← Chapters

လွယ်လွန်းသော စာပေသမား

Vol. 91 Ch. 1183

လွယ်လွန်းသော စာပေသမား

Vol. 91 Ch. 1183

ချင်မူမှာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ “တာအို‌နောင်တော် ကျွန်တော့်ကို အဲ့ဒီလောက်အထိ အာရုံစိုက်လိမ့်မယ် မထင်ထားဘူး”

စာပေသမားထိုက်ယီသည် ခေါင်းယမ်းရင်း ပြော၏။ “ငါက မင်းတစ်ယောက်ကိုပဲ အာရုံစိုက်နေတာ မဟုတ်ပါဘူး.. တကယ်တော့ လူအများကြီးကို အာရုံစိုက်နေတာပါ... ကောင်းကင်နတ်အရှင်လင်ရဲ့ စာပေမှတ်တမ်းတွေကို စူးစမ်းနေတဲ့ ဝါးတုတ်မြင်းပုလေးထဲက တစ်ကောင်လည်း ငါ ဖြစ်ခဲ့ဖူးတယ်... ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ မက်မွန်တောအုပ်ထဲမှာလည်း မက်မွန်သစ်သီးလေးတစ်လုံး ဖြစ်ခဲ့တယ်... ခိုင်ဧကရာဇ်ချင်ယဲ့ မျှားခဲ့ဖူးတဲ့ ငါးတစ်ကောင်ကလည်း ငါပဲ... မြေအောက်ဘုံအရှင်သခင်ဘေးနားက သရဲတစ်ကောင်ကလည်း ငါပဲ... ဒါမှမဟုတ် ကောင်းကင်နယ်စားမင်းရဲ့ မျက်လုံးဘေးနားမှာ လွင့်မျောနေတဲ့ ကြယ်တစ်စင်း... ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ဆံပင်ဖြူတစ်ချောင်းတို့ပေါ့… အဲဒီဆံပင်ဖြူကိုတော့ သူက နှုတ်ပြီး လွှင့်ပစ်ခဲ့တယ် ဟဟ”

သူက ပြုံးလျက် ဆက်ပြောသည်။ “ငါ နေရာအများကြီး ရောက်ဖူးတယ်... ဟော့ဒီအနန္တစကြဝဠာထဲမှာ သမိုင်းမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ လူတွေအများကြီးနဲ့လည်း တွေ့ခဲ့ပြီးပြီ... မင်းက မင်းရဲ့လမ်းစဉ်ကို စွန့်ပစ်ပြီး ကောင်းကင်နတ်ဘုံလမ်းစဉ်ဆီ ပြန်လျှောက်ခဲ့တာကိုလည်း ငါ မြင်ခဲ့တယ်... အဲဒါကြောင့်ပဲ ငါ သက်ပြင်းချခဲ့ရတယ်.. အဲဒီအချိန်တုန်းက ငါက မင်းရဲ့ မျက်လုံးကနေ ကျလာခဲ့တဲ့ မျက်ရည်တစ်စက်ပဲ”

ချင်မူ့ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်။ ရှုကျွင်းဆီမှ အကြံတောင်းခဲ့ပြီးနောက်တွင် သူသည် သူ၏မူလလမ်းစဉ်ကို စွန့်လွှတ်ခဲ့ပြီး ကောင်းကင်နန်းဆောင်လမ်းစဉ်နှင့် ကောင်းကင်နတ်ဘုံလမ်းစဉ်အား လျှောက်ရန် ရွေးချယ်ခဲ့၏။ ထိုစဉ်တုန်းက ငိုမိခဲ့ပြီး သက်ပြင်းချသံသဲ့သဲ့ ကြားခဲ့ရသည်။

သူက စိတ်အားတင်း၍ သိချင်စိတ်ဖြင့် မေးလေသည်။ “တာအိုနောင်တော်မှာ ထူးခြားတဲ့အစွမ်းအစတွေ ရှိတာပဲ... ဒါပေမဲ့ ဒီကို ပြန်လာခဲ့တယ်.. ဘာအတွက်များလဲ”

