#နတ်ဆိုးအသူရာချောက်ထဲ၀င်ရောက်ခြင်း#
Vol. 27 Ch. 391
မိုယွန်၏တည်နေရာက အနက်ရောင်လွင်ပြင်ကိုဖြတ်သန်းရန်လိုအပ်သည်။
သူတို့လွင်ပြင်ကိုဖြတ်ကျော်လာသောအခါ ရှေ့၌ မှောင်မိုက်သည့်အသူရာချောက်တခုရှိပြီး ချောက်ကမ်းပါးအောက်တွင် မိစ္ဆာစွမ်းအင်များထိုးတက်နေသည်။
အသံများကလည်း နတ်ဆိုးတသောင်း၏အော်ဟစ်သံများကဲ့သို့ ထွက်ပေါ်နေသည်။
အသူရာချောက်နံဘေးတွင် ကျောက်ပြားတစ်ချပ်ရှိသည်။ ကျောက်ပြားပေါ်၌ ဤစကားလုံးများကို ထွင်းထုထားသည်။
"မိုယွန်"
ဤနေရာက မိုယွန်တည်ရှိသည့်နေရာပေတည်း။
ဤနေရာသို့ရောက်လာသောအခါ မှော်စွမ်းအင်နက်၏အမျှင်စများကိုလည်း ခံစားနေရသည်။
ရှောင်ဟိုင်စိတ်ထဲတွင် ပိတ်လှောင်ထားသည့်မှတ်ဉာဏ်က ပြေလျော့သွားကာ တုန်ခါနေပုံရသည်။
သူနားလည်သွား၏။
ဤနတ်ဆိုးအသူရာချောက်ထဲတွင် သူ့မှတ်ဉာဏ်နှင့်ဆက်စပ်နေသည့်အရာတခုခုရှိနေရပေမည်။
နတ်ဆိုးချောက်၏အ၀င်၀၌ မှော်စွမ်းအင်နှင့်မတူသည့်အားလှိုင်းတခုရှိသည်။ ဤစွမ်းအားက မိစ္ဆာစွမ်းအားပင်။
ဆိုရမည်ဆိုပါက နယ်မြေပြင်ပက မိစ္ဆာများကလည်း နတ်ဆိုးချောက်သို့အရင်ဆုံး၀င်သွားပြီးလေပြီ။
မုချင်းချင်းမျက်မှောင်ကြုတ်လိုက်သည်။
"အရင်ကတပ်ဖွဲ့တွေရဲ့အဆိုအရ နတ်ဆိုးချောက်ကိုချက်ချင်း၀င်ရမယ်"
"အခု နယ်မြေပြင်ပကမိစ္ဆာတွေကလည်း အခွင့်အရေးကို ဖမ်းဆုပ်လိုက်ကြပြီဆိုတော့ ငါတို့မြန်မြန်လှုပ်ရှားရမယ်၊ ပြီးတော့ မိစ္ဆာတွေရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကိုလည်း ဂရုစိုက်ရမယ်၊ နားလည်ကြလား"
သူတို့ကထောက်လှမ်းရေးသတင်းများကို ရယူနိုင်ခဲ့ကြသည်။
နယ်မြေပြင်ပကမိစ္ဆာများကလည်း သူတို့၏နောက်ထပ်လှုပ်ရှားမှုကို ခန့်မှန်းမိကြပေလိမ့်မည်။
ထို့ကြောင့် မှော်စွမ်းအင်ချောက်ထဲတွင် ဤနေရာကထိုးဖောက်၀င်ရောက်ရပေမည်။
လူတိုင်းခေါင်းညိတ်လိုက်ကြသည်။
ချက်ချင်းဆိုသလို မုချင်းချင်း၏အမိန့်အောက်တွင် သူတို့က နတ်ဆိုးချောက်ထဲသို့ အစုလိုက်အပြုံလိုက် ၀င်သွားကြလေတော့သည်။
နယ်နိမိတ်မဲ့နယ်မြေက မိုယွန်အကြောင်း အချက်အလက်၊ ဗဟုသတုများကို ကန့်သတ်ထားသော်လည်း အခြေခံအခြေအနေကိုတော့ နားလည်ကြသည်။
