← Chapters

စိတ်မလှုပ်ရှားနဲ့

Vol. 91 Ch. 1192

စိတ်မလှုပ်ရှားနဲ့

Vol. 91 Ch. 1192

မပြောင်းလဲသော ကောင်းကင်နတ်သိုင်းနှင့် ထိုက်ရှီကောင်းကင်နတ်သိုင်းသည် တစ်ပြိုင်တည်း ထွက်ပေါ်လာပြီးနောက် ဝင်တိုက်သွားကြ၏။ ဝေစွေ့ဖုန်း၏ မှော်စွမ်းအင်က ချင်မူ့၏ မှော်စွမ်းအင်ထက် အဆပေါင်းများစွာ မြင့်တက်သွားပြီး ချင်မူ၏ ထိုက်ရှီကောင်းကင်နတ်သိုင်းက မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို ထိန်းလိုက်သည်။

ကောင်းကင်နတ်သိုင်းနှစ်ခု ဝင်တိုက်သွားသောအချိန်တွင် အချိန်နှင့် နေရာဟင်းလင်းပြင်မှာ လုံးလုံးလျားလျား ဗြောင်းဆန်သွားကာ မတည်ရှိတော့သည့်အလား ထင်ရသည်။

သင်္ဘောပေါ်ရှိ လူတိုင်းလည်း သေလည်းမသေ ရှင်လည်းရှင်မနေသည့် ဆန်းကြယ်အခြေအနေတစ်ရပ်သို့ ရောက်ရှိသွားကြပုံပင်။ မာန်ဟုန်မြစ်ကို လွှမ်းခြုံထားသည့် မြူခိုးများပင်လျှင် တဝုန်းဝုန်း ပြောင်းလဲနေသည်။

တစ္ဆေသင်္ဘောကို ပစ္စုပ္ပန်သို့ ပြန်လည်ဆွဲယူနေသည့် ဖြစ်တည်မှုမှာ အလန့်တကြား ထအော်လိုက်သည်။ သူက မှော်စွမ်းအင်ကို မြှင့်တင်လျက် တစ္ဆေသင်္ဘောအား ပစ္စုပ္ပန်သို့ ပြန်လည်ဆွဲယူရန် အစွမ်းကုန် ကြိုးစားနေချေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်သိုင်းနှစ်ခု၏ ပွတ်တိုက်မှုသည် ပို၍ ပြင်းထန်လာ၏။ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးပင်လျှင် မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ သူက တစ္ဆေသင်္ဘောကို အလျင်အမြန် လွှတ်လိုက်ရင်း မြူခိုးတလျှောက် ပြေးလွှားကာ ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိရန် ကြိုးစားနေ၏။

ထိုဖြစ်တည်မှုမှာ မြူခိုးများအပြင်ရှိ ကောင်းကင်နှင့်မြေကြီးသည် အတိုင်းထက်အလွန် မူမမှန်ဖြစ်လာပြီး လေပွေများသဖွယ် ပုံပျက်လာကာ သူ့အား ဆွဲယူနေကြောင်း တွေ့လိုက်ရသည်။

သူက ကရောသောပါး ထွက်ပြေးသော်လည်း လေပွေသည် ပို၍လျင်မြန်စွာ လှည့်ပတ်လာ၏။ သူ အားထည့်ပြေးရင်း နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ လေပွေ၏ ဗဟိုတွင် ထူးဆန်းသော မြင်ကွင်းတစ်ခုအား မြင်လိုက်ရသည်။

တစ္ဆေသင်္ဘောပေါ်ရှိ ဒြပ်ထုများသည် လွင့်စင်ပြိုကွဲနေပြီး အချိန်နှင့် နေရာဟင်းလင်းပြင်သည်လည်း ပြိုလဲနေချေသည်။

တစ္ဆေသင်္ဘောပေါ်တွင် ချင်မူ၊ ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်၏ စစ်သည်တော်များသည် လူသားအသွင်သဏ္ဍာန်ရှိသော စွမ်းအင်ကိုယ်ထည်များအဖြစ် ပြောင်းလဲသွားသယောင် ထင်ရ၏။ သူတို့မှာ ဖြစ်တည်မှုမရှိသည့်အလား ထင်ရသော်လည်း တစ်ချိန်တည်းမှာပင် ဖြစ်တည်နေသေး၏။

“တစ္ဆေသင်္ဘော အဆုံးသတ်သွားပြီး…. တစ္ဆေသင်္ဘောပေါ်က ကောင်းကင်နတ်ဧကရီရဲ့ ရုပ်အလောင်းလည်း နိဂုံးချုပ်သွားသည်”

အမည်မသိဖြစ်တည်မှုသည် တစ္ဆေသင်္ဘောပေါ်မှ ကြောက်မက်ဖွယ်အလင်းတန်းများ ထွက်ပေါ်လာသည်ကို ‌မြင်တွေ့လိုက်သဖြင့် အလျင်အမြန် ပြန်လှည့်ကာ ကမန်းကတန်း ထွက်ပြေးသွားတော့သည်။

ဘုန်း….

မျက်စိကျိန်းမတတ် အလင်းရောင်က မြူခိုးထဲရှိ လူအားလုံး၊ အရာအားလုံးကို ဝါးမြိုသွားချေပြီ။

အမည်မသိဖြစ်တည်မှုသည်လည်း ထိုအလင်းတန်း သူ၏ခန္ဓာကိုယ်အနား ရောက်လာသည့်အချိန်မှာပင် တစ္ဆေသင်္ဘောပတ်ဝန်းကျင်မှ လွတ်မြောက်လာခဲ့၏။

သူ့မျက်စိရှေ့ရှိ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည့်တိုင် သူ့မှာ အံ့ဩ၍မဆုံးသေးပေ။ အချိန်နှင့် နေရာဟင်းလင်းပြင်သည်လည်း ပုံပျက်နေခြင်း မရှိတော့။

သူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ရင်း ပတ်၀န်းကျင်ကို အကဲခတ်လိုက်သည်။ ကြောင်ဖြူကို ပိုက်လျက် မြစ်ကမ်းဘေး၌ ရပ်ကာ သူ့ကို ပြုံးကြည့်နေသည့် နတ်အရှင်မယန်အား တွေ့လိုက်ရလေသည်။

“အရှင်မင်းကြီး” နတ်အရှင်မယန်းက အပြုံးလေးဖြင့် ကြောင်ဖြူ၏ ခေါင်းအား ပွတ်သပ်ပေးနေသည်။ ကြောင်ဖြူသည် အမွှေးများထောင်နေပြီး သူ့ဆီ ကြည့်ကာ မာန်ဖီသံများ ပြုနေ၏။

အမည်မသိဖြစ်တည်မှုသည် သူ့မျက်နှာကို ကွယ်အုပ်ထားသည့် အလင်းရောင်ကို လွင့်ပျယ်စေလိုက်၏။ ထိုမျက်နှာကား... ကောင်းကင်နတ်အရှင်ရှောင်ပင်။

‌နတ်အရှင်မယန်က မျက်ဝန်းများ လင်းလက်သွားကာ ရင်ခွင်ထဲရှိ ကြောင်ဖြူအား ချော့မြူလိုက်၏။ “အရှင်မင်းကြီးက ကျွန်မရဲ့ရုပ်ခန္ဓာကို အတော်လေး ပူပန်နေတဲ့ပုံပဲ…. ပြောင်းပြန်ပါလားနော်… ကျွန်မ အသက်ရှင်ခဲ့တုန်းက အရှင်မင်းကြီးက ကျွန်မကို လုံး၀ အာရုံမစိုက်ခဲ့ဘူး... ဒါပေမဲ့ ကျွန်မ သေသွားပြီးတော့မှ သူတော်ကောင်းယောင် ဆောင်ပြီး ကျွန်မရုပ်ခန္ဓာကို ရယူဖို့ ရှင့်အသက်ကိုတောင် စွန့်စားခဲ့တယ်”

သူမက ရုတ်တရက် နှာခေါင်းရှုံ့လိုက်သည်။ “ဟုတ်တယ်… အရှင်မင်းကြီးက ကျွန်မကို ဂရုမစိုက်ပါဘူး…. ကျွန်မကို ခြိမ်းခြောက်ဖို့ပဲ ရုပ်ခန္ဓာကို ယူချင်နေတာ”

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးလျက် ပြောသည်။ “ကျစ်တုံ၊ ကိုယ် မင်းကို လွမ်းနေခဲ့တာပါ... ဒါကြောင့်ပဲ မင်းနဲ့တွေ့ဖို့ တစ္ဆေသင်္ဘောထဲ အတင်း၀င်ရောက်ခဲ့တာပေါ့…. မင်း အပေါ်ထားတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို နားမလည်ဘူးလားကွယ်”

နတ်အရှင်မယန်က နှာခေါင်းရှုံ့သည်။ “လူအသွင်ပြောင်းပြီး ကျွန်မညီမနဲ့ အိပ်ခဲ့တာလည်း ကျွန်မအတွက်ပဲလား…. မိန်းမပျက်တစ်ယောက် ကျွန်မကို လာသတ်တဲ့အချိန်တုန်းက တခြားသူတွေ ပြောနိုင်ကြမှာမဟုတ်ပေမယ့် ရှင်ကပါ မပြောနိုင်ဘူးတဲ့လား…. ဒါတောင် ရှင်က ကျွယ်ဝူချိန်နဲ့ ထပ်အိပ်ဖို့ သွားခဲ့သေးတယ်… ဟုတ်သားပဲ.. ကမ္ဘာဦးသစ်ပင်ကနေ မွေးဖွားလာတဲ့ ကောင်မလေး အမိကမ္ဘာမြေအသစ်နဲ့လည်း အိပ်ခဲ့သေးတာပဲမလား… ရှင်က ရှင့်ဟာရှင် မထိန်းနိုင်ဘူးပဲ”

ကောင်းကင်နတ်အရှင်ရှောင်က ညင်သာစွာ ချော့နေသည်။ “ကျစ်တုံ၊ ကိုယ်က ယောက်ျားသားတိုင်း မှားမိမယ့် အမှားတစ်ခုကို ကျူးလွန်ခဲ့မိရုံပါပဲကွယ်… မင်းကရော တူတူပဲမဟုတ်လား….. မင်းနဲ့ ကောင်းကင်နတ်အရှင်ယွီ….”

“ပါးစပ်ပိတ်ထား”

နတ်အရှင်မယန်၏မျက်နှာမှာ ရေခဲတမျှ အေးစက်နေပြီး သူမက ပို၍ပင် အေးစက်စွာ ပြောသည်။ “ကျွန်မနဲ့ ကောင်းကင်နတ်အရှင်ယွီကြားမှာ ဘာမရိုးသားမှုမှ မရှိခဲ့ဘူး… ရှင်က လူကြီးလူကောင်းမဟုတ်ပေမယ့် သူကတော့ ရှင့်လိုအတန်းအစား မဟုတ်ဘူး…. ကျွန်မ သူ့ကို ထောက်ခံပေးခဲ့တာက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အနာဂတ်တွေကို မြင်ခဲ့လို့…. ဒါပေမဲ့ ရှင် သူ့ကို သတ်ပစ်ခဲ့တယ်…. ဒါတောင် ရှင်လိုလူက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကံကြမ္မာကို မကယ်တင်နိုင်ခဲ့ဘူး…. ရှင့်ဦးနှောက်က ရှင့်ပေါင်နှစ်ချောင်းကြားထဲ ရောက်သွားပြီပဲ ဖြစ်ရမယ်”

ကောင်းကင်နတ်အရှင်ရှောင်မှာ အနည်းငယ် ရှက်ရွံ့သွားသည်။

နတ်အရှင်မယန်၏ ဒေါသသည် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားပြီးနောက် သူမက ပြုံးလျက် ပြောလေသည်။ “ကောင်းကင်နတ်အရှင်ယွီနဲ့ ဘာပက်သက်မှုမှ မရှိခဲ့ပေမယ့် ရှင့်ကို လက်တုံ့ပြန်ဖို့အတွက် အဖော်လေးတချို့တော့ ထားခဲ့တယ်… ရှောင်ချီ၊ ကောင်းကင်နတ်ဧကရာဇ်ကို နှုတ်ဆက်လှည့်ပါဦး”

သူမရင်ခွင်ထဲရှိ ကြောင်ဖြူသည် ၎င်း၏ပြင်းထန်လှသော အရှိန်အဝါကို လွင့်ပျယ်စေလိုက်ရင်း ခြေဖဝါးကို ပျင်းရိပျင်းတွဲ လျက်ကာ ညောင်ခနဲ အော်လိုက်သည်။

ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာကြီးမှာ ချက်ချင်း ရုပ်ဆိုးအကျည်းတန်သွား၏။

“ညောင်” ကြောင်ဖြူက ‌နတ်အရှင်မယန်၏ ရင်ခွင်ထဲသို့ ပျင်းရိပျင်းတွဲ တိုးဝှေ့၀င်သွားသည်။

ကောင်းကင်နတ်အရှင်ရှောင်၏မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးအကျည်း‌တန်သွားတော့သည်။

နတ်အရှင်မယန်က ခပ်ဟဟ ရယ်သည်။ “ရှင်က ကျွန်မကို ရှင့်လက်ခုပ်ထဲက ရေလို ထိန်းချုပ်ဖို့ ကျွန်မရုပ်ခန္ဓာကို ရယူဖို့ ကြံစည်ခဲ့တာမလား…. နှမြောစရာပဲ…. နှမြောစရာပဲ…. ကျွန်မက အဲဒီသေဆုံးမှုကို အသုံးချပြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ခဲ့ပြီးပြီ… အခု ကျွန်မက အရင်ကထက် ပိုပြီး သန်မာနေပြီ”

ကောင်းကင်နတ်အရှင်ရှောင်၏မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူက ငြင်သာစွာ ပြောသည်။ “ကျစ်တုံ၊ မင်းနဲ့ကိုယ်နဲ့က ရှေး‌ဟောင်းနတ်ဘုရားတွေပဲ မဟုတ်လား…. ဒီလောကက ကိုယ်တို့ကို သည်းမခံနိုင်ဘူး… ကိုယ့်သရုပ်မှန်သာ ပေါ်သွားရင် ကိုယ်သေသလို မင်းလည်း သေမှာပဲ…. ဒါကြောင့် အာဃာတတွေကို သင်ပုန်းချေပြီး တစ်ယောက်နဲ့တစ်ယောက် ဖေးမသင့်တယ်”

နတ်အရှင်မယန်က အေးအေးလူလူ ပြောသည်။ “အဲ့ဒီမိန်းမပျက်နဲ့ ပြန်တွေ့ရင် ကျွန်မကို ကန်ထုတ်မှာလား”

ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာအမူအရှာာ အေးခဲသွားလေသည်။

နတ်အရှင်မယန်က အပြုံးလေးဖြင့် ကြောင်ဖြူကို ပိုက်၍ ထွက်ခွာသွားသည်။ “ယောက်ျားတွေများ….. ဘာပဲဖြစ်ဖြစ်ပါ…. ဒီရုပ်ခန္ဓာက ကျွန်မရုပ်ခန္ဓာပဲ…. အလောတကြီး လိုသေးတာမဟုတ်ပေမယ့် ကျွန်မခန္ဓာကိုယ် ဖြစ်နေသေးတယ်…. ကိုယ်တိုင် ပြန်ယူမှာ… ‌ဘာမှ အကောက်ကြံဖို့ မကြိုးစားပါနဲ့”

သူမအသံက အေးစက်သွားသည်။ “မမေ့နဲ့… အဲ့ဒီမိန်းမပျက်ရဲ့ အဖိုးတန်သားက ရှင့်ကို ကျွန်မထက်တောင် ပိုသတ်ချင်နေသေးတယ်... ကျွန်မ သူနဲ့ ပူးပေါင်းပြီး ရှင့်ကို လုံး၀အမြစ်ဖြတ်ပစ်မှာကို သတိထား..”

ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာအမူအရာမှာ အနည်းငယ် တုန်လှုပ်သွားသည်။

တစ္ဆေသင်္ဘောပေါ်ရှိ အလင်းရောင်သည် ကွယ်ပျောက်သွားပြီး ချင်မူ၊ ဝေစွေ့ဖုန်းနှင့် ကျန်သူများမှာ ကုန်းပတ်ပေါ်တွင် ရပ်နေကြ၏။ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ “ငါတို့ တစ္ဆေသင်္ဘောကို ရှင်းပစ်လိုက်ပြီလား”

ချင်မူ အသံလာရာသို့ ကြည့်လိုက်ရာ ‌စကားပြောလိုက်သူသည် ‌နဂါးအရှင်ဘုရင် ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ သူသည် ရူးသွပ်နေသော ကျောက်နဂါးအဖြစ်မှ တောက်ပနေသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပြီးဖြစ်၏။ နဂါးအရှင်ဘုရင်တစ်ပါး၏ ဟန်ပန်လည်း မပျက်သေးပေ။

နဂါးအရှင်