← Chapters

#စုဝေးရန်အဆင်သင့်ဖြစ်#

Vol. 27 Ch. 389

#စုဝေးရန်အဆင်သင့်ဖြစ်#

Vol. 27 Ch. 389

မိုယွန်က နယ်နိမိတ်မဲ့နယ်မြေက အသက်ကန့်သတ်နေရာသုံးခုအနက်တစ်ခုဖြစ်သည်။

အန္တရာယ်ကလည်း အတော်လေးများပြားသည်။ တာအိုနယ်ပယ်က စွမ်းအားရှင်တစ်ယောက်၀င်လျှင်ပင် သေနိုင်ချေပိုများသည်။

ဤအသက်ကန့်သတ်နေရာက သွေးကြောတောင်၏ တခြားတဘက်တွင်ရှိသည်။

ဤသည်ကလည်း နယ်နိမိတ်မဲ့မင်းဆက်က သွေးကြောတောင်ပေါ်သို့တက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားရသည့် အကြောင်းရင်းများအနက်မှတခုဖြစ်သည်။

ထို့ထဲတွင် အထွပ်အထိပ်နတ်ဆိုးတကောင်ကို ချိတ်ပိတ်ထားသည်။

အဓိကအကြောင်းရင်းကတော့ သွေးကြောတောင်၏တခြားတဘက်၌ နယ်မြေပြင်ပက မိစ္ဆာလူမျိုးစုကို ဖိနှိပ်ထားသောကြောင့်ပင်။

....

အခန်းထဲတွင် မုချင်းချင်းမျက်မှောင်ကြုတ်လိုက်သည်။

"နယ်မြေပြင်ပက မိစ္ဆာမျိုးနွယ်စုက နတ်ဆိုးနယ်မြေကို စိတ်၀င်စားနေကြတာလား၊ အကြောင်းရင်းကိုတောင်သိလား"

ငွေချပ်၀တ်တပ်မှူးကခေါင်းခါယမ်းသည်။

"ကျွန်တော်လည်းမသိဘူး၊ အကြောင်းရင်းကို မစစ်ဆေးရသေးပါဘူး"

ဤနေရာသို့ရောက်လာသည့် ရွှေချပ်၀တ်တပ်မှူးကလည်း စိတ်ရှုပ်နေသည်။

"ကျွန်တော်တို့ နတ်ဆိုးအသူရာချောက်ထဲ ရှိမယ်‌ဆိုရင်တောင် အဲဒီထဲမှာ ဘာရှိမှန်းသိမှာမဟုတ်ဘူး၊ နယ်မြေပြင်ပက မိစ္ဆာတွေက ဘယ်လိုသိတာလဲ၊ ပြီးတော့သူတို့က စိတ်၀င်စားနေကြတယ်"

"ဖြစ်နိုင်တာက နတ်ဆိုးချောက်ထဲမှာ သူတို့ရဲ့ဖိနှိပ်မှုကို လုံး၀ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းတခုရှိနေတာများလား"

"ဒါကမဖြစ်နိုင်ဘူးဆိုပေမယ့် နယ်မြေပြင်ပက မိစ္ဆာတွေက မိုယွန်ကိုစိတ်၀င်စားနေတယ်ဆိုတာ သေချာပေါက်ကောင်းတဲ့ အရာတခုတော့မဟုတ်ဘူး"

"အနည်းဆုံးတော့ ဒါက ကျွန်တော်တို့အတွက် ဘာကောင်းကျိုးမှရှိလာမှာမဟုတ်ဘူး"

တခဏအကြာ မတူညီသည့်အမြင်များစွာရှိနေခဲ့သည်။ သို့စေကာမူ ကောက်ချက်ချတာကလည်း အတော်လေးလွယ်ကူသည်။

သူတို့က နယ်မြေပြင်ပက မိစ္ဆာများ၏ လုပ်ရပ်များကိုရပ်တန့်ရန်လိုအပ်သည်။

ဒါ့အပြင် ထိုနတ်ဆိုးမှော်အသူရာချောက်ထဲတွင် ဘာရှိသလဲဆိုတာမသိပါ။ အကယ်၍ သူတို့ကသာ နတ်ဆိုးချောက်မှ တခုခုရသွားမည်ဆိုပါက သူတို့၏အစီအစဉ်များက အောင်မြင်သွားပေလိမ့်မည်။

