဖူးပါ။
သူ့ခွန်အားအပြည့်ဖြင့် မည်မျှပင် တိုက်ခိုက်စေကာမူ သူတို့ထဲကတစ်ယောက်ကိုမှ ကြီးမားသည့်ထိခိုက်မှုကို မဖြစ်စေနိုင်ချေ။
ဤသည်က မိစ္ဆာဗိုလ်ချုပ်ကို အဓိပ္ပာယ်မဲ့သလိုခံစားရစေပြီး ဒေါသထွက်စေသည်။
ထိုအချိန်တွင် မုချင်းချင်းက စာလိပ်တစ်လိပ်ကိုကိုင်ထားသည်။
ကမ္ဘာသန့်စင်အစီအရင်က ထိုအခိုက်အတန့်၌ ပြီးပြည့်စုံသွားလေပြီ။
စွမ်းအားရှင်များစွာ၏ ဝိဉာဉ်စွမ်းအင်ဖြည့်သွင်းမှုအောက်တွင် အစီအရင်ကို အသက်သွင်းနိုင်ခဲ့သည်။
စာလိပ်ထဲတွင် တောက်ပသည့်အလင်းရောင်တခုရှိသည်။
တစ်ခုပြီးတစ်ခု တာအိုစွမ်းအားများက စာလိပ်ကနေ လေတိုက်လာသည့်ပမာ ဝှေ့ယမ်းထွက်လာကြသည်။
မိုင်တစ်ရာအတွင်းရှိ မြူခိုးနက်များက ထိုအခိုက်အတန့်၌ ပျောက်ကွယ်သွားကြ၏။
ထိုမိစ္ဆာစစ်သည်များက ကမ္ဘာသန့်စင်အစီအရင်၏ လွှမ်းမိုးမှုအောက်တွင်ကျသွားပြီး မြူခိုးနက်များက ကာကွယ်ပေးခြင်းမရှိလေရာ တာအိုစွမ်းအားဖြင့် တိုက်ရိုက်အရည်ပျော်သွားရသည်။
ထူးဆန်းသည့်အော်ဟစ်သံများစွာထွက်ပေါ်လာသည်။ တပ်မှုးအဆင့်မိစ္ဆာများကလည်း အနည်းနှင့်အများထိခိုက်ခံနေရသည်။
ဤသည်က သိုင်းဧကရာဇ်နယ်ပယ်နှင့် နတ်ဘုရားတ၀က်နယ်ပယ်က လူသားကျင့်ကြံသူများကို စိတ်သက်သာရာရသွားစေသည်။
ကြီးမြတ်သည့်ကမ္ဘာ့သန့်စင်အစီအရင်ကိုကြည့်ရင်း မိစ္ဆာဗိုလ်ချုပ်ကိုးဦး၏မျက်နှာများက လေးလံသွားကြ၏။
ဤအစီအရင်က သူတို့အတွက် အတော်လေးအဟန့်အတားဖြစ်လွန်းသည်။
တာအိုစွမ်းအားနှင့် သန့်စင်ခြင်းစွမ်းအားက သူတို့၏တည်ရှိမှုကို ထိန်းချုပ်ထားသည်။
သူတို့က မိစ္ဆာဗိုလ်ချုပ်များဖြစ်သည့်တိုင် စွမ်းအားများကလျော့ကျနေသည်။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်မျက်လုံးအနည်းငယ်ကျဉ်းလိုက်မိသည်။ သူ့မျက်လုံးထဲတွင် နတ်ဘုရားအလင်းတန်းများရှိနေသည်။
အချိန်ကျပြီဖြစ်လေရာ အော်ရာကိုသိုမှီးရန်နှင့်ဒဏ်ရာများကို ကုသရန် ဆေးသုံးလုံးကို တိုက်ရိုက်ထုတ်ပြီး ပါးစပ်ထဲထည့်သွင်းလိုက်၏။
ထိုအခိုက်အတန့်၌ အော်ရာကပေါက်ကွဲထွက်လာသည်။
ကြယ်ကြွေဓားကိုလက်နှစ်ဖက်နှင့်ကိုင်ကာ လက်ကိုင်ကိုလက်တစ်ဖက်ဖြင့် တင်းတင်းဆုတ်ရင်း နောက်တစ်ဖက်ဖြင့် ဆွဲယူလိုက်သည်။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏တိုက်ပွဲအချက်ပြမှုကို ရှောင်ဟိုင်ရရှိသဖြင့် ထိုအချိန်မှာပင် တိုးညင်းသည့်ဟိန်းသံတစ်ခုထွက်လာပြီး မှောင်စွမ်းအင်က အရူးအမူး ထိုးတက်လာသည်။