အတိတ်က အုပ်စုဖွဲ့ကာ အထဲသို့စူးစမ်းရန်အတွက် ၀င်ခဲ့သည့် တာအိုစွမ်းအားရှင်များရှိခဲ့ကြသည်။
နောက်ပိုင်းတွင် လေးယောက်တဖွဲ့ဖွဲ့ခဲ့ကြပြီးနောက် နှစ်ယောက်သာထွက်လာနိုင်ခဲ့သည်။
တန်ဖိုးရှိသည့်သတင်းအချက်အလက်များကိုလည်း သူတို့နှင့်အတူ ယူဆောင်လာခဲ့ကြသည်။
မိုယွန်ကို စုစုပေါင်းအလွှာကိုးလွှာခွဲထားသည်။
အပေါ်ဆုံးသုံးလွှာ၊ အလယ်သုံးလွှာနှင့် အောက်ဆုံးသုံးလွှာတို့ဖြစ်သည်။
အောက်သို့ပိုဆင်းလေလေ၊ အန္တရာယ်က ပိုများလေလေဖြစ်သည်။
အပေါ်ဆုံးသုံးလွှာတွင် မွန်းစတားများ၏အဆင့်က သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်ခွန်အားဖြစ်ကြသည်။
အလယ်သုံးလွှာက အာရုံထွေပြားခြင်းအဆင့်ဖြစ်သည်။
နောက်ထပ်သုံးလွှာက တာအိုနယ်ပယ်ခွန်အားဖြစ်သည်။
ဤသည်ကခွန်အားအရာဟုသာဆို၍ရသော်လည်း ခြိမ်းခြောက်နိုင်စွမ်းက ပို၍အန္တရာယ်များသည်။
ဂိုဏ်းအသီးသီးကစေလွှတ်သည့် တာအိုနယ်ပယ်စွမ်းအားရှင်များက ဦးဆောင်ကာ အောက်ဆုံးသုံးလွှာသို့ဦးတည်သွားကြ၏။
မုဖူရှန်း၏ဦးဆောင်မှုကိုခံယူရင်း ယဲ့ချိုးပိုင်၊ ရှီရှန်း၊ ရှောင်ဟိုင်နှင့်ကျန်သောသူများကလည်း တချိန်တည်းမှာပင်၀င်ကာ ခုန်ဆင်းလိုက်ကြသည်။
သူတို့အောက်ကျသွားသည့်ခံစားချက်ကို မခံစားရပါ။ မြည်ဟိန်းနေသည့်နတ်ဆိုးစွမ်းအင်က လူတိုင်း၏ကိုယ်များကို ဆွဲခေါ်သွားလေသည်။
အကယ်၍အောက်ဆင်းလျင်ပါက ဤရေစီးကြောင်းကိုဖြတ်ကျော်ရန်အတွက် မိမိ၏ကိုယ်ပိုင်အော်ရာကို အားကိုးရပေမည်။
ကြောက်မခန်းမိမိနတ်ဆိုးစွမ်းအင်နှင့် ၀န်းရံခံထားရသဖြင့် သူတို့၏ကိုယ်မှ အော်ရာလှုပ်ရှားမှုကလည်း သက်ရောက်ခံရသည်။
မည်သို့ပင်ဆိုစေကာမူ မှော်စွမ်းအင်နှင့် ဝိဉာဉ်စွမ်းအင်က တူညီသည့်အရင်းအမြစ်ကနေလာခြင်းမဟုတ်ပေ။
သို့စေကာမူ ဤပထမစမ်းသပ်မှုကို လူတိုင်းအတွက် မခက်ခဲပါ။
နတ်ဆိုးစွမ်းအင်အလယ်တွင် ရှောင်ဟိုင်က ရေထဲကငါးတစ်ကောင်အလား ဦးဆောင်လျက် ပထမအလွှာသို့သွားနေသည်။
သူ့မျက်လုံးများထဲတွင် ဤသည်က အသူရာချောက်နှင့်မတူဘဲ မြေကြီးပါရှိသည့်ကောင်းကင်တခုဖြစ်ကာ ကောင်းကင်က နက်မှောင်နေရုံမျှသာဖြစ်သည်။