ထိုက်ယီသည် ခပ်လွယ်လွယ်ပင် ပြုံးလိုက်၏။ “ငါက အမြဲ ဒီမှာ ရှိနေတာဆိုတော့ ပြန်လာတာလား၊ ပြန်မလာတာလား ပြောလို့မရဘူး”

ထိုက်ယီ၏ သိုင်းအဆင့်နယ်ပယ်က သူ နားလည်နိုင်မည့် အရာမဟုတ်မှန်း ချင်မူ သိသည်။ ထိုစဉ်တုန်းက သူ၏လမ်းစဉ်ကိုသာ လက်မလျှော့ခဲ့လျှင် သူလည်း သူသာ သိသသော သိုင်းနယ်ပယ်တစ်ခု ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ရပေလိမ့်မည်။ သို့သော် ယခုမှတော့ မဖြစ်နိုင်‌တော့ပေ။

စာပေသမားထိုက်ယီက ပတ်ဝန်းကျင်သို့ ကြည့်ရင်း ပြောသည်။ “ဒီသစ်ပင်က သိပ်အန္တရာယ်များတဲ့ နေရာတစ်နေရာပဲ... စကြဝဠာခေတ်တစ်ခေတ်တိုင်းမှာ တည်ရှိလာခဲ့တာဆိုတော့ အဲဒီခေတ်တွေရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေအားလုံးက မသေချင်လို့ အတိတ်ကနေ ဒီကို တိုးထွက်လာချင်ကြတယ်... မင်းက ဒီနေရာကို မင်းရဲ့ ပိုင်နက်အဖြစ် ရွေးချယ်ခဲ့တာဆိုတော့ ငါတို့ တွေ့ဖို့ ကံပါလာတာလို့ပဲ ခေါ်ရမှာပေါ့”

ချင်မူ ပြုံးလိုက်မိသည်။ “ထိုက်ကျိကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရားနှစ်ပါးရဲ့ ကျေးဇူးကြောင့်ပါဗျ... မဟုတ်ရင် ကျွန်တော်က ဘိုးဘေးနန်းတော်ရဲ့ နံပါတ်တစ် ရတနာမြေကို ဘယ်ရနိုင်ပါ့မလဲ”

စာပေသမားထိုက်ယီ၏ အမူအရာမှာ ထူးဆန်းသွားသော်လည်း သူက မည်သည်ကိုမှ မပြောပေ။ “ဒါက အရင်တုန်းက ငါ့နေရာပဲ... ဒါပေမဲ့ မင်းက ဒီနေရာကို မင်းပိုင်နက်လို့ သတ်မှတ်ထားပြီဆိုတော့ ဘိုးဘေးနန်းတော်ကို ကာကွယ်ဖို့ တစ်ခုခု လုပ်ပေးရမယ်”

ချင်မူက တည်ကြည်လေးနက်သော မျက်နှာဖြင့် ဆိုလိုက်သည်။ “တာအိုနောင်တော်၊ ကျေးဇူးပြုပြီး သင်ပြပေးပါ”

စာပေသမားထိုက်ယီက အေးအေးလူလူပင် ပြောသည်။ “မင်းပြောခဲ့သလို၊ သစ်နက်တောင်တန်းကို ချိပ်ပိတ်တာက အချိန်တစ်ခုထိပဲ အချိန်ဆွဲပေးထားနိုင်မှာ... နောင်ဖြစ်လာမယ့် ပြဿနာတွေကို ချုပ်ငြိမ်းမပေးနိုင်ဘူး.. နောင်ကျရင် သစ်နက်တောင်တန်းဟာ ပြိုကျသွားပြီး အဲဒီအတိတ်ခေတ်တွေက ကျူးကျော်လာဖို့ ဆက်ကြိုးစားကြမှာပဲ.. ငါ မင်းကို ကူညီစေချင်တာလည်း ဒီကိစ္စပါပဲ”

