#စကြာ၀ဠာဓားသခင်အဆင့်သို့ချိုးဖျက်ခြင်း၊ ယုံကြည်မှုအတိုင်းနေထိုင်ပါ#
Vol. 27 Ch. 390
သွေးကြောတောင်၌ မြူခိုးနက်များကရှိနေသေးသည်။ သို့သော်သူတို့က နယ်မြေပြင်ပက မိစ္ဆာများနှင့် ထပ်မတွေ့တော့ပါ။ ကမ္ဘာကြီးကအငွေ့ပျံပျောက်ကွယ်သွားသည့်အလား ထင်ရသည်။
သို့သော် ဤသည်ကိုတွက်ချက်၍ရသည်။
နယ်မြေပြင်ပကမိစ္ဆာများ၏ ကြီးမားသည့်လှုပ်ရှားမှုအတွက် အသင်းကို ဆော်ဩရန်ဟူသည် ပုံမှန်သာ။
သူတို့က နတ်ဆိုးအသူရာချောက်ကို ရောက်နှင့်ပြီးသားဖြစ်မည်ကိုသာ စိုးရိမ်ရပေမည်။
သွေးကြောတောင်သို့လမ်းတလျှောက်တွက် မည်သည့်အတားအဆီးမှမရှိဘဲ ဖြတ်သန်းရန် လွယ်ကူနေခဲ့သည်။
နေ့တစ်ရက်အတွင်းမှာပင် သူတို့က သွေးကြောတောင်၏တခြားတဘက်သို့ ရောက်လာကြသည်။
သွေးကြောတောင်ကိုဦးတည်ထားသည့် တခြားတဘက်က သွေးကြောတောင်တန်းတခုလုံးကို ပိတ်ဆို့ထားသည့် သဘာ၀ကျုံးမြောင်းတခုပင်။
ဤကောင်းကင်ဘုံအပိုင်းအစကိုမြင်ရသောအခါ ဂျီဂျီသက်ပြင်းချလိုက်မိသည်။
ထိုကောင်းကင်စည်းပိုင်းနခမ်းကြီးက လူလုပ်ထားခြင်းဖြစ်သည်။
ထိုအချိန်က ကြယ်ကြွေဓားဧကရာဇ်နှင့် ကျန်သောစွမ်းအားရှင်များက ခေါင်းဆောင်များဖြစ်ကြသည်။
နယ်မြေပြင်ပကမိစ္ဆာများကို ဖိနှိပ်ပြီးနောက် သူ့သွေးနှင့်အသားများကို ကောင်းကင်အဖြစ်ပြောင်းလဲပစ်ကာ သွေးကြောတောင်၏တခြားတဘက်ကို လုံး၀သီးသန့်ပိတ်ဆို့ပစ်ခဲ့သည်။
ထိုကောင်းကင်အစိတ်အပိုင်းတခု၌ ဟာကွက်တခုရှိသည်။ ယင်းနေရာက သွေးကြောတောင်ကို ဖြတ်နိုင်သည့် တခုတည်းသော၀င်ပေါက်ဖြစ်ကာ တခြားတဘက်ကို ရောက်နိုင်သည်။
ထိုဟာကွက်ထဲတွင် အစီအရင်တခုရှိသည်။ ယခုတွင်မူ ထိုအစီအရင်က စုတ်ပြဲနေပြီး ဟာကွက်တခုရှိနေသည်။
ဤသည်ကနယ်မြေအပြင်ပကမိစ္ဆာများ၏ လုပ်ဆောင်ချက်ပေတည်း။
လူတိုင်းက ထိုဟာကွက်ကိုဖြတ်ကျော်လိုက်ကြသည်။ အားလုံး၏အကြည့်၌ လေထုနက်များဖြင့် ပြည့်နှက်နေသည့် လွင်ပြင်တခုရှိနေသည်။
ဤလွင်ပြင်က မိစ္ဆာနက်စွမ်းအားများနှင့် အံ၀င်ခွင်ကျဖြစ်သွားပြီး အနက်ရောင်နယ်မြေတခုအဖြစ် ပြောင်းလဲသွား၏။
မြက်ပင်တစ်ပင်လေးမျှပင်မပေါက်ရောက်ပါ။ ဤနေရာ၌ မည်သည့်သက်ရှိများ၏ အငွေ့အသက်ကိုပင် မခံစားရ။
