← Chapters

#ရှောင်ဟိုင်၏ အထောက်အထား#

Vol. 27 Ch. 392

#ရှောင်ဟိုင်၏ အထောက်အထား#

Vol. 27 Ch. 392

အနက်ရောင်အစွယ်နှင့်မွန်းစတား၏ ခွန်းအားရုတ်တရက်တိုးလာခြင်းက လူတိုင်းကို အံ့ဩသင့်သွားစေသည်။

ဘာလို့ခွန်းအားကရုတ်တရက်တိုးလာတာလဲ!

ထို့နောက် သဟဇာတတာအိုနယ်ပယ်သို့ တိုက်ရိုက်တက်ရောက်သွားသည်။

ရှေ့သို့တက်လာသည့်မုချင်းချင်းမှာ ဤမြင်ကွင်းကိုကြည့်ရင်း တစ်စုံတစ်ရာကို တွေးတောနေသည့်အလား မျက်မှောင်ကြုတ်လိုက်သည်။

"ချက်ချင်းနောက်ဆုတ်ကြ၊ အင်အားစုတွေမပေါင်းကြနဲ့၊ မင်းတို့ပေါင်းလိုက်တာနဲ့ ဒီမွန်းစတားတွေရဲ့ခွန်အားက သိသိသာသာ တိုးတက်လာလိမ့်မယ်"

ထိုစကားလုံးများကိုကြားသည်နှင့်တပြိုင်နက် ဂျီဂျီလူတိုင်းကို နောက်ဆုတ်ရန် ပြောဆိုလိုက်သည်။

လူတိုင်းနောက်ဆုတ်သွားသောအခါ အစွယ်နက်မွန်းစတား၏ခွန်အားကလည်း ပုံမှန်ခွန်အားသို့ ပြန်ရောက်သွား၏။

သူ့၏ဧရာမလက်များကိုရုတ်သိမ်းရင်း သူက တံခါးနက်ရှေ့တွင် တိတ်ဆိတ်စွာ ပိတ်ဆို့ထားလိုက်သည်။

ဤမြင်ကွင်းကိုကြည့်ရင်း ဂျီဂျီပြောလိုက်သည်။

"ကြည့်ရတာ ကျုပ်တို့တယောက်ချင်းစီ တက်ဖို့လိုတယ်"

"သူက အန္တရာယ်ရေထဲ အဆင့်နိမ့်လူတွေကို ငါးမဖမ်းစေချင်ဘူးနဲ့တူတယ်"

မုချင်းချင်းကလည်းခေါင်းညိတ်သည်။

"တခြားနည်းလမ်းမရှိတော့ဘူး၊ တယောက်ပြီးတယောက်သွားကြရအောင်"

"တကယ်လို့ခွန်အားက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ကိုမရောက်သေးဘူးဆိုရင် မကြိုးစားကြပါနဲ့"

မည်သို့ပင်ဆိုစေကာမူ ဤမွန်းစတားက ပြန်မတိုးတက်လုလျှင်ပင် အာရုံထွေပြားခြင်း တ၀က်အဆင့်ကို ရောက်နေလေပြီ။

ထို့ကြောင့် ၎င်း၏ခွန်အားက သာမန်လူသားမျိုးနွယ်စွမ်းအားရှင်များထက် ပို၍အားကောင်းသည်။

မွန်းစတား၏ကိုယ်ကလည်း အတော်လေးကြောက်စရာကောင်းသည်။

ထိုအချိန်တွင် ရှောင်ဟိုင်က တိတ်တဆိတ်လျှောက်သွားသည်။

လူတိုင်းကလှမ်းကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကြ၏။

နားမလည်သည့်တစ်ယောက်ကမေးသည်။

"ဒီကောင်လေးက သိုင်းဧကရာဇ်နယ်ပယ်ကိုတောင်မရောက်သေးဘူး၊ သူဘယ်လိုလုပ်သွားရဲရတာလဲ"

"သူ့ကိုမြန်မြန်တားကြ၊ ဒါကသေမင်းဆီကို ပို့နေတာနဲ့တူတူပဲလေ"