“ကူညီရမှာ‌ပေါ့”

ချင်မူကလည်း မဆိုင်းမတွ သဘောတူလိုက်ကာ ပြုံးနေသည်။ “ရန်သူတွေ ကျွန်တော့်ပိုင်နက်ထဲ ကျူးကျော်လာရင်လည်း တာအိုနောင်တော်ကို အားကိုးမယ်နော်”

ထိုက်ယီမှာ သူထိုသို့ တောင်းဆိုလိမ့်မည် မထင်ထားခဲ့ပေ။ သူက တွေးကြည့်ပြီးနောက် ပြုံးသည်။ “မင်းပြောတဲ့အတိုင်း ငါ လုပ်မယ်”

ထိုအခါမှ ချင်မူ သက်ပြင်းချနိုင်တော့သည်။ သူ၏အစွမ်းအစများနှင့် အင်အားသည် ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် မယှဉ်နိုင်မှန်း သိသည့်အတွက် ရေခဲပြင်အလွှာပါးပါးထက်တွင် လမ်းလျှောက်နေရသည့်ပမာ ဖြစ်ခဲ့သည်။ ယခု သူ့တွင် ‘ဘိုးဘေးနန်းတော်၏ နံပါတ်တစ် ရတနာမြေ’ ရှိလာခဲ့ချေပြီ။ ထိုနယ်မြေအား မကာကွယ်နိုင်မည်ကို သူ စိုးရိမ်နေခဲ့ရသည်။

သို့သော် ထိုက်ယီ၏ စကားအရ ကောင်းကင်နတ်အရှင်ဆယ်ပါးစလုံး ကိုယ်တိုင်ကျူးကျော်လာလျှင်တောင်မှ ဤ ‘နံပါတ်တစ်ရတနာမြေ’ ကို သူ့ဆီမှ လုယူနိုင်မည့်ပုံမပေါ်ချေ။

သူ မသိသည်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါးသည်လည်း ‘ဘိုးဘေးနန်းတော်၏ နံပါတ်တစ် ရတနာမြေ’အား စိတ်ကူးထဲပင် မထည့်ထားခြင်းပင်။

ချင်မူမှာ လက်ဝါးများကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားနေသည်။ ‘အရင်တုန်းက တာအိုဘိုးဘေးကြီးက လင်းရွှမ်ကို ခေါ်၊ တထာဂတက ဖိုကျစ်ကို ခေါ်လာပြီး နန်းတွင်းကောလိပ်ရဲ့ အပေါက်ဝမှာ ပိတ်နေခဲ့တယ်... ပါမောက္ခပါ့ရှန်ကလည်း ငါ့ကို ခေါ်ပြီး လိုလန်ရွှေနန်းတော်တံခါးဝမှာ ပိတ်ရပ်စေခဲ့တယ်... အဲဒါက အကြီးတွေ အငယ်တွေကို စိတ်အားတက်အောင် လုပ်ပေးတဲ့ နည်းလမ်းပဲ... အကြီးတွေကိုယ်တိုင် ရပ်ကြည့်ပေးနေတဲ့အတွက် တစ်ဖက်လူငယ်တွေအနေနဲ့ စည်းကမ်းတွေကို လိမ်လိမ်မာမာ လိုက်နာဖို့အပြင် ရွေးချယ်စရာ မရှိခဲ့ဘူး... စည်းကမ်းဖျက်ရင် အကြီးတွေက ဒေါသထွက်မှာ မဟုတ်လား... ဒီတစ်ခေါက်တော့ ငါက အငယ်တစ်ယောက်အနေနဲ့ ငါ့အဘိုးအဘွားတွေကို ခေါ်ပြီး ကောင်းကင်နတ်အရှင်ဆယ်ယောက်ရဲ့ ကျောက်တုံးတွင်းတွေမှာ သွားပိတ်ရပ်မယ်... စည်းကမ်းမလိုက်နာရင် ‌ဆော်ပစ်မယ်”