အပေါ်ကကောင်းကင်တွင် ဧရာမအစီအရင်တခုရှိပြီး မှိန်ဝါးဝါးမြင်နေရသည်။
ဤသည်က ကမ္ဘာ့အစီအရင်ဖြစ်သည်။
ဤကမ္ဘာ့သန့်စင်အစီအရင်ကလည်း ဧရာမမြူခိုးနက်ထဲတွင် ပိတ်ဆို့နေကာ သက်ရောက်မှုကိုပေးနိုင်စွမ်းမရှိချေ။
ဒီအစီအရင်ကနှစ်သောင်းချီကြာမြင့်နေလေပြီ။ နယ်မြေအပြင်ပက မိစ္ဆာများ၏ အဆက်မပြတ်ထိုးနှက်မှုရလဒ်ကြောင့် မြူခိုးနက်ကနေတဆင့် ၎င်းကယိုယွင်းလာသည်။
တချိန်တည်းမှာပင် လွင်ပြက်ရှေ့တွင် လွင်ပြင်ထဲကိုထိုးစိုက်ထားသည့် ကိုးပေရှည်ဓားနှင့်အတူ ကျိုးပဲ့နေသည့်ရုပ်တုတခုရှိလေသည်။
အနက်ရောင်မြေနှင့် အဆိုပါရုပ်တုက လုံး၀အပ်စပ်ခြင်းမရှိ။
ထိုဓားကိုမြင်သောအခါ ယဲ့ချိုးပိုင်ချက်ချင်းသိသွား၏။
ဤကိုးပေရှည်ဓားက ကြယ်ကြွေဓားဧကရာဇ်၏ဓားဖြစ်ပြီး ယခုသူ့လက်ထဲက ကြယ်ကြွေဓားလည်းဖြစ်သည်။
ဘေးက ကျန်းယွန်ဇောင်က လေးနက်သည့်အသံဖြင့်ပြောသည်။
"အဲဒီဓားက ဓားဧကရာဇ်ရဲ့အရင်ဓားဝိဉာဉ်နဲ့ထွင်းထုထားတာဖြစ်ပြီးတော့ ဒီနေရာက မိစ္ဆာမျိုးနွယ်တွေကို ဖိနှိပ်ထားတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ သူ့မျက်လုံးများက လေးနက်မှုဖြင့်ပြည့်နှက်နေသည်။
ဓားဧကရာဇ်က သူ့ကိုယ်ပိုင်သွေးနှင့်အသားကို သုံးကာ ကောင်းကင်ဘုံ၏ဦးချိုတခုဖြစ်လာစေခဲ့သည်။
ထို့နောက် အစီအရင်ကိုဖိနှိပ်ရန်အတွက် ကိုယ်ပိုင်ဝိဉာဉ်ကို အစီအရင်နှလုံးသားအဖြစ်အသုံးပြုခဲ့သည်။
ဤနည်းလမ်းက ကြယ်ကြွေဓားဧကရာဇ်အား ပြန်လည်မွေးဖွားခြင်းကို ၀င်ရောက်ခြင်းကနေ လုံး၀တားဆီးနေလေသည်။
သို့တိုင် သူကကမ္ဘာကြီး၏အကျိုးအတွက် ဒါကိုလုပ်ခဲ့သည်။
ဒါကချီးကျူးစရာမကောင်းဘူးလား!
ယဲ့ချိုးပိုင်ဓားရှိရာသို့ အချိန်အကြာကြီး လေးနက်စွာဦးညွတ်ရင်း မထရပ်သေးပေ။
ထိုအခိုက်အတန့်၌ ကိုးပေရှည်ကြယ်ကြွေဓားကစတင်တုန်ခါလာသည်။
တချိန်တည်းမှာပင် အနက်ရောင်လွယ်ပြင်အလယ်ဗဟို၌တည်ရှိနေသည့် ကြယ်ကြွေဓား၏ အနည်းငယ်ပျက်စီးနေသည့်ရုပ်တုကလည်း စတင်တုန်ခါလာသည်။
ထိုစဉ် အနက်ရောင်လွင်ပြင်တခုလုံးကလည်း ငလျင်တစ်စင်း၏ ရှေ့ပြေးတခုအလား တုန်ခါနေသည်။
လူတိုင်းက ကြယ်ကြွေဓားရုပ်တုကို အထိတ်တလန့်ကြည့်လိုက်ကြသည်။
ဘာတွေဖြစ်နေတာလဲ!
