← Chapters

#မင်းမှာ သဲလွန်စမရှိပုံပဲ#

Vol. 27 Ch. 388

#မင်းမှာ သဲလွန်စမရှိပုံပဲ#

Vol. 27 Ch. 388

ကြယ်ကြွေဂိုဏ်း၏ ပင်မခန်းမ၌ ကျန်းဝူဖန်းက လက်ထဲက ဧရာမဓားကို ဂရုတစိုက် သန့်ရှင်းရေးလုပ်နေသည်။

ထိုအချိန်တွင် သူတစ်ခုခုကိုသတိထားမိသွားပုံရပြီး အရှေ့ဘက်သို့ လှည့်ကြည့်လိုက်မိသည်။

ထိုနေရာက သွေးကြောတောင်ရှိရာဘက်ဖြစ်သည်။

"ဓားစွမ်းအားလား"

ဓားစွမ်းအားက ထိုအချိန်က အားကောင်းသည့်စွမ်းအားရှင်၏ဓားစွမ်းအားလောက် အားမကောင်းသော်လည်း တူညီသော အရင်းအမြစ်ကနေလာတာကို ကျန်းဝူဖန်းခံစားနေရသည်။

အဆိုပါစွမ်းအားရှင်က ယဲ့ချိုးပိုင်ဆရာဖြစ်သည်။ သွေးကြောတောင်ကိစ္စ၌ ကြယ်ကြွေဓားကလည်း ဤသတင်းကိုကြားခဲ့သည်။

"ကျန်းကျိကလည်း သွားတာများလား"

ထိုအကြောင်းတွေးမိသောအခါ ကျန်းဝူဖန်း ဧရာမဓားကိုဖယ်လိုက်ပြီး အဖြူရောင်ပဝါကိုကောက်ယူကာ ဓားရေကန်၌ထည့်ပြီး ဆေးကြောလိုက်သည်။

ထို့နောက် တခြားတောင်ထိပ်သုံးခုမှ ဆရာများအားဖိတ်ကြားကာပြောသည်။

"အခုကနေစပြီးတော့ ကြယ်ကြွေဓားဂိုဏ်းက တိုက်ပွဲအတွက် ပြင်ဆင်ခြင်းအနေအထားကို ၀င်ရောက်ရမယ်"

တောင်ထိပ်သခင်များ၏မျက်နှာအမူအရာများက လေးနက်နေပြီး ဘာအတွက်ကြောင့်လဲဆိုတာသူတို့မမေးပါ။ မေးစရာလည်းမလို။

သွေးကြောတောင်၏ကိစ္စက ကမ္ဘာတခွင်၌ ပြန့်ကြဲသွားပြီဖြစ်သည်။ ထိုအချိန်မှစ၍ တိုက်ပွဲအတွက် ပြင်ဆင်ထားရမည်ဟူသည် သတ်မှတ်ထားပြီးဖြစ်သည်။

သွေးကြောတောင်ပြောင်းလဲခြင်းက နယ်မြေပြင်ပက မိစ္ဆာများကြောင့်ဖြစ်လာခြင်းပင်။

ကြယ်ကြွေဓားဂိုဏ်းတည်ရှိမှု၏ အဓိပ္ပာယ်က ဂိုဏ်းကို ကြယ်ကြွေဓားဧကရာဇ်စတင်တည်ထောင်စဉ်ကတည်းကပင် မပြောင်းလဲခဲ့ပါ။

မူလရည်ရွယ်ချက်က ထိုနေရာ၌ဖြစ်ကာ နယ်မြေပြင်ပက မိစ္ဆာများကို သတ်ရန်နှင့် အကာအကွယ်ပေးသူအဖြစ် ပြုမူရပေမည်။

....

တခြားတဘက်တွင် နယ်နိမိတ်မဲ့နန်းတော်၌ မုကျန်းထင်က လက်အစုံကို ကျောတွင်ထားကာ အရှေ့ဘက်ကောင်းကင်သို့ စိုက်ကြည့်နေသည်။

ထိုနေရာ၌ ပြင်းထန်သည့်စွမ်းအား၏ မှိန်ဖျော့သည့်စီးဆင်းမှုတခုရှိနေသည်။

"ဒါက ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ စည်းမျဉ်းစွမ်းအားလား"

"ကြည့်ရတာ အဲကလေးဖူရှန်းက အကြွင်းမဲ့ဆရာတစ်ယောက်ကို ရရှိသွားပုံပဲ..."