‘တစ်ခုခုဖြစ်လာခဲ့ရင် ပြဿနာအကြီးကြီး ရှာပြီး သစ်နက်တောင်တန်းထဲ ဝင်ပုန်းမယ်... မိုးပြိုကျသွားရင်တောင် ထောက်ကန်ပေးထားမယ့် ထိုက်ယီ ရှိသေးတယ်’

ဘိုးဘေးနန်းတော်

ကောင်းကင်နတ်အရှင်များအနေဖြင့် တည်ဆောက်ထားခဲ့သော ကောင်းကင်နန်းဆောင်အား စောင့်ရှောက်မည့်သူ မရှိစေ၍ မရပေ။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ရှောင်သည် သူ၏ ဂုဏ်အယူရဆုံးတပည့် ကောဟွားထောင်အား သူ၏ကျောက်တုံးတွင်းအား စောင့်ကြပ်ရန် စေလွှတ်ခဲ့၏။ လူသားကောင်းကင်နတ်ဧကရာဇ်တစ်ပါးအနေဖြင့် ကောင်းကင်နတ်အရှင်ရှောင်က မည်သည့်မျိုးနွယ်ကိုမဆို တန်းတူညီတူ ဆက်ဆံသော်လည်း ရှေးဟောင်းနတ်ဘုရားများကို မုန်းသည်ဟု လူသိများကြ၏။

ကောဟွားထောင်က လူသားမဟုတ်ဘဲ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံထားသော မျိုးဆက်သစ် နတ်ဘုရားတစ်ပိုင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

ကောဟွားထောင်သည် ရောက်လျှင်ရောင်ချင်း သူ၏လက်‌အောက်ငယ်သားများအား ကျောက်တုံးတွင်းထဲသို့ ဝင်ရောက်စေပြီး နတ်ကျောက်တုံးများ တူးဖော်စေသည်။ ထိုစဉ် နတ်ဘုရားတစ်ပါးက သတင်းလာပို့သည်။ “ကောင်းကင်နတ်အရှင်မူက ထူးထူးဆန်းဆန်း လူအယောက်နှစ်ဆယ်ကျော် ခေါ်လာပြီး အလည်လာတာလို့ ဆိုပါတယ်... သူတို့က စည်းကမ်းတွေနဲ့အညီ မုခ်ဝမှာ ပိတ်ရပ်ပြီး ကောင်းကင်နတ်အရှင်ရှောင်ရဲ့ တပည့်တွေကို စိန်ခေါ်ချင်နေပါတယ်”

“တံခါးဝမှာ ပိတ်ရပ်တဲ့ စည်းကမ်းတဲ့လား”

ကောဟွားထောင် ဇဝေဇဝါ ဖြစ်နေသည်။ “ငါတို့ကောင်းကင်နတ်ဘုံမှာ ဘယ်တုန်းက ဒီလောက် ထူးဆန်းတဲ့ စည်းကမ်းတွေ ရှိလာခဲ့တာလဲ”

သူက ယန်ချီလင်းကို လှမ်းခေါ်ကာ မေးလေသည်။ “ညီမတော်၊ နင်က အောက်ဘုံမှာ နေဖူးတယ်မဟုတ်လား.. ဒီကောင်းကင်နတ်အရှင်မူက မုခ်ဝမှာ ပိတ်ရပ်ထားတယ်တဲ့... အောက်ဘုံရဲ့ စည်းကမ်းတွေကို နင် သိလား”

ယန်ချီလင်းက ဖြေသည်။ “အောက်ဘုံမှာ အတိအလင်း မပြဌာန်းထားတဲ့ စည်းကမ်းတစ်ခု ရှိတယ်.... အကြီးတွေက အငယ်တွေကို ခေါ်လာပြီး စိန်ခေါ်ဖို့ တံခါးဝမှာ ပိတ်ရပ်စေလိုက်ရင် အဆင့်တူချင်း တိုက်ခိုက်ရတယ်တဲ့... နှစ်ဖက်လုံး ဒီစည်းကမ်းကို ချိုး‌ဖောက်လို့ မရဘူး... ချိုးဖောက်ရင် သိုင်းလောကမှာ အိုးမည်းသုတ်ခံရတယ်... ဒါပေမဲ့ ဒီစည်းကမ်းထဲမှာပဲ နောက်စည်းကမ်းတစ်ခုလည်း ရှိသေးတယ်... အကြီးတွေမှာ တစ်ဖက်လူအပေါ် ဖိနှိပ်နိုင်တဲ့ အစွမ်းအစ ရှိရမယ့် စည်းကမ်းပဲ”