နတ်ဆိုးစွမ်းအင်များဖြင့်ပြည့်နှက်နေသည့် တိမ်များက ကောင်းကင်ယံ၌လွင့်မြောနေကြ၏။ မည်းမှောင်နေသောကမ္ဘာမြေနှင့် နတ်ဆိုးစွမ်းအင်များက တချိန်လုံး လွင့်မြောနေသည်။
ချိုင့်ဝှမ်းများက အလျားလိုက်၊ ဘေးလိုက် ပုံစံမျိုးစုံရှိနေပြီး အလောင်းများက နေရာတိုင်းတွင်ရှိသည်။ ထို့ထဲတွင် မွန်းစတားများ၏ အလောင်းများလည်းရှိသည်။
နယ်မြေပြင်ပကမိစ္ဆာများ၏ အလောင်းများလည်း ပါ၀င်နေကြသေးသည်။
ဆိုလိုတာက နယ်မြေပြင်ပကမိစ္ဆာများက ဤနေရာကိုဖြတ်သန်းပြီးပြီဟူ၍ပင်။
ရှေ့တိုးရန်အဆင်သင့်ဖြစ်နေစဉ်မှာပင် အသင်းထဲတွင် အစွမ်းအထက်ဆုံးလူတဖြစ်လဲ ရွှေချပ်၀တ်တပ်မှူးက ရှေ့တန်းတွင်ရပ်ကာ ဦးဆောင်ရန်လိုအပ်သည်။
ယခုတကြိမ်တွင် ရှောင်ဟိုင်ကရပ်လိုက်သည်။
"ကျုပ်ရှေ့ကနေရပ်လိုက်မယ်"
ရွှေချပ်၀တ်တပ်မှူးက အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး ရှောင်ဟိုင်ကိုကြည့်လိုက်သည်။
"မင်းခွန်အားကမလုံလောက်သေးဘူး၊ နောက်မှာနေ"
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။ သူက ရွှေချပ်၀တ်တပ်မှူး၏စကားများကို နားမထောင်ချင်ပေ။
"ကျုပ်ရဲ့ကိုယ်ခန္ဓာက ဒီနေရာနဲ့ပိုပြီး လိုက်ဖက်သင့်တော်တယ်"
ရှောင်ဟိုင်၏စကားလုံးများကိုကြားသောအခါ ရွှေချပ်၀တ်တပ်မှူးကအံ့ဩသင့်သွားသည်။ ကိုယ်ခန္ဓာကလား!
ချက်ချင်းဆိုသလို ရှောင်ဟိုင် ထာ၀ရနတ်ဆိုးကိုယ်ထည်ကိုထုတ်လွှတ်လိုက်၏။
မှော်စွမ်းအင်နက်စီးကြောင်းများက ရှောင်ဟိုင်၏ကိုယ်တဝိုက်၌ လှည့်ပတ်နေကြသည်။
ဤအငွေ့အသက်ကိုခံစားမိသောအခါ ရွှေချပ်၀တ်တပ်မှူးက ထပ်မံအံ့ဩသင့်သွားပြန်သည်။ သူဒါကိုရှင်းရှင်းလင်းလင်းခံစားနေရသည်။
ရှောင်ဟိုင်ကိုယ်ထဲကအော်ရာက ဤနတ်ဆိုးချောက်ထဲရှိ နတ်ဆိုးစွမ်းအင်နှင့် အတော်လေးဆင်တူသည်။
ယခုတကြိမ်တွင် မုဖူရှန်းကလည်းထရပ်သည်။
"ကျုပ်ရဲ့စီနီယာကို ဦးဆောင်ခွင့်ပေးလိုက်ပါ"
ရွှေချပ်၀တ်တပ်မှူးကခေါင်းညိတ်သည်။
ဤသူများကမဆင်မခြင်လုပ်သူများမဟုတ်ပါ။ ဤလူများ၏ပါရမီကိုသူသိပါသည်။
ယခုလိုမောက်မာသည့်လူမျိုးများက မဆင်မခြင်လုပ်ရပ်များဖြင့် သူတို့၏အနာဂတ်ကို ဖျက်ဆီးမည်မဟုတ်ပေ။