သူ့နောက်ကနတ်ဆိုးပုံရိပ်ယောင်က ထိုအခိုက်အတန့်၌ အတော်လေးခိုင်ခံ့လာသည်။
သူ့ကိုယ်မျက်နှာပြင်ပေါ်ရှိ အလွှာသုံးလွှာက မီး၊ ရေခဲနှင့် သတ်ဖြတ်ခြင်းဆန္ဒများကို အသီးသီးကိုယ်စားပြုပြီး သူ့နောက်တွင် ကောင်းကင်ကိုးသွယ်တင်းပုတ်ကိုင်ထားသည့် ဧရာမနတ်ဆိုးကြီးကပေါ်လာသည်။
နတ်ဆိုးဘုရင်ဆင်းသက်လာခဲ့သည်။
တခြားတဘက်တွင် ဒါက ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်တို့နှင့်ဆက်သွယ်ထားပုံရသည်။
ရှီရှန်းကလည်းတချိန်တည်းမှာပင် အဆုံးမဲ့ကြယ်များကို ပွင့်လာစေသည်။
ညတာယံမှကြယ်များနှင့် ကြယ်တစ်ပွင့်ဆီမှ မှိန်ဝါးဝါးအလင်းက ထိုအခိုက်အတန့်၌ ရှီရှန်းကိုယ်တွင် စုပြုံလာပုံရပြီး အလင်းစက်တခုပမာဖြစ်လာသည်။
ပရမ်းပတာကြယ်မှတ်တမ်း! ကြယ်ဗဟိုချက်!
လက်တစ်ဖက်ဖြင့်ကိုင်ထားစဉ် ဤသည်ကကောင်းကင်ကိုးသွယ်တင်းပုတ်နှင့်အတူ ဆင်နွှဲနေသည့်အလား ထိုအချိန်တွင် သုံးယောက်စလုံး၏ခွန်အားများက လုံး၀ပေါက်ကွဲသွားကြ၏။
ကြယ်ကြွေဓားကိုဆွဲထုတ်လိုက်စဉ် ဓားသွားတစ်စင်းက ကမ္ဘာကြီးထဲတွင် ထွက်ပေါ်လာသည့်အလား ဓားသိုင်းစည်းမျဉ်းစွမ်းအားက အရူးအမူးထွက်ပေါ်လာကာ လေဆင်နှာမောင်းပမာ ဤကုန်းမြေအား တိုက်ခတ်ပစ်သည်။
လူတိုင်းရ ဤဓားသိုင်းစည်းမျဉ်းစွမ်းအားကိုခံစားမိသဖြင့် သူတို့၏အမူအရာများက ထိတ်လန့်နေခဲ့ကြသည်။
ဒါဘယ်လိုဓားစွမ်းအားအဆင့်လဲဟ!
ဒီလိုစွမ်းအားမျိုးရှိတာလား!
ဒဏ်ရာရစေသည့် ငွေချပ်၀တ်တပ်မှုးက ထိုမြင်ကွင်းကို လေးနက်သည့်အမူအရာဖြင့် ကြည့်နေသည်။
တကြိမ်တခါက ကြယ်ကြွေဓားဂိုဏ်းချုပ် ကျန်းဝူဖန်းလှုပ်ရှားသည်ကို သူတခါတွေ့ဖူးသည်။
ကျန်းဝူဖန်းက ယနေ့ဓားပညာရပ်၌ လူသိများသည့် နံပါတ်တစ်ဓားပညာရှင်ဖြစ်သည်။
ဓားနယ်ပယ်က အမြင့်ဆုံးနယ်ပယ်ထဲတွင်ဖြစ်သည်။ ဤအမြင့်ဆုံးနယ်ပယ်တွင်ဆိုလျှင်ပင် ယဲ့ချိုးပိုင်လက်ထဲရှိ ကြယ်ကြွေဓားကထုတ်လွှတ်နေသည့် ဓားသိုင်းစည်းမျဉ်းစွမ်းအားနှင့်ယှဉ်ပါက ပိုမကောင်းပေ။
ယခုလိုစွမ်းအားမျိုးက တစ်ကမ္ဘာလုံးက ဓားသိုင်းစွမ်းအားနှင့်ယှဉ်လျှင်ပင် ဒုတိယဟာက အနည်းငယ်မှိန်နေပုံရသည်။
ဓားဆန္ဒအကြောင်းပြောဆိုပါက ဓားကိုဘယ်လိုသုံးရမလဲဆိုတာ နားလည်ရမည်။ ထို့နောက် ဓား၏ စည်းမျဉ်းစွမ်းအားက ဓားကိုအပြည့်အ၀ထိန်းချုပ်သွားမည်ဖြစ်ကာ ကိုယ်ပိုင်အဖြစ်သုံး၍ရသွားပေလိမ့်မည်။