ဒီအချိန်ကြာရှည်စွာတိတ်ဆိတ်နေခဲ့တဲ့ကြယ်ကြွေဓားရုပ်တုကို ဘယ်သူထိလိုက်တာလဲ!
ကျန်းယွန်ဇောင်နှင့် ဂျီဂျီတို့ကသာလျှင် ယဲ့ချိုးပိုင်ကိုကြည့်လိုက်ကြသည်။
ယခုလိုအရာမျိုးကို လုပ်နိုင်တာက ကြယ်ကြွေဓားဧကရာဇ်၏အမွေဆက်ခံသူဖြစ်သည့် ယဲ့ချိုးပိုင်တစ်ဦးတည်းသာဖြစ်သည်။
ထိုစဉ် ယဲ့ချိုးပိုင်တစ်ယောက် ဆင့်ခေါ်ခံလိုက်ရသည့်အလားထရပ်ကာ ကြယ်ကြွေဓားရုပ်တုရှိရာသို့ တလှမ်းချင်းလျှောက်သွားသည်။
ရွှေချပ်၀တ်တပ်မှူးက ဤမြင်ကွင်းကိုကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး အော်ဟစ်လိုက်သည်။
"ယဲ့ချိုးပိုင်၊ တယောက်တည်းမလုပ်နဲ့"
"မင်းဒီလိုလုပ်မယ်ဆိုရင် အခြေအနေရပ်တခုလုံးကို ဖျက်ဆီးပစ်သလိုဖြစ်သွားလိမ့်မယ်"
အနက်ရောင်လွင်ပြင်က မူလကတည်းက နယ်မြေပြင်ပကမိစ္ဆာများကို ဖိနှိပ်ရာဆင်ခြေဖုံးတခုဟုဆို၍ရသည်။
ယနေ့ မိစ္ဆာများက စည်းတံဆိပ်ကို အနည်းငယ်ဆုတ်ဖြဲပစ်ခဲ့သည်။
ဤလွင်ပြင်၌ ဘာရှိသလဲဆိုတာ ဘယ်သူမှမသိပါ။ ထို့ကြောင့် ရွှေချပ်၀တ်တပ်မှူးအဖို့ ဤသို့ပြောသည်က ယုတ္တိတန်ပါသည်။
ကျန်းယွန်ဇောင်က ရွှေချပ်၀တ်တပ်မှူးကိုကြည့်ရင်းပြောလိုက်သည်။
"သူ့ကိုသွားခွင့်ပေးလိုက်ပါ"
ရွှေချပ်၀တ်တပ်မှူးကမျက်မှောင်ကြုတ်လိုက်သည်။
"အခြေအနေတခုလုံးကို အာရုံစိုက်ပါဦး"
စကားပြောပြီးနောက်တွင် ယဲ့ချိုးပိုင်က ကြယ်ကြွေဓားရုပ်တုရှိရာသို့ ဆက်လက်လျှောက်သွားနေသေးသည်ကို မြင်ရသောအခါ သူပိတ်ဆို့ရန်ပြင်ဆင်လိုက်သည်။
သူလက်ကိုဆန့်ထုတ်လိုက်စဉ်မှာပင် ကောင်းကင်ကနေ အငွေ့အသက်တစ်ခုဆင်းသက်လာခဲ့သည်။
၎င်းက ဓားဆန္ဒတခုဖြစ်ပြီး ဓားပညာ၏ အမြင့်ဆုံးအဆင့်ဓားဆန္ဒတခုဟုဆို၍ရသည်။
ရွှေချပ်၀တ်တပ်မှုး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။
သူဘယ်သူ့ကိုမှမမြင်ရပေ။ သို့သော် လွင်ပြင်တခုလုံးကို ဖြန့်ကြဲလာသည့် စကားလုံးတစ်လုံးကို ကြားလိုက်ရသည်။
"သူ့ကိုသွားခွင့်ပေးလိုက်၊ ငါစောင့်ကြည့်နေမယ်"
ရွှေချပ်၀တ်တပ်မှူး၏မျက်နှာက အနည်းငယ်မည်းမှောင်သွားသည်။
ဒီဓားဆန္ဒနှင့်ဒီအသံကိုသူမှတ်မိသည်။
၎င်းက ကြယ်ကြွေဂိုဏ်းချုပ်တဖြစ်လဲ တာအိုနယ်ပယ်ကစွမ်းအားရှင်ဖြစ်ပြီး ဓားပညာရပ်၏ဆရာတဆူဖြစ်သည်။