ချက်ချင်းဆိုသလို မုကျန်းထင်တဖက်လှည့်ကာ ထွက်သွားပြီး တိုက်ပွဲအတွက် ပြင်ဆင်တော့သည်။

နယ်မြေပြင်ပကမိစ္ဆာများက အဆင့်နိမ့်ကြယ်နယ်မြေကို မည်မျှပင် စိတ်သောကဖြစ်ခဲ့စေသနည်း။

ယခုတွင်မူ တဖက်က တန်ပြန်လာတော့မည်ဆိုတာ သိရသောအခါ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်သည်။ အတိတ်ကကဲ့သို့ ဖြစ်ခွင့်ပေး၍မရတော့။

......

အဖွဲ့တိုင်းကလှုပ်ရှားနေကြပြီး သွေးကြောတောင်ရှိရာဘက်သို့ကြည့်နေကြသည်။

ယဲ့ချိုးပိုင်တို့ကလည်း သူတို့၏ဝှက်ဖဲအားလုံးကို ပြသကစားခဲ့သည်။

နယ်ပယ်ကိုကျော်ဖြတ်ကာ ထုတ်လွှတ်သည့် ထိုတိုက်ချက်များက မျှော်လင့်မထားစွာပင် မိစ္ဆာဗိုလ်ချုပ်ကို အပြင်းအထန်ဒဏ်ရာရသွားစေသည်။

ထိုအချိန်တွင် မုဖူရှန်းကိုင်တွယ်ထားသည့် မိစ္ဆာဗိုလ်ချုပ်ကြီးကလည်း ပြန်လာပြီဖြစ်သည်။

သူ့ရှေ့ကမြင်ကွင်းကိုကြည့်ရင်း မိစ္ဆာဗိုလ်ချုပ်ကြီး၏မျက်နှာက ကြည့်ရဆိုးသွားခဲ့သည်။

ကမ္ဘာသန့်စင်အစီအရင်ကပြီးပြည့်စုံသွားလေပြီ။

သူ့စွမ်းအားပင်လျှင် ၇၀ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

ကျန်သောမိစ္ဆာစစ်သည်များက ကမ္ဘာသန့်စင်အစီအရင်၏ လွှမ်းမိုးမှုအောက်၌ တိုက်ရိုက်အရည်ပျော်နေကြသည်။

တပ်မှုးအဆင့်မိစ္ဆာများကလည်း ကြီးမားသည့်ဆုံးရှုံးမှုများကို ကြုံတွေ့နေကြရသည်။

ဒီရေစီးကြောင်းကပြန်လှည့်သွားလေပြီ။

မိစ္ဆာဗိုလ်ချုပ်ကြီး၏မျက်နှာက ကြည့်ရဆိုးနေပြီး အော်ဟစ်လိုက်သည်။

"ဆုတ်မယ်"

စကားပြောပြီးနောက် သူကျန်ရှိနေသည့် တပ်မှူးအဆင့်မိစ္ဆာများ၊ မိစ္ဆာဗိုလ်ချုပ်များနှင့်အတူ ဤမြူခိုးနက်များကို အရည်ပျော်စေသည့် မိုင်တစ်ရာအကွာက‌နေ ဆုတ်သွားကြသည်။

ဤမြင်ကွင်းကိုမြင်သောအခါ မုချင်းချင်းက လိုက်ဖမ်းရန်အတွက် အမိန့်မပေးပါ။

ပထမအချက်အနေနှင့် ကမ္ဘာသန့်စင်အစီအရင်ကို စာလိပ်ပုံစံဖြင့်ထွင်းထုခြင်းတွင် စွမ်းအားထုတ်လွှတ်ခြင်းက အကန့်အသတ်ရှိသည်။

သက်ရောက်မှုအကွာအဝေးက မိုင်တစ်ရာအတွင်းသာဖြစ်သည်။ ထို့ကြောင့်မိုင်ရာကျော်၌ မြူခိုးနက်များရှိနေသေးသည်။