ကောဟွားထောင်သည် ပြုံး၏။ “အောက်ဘုံသားတွေက စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ထောင်လွှားမောက်မာကြတာပဲ... ဒီလိုထူးဆန်းတဲ့ စည်းကမ်းတစ်ခုကိုတောင် ဖန်တီးခဲ့ကြတယ်တဲ့လေ... ကောင်းကင်နတ်ဘုံမှာ တံခါးဝပိတ်တဲ့ အရာမျိုး မရှိဘူး... ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူရဲ့ အစွမ်းအစတွေက သိပ်အားမကောင်းပေမယ့် သူ့နာမည်က ကျော်စောတော့ သူ့ကို ငါတို့ လျစ်လျူရှုလို့ မရဘူး... ညီမတော်၊ နင့်အစွမ်းအစတွေက ထူးချွန်ပြောင်မြောက်တယ်... အဆင့်တူမှာ လက်ရည်တူတဲ့ ပြိုင်ဘက်နဲ့လည်း တွေ့ရခဲတယ်မဟုတ်လား... သွား .. သူ့ကို မောင်းထုတ်လိုက်”

ယန်ချီလင်းက ခေါင်းယမ်းသည်။ “သူနဲ့ ခဏခဏ တိုက်ခိုက်ဖူးတယ်... တစ်ခါမှ မနိုင်ခဲ့ဘူး”

ကောဟွားထောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး တွန့်ဆုတ်သွားတော့သည်။ “နင်လည် သူ့ကို နိုင်ဘူး... ငါလည်း သူ့ကို မနိုင်ဘူး”

သတင်းလာပို့သည့် နတ်ဘုရားက ပြောသည်။ “ဒီတစ်ခေါက် ကောင်းကင်နတ်အရှင်မူက တာဝန်ယူထားတဲ့ အကြီးပါ... သူက သူ့လူတွေကို စိန်ခေါ်စေချင်တာပါတဲ့”

ကောဟွားထောင် တဟားဟား ထရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူသာ စိန်ခေါ်ချင်ရင် ငါ နည်းနည်း ကြောက်မိမှာ... သူ့မှာ ဝက်ဝံတစ်‌ကောင်လို သတ္တိမျိုးနဲ့ ကျားသစ်လို ဇမျိုး ရှိပြီး အခြားသူတွေကို စိန်ခေါ်ခိုင်းဖို့ ခေါ်တယ်ပေါ့လေ... ထားလိုက်တော့၊ ငါတို့တွေ သူ ခေါ်လာတဲ့သူတွေနဲ့ ယှဉ်ပြိုင်ရင်း ကောင်းကင်နဲ့မြေကြီးရဲ့ အတိမ်အနက် သိသွားအောင် လုပ်ပေးကြတာပေါ့”

သူက ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်ဆယ်ယောက်ကျော်ဖြင့် ကြိုဆိုရန် ထွက်သွားပြီး ကျောက်တုံးတွင်း၏အပြင်မှ လာနေသော ချင်မူ၏အမြန်သင်္ဘောအသေးအား မြင်လိုက်ရသည်။ သင်္ဘောအပေါ်တွင် လူအရွယ်အစားမျိုးစုံ၊ ပုံပန်းသွင်ပြင်မျိုးစုံ ရှိနေ၏။ တချို့က အရပ်ရှည်သည်၊ တချို့က ပုသည်၊ တချို့က ဝသည်၊ တချို့က ပိန်သည်။