နယ်နိမိတ်မဲ့နယ်မြေအတွက်သာမက အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးအတွက်ပင် မရေမတွက်နိုင်လောက်သည့်ပျက်စီးမှုကို ဖြစ်ပျက်လာပေလိမ့်မည်။

သူတို့ဤသို့ဖြစ်ခွင့်မပြုနိုင်ပေ။

မုချင်းချင်း ချက်ချင်းပြောသည်။

"ငါ ဖခမည်းတော်ကို အရင်ဆုံးတင်ပြလိုက်မယ်"

အားလုံးခေါင်းညိတ်လိုက်ကြသည်။

ဤကိစ္စကိုဆုံးဖြတ်ရန်အတွက် ဧကရာဇ်မုကျန်းထင်ကို လွဲပြောင်းပေးသင့်သည်။

မိုယွန်ဟူသောစကားလုံးကိုကြားရသောအခါ ရှောင်ဟိုင်အနည်းငယ်မျက်မှောင်ကြုတ်ကာ အတွေးနက်ထဲကျသွား၏။

ယဲ့ချိုးပိုင်တွေ့သောအခါ သူကလည်း ရှောင်ဟိုင်တွေးတောနေသည်ကို နားလည်လိုက်သည်။

"ကြည့်ရတာ ငါတို့နတ်ဆိုးအသူရာချောက်ကို သွားရတော့မယ်ထင်တယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

မိုယွန်က ရှောင်ဟိုင်ပထမဆုံးမှတ်ဉာဏ်အပိုင်းအစကို ရရှိခဲ့စဉ်က ရခဲ့သည့်သဲလွန်စတခုဖြစ်သည်။

ထို့ထဲတွင် ဒုတိယမှတ်ဉာဏ်အပိုင်းအစကို ဖုံးကွယ်ထားကောင်းထားနိုင်သည်။

တခြားသဲလွန်စများကိုလည်း ဖုံးကွယ်ထားနိုင်သေးသည်။ သို့စေကာမူ ဤသည်က ရှောင်ဟိုင်နှင့် ဆက်စပ်နေလေရာ ရှောင်ဟိုင် မိုယွန်သို့ ခရီးသွားရန်လိုအပ်သည်။

ဘေးကမုဖူရှန်းကလည်း နှစ်ယောက်သားကြားက စကားများကိုကြားသဖြင့် အနည်းငယ်လန့်သွားသည်။

သို့သော် ယခုတကြိမ်တွင် မုဖူရှန်း မည်သည့်အရာကိုမှ ကန့်ကွက်ခြင်းမရှိဘဲ ခေါင်းညိတ်သည်။

"ဒီလိုဆိုရင်တော့ ငါသွားပြီး စည်းတံဆိပ်တွေနောက်ကျရင် ပိုလုပ်ထားရမယ်"

ဤကိစ္စက ရှောင်ဟိုင်အတွက် အလွန်အင်မတန်အရေးပြီးတာဖြစ်နိုင်သည်။

ထို့ကြောင့် မုဖူရှန်းဒါကိုမတားဆီးပါ။ ဆန့်ကျင်ဘက်အနေနှင့် သူကကူညီရန် အကောင်းဆုံးကြိုးစားပေလိမ့်မည်။

အကယ်၍မလုပ်နိုင်သည့်အရာတခုဆိုပါက မုဖူရှန်းရပ်ပစ်မည်ဖြစ်ကာ အကြောင်းရင်းနှင့် အကျိုးဆက်ကြောင့် ညစ်ညမ်းစေခြင်းက‌နေ ရှောင်မည်သာ။

သတင်းက မုကျန်းထင်ဆီသို့ရောက်သွားသောအခါ မုကျန်းထင်ကလည်း မုချင်းချင်းတို့နှင့်အတူ သဘောတူလိုက်သည်။

ချက်ချင်းဆိုသလို မုကျန်းထင်ဤကိစ္စကို ဆွေးနွေးရန်အတွက် ဂိုဏ်းအမျိုးမျိုးမှ ဂိုဏ်းချုပ်များကိုဆင့်ခေါ်လိုက်၏။