မြူခိုးနက်ထဲသို့၀င်ပါက အမြင်ကကန့်သတ်ခံလိုက်ရမည်ဖြစ်သလို သိမြင်မှုအကွာအဝေးကလည်း ကန့်သတ်ခံလိုက်ရပေမည်။ ထို့နောက်ခွန်အားကလည်း ဖိနှိပ်ခံရမည်။

ဒုတိယအချက်က ဤသည်က နယ်မြေပြင်ပက မိစ္ဆာများကို ယာယီတွန်းလှန်နိုင်ခဲ့သော်လည်း တစ်ဦးဦး၏ အသက်စွမ်းအားကထိခိုက်ပြီး ဒဏ်ရာရသေဆုံးမည်ဆိုပါက သေဆုံးနိုင်ချေက ပိုများသွားမည်ဟုဆိုရပေမည်။

ယခုလိုတိုက်ခိုက်ရေးစွမ်းအားဖြင့် သူမတို့က လိုက်ဖမ်းရန်အတွက် လိုအပ်ချက်နှင့် မကိုက်ညီပါ။

ထို့ကြောင့် ဤနှစ်ချက်အပေါ် မုချင်းချင်း ယာယီအောင်ပွဲကြောင့် မျက်စိစုံမှိတ်ကန်းပြီး လိုက်ဖမ်းရန် အမိန့်ပေးမည်မဟုတ်။

ဤသည်အပြင် ငွေချပ်၀တ်တပ်မှူးက သတင်းအချက်အလက်တချို့ရရှိခဲ့သည်။

ယနေ့အရေးအကြီးဆုံးက ထောက်လှမ်းရေးသတင်းအချက်အလက်ကို ကြည့်ကာ နောက်ဆက်တွဲကိစ္စများကို ဆုံးဖြတ်ရန်အတွက် အသုံးပြုခြင်းပင်။

ဤအချက်သုံးချက်ကို ပေါင်းစပ်ပြီးနောက် မုချင်းချင်းလက်ဝှေ့ယမ်းသည်။

"ဒဏ်ရာရတဲ့သူတွေက လိုင်းအလယ်မှာရပ်ကြ၊ နည်းနည်းပဲဒဏ်ရာရတာ ဒါမှမဟုတ် တိုက်ခိုက်ဖို့အတွက် လုပ်ဆောင်နိုင်သေးတဲ့သူတွေက ပြင်ပစက်ဝိုင်းကို ၀န်းရံထားကြ၊ ပတ်၀န်းကျင်က အခြေအနေကို အမြဲအာရုံစိုက်ထားပြီး ဆုတ်ခွာကြ"

လူတိုင်းကမည်သည့်စကားမှမဆိုဘဲ မုချင်းချင်းညွှန်ကြားချက်အတိုင်း စတင်ဆုတ်ခွာကြသည်။

မုဖူရှန်းကလည်း ထိုအချိန်တွင် အဖွဲ့သို့ ပြန်ရောက်လာပြီး မုချင်းချင်းနှင့် အခြေအနေရပ်ကို တင်ပြပြီးနောက် ယဲ့ချိုးပိုင်ဘက်သို့ ရောက်လာသည်။

"ကျွန်တော်အားလုံးကြားခဲ့ပြီးပြီ"

မုဖူရှန်းတိုးတိုးလေးပြောသည်။

"အစ်ကို၊ အစ်ကိုမှာ တခြားဝှက်ဖဲတွေရှိသေးလား"

ယဲ့ချိုးပိုင်တခဏမျှအံ့ဩသင့်သွားပြီးနောက် ခေါင်းခါယမ်းပြသည်။

"အခုကြယ်ကြွေဓားက ငါ့ရဲ့အစွမ်းထက်ဆုံးနည်းလမ်းပါပဲ"

ရှီရှန်းနှင့် ရှောင်ဟိုင်တို့ကလည်း ခေါင်းညိတ်သည်။

ဤသည်ကအနည်းငယ်စိတ်ပျက်စရာကောင်းသည်ဟုထင်ရသည်။

မုဖူရှန်းနဖူးကိုပွတ်သပ်ရင်းသက်ပြင်းချသည်။

"ကောင်းပါပြီ၊ ဒီတကြိမ်ကတော့ နည်းလမ်းမရှိလို့သာပေါ့၊ ဒါပေမယ့် နောက်တကြိမ်တော့ ဝှက်ဖဲတွေကို ပြလို့မရဘူး"