မှန်ပေသည်။ ဒီလုပ်ဆောင်ချက်အရ ကျန်းဝူဖန်း ဤနေရာသို့ကိုယ်တိုင်ရောက်လာခဲ့သည်။
သူကယဲ့ချိုးပိုင် ထိုသူများနှင့်ပြဿာနာတက်မည်ကို ခွင့်မပြုနိုင်။
ဒါက ကြယ်ကြွေဂိုဏ်း၏မျှော်လင့်ချက်ဖြစ်သည်။ ဤသည်ကိုမဆိုထားနှင့်၊ ယဲ့ချိုးပိုင်နောက်က ဆရာကလည်း အတော်လေးကြောက်မက်ဖွယ်ကောင်းလွန်းသည်။
အကယ်၍ယဲ့ချိုးပိုင်တခုခုကြီးကြီးမားမားဖြစ်ပျက်သွားမည်ဆိုပါက ပိုကြီးမားသည့် အရာတခုဖြစ်ပျက်လာနိုင်ပေသည်။
သို့စေကာမူ ရွှေချပ်၀တ်တပ်မှူးကရပ်လိုက်သည်။ ကျန်းဝူဖန်းက သူ့ကိုမျက်နှာသာ ပေးချင်နေခြင်းပင်။
တကယ်တမ်း၌ သူတို့ကအဆင့်တူမဟုတ်ပါ။
ကျန်းဝူဖန်းကတာအိုနယ်ပယ်ကစွမ်းအားရှင်ဖြစ်ကာ ဓားတာအို၏ အထွပ်အထိပ်အဆင့်၌တည်ရှိပြီး နယ်နိမိတ်မဲ့နယ်မြေတွင် ဓားတာအို၌ နံပါတ်တစ်ပုဂ္ဂိုလ်ဟု လူသိများသည်။
လူတိုင်း၏အကြည့်အောက်တွင် ယဲ့ချိုးပိုင် ကြယ်ကြွေဓားရုပ်တုရှိရာသို့ ဖြည်းညင်းစွာလျှောက်သွားသည်။
နှစ်ခုလုံးကမီတာ၀က်မျှသာဝေးတော့သည်။ ထိုစဉ် ယဲ့ချိုးပိုင်လက်ထဲက ကြယ်ကြွေဓားက ပို၍ပြင်းထန်စွာ တုန်ခါလာသည်။
သူ့ရှေ့ကကြယ်ကြွေဓားရုပ်တုနှင့် ကြယ်ကြွေဓားက စည်းချက်ညီနေပုံရပြီး ၄င်းကလည်း အဆက်မပြတ်တုန်ခါနေသည်။
ယဲ့ချိုးပိုင် ကြယ်ကြွေဓားရုပ်တု၏ကိုယ်ထည်ကို သတိလက်လွတ် ပွတ်သပ်လိုက်မိသည်။
ရုတ်ချည်းဆိုသလို ဓားဆန္ဒတခုက ယဲ့ချိုးပိုင်ကို ဖုံးလွှမ်းသွား၏။
ဤဓားဆန္ဒက အရမ်းရင်းနှီးနေပြီး ကြယ်ကြွေဓားဧကရာဇ်၏ ဓားဆန္ဒဖြစ်သည်။
ယဲ့ချိုးပိုင်၏ဓားသိုင်းနယ်ပယ်ကလည်း ထိုအခိုက်အတန့်၌ ရူးသွပ်စွာတိုးတက်လာသည်။
သူက စကြာ၀ဠာဓားသခင်နယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်သွားခဲ့သည်။
တကြိမ်တည်းမှာပင် အနက်ရောင်လွင်ပြင်တခုလုံး၌ ဓားဆန္ဒကအသံမြည်ဟီးလာပြီး အစစ်အမှန်ဓားဆန္ဒတခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ပေါ်ထိုးတက်သွား၏။
ဓားဆန္ဒက ဧရာမသမုဒ္ဒရာတစင်းအဖြစ် ပြောင်းသွားစည့်အလား အနက်ရောင်လွင်ပြင်၌ ဒုန်းစိုင်းနေသည်။
လူတိုင်းက ဤမြင်ကွင်းကို ထိတ်လန့်စွာကြည့်နေခဲ့ကြသည်။
ဒီအသက်အရွယ် ဒီနယ်ပယ်နဲ့ ဓားလမ်းစဉ်က စကြာ၀ဠာဓားသခင်နယ်ပယ်ကိုတောင် ချိုးဖျက်သွားပြီလား!