ထိုလူများအကြား ရန်ဖြစ်နေကြပုံရသည်။ သူတို့ကြည့်ရသည်မှာ တစ်ယောက်နှင့်တစ်ယောက် မတည့်သည့်အပြင် သင်္ဘောလေးထဲတွင် ညပ်နေသောကြောင့် အချိန်မရွေး ထပ်သတ်ကြတော့မည့်ပုံပင်။

သူတို့အမုန်းဆုံးကတော့ ချင်မူပင်။ သင်္ဘောပေါ်ရှိ လူတိုင်းက ချင်မူအား နဂါးမျက်စောင်းများဖြင့် ကြည့်နေကြသည်။

ကောဟွားထောင်သည် ချင်မူ့ကို နှုတ်ဆက်ပြီး အပြုံးတစ်ခုဖြင့် ပြော၏။ “‌ကောင်းကင်နတ်အရှင်မူ ကိုယ်တိုင် ကြွလာတာကို ခမ်းခမ်းနားနား မကြိုဆိုမိလို့ စိတ်မရှိပါနဲ့ ခွင့်လွှတ်ပေးတော်မူပါ... ကောင်းကင်နတ်အရှင်က ဒီတာအိုမိတ်ဆွေတွေ ခေါ်လာပြီး မုခ်ဝမှာ လာပိတ်မှတော့ ကျုပ်လည်း ကောင်းကင်နတ်အရှင်ရှောင်ရဲ့ တပည့်အနေနဲ့ ဆရာ့နာမည် မဖျက်ချင်ပါဘူး.. လက်ခံပါတယ်”

ချင်မူက ယဉ်ကျေးဖော်ရွေစွာ ပြောသည်။ “မပူပါနဲ့ တူတပည့်လေး.. ငါ့လူတွေက သူတို့အတိုင်းအတာသူတို့ သိပါတယ်... စကားမစပ် သူတို့က ငါ့ရဲ့အဘိုးအဘွားတွေလေ... သူတို့သိုင်းအခြေခံ တိုးတက်မလာမှာ စိုးတာနဲ့ မင်းရဲ့တပည့်တွေကို အသုံးချပြီး သူတို့ကို လေ့ကျင့်ပေးချင်တာပါ”

လူသားဧကရာဇ်ချီကန်း၊ လူသားဧကရာဇ်ရီရှန်းနှင့် ကျန်ရှိသူများ ဆွေ့ဆွေ့ခုန်သွားကြသည်။

ကောဟွားထောင်နှင့် ချင်မူက တစ်ယောက်ကိုတစ်ယောက် မြှောက်ပင့်နေပြီး ကောဟွားထောင်သည် ချင်မူ့အား အကြီးအကဲထိုင်ခုံက ထိုင်စေသည်။ ချင်မူက အားတက်သရော ပြောလိုက်လေသည်။ “ဘိုးဘေးကြီးတို့၊ ဆရာ့ဆရာကြီးတို့၊ ကျွန်တော် အခြေအနေကို ထိန်းထားလိုက်ပြီနော်... ကျွန်တော့်မျက်နှာ အိုးမည်းမသုတ်ကြနဲ့”

လူသားဧကရာဇ်ချီကန်းမှာ ခုန်ထပြီး ဒေါသတကြီး အော်တော့သည်။ “ခွေးကောင်လေးချင်၊ မင်းက ဆရာနဲ့ ဘိုးဘေးတွေအပေါ် သစ္စာဖောက်လိုက်တာပဲကွ... လာစမ်း မင်းနဲ့ငါ အရင်ဆုံး တိုက်ခိုက်ကြတာပေါ့”

ကောဟွားထောင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ချင်မူ့ဆီ လှမ်းကြည့်၍ ချင်မူလည်း အားတုံ့အားနာ ပြောလိုက်သည်။ “တူလေး၊ ဒါက ငါ့ဆရာရဲ့ ဆရာပါ... သူက စိတ်ဆတ်ပေမယ့် အစွမ်းအစတချို့တော့ ရှိပါတယ်... တူလေး၊ လူတော်တစ်ယောက် ရွေးပြီး သူ့ကို သေအောင်သာ ရိုက်သတ်ခိုင်းလိုက် သိလား”