"ထုတ်ပြရမယ်ဆိုရင်တောင် ကျန်တဲ့ဝှက်ဖဲတွေ ဒါမှမဟုတ် ပိုအားကောင်းတဲ့ဝှက်ဖဲတွေကို သိမ်းဆည်းထားရမယ်၊ ကျွန်တော်ပြောတာနားလည်လား"

ယဲ့ချိုးပိုင်ကရယ်စရာအမူအရာဖြင့် ခေါင်းညိတ်ပြသည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါနားလည်ပါတယ်"

"အနာဂတ်မှာ ဆရာအနှစ်သက်ဆုံးတပည့်က မင်းဖြစ်လာမယ်လို့ငါထင်တယ်"

ဒီလိုပုံစံဒီလိုစရိုက်က ခန့်မှန်းနေစရာတောင်မလိုဘူး၊ ဒါကဆရာရဲ့သင်ကြားမှုနှင့် လုံး၀ကိုက်ညီတယ်!

ဒီစိတ်နေအသွင်က ဆရာလောက်မကောင်းဘူး ဆိုပေမယ့် တူလုနီးပါးပဲ!

လုချန်ရှန်းက ပြဿာနာလုံး၀မဖြစ်စေချင်သလို အကြောင်းရင်းနှင့်အကျိုးဆက်ကို ရှောင်ရှားရန်အတွက် နည်းလမ်းတိုင်းကို ကြိုးစားတတ်သည်။

မုဖူရှန်းကလည်း ပြဿာနာမဖြစ်စေချင်ပေ။ သို့သော် သူကကြောက်ခြင်းလည်းမရှိပါ။

သို့စေကာမူ ပြဿာနာဖြစ်ပြီးလျှင်ပင် နောက်ဆက်တွဲတိုက်ပွဲဖြစ်လျှင် နောက်ထပ်လူအများကြီးရှိလာသဖြင့် ဤအရာအားလုံးကို ကိုင်တွယ်ပြီးနောက် စစ်မြေပြင်ကို ဂရုတစိုက်ရှင်းပစ်ကာ အမြီးတမျှင်ပင် ချန်ထားခဲ့မည်မဟုတ်။

မုဖူရှန်း မေ့စေ့ကိုပွတ်ကာ စဉ်းစားရင်း ပြောသည်။

"အစ်ကိုတို့ ဒီနေရာမှာလုပ်ခဲ့တာတွေကို ပြောလို့မရအောင် ဒီကလူတွေကို နောက်ကျရင် သွားခွင့်ပေးရမယ်"

"ဒါကအရမ်းအသုံးမ၀င်ဘူးဆိုပေမယ့် အနည်းဆုံးတော့ အစ်ကိုတို့ရဲ့လုပ်ဆောင်ချက်အသေးစိတ်ကို သူတို့မသိတော့ဘူးလေ၊ ဒီလိုအစားထိုးလုပ်သင့်တယ်"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။

"မင်းကတော့လား၊ ကြည့်ရတာ အနာဂတ်မှာ ငါ့ရဲ့အချစ်ဆုံးတပည့်ဆိုတဲ့ရာထူးကို မင်းကို လွှဲပြောင်းပေးရတော့မယ်ထင်တယ်"

ထိုစကားလုံးများကိုကြားသောအခါ ရှောင်ဟိုင်နှင့်ရှီရှန်းတို့က ယဲ့ချိုးပိုင်ကို အထိတ်တလန့်ကြည့်လိုက်ကြသည်။

သူတို့ဆွံအနေကြသည်။

အစ်ကိုက ကိုယ့်ကိုကိုယ်တောင် မမှတ်မိတော့တာလား!

ဘာကိုအချစ်ဆုံးလဲ!

ဆရာက အစ်ကိုကိုသေတဲ့အထိ လည်ပင်းညှစ်သတ်ပစ်ချင်နေတယ်လို့ ကျွန်တော်တို့ ဘာကြောင့်ခံစားနေရတာလဲ!