နောက်ဆုံးဆုံးဖြတ်ချက်ကိုချမှတ်ရာ၌ အဓိကမိသားစုကြီးသုံးခုပင်ပါ၀င်ခဲ့သည်။

ဆွေးနွေးမှုရလဒ်များက အောက်ပါအတိုင်းဖြစ်သည်။

နယ်နိမိတ်မဲ့မင်းဆက်နှင့် အဓိကမိသားစုကြီးသုံးခုတွင် တခုစီက အားကောင်းသည့် တာအိုအဆင့်စွမ်းအားရှင်တစ်ဦးစီစေလွှတ်ခဲ့သည်။

ပထမတန်းစားအင်အားစုများကမူ ပါ၀င်ရန်အတွက် တာအိုတ၀က်စွမ်းအားရှင်တစ်ဦးပင် ပို့ခဲ့သည်။

ကျန်သောအင်အားစုများကမူ အာရုံထွေပြားခြင်းအဆင့်များနှင့်အတူ သိုင်းဧကရာဇ်အဆင့်များစွာ စေလွှတ်ကြသည်။

တချိန်တည်းမှာပင် ဤကိစ္စ၌ ဂိုဏ်းပေါင်းစုံကလည်း ကောင်းကင်သားတော်အဆင့်ပုဂ္ဂိုလ်များကလည်း စေလွှတ်ခဲ့ကြသည်။

မိုယွန်က အသက်ကန့်သတ်နေရာတခုဟု လူသိများသော်လည်း ဤရက်များအတွင်း မထိပါက အဆင်ပြေသည်။

သိုသော် ယခုတွင်မူ ကိုယ်တိုင်သွားရမည့် အခြေအနေသို့ ရောက်လာသောအခါ လူများစွာကို စေလွှတ်လိုက်ကြသည်။

မိုယွန်က တာအိုနယ်ပယ်က စွမ်းအားရှင်တစ်ဦးဖြစ်သော်လည်း ဤနေရာက ပြန်လမ်းမရှိသည့် တားမြစ်ဇုန်တခုလည်းရှိသည်။

သို့စေကာမူ အန္တရယ်များက အမြဲလိုလို အခွင့်အလမ်းကြီးများနှင့် ဒွန်တွဲနေတတ်သည်။

အခွင့်အလမ်းတခုရလာသည်နှင့်တပြိုင်နက် ထိုကောင်းကင်သားတော်များက အလျင်အမြန်ကြီးထွားလာကြပေလိမ့်မည်။

နယ်မြေအပြင်က မိစ္ဆာများက တိုက်ခိုက်ကြတော့မည်ဖြစ်လေရာ ဤသည်ကို ပုံဖော်ရန် အချိန်ကျလာလေပြီ။

လူငယ်မျိုးဆက်များ၏ ကောင်းကင်သားတော်များက အလျင်အမြန်ကြီးထွားလာသင့်သည်။ မဟုတ်ပါက စစ်ပွဲစတင်လိုက်သည်နှင့် လူထပ်ပြီးသေရပေလိမ့်မည်။

အင်အားစုအားလုံးက ဒါကိုဆွေးနွေးပြီး အတည်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။

ချက်ချင်းဆိုသလို အဓိကဂိုဏ်းအားလုံးက သူတို့ဂိုဏ်း၏ ကောင်းကင်သားတော်များကို တစ်ယောက်ပြီးတစ်ယောက် စေလွှတ်လိုက်ကြသည်။

နယ်နိမိတ်မဲ့မင်းဆက်က မုဖူရှန်း၊ မုချင်းချင်းတို့ကိုပို့ထားသဖြင့် ဒုတိယမင်းသားမုယွန်ရှန်းကိုပါ ပို့လိုက်၏။

ဒုတိယမင်းသားမုယွန်ရှန်းက ကမ္ဘာ့ရေးရာများကိုဂရုမစိုက်ပေ။ သူ့တွင် နိုင်ငံရေးကိစ္စ သို့မဟုတ် စစ်အင်အားအတွက် ရည်ရွယ်ချက်မရှိဘဲ အမြဲလမ်းကိုသာ ရှာဖွေနေတတ်သည်။

နယ်နိမိတ်မဲ့မင်းဆက်တွင် သူက ကျင့်ကြံခြင်းပါရမီအမြင့်ဆုံး အတွင်းပိုင်းအသိအမှတ်ပြုရသည့်တည်ရှိမှုမျိုးဟုဆို၍ရသည်။