လူတချို့ကမူ တိတ်ဆိတ်စွာစောင့်ကြည့်နေကြသည်။

သူတို့အတွက် ဤအစွယ်နက်မွန်းစတားက မည်မျှထိ ကြမ်းတမ်းသလဲဆိုတာကို တယောက်ယောက်က စမ်းသပ်ပေးမည်ဆိုပါက အတော်လေးကောင်းပေသည်။

မုချင်းချင်း သွေးကြောတောင်စစ်ဆေးမှုတွင် ပါ၀င်လာသည့်တခြားသူများကမူ သူ့ကိုတားဆီးခြင်းမရှိပါ။

မည်သို့ပင်ဆိုစေကာမူ သူတို့ကရှောင်ဟိုင်၏ခွန်အားကို တွေ့ခဲ့ရသည်။

ထိုအချိန်က သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းတယောက်နှင့် သိုင်းဧကရာဇ်တ၀က်နယ်ပယ်နှစ်ယောက်၊ ထိုလူသုံးယောက်က အာရုံထွေပြားခြင်းနယ်ပယ် နောက်ပိုင်းအဆင့်တွင်ရှိသည့် မိစ္ဆာဗိုလ်ချုပ်ကို အားသုံးကာ အပြင်းအထန်ဒဏ်ရာရအောင် လုပ်ပစ်ခဲ့သည်။

ယခုလိုခွန်အားနှင့်ဆိုပါက ထိုအာရုံထွေပြားခြင်းတ၀က်အစွယ်နက်မွန်းစတားအဖို့ တိုက်ခိုက်ရန် အခွင့်အရေးတခုပင် ရှိတော့မည်လား။

သို့သော် သူတို့မသိသည်က ရှောင်ဟိုင်က တိုက်ခိုက်ရန်အတွက် မရည်ရွယ်ထားခဲ့ပေ။

သူက မသိစိတ်ကအလိုအလျောက် ရှေ့တိုးလိုက်သည်။

သူ့စိတ်ထဲ၌စာသားတကြောင်းက တဝဲဝဲလည်နေသည့်အလားပင်။

ရှေ့ကိုသွား.....

ရှေ့ကိုသွား.....

‌ထို့ကြောင့် ရှောင်ဟိုင်ရှေ့သွားနေသည်။

သူကမွန်းစတားနှင့်နီးလာသောအခါ အစွယ်နက်များရှိသည့် ထိုမွန်းစတားက ဧရာမခေါင်းကိုငုံ့ပြီး မြေပေါ်က ရှောင်ဟိုင်ကို ကြည့်လိုက်သည်။

ချက်ချင်းဆိုသလို ပြင်းထန်သည့်အလင်းတန်းတခုက သူ့မျက်လုံးအစုံ၌ လင်း၀င်းသွားပြီး ညင်သာစွာ တချက်ဟိန်းလိုက်သည်။

ထိုဟိန်းသံက ကောင်းကင်ကိုတုန်ခါစေပြီး အသံလှိုင်းများက ကမ္ဘာမြေပေါ်၌ လေပွေစုပ်ဝဲများအဖြစ် ပြောင်းလဲတိုက်ခတ်သွားသည်။

ထို့နောက် ဧရာမလက်ကိုမြှောက်ကာ ရှောင်ဟိုင်အား အပြင်းအထန်ရိုက်ချလိုက်သည်။

ထိုအချိန်တွင် ရှောင်ဟိုင်ကလည်း ငြိမ်ငြိမ်နေ၍မရတော့ပါ။

လှိုင်းသုံးကြောင်းက အတူတကွပွင့်လာသည်။

ထာ၀ရမှော်ကိုယ်ထည်!