လူသားဧကရာဇ်ချီကန်းမှာ ဒေါသထွက်လွန်းသောကြောင့် သူ၏ဒွါရပေါက်များမှ မီးခိုးငွေ့များပင် ထွက်လာတော့သည်။ သူ့အသားများက တဆတ်ဆတ် တုန်နေပြီး အရောင်စုံအလင်းများသည် သူ့အနောက်၌ တဖျတ်ဖျတ် တောက်ပလာ၏။ အလင်းရောင်ထဲမှ ခေါင်းလောင်းသံတစ်ချက်နှင့်အတူ ကောင်းကင်နန်းဆောင်သုံးဆောင် ပေါ်ထွက်လာသည်။ “ငါ ဒီနှစ်တွေထဲ ပထမဘိုးဘေးကြီးနဲ့အတူ ကျင့်ကြံခဲ့ပြီးပြီ... ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်မျိုးစုံလည်း မြင်ဖူးပြီးပြီ.. ဒီဘဝမှာ ငါက ပိုလို့တောင် သတ္တိကောင်းပြီး ကြမ်းလာပြီ... ချင်ကောင်လေး၊ လာစမ်း တခြားသူတွေအကြောင်း မပြောနဲ့... လူသားဧကရာဇ်ခန်းမရဲ့ စည်းကမ်းချက်တွေအတိုင်း ငါနဲ့ တိုက်ခိုက်စမ်း”

ကောဟွားထောင်သည် ချင်မူ့ကို ပြုံးလျက် ကြည့်၏။ “ကောင်းကင်နတ်အရှင် ကြည့်ပါဦး”

ချင်မူက အားတုံ့အားနာ ပြန်ပြောသည်။ “ငါ့အဘိုးအဘွားတွေက အဲဒီလိုအရိုင်းအစိုင်းတွေလေ... ထိန်းရ သိပ်ခက်တာ... တူလေး ခဏစောင့်၊ ငါ သူတို့ကို သင်ခန်းစာပေးလိုက်ဦးမယ်”

သူက ထရပ်လိုက်ပြီး လူသားဧကရာဇ်ချီကန်းသည် အသင့်အနေအထားဖြင့် သူ့ကို တိုက်ခိုက်ရန် စောင့်နေ၏။

ချင်မူ ခြေတစ်လှမ်း တက်လိုက်သည့်အခါ နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ တုန်ခါလှိုင်းများကြောင့် အားလုံး၏ ချီနှင့် သွေးများ ဆူပွက်သွား၏။ သူတို့ လူသားဧကရာဇ်ချီကန်းဆီ ပြန်ကြည့်လိုက်သည့်အခါ သူ့မှာ ဘိုးဘေးနန်းတော်၏ မြေကြီးထဲသို့ ထိုးစိုက်ခံထားရချေပြီ။

ချင်မူက သူ့ခုံဆီ ပြန်သွားရင်း အပြုံးတစ်ခုဖြင့် ပြောသည်။ “သူ အခု လိမ္မာသွားပြီ စကြတာပေါ့”

လူသားဧကရာဇ်ချီကန်းမှာ မြေကြီးထဲမှာ ပြန်ထွက်လာပြီး မျက်နှာတစ်ခုလုံး ရွှံ့သဲများ ပေကျံနေသည်။ သို့သော် သူသည် စိတ်အားတရှိန်းရှိန်း တောက်လောင်နေကာ ရှုံးနိမ့်သွားရမှုအပေါ် စိတ်ညစ်နေခြင်း အနည်းအကျဉ်းမှ မရှိပေ။ ထိုအစား ကျယ်လောင်စွာပင် အော်ရယ်လိုက်သေးသည်။ “ဘယ်သူ ငါ့ကို အလင်းပြမလဲ”

All Chapters