မုဖူရှန်းက ဤနောက်ကွယ်၌ရှိသည်။ မည်သို့ပင်ဆိုစေကာမူ မုဖူရှန်းက သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့သည်။ အရမ်းဖွင့်ဟထားတာကမကောင်းပါ။

ကြယ်ကြွေဂိုဏ်းကမူ ကြယ်ကြွေဂိုဏ်း၏ ရှင်သန်မှုမျှော်လင့်ချက်အတွက် အရေးပါသူဟုသိကြသည့် ဂျီဂျီကိုပို့လိုက်သည်။

သူက ဂိုဏ်းချုပ်ကျန်းဝူဖန်း၏တိုက်ရိုက်တပည့်ဖြစ်သည်။

တချိန်တည်းမှာပင် ကျန်သောတောင်ထိပ်သုံးခုသခင်များကလည်း သူတို့၏အထူးချွန်ဆုံးတပည့်များကိုပို့လိုက်ကြသည်။

မိသားစုသုံးခုအနက် မုမိသားစုက မုစီချန်းကိုစေလွှတ်သည်ယ

ဂူမိသားစုက အကြီးဆုံးသား ဂူဟီဒုံကို စေလွှတ်သည်။

ဟီမိသားစုက ဟီဂျွန်မင်ကိုစေလွှတ်သည်။

ယခုတကြိမ်လှုပ်ရှားမှုက အားလုံး၏ အကောင်းဆုံးဟုဆို၍ရပြီး မရေမတွက်နိုင်လောက်သည့် ကောင်းကင်သားတော်များကလည်း သတင်းကိုကြားကာ လှုပ်ရှားလာကြသည်။

တကိုယ်တော်ကျင့်ကြံသူများစွာအနက် ပါရမီရှင်များကလည်း သတင်းကိုကြားရပြီးနောက် လုံချီမြို့သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။

ဤနေရာ၌အခွင့်အရေးတခုရှိသည်။

မိုယွန်က အန္တရာယ်များသော်ငြားလည်း ထိတ်လန့်ဖွယ်အခွင့်အရေးတခုရှိနိုင်သည်။

ထိုအခွင့်အရေးကိုရမည်ဆိုပါက နောက်တဆင့်တက်နိုင်မည်ဖြစ်ကာ ထိုမောက်မာသည့်ဂိုဏ်းများနှင့်ပင် ယှဉ်နိုင်လာပေလိမ့်မည်။

အကယ်၍အိပ်မက်မရှိပါက သူတို့က ဆားငံငါးများနှင့်ဘာများကွာခြားတော့မည်နည်း။

ထိုအဖိုးနှုန်းက အနည်းငယ်မြင့်မားသည်သာ။

နှစ်ရက်အတွင်းမှာပင် လုံချီမြို့က ဘ၀အလွှာတိုင်းက ပါရမီရှင်များသာမက သာမန်ကျင့်ကြံသူများဖြင့် ပြည့်နှက်သွားခဲ့သည်။

လုံချီတမြို့လုံးက မဖောက်ထိုးနိုင်ဖြစ်လာသည်။

လုံချီမြို့အပြင်ဘက်ဖြစ်စေ သို့မဟုတ် သွေးကြောတောင်နှင့် နီးကပ်သည့်နေရာများ၌ဖြစ်စေ လူများကသတ်မှတ်ချိန်ထက်ပို၍ပင် စောစောရောက်နှင့်လာကြသည်။

ခန်းမထဲတွင် မုချင်းချင်းကလည်း မုကျန်းထင်ဆီက အမိန့်များကိုရခဲ့သည်။

အဖွဲ့ကိုထိန်းသိမ်းကာ သွေးကြောတောင်ကိုဖြတ်လျက် မိုယွန်သို့သွားရပေမည်။

နယ်မြေပြင်ပကမိစ္ဆာများ၏ အပြုအမူများကို တတ်နိုင်သမျှ တားဆီးရမည်။

ဤညွှန်ကြားချက်ကိုရပြီးနောက် မုချင်းချင်း အဖွဲ့ကိုစတင်ခွဲရန်အတွက် လုပ်ဆောင်သည်။ သူမကိုယ်သူမ ဗိုလ်ချုပ်အဖြစ် လုပ်ဆောင်ကာ မုဖူရှန်းက ပထမအသင်း၏ တပ်မှူးခေါင်းဆောင်ဖြစ်သည်။

ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့်ရှောင်ဟိုင်တို့ကလည်း ပထမအသင်းတွင်ပါ၀င်ကြသည်။

တချိန်တည်းမှာပင် ပထမအသင်း၌ တခြားကောင်းကင်သားတော်များလည်းပါကြသည်။ ထို့ထဲတွင် အဓိကမိသားစုကြီးသုံးခုအနက်မှ မိသားစု၏ ကောင်းကင်သားတော်ဖြစ်သည့် မုစီချန်းလည်းပါ၀င်သည်။

ထို့နောက် သူတို့ထဲ၌ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးက တာအိုတ၀က်နယ်ပယ်၌ရှိသည့် ရွှေချပ်၀တ်တပ်မှူးဖြစ်သည်။

တာအိုနယ်ပယ်ကစွမ်းအားရှင်များကမူ ဤကွပ်ကဲမှုထဲတွင်မပါ၀င်ကြပါ။ သူတို့က သွေးကြောတောင်ကို ဖြတ်ကာ လူတိုင်းအတွက် လမ်းကြောင်းရှာဖွေပေးရပေမည်။

အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားက တိုက်ပွဲအခြေအနေကို ထိန်းချုပ်ခြင်းပင်။

ပြင်ဆင်ပြီးနောက် ဤနေ့ထွက်ခွာရန်အတွက် အသင့်လုပ်ထားကြသည်။

မုဖူရှန်း လက်ခံထားသည့်လက်စွပ်သုံးခုကိုထုတ်ယူကာ ယဲ့ချိုးပိုင်တို့သုံးယောက်အား ဖြန့်ဝေပေးလိုက်သည်။

"စီနီယာအစ်ကို၊ ဒီထဲမှာ ကောင်းကင်မိုးကြိုးလွတ်မြောက်အဆောင်နဲ့ တခြားကာကွယ်‌ရေး အဆောင်တွေအများကြီးပါ၀င်တယ်၊ တကယ်လို့တခုခုမှားနေတယ်ဆိုရင် သတ္တိရှိဖို့မကြိုးစားနဲ့"

"စိမ်းလန်းတဲ့တောင်ကုန်းတွေရှိ‌နေမှတော့ ထင်းတွေမရှိမှာကို စိုးရိမ်နေစရာမလိုပါဘူး"

ယဲ့ချိုးပိုင် မုဖူရှန်း၏အငွေ့အသက် အတက်အကျကို ကြည့်လိုက်သည်။

ဤနေ့ရက်များ၌ သူကစည်းတံ‌ဆိပ်များကို ထပ်ခါထပ်ခါထွင်းထုခဲ့သည်ကို သိသဖြင့် သူ့နှလုံးသားက နွေးထွေးသွားသလို ခံစားလိုက်ရသည်။

မုဖူရှန်းပခုံးကိုပုတ်ရင်းသူကပြောသည်။

"မစိုးရိမ်ပါနဲ့၊ ဂျူနီယာညီလေး၊ စီနီယာတွေလည်းအများကြီးပါ၀င်တယ်လေ၊ ဒီတော့ လူအများကြီးသွားတာဆိုတော့ ဘယ်သူမှ ပျောက်မှာမဟုတ်ပါဘူး"

ရှီရှန်းကလည်းပြုံးကာခေါင်းညိတ်သည်။

ရှောင်ဟိုင် လက်စွပ်ကိုကိုင်လျက် သွေးကြောတောင်ရှိရာဘက်သို့ တွေဝေစွာကြည့်နေသည်။ သူဘာတွေးနေသလဲဆိုတာ မည်သူမှမသိပါ။

ထိုအခိုက်အတန့်၌ ပြင်ဆင်မှုအားလုံးလုပ်ပြီးသွားပြီဖြစ်ကာ ပန်းတိုင်က သွေးကြောတောင်ကိုဖြတ်ပြီး နတ်ဆိုးအစူရာချောက်သို့ ဦးတည်ရန်ဖြစ်လေသည်။

အပိုင်း(390) coming။

All Chapters