ဤသည်က ဓားပညာ၏အစစ်အမှန်အဓိပ္ပာယ်ပေတည်း။ ယင်းထဲကစွမ်းအားက လူတိုင်းကိုဖြူဖျော့သွားစေသည်။
ရှောင်ဟိုင်က နတ်ဆိုးဘုရင်ကိုဆင့်ခေါ်ကာ နတ်ဆိုးစွမ်းအင်ကို သူ့နောက်တွင်စုစည်းထားစဉ် ထိုအခိုက်အတန့်၌ ရှောင်ဟိုင်က အစစ်အမှန်နတ်ဆိုးဘုရင်နှင့်တူနေပြီး ဤကမ္ဘာထဲတွင် မှော်နည်းလမ်းကို ထိန်းချုပ်နေလေရာ လူတိုင်းကို အရှုံးပေးခိုင်းနေသည့်ပမာ ထင်ရသည်။
အာရုံထွေပြားခြင်းနယ်ပယ်က စွမ်းအားရှင်တစ်ယောက်၏ စိတ်အခြေအနေပင် ထိုအခိုက်အတန့်၌ သက်ရောက်ခံရသည်။
ရှီရှန်း၏ကြယ်စွမ်းအားကလည်း ယှဉ်၍မရနိုင်လောက်အောင် ကျယ်ပြောသည်။
ဖိနှိပ်ခြင်းစွမ်းအားကလည်း အတော်လေးလျှို့ဝှက်ဆန်းကြယ်သည်။
ယခုလိုအစွမ်းထက်ကြယ်စွမ်းအားက လူတိုင်းက ကြယ်စွမ်းအားကျင့်ကြံခြင်းနည်းလမ်းကို ဆုံးရှုံးရခြင်းက လူသားကမ္ဘာအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုဟုပင် တွေးမိစေသည်။
သုံးယောက်လုံးကတပြိုင်နက်တည်း ပစ်လွှတ်ကာ ဝှက်ဖဲများကို ထုတ်လိုက်ကြသည်။
ဤမိစ္ဆာဗိုလ်ချုပ်ကလည်း စိတ်ကို ထိန်းချုပ်ရင်း သူ့မျက်ခုံးများကို တင်းတင်းစေ့ထားသည်။
သူ့ကိုယ်ထဲ၌ မိစ္ဆာစွမ်းအားအလုံးစုံက ထွက်လာသည်။ သို့သော် ကမ္ဘာသန့်စင်အစီအရင်၏ လွှမ်းမိုးမှုအောက်၌ ခွန်အားက ဖိနှိပ်ခံလိုက်ရသည်။
ယနေ့မိစ္ဆာဗိုလ်ချုပ်များက သူတို့၏ မူလခွန်အား၇၀ရာခိုင်နှုန်းကိုသာ ပြသနိုင်သည်။
ထိုအခိုက်အတန့်၌ သုံးယောက်စလုံး၏ တိုက်ခိုက်မှုက ထွက်လာသည်။
ဓားသိုင်းစည်းမျဉ်းစွမ်းအားက လေဆင်နှာမောင်းတခုအဖြစ် ပြောင်းလဲသွား၏။
နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်ကို ကိုင်လျက် မိစ္ဆာဗိုလ်ချုပ်ဆီသို့ ရိုက်ချလိုက်သည်။
ကြယ်စွမ်းအားက ကောင်းကင်၌ကြယ်များအဖြစ်ပြောင်းလဲကာ ကြယ်များ၏စွမ်းအားဗဟိုချက်အဖြစ်စုစည်းကာ ကြယ်ဥက္ကာခဲပမာ အဆုံးမဲ့ဖိနှိပ်ခြင်းစွမ်းအားကို သယ်ဆောင်ထားပြီး မိစ္ဆာဗိုလ်ချုပ်ကို ဖိနှိပ်နေသည်။
ထိုအခိုက်အတန့်၌ သွေးကြောတောင်က ပြိုကျပျက်စီးသွားတော့မည့်ပုံပေါ်သည်။
ထိုလှုပ်ရှားမှုက သွေးကြောတောင်မှ နယ်စပ်မြို့၏အာရုံကိုလည်းဆွဲဆောင်သွားခဲ့သည်။
ကြယ်ကြွေတောင်မှ ကြမ်းတမ်းသည့်အော်ရာကို သတိထားမိသည့် ထိပ်သီးစွမ်းအားရှင်များပင်ရှိသည်။
အပိုင်း(388) coming။