ဒီကောင်လေးရဲ့ဓားသိုင်းပါရမီက ဘယ်လောက်တောင်အားကောင်းနေတာလဲ!
ဤမြင်ကွင်းကိုမြင်သောအခါ မုချင်းချင်းကလည်း အနည်းငယ်အံ့ဩသင့်သွားသော်လည်း သူမနှလုံးသားထဲတွင် အဓိကရုဏ်းဖြစ်နေခြင်းမရှိပါ။
မည်သို့ပင်ဆိုစေကာမူ သူမက ယဲ့ချိုးပိုင်၏ တိုက်ခိုက်ရေးစွမ်းရည်ကိုမြင်တွေ့ခဲ့ရပြီးဖြစ်သည်။
သိုင်းဧကရာဇ်တ၀က်သို့ရောက်သည့်တိုင် သူတို့အသင်းဖွဲ့ကာ တိုက်ခိုက်ခဲ့ပြီး အာရုံထွေပြားခြင်းအဆင့်က မိစ္ဆာဗိုလ်ချုပ်တစ်ဦးကိုပင် အပြင်းအထန်ဒဏ်ရာရသွားစေခဲ့သည်။
ဒီပါရမီနှင့် ယခုလိုအဆင့်မျိုးကို ရောက်ရန်ဟူသည် သာမန်မျှသာ။
သူမကခါးသီးစွာပြုံးလိုက်သော်လည်း သူမ၏မျက်လုံးထဲတွင် မနာလိုစိတ်များရှိမနေဘဲ တိုက်ခိုက်ရေးစိတ်ဓာတ်များက ပို၍ပင်များလာသည်။
အစက ယဲ့ချိုးပိုင်ကို ဂျီဂျီက အဆင့်တူဟုပင်မသတ်မှတ်ခဲ့ပါ။ ရောက်လာပြီးနောက် သူ့ပြိုင်ဘက်အဖြစ်မှတ်ယူခဲ့သည်။ ယခုတွင်မူ သူကောင်းကင်ပါ်သို့ တက်ရန်လိုအပ်သည့် တောင်ကြီးတလုံးပမာပင် တွေးတောနေလေပြီ။
ကျန်းဝူဖန်း ဤမြင်ကွင်းကိုကြည့်ရင်း ညင်သာစွာပြုံးလိုက်သည်။
ဘေးက သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကမေးသည်။
"သူကခင်ဗျားတို့ကြယ်ကြွေဓားဂိုဏ်းရဲ့ တပည့်လား"
ကျန်းဝူဖန်းခေါင်းခါယမ်းပြီး အပြုံးဖြင့်ပြောသည်။
"မဟုတ်ဘူး၊ ဒါပေမယ့် သူက ကြယ်ကြွေဓားဧကရာဇ်အမွေအတွက် မျှော်လင့်ချက်ပဲ"
သက်လတ်ပိုင်းအရွယ်လူက တိတ်ဆိတ်သွားသည်။
ယဲ့ချိုးပိုင်မျက်လုံးမှိတ်လိုက်ပြီး ပတ်ပတ်လည်က ဓားဆန္ဒများကို ထိတ်ထိတ်ပျာပျာစုပ်ယူလိုက်သည်။
သူစုပ်ယူပြီးနောက် မျက်လုံးဖွင့်လိုက်သည်။ လေးနက်သောအမူအရာဖြင့် ကြယ်ကြွေဓားရုပ်တုကို ထပ်မံဦးညွတ်လိုက်၏။
ထိုအချိန်တွင် သူ့စိတ်ထဲ၌ ပုံရိပ်ယောင်တခုပေါ်လာသည်။ ထို့ထဲတွင် ရင်းနှီးသလိုလို မရင်းနှီးသလိုလိုအသံတခုပါ၀င်သည်။
"မင်းကိုပေးလိုက်ပြီ....."
ယဲ့ချိုးပိုင်၏မျက်နှာကလေးနက်သွား၏။
"ယုံကြည်မှုအတိုင်းနေထိုင်ပါ..."
အပိုင်း(391) coming။