လက်ထဲတွင် ကိုးပေရှည်တင်းပုတ်ကိုကိုင်လျက် မှော်နက်စွမ်းအားများက သူ့နောက်ဘက်တွင် စုစည်းလာသည်။

နတ်ဆိုးဘုရင်ဆင်းသက်လာခဲ့သည်။

အာရုံထွေပြားခြင်းတ၀က်အဆင့်ကို ရင်ဆိုင်နေရခြင်းဖြစ်လေရာ ရှောင်ဟိုင် သတိမထားဘဲမနေရဲဘဲ နတ်ဆိုးဘုရင်ကို တိုက်ရိုက်ဆင်းသက်လာစေသည်။

သို့စေကာမူ ရှောင်ဟိုင် နတ်ဆိုးဘုရင်ကို ဆင်းသက်လာစေသောအခါ မွန်းစတား၏ ဧရာမလက်ကြီးက ရပ်သွားသည်။

သူ့မျက်လုံးအစုံရှိ ပြင်းထန်သည့်အလင်းကြောင်းက ကြောက်စိတ်များဖြင့် တဖြည်းဖြည်းလွှမ်းမိုးခံရလာသည်။

၎င်း၏ဧရာမကိုယ်ထည်က ထိုအခိုက်အတန့်၌ စတင်တုန်ယင်လာပြီး ရှောင်ဟိုင်ပုံရိပ်ကိုကြည့်လိုက်မိသည်။

တကယ်တမ်းတွင် သူကရှောင်ဟိုင်နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကို ကြည့်နေခြင်းပင်။

အစွယ်နက်မွန်းစတားက ကြောက်လန့်လာသည်။

ဒီမှာဘာတွေဖြစ်နေတာလဲ!

နောက်ကလူအုပ်ကြီးကအံ့ဩသင့်သွားကြသည်။

ဒီမွန်းစတားက ဘာကိုကြောက်နေတာလဲ!

အဲဒီကောင်က ဝှက်ဖဲကိုကစားမယ်ဆိုရင်တောင် နယ်ပယ်က နိမ့်နေသေးတယ်လေ၊ အာရုံထွေပြားခြင်းအဆင့်က မင်းလိုမျိုးမွန်းစတားကို ဘယ်လိုကြောက်အောင် လုပ်နိုင်တာလဲဟ!

မုဖူရှန်းဤမြင်ကွင်းကိုကြည့်ရင်း အတွေးနက်နေသည်။

ယဲ့ချိုးပိုင်ညင်သာစွာပြုံးရင်း အသံနိမ့်ကာပြောသည်။

"တပုံစံတည်းပဲ"

မှန်ပေသည်။

ထိုအချိန်က ရှောင်ဟိုင်၏ ဘ၀အတွေ့အကြုံ သို့မဟုတ် အရင်ဘ၀က ထူးခြားနိုင်လိမ့်မည်ဟု သူတို့ခန့်မှန်းခဲ့ကြသည်။

ထို့နောက် သူ့ဘ၀အတွေ့အကြုံက ထိုနတ်ဆိုးများနှင့် ခွဲမရလောက်အောင် ဆက်စပ်နေနိုင်ချေများဖြစ်သည်။

ယခုတွင်မူ ဒါကတကယ်ဖြစ်ပုံရသည်။

ရှောင်ဟိုင်ကအနည်းငယ်ရှုပ်ထွေးသွားပြီး အစွယ်နက်မွန်းစတားကို တိတ်ဆိတ်စွာ ကြည့်နေသည်။

မွန်းစတားက အမှန်တကယ်ဒူးကိုကွေ့ကာ ရှောင်ဟိုင်ရှေ့ဒူးထောက်လိုက်သည်။ ထို့နောက်တွားတွားသွားရင်း ခေါင်းကို မြေပေါ်၌ မြှုပ်ထားကာ ညီးသံများထုတ်နေသည်။

သနားညှာတာပေးရန်အတွက် တောင်းဆိုနေသည့်အလားပင်။

ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေသည်။

ဒါကဘာလဲဟ!

ရှောင်ဟိုင်ကိုကြည့်ရင်း သူတို့ကအံ့ဩမှု၊ မရေရာမှုများဖြင့်ပြည့်နှက်နေသည်။

မုချင်းချင်းပင်လျှင် မျက်မှောင်ကြုတ်ကာ ယခုလိုမြင်ကွင်းမျိုးဘာကြောင့် ဖြစ်လာရသလဲဆိုတာ သိချင်လာမိသည်။

သို့သော် သဲလွန်စအားလုံးကိုဆက်စပ်ကြည့်သည့်တိုင် ဘာသဲလွန်စမှမရှိချေ။

ရွှေချပ်၀တ်တပ်မှုးကလည်း ကြက်သေသေနေပြီး ရှောင်ဟိုင်ပြောခဲ့သည်ကို ပြန်လည်သတိရသွား၏။

ဒါကမဖြစ်နိုင်ဘူးလေဟ!