ဤသည်အပြင် မင်းသားမုဖူရှန်းကလည်း ထရပ်ကာစကားပြောလာပြီဖြစ်လေရာ သူမည်သို့စကားမထောင်ဘဲနေနိုင်မည်နည်း။
မုဖူရှန်း ရှောင်ဟိုင်ကိုကြည့်လိုက်သည်။
"အစ်ကို၊ တခုခုခံစားရလို့လား"
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"မဟုတ်ဘူး၊ ဒါပေမယ့် နတ်ဆိုးစွမ်းအင်က ငါ့ကိုဆွဲခေါ်နေပြီး ဘယ်နေရာသွားရမလဲဆိုတာ လမ်းညွှန်ပေးနေပုံပဲ"
မုဖူရှန်းသံသယမရှိဘဲခေါင်းညိတ်သည်။
သူတို့အုပ်စုကစတင်ရှေ့သို့ရွေ့လျားကာ အနက်ရောင်ချိုင့်ဝှမ်းသို့၀င်လိုက်ကြသည်။
ဤနေရာ၌အော်ရာကအတော်လေးပါးလွှာသည်။ ထို့ကြောင့် လူတိုင်းက သူတို့၏ အော်ရာများကို အချိန်တိုင်း ထိန်းသိမ်းထားသင့်သည်။
အော်ရာဖြည့်ခြင်းက ဆေးလုံးများကိုသာ မှီခိုအားကိုး၍ရပေတော့မည်။
လမ်းကြောင်းတလျှောက်တွင် နယ်မြေပြင်ပကမိစ္ဆာများနှင့် မွန်းစတားများ၏ အလောင်းများကို နေရာအနှံ့တွေ့ရသည်။
ရေကန်တခုကိုဖြတ်ကျော်သွားသောအခါ လူများစွာ၏ရှေ့၌ မှော်နက်စွမ်းအင်က စုတင်စုဝေးလာကြသည်။
ရေကန်ထဲတွင် မှော်လေဆင်နှာမောင်းတခုဖွဲ့စည်းဖြစ်တည်လာသည်။
ရွှေချပ်၀တ်တပ်မှူးကချက်ချင်းပြောသည်။
"နိုးနိုးကြားကြားနေကြ"
လေဆင်နှာမောင်းပျောက်ကွယ်သွားသောအခါ ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာသည်။
မွန်းစတားဆယ်ကောင်က လူတိုင်း၏အမြင်ရှေ့တွင် ပေါ်လာသည်။
ဤမွန်းစတားဆယ်ကောင်လုံးက သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်များဖြစ်ကြသည်။
ဤသည်ကိုမြင်သောအခါ ရွှေချပ်၀တ်တပ်မှူးက တိုက်ရိုက်ပစ်လွှတ်လိုက်၏။
တကယ်တမ်းတွင် ယေဘုယျအခြေအနေအရ ဤကဲ့သို့အရာမျိုးကို အတွေ့အကြုံရယူခြင်း၌အောင်မြင်ရန်အတွက် ဂျူနီယာများထံ လွှဲပြောင်းပေးသင့်သည်။
သို့သော် ယခုအချိန်တွင် သူတို့၌ အချိန်အများကြီးမကျန်တော့ပါ။ သူတို့က နယ်မြေပြင်ပကမိစ္ဆာများကို တတ်နိုင်သမျှ အမြန်ဆုံး အမှီလိုက်ရန်လိုအပ်သည်။
ရွှေချပ်၀တ်တပ်မှူး၏ခွန်အားက တာအိုတ၀က်နယ်ပယ်ဖြစ်သည်။
ထို့ကြောင့် ဤမွန်းစတားများက သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်ဖြစ်စေ၊ သိုင်းဧကရာဇ်နယ်ပယ်ထက်ပင် မြင့်နေပါစေ သူတို့က ရွှေချပ်၀တ်တပ်မှူး၏ ပြိုင်ဘက်များမဟုတ်ကြပါ။
အချိန်တိုအတွင်းမှာပင် မွန်းစတားဆယ်ကောင်ကအသတ်ခံလိုက်ရသည်။
လူတိုင်းကရှေ့ဆက်လိုက်ကြသည်။
ဤချိုင့်ဝှမ်းကိုဖြတ်ပြီးနောက်တွင် သူတို့အမြင်ရှေ့တွင် အမှောင်အလင်းဖြင့် လင်း၀င်းနေသည့်တံခါးတချပ်ရှိသည်။
တံခါးကဆယ်ပေမြင့်သည်။ တံခါးကိုယ်ထည်တခုလုံးကို အနက်ရောင်သံဖြင့် ပြုလုပ်ထားပုံရသည်။
သို့စေကာမူ ဒီတံခါးကိုတင်းကျပ်စွာပိတ်ထားသည်။ ကျန်သောအသင်းကလူများကလည်း ရောက်လာကြသည်။
မုဖူရှန်းတံခါးကိုကြည့်ရင်း မေ့စေ့ပွတ်လိုက်သည်။
"ဒီတံခါးကိုဖြတ်ပြီးတာနဲ့ ဒုတိယအလွှာကို ရောက်နိုင်မှာမလား"
ထိုအသံကျဆင်းလာသည်နှင့်တပြိုင်နက် အနက်ရောင်တံခါးကဖြည်းညင်းစွာပွင့်သွားသည်။
တံခါးနောက်ကွယ်၌ ဘာတခုမှမမြင်ရပေ။ ထိုနေရာ၌ရှိသည်က မှော်နက်စွမ်းအင်ဖြင့် ဖန်တီးထားသည့် ဝဲဂယက်တခုပင်။
ထိုအချိန်တွင် ထိုဝဲဂယက်ထဲမှ အနက်ရောင်အမွေးမျှင်များဖြင့် ဖုံးနေသည့် ဧရာမလက်နှစ်ချောင်းထွက်လာခဲ့သည်။
ထို့နောက် အနက်ရောင်အစွယ်များရှိသည့် မွန်းစကားတကောင် အနက်ရောင်တံခါးကနေ ပေါ်လာပြီး တံခါးရှေ့တွင်ရပ်လိုက်သည်။
သူ့ကိုအနိုင်မယူဘဲ ဤနေရာကိုဖြတ်သွားရန်ဟူသည် မဖြစ်နိုင်တာ သိသာထင်ရှားနေလေပြီ။
ရွှေချပ်၀တ်တပ်မှူးက ကျန်သောအသင်းခေါင်းဆောင်များကိုကြည့်လိုက်သည်။
"အတူတကွသွားပြီး မြန်မြန်ဆန်ဆန်တိုက်ခိုက်လိုက်ကြရအောင်"
ဤအနက်ရောင်အစွယ်များနှင့်မွန်းစတားက အာရုံထွေပြားခြင်းတ၀က်အဆင့်ဖြစ်သည်။
အာရုံထွေပြားခြင်းအဆင့်(နတ်ဘုရားအဆင့်)က စွမ်းအားရှင်များက ထိုစကားများကိုကြားသောအခါ ခေါင်းညိတ်ပြီး မွန်းစတားထံသို့ တချိန်တည်းမှာပင် ပြေး၀င်သွားကြ၏။
သို့စေကာမူ သူတို့ရှေ့သို့ပြေးသွားခိုက် ထိုအစွယ်နက်များနှင့်သားရဲက မျက်လုံးဖွင့်လိုက်စဉ် ၎င်း၏မျက်လုံးများက သွေးနီရောင်ဖြစ်နေခဲ့သည်။
ထိုအခိုက်အတန့်၌ အော်ရာက စတင်ထိုးတက်လာသည်။
အာရုံထွေပြားခြင်းတ၀က်အဆင့်ကနေ အာရုံထွေပြားခြင်းအဆင့်သို့ ထိုးတက်သွားခဲ့သည်။
အပိုင်း(392) coming။