လူတိုင်းကတချိန်လုံးနိုးကြားနေကြသည်။

မိစ္ဆာမျိုးနွယ်၏ စွမ်းအားအပိုင်းအစလေးတခုကို ယာယီတွန်းလှန်နိုင်ခဲ့သော်လည်း ရန်သူက မြူခိုးနက်ထဲကနေ ချောင်းမြောင်းကာ သတ်နိုင်ချေလည်းရှိသေးသည်။

သူတို့ကမုချင်းချင်းတို့၏ ပြန်လမ်းကိုလည်းပိတ်ဆို့ထားနိုင်သည်။ သို့သော် ကံကောင်းစွာပင် ဤသို့မဖြစ်လာခဲ့ပါ။

လူတိုင်းကလုံချီမြို့သို့ရောက်လာကြသည်။

ထိုအခိုက်အတန့်၌ လုံချီမြို့တွင် အင်အားစုများစွာရောက်လာကြသည်။

ထို့ထဲတွင် အမျိုးမျိုးသောဂိုဏ်းများ၊ ကြယ်ကြွေဂိုဏ်းနှင့် နယ်နိမိတ်မဲ့မင်းဆက်၏အဖွဲ့ပင်လျှင် ပါ၀င်ကြသည်။

ကြယ်ကြွေဂိုဏ်းက ကျန်းယွန်ဇောင်လည်း ဤနေရာသို့ရောက်နေသည်။

အင်ပါယာနန်းတော်မှ လာရောက်သည့်လူက ဧကရာဇ်မုကျင်းထင်လက်အောက်က ဧကရာဇ်တပ်မတော်ဖြစ်ပြီး ရွှေချပ်၀တ်တပ်မှူးဖြစ်သည်။

မုချင်းချင်း လုံချန်မြို့သို့ပြန်လာပြီး လူတိုင်းအားကြည့်ကာ ခေါင်းညိတ်သည်။

"ငါ့နောက်လိုက်ခဲ့ကြ"

လူတိုင်းအခန်းထဲသို့၀င်သွားကြသည်။

ယဲ့ချိုးပိုင်တို့လေးယောက်ကလည်း ထို့ထဲတွင်ပါ၀င်သည်။ မုဖူရှန်းကပြောနေစရာမလိုပေ။ ယဲ့ချိုးပိုင်တို့ကရော!

သွေးကြောတောင်က တိုက်ပွဲပြီးနောက် လူများက ထိုသုံးယောက်၏ခွန်အားကို နောက်ထပ်လျှော့မတွက်ရဲကြတော့ပါ။

ဆန့်ကျင်ဘက်အနေနှင့် သူတို့ကမျက်နှာသာပေးရန် ပဏာမခြေလှမ်းပင် လှမ်းချင်ကြသည်။

ယခုလိုနယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်စွမ်းရှိသည့်ပါရမီရှင်မျိုးက အချိန်ပေးရန်သာလိုအပ်ပြီး အနာဂတ်တွင် ထိပ်တန်းစွမ်းအားရှင်ဖြစ်ကာ ပိုတောင် ကြောက်မက်ဖွယ်ရာဖြစ်လာပေလိမ့်မည်။

ထိုကဲ့သို့လူမျိုးကို အစကတည်းက ခေါင်းငုံ့ကာ တောင်းပန်ပြီး နီးကပ်အောင်မလုပ်ဘဲ ငြင်းခုံနေမည်ဆိုပါက ဒါက သောက်ရူးများလုပ်သည့်အလုပ်သာ။

လူတိုင်းခန်းမထဲရောက်လာကြသည်။

မုချင်းချင်းက ငွေချပ်၀တ်တပ်မှူးကို ကြည့်ရင်း သူ့ထောက်လှမ်းရေးသတင်းကို စောင့်ဆိုင်းနေသည်။

ထိုစဉ်ငွေချပ်၀တ်တပ်မှူးက‌လေးနက်စွာ ပြောသည်။

"သတင်းအပိုင်းအစတခုပဲရှိတယ်၊ ဒီတကြိမ်နယ်မြေအပြင်ဘက်က မိစ္ဆာတွေရဲ့ ရည်ရွယ်ချက်က သွေးကြောတောင်ကို ချိုးဖျက်ပြီး မိစ္ဆာချောက်ကမ်းပါးကို သွားဖို့အတွက်ပါ"

မိုယွန်!

ဤနေရာက သွေးကြောတောင်၏ တခြားတဖက်တွင်ရှိပြီး နယ်နိမိတ်မဲ့နယ်မြေ၌ တားမြစ်ဇုန်တခုလည်းဖြစ်သည်။

အပိုင်း(389) coming။

All Chapters