ရှောင်ဟိုင်က ဒီနတ်ဆိုးချောက်နှင့် ဆက်စပ်နေတာလား!

ဤသို့သာဆိုပါက ယခုတကြိမ်မိုယွန်သို့ခရီးစဉ်က အများကြီးပို၍လွယ်ကူသွားပေလိမ့်မည်ာ

နယ်မြေပြင်ပကမိစ္ဆာများအား အမီဖမ်းရန်ဟူသည်ကလည်း ခက်ခဲမည်မဟုတ်တော့။

ရှောင်ဟိုင်မေးရန်ကြိုးစားလိုက်သည်။

"ခင်ဗျားကျုပ်ကိုသိလား"

ထိုအချိန်တွက် ရှောင်ဟိုင်စိတ်ထဲတွက် ယှဉ်၍ပင်မရနိုင်လောက်သည့် ကြမ်းတမ်းသည့်အသံတစ်သံထွက်လာသည်။

"မသိဘူး၊ ငါကမင်းကိုသိဖို့အရည်အချင်းမမီဘူး"

"ဒါပေမယ့် မင်းဆီက နတ်ဆိုးမျိုးနွယ်ရဲ့အော်ရာက အရမ်းသန့်စင်ပြီး သွေးကလည်း အတော်လေးသန့်စင်တယ်"

"သခင်ရဲ့သွေးနဲ့ယှဉ်မယ်ဆိုရင်တောင် မင်းသွေးကပိုပြီးသန့်စင်နေတယ်"

ပိုင်ရှင်လား!

ရှောင်ဟိုင်မေးလိုက်သည်။

"သခင်‌ဆိုတာဘယ်သူလဲ"

မွန်းစတားကဖြေသည်။

"နတ်ဆိုးအသူရာချောက်ကို ဖန်တီးခဲ့တဲ့သခင်ပေါ့"

"ဘာလို့နတ်ဆိုးအသူရာချောက်ကို ဖန်တီးခဲ့တာလဲ"

မွန်းစတားကခေါင်းခါယမ်းကာ အသံပို့လွှတ်သည်။

"ဒီလိုအရာမျိုးကိုသိနိုင်ဖို့အတွက် ငါကအရည်အချင်းမမီဘူး၊ ဒါပေမယ့် ကြားဖူးတာကတော့ သခင်က ဒီနေရာမှာ တယောက်ယောက်ကို စောင့်နေပုံပါပဲ"

ရှောင်ဟိုင်ညင်သာစွာခေါင်းညိတ်သည်။

အကယ်၍ရလဒ်ကိုသိလိုပါက နတ်ဆိုးချောက်၏အနက်ဆုံးအပိုင်းကိုသွားရမည်။

ထို့ကြောင့်ရှောင်ဟိုင်ပြောလိုက်သည်။

"အဲကိုသွားကြရအောင်"

မွန်းစတားကတုံ့ဆိုင်းမနေဘဲ ချက်ချင်းထရပ်ကာ ဘေးသို့လျှောက်သွားပြီး သူ့နောက်က ဖွင့်ထားသည့် အနက်ရောင်တံခါးဆီသို့ လမ်းဖွင့်ပေးသည်။

ဤမြင်ကွင်းကိုမြင်သောအခါ လူတိုင်းက ဆွံအကာ ကြက်သေသေနေကြသည်။

ယခုလေးတင် ရှောင်ဟိုင်က ဤမွန်းစတားနှင့် တခုခုလုပ်ခဲ့ပုံရသည်။ အလှဲအလှယ်လုပ်ပြီးနောက်မှာ သွားခွင့်ပေးလိုက်တာလား!

ဒါကတကယ်ပဲဒီလောက်ထိလွယ်လို့လား!

ရှောင်ဟိုင်လှည့်လာပြီးပြောသည်။

"ခင်ဗျားတို့သွားနိုင်ပြီ"

လူတိုင်းအသိပြန်၀င်လာကြသည်။

မုချင်းချင်းရှေ့တိုးလာပြီးနောက် ရှောင်ဟိုင်ဘေးသို့ရောက်လာသည်။

"ငါတို့နင့်ရဲ့အထောက်အထားကို မမေးပါဘူး၊ ကျေးဇူးပြုပြီးလမ်းပြပေးပါဦး"

နားလည်သည့်မည်သူမဆို ဒါကိုမြင်နိုင်သည်။ ရှောင်ဟိုင်က မိုယွန်နှင့် ခွဲမရအောင် ဆက်စပ်နေသည်။

ဤသည်ကိုကြားသောအခါ ရှောင်ဟိုင်ခေါင်းညိတ်သည်။ သူကမငြင်းပေ။

မည်သို့ပင်ဆိုစေကာမူ သူမက သူ့ဂျုနီယာညီလေး၏ ညီမလေးဖြစ်သည်။

လူတိုင်းကတံခါးထဲသို့တက်လှမ်းလိုက်ကြပြီး ဒုတိယအလွှာသို့၀င်လိုက်ကြသည်။

ဒုတိယအလွှာ၏မြင်ကွင်းက ပထမအလွှာနှင့်ဘာမှမခြားနားပေ။

သို့စေကာမူ မွန်းစတားများ၏စုပေါင်းခွန်အားနှင့်အရေအတွက်ကပို၍တိုးလာသည်။

သူတို့အသင်းထဲတွင် အာရုံထွေပြားခြင်းအဆင့်များနှင့် တာအိုတ၀က်အဆင့်ပင်ရှိသဖြင့် ထိုမွန်းစတားများကို ကိုင်တွယ်ရန် ဟူသည် ပြဿာနာတရပ်မဟုတ်ပါ။

တတိယလွှာသို့ဦးတည်ထားသည့်တံခါးဆီသို့ ရောက်လာသောအခါ နောက်ထပ် အစောင့်မွန်းစတားတကောင်ကို တွေ့လိုက်ရသည်။

တံခါးစောင့်မွန်းစတား၏ခွန်အားက အာရုံထွေပြားခြင်းအစောပိုင်းအဆင့်ကိုပင်ရောက်နေလေပြီ။

သို့သော်နယ်ပယ်ကမည်မျှပင် မြင့်မားနေစေကာမူ ရှောင်ဟိုင်ရှေ့တိုးကာ ဆက်သွယ်လိုက်သည်နှင့် မွန်းစတားက ထပ်မံနေရာပေးလာသည်။

လူတိုင်းကရှောင်ဟိုင်ကို ထူးဆန်းသည့် မျက်နှာထားများဖြင့်ကြည့်လိုက်ကြသည်။

ဒီကောင်ရဲ့မူလဇစ်မြစ်ကဘာလဲ!

ငါဘာလို့ ဒီလိုပုံစံလူမျိုးကို အရင်က တခါမှမကြားဖူးရတာလဲ!

မုဖူရှန်းကလည်း ဘေးကယဲ့ချိုးပိုင်ကို မေးလိုက်သည်။

"အစ်ကိုကြီး၊ အစ်ကိုလေးက ဘယ်ကလဲ"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"စံအိမ်တော်ကလေ"

မုဖူရှန်းဆွံအသွားရသည်။

.....

သူတို့ဆက်သွားနေစဉ် မကြာမီတတိယအလွှာ၏တံခါးပေါက်ပေါ်လာသည်။

ထိုစဉ် တတိယအလွှာ၏တံခါး၌ ထွင်းထုထားသည့်ခန်းမတခုရှိသည်။

ရှောင်ဟိုင်မော့ကြည့်လိုက်သည်။ ဒီခန်းမက ဘာလို့အရမ်းရင်းနှီးပုံပေါ်နေရတာလဲ!

အပိုင်း(393) coming။

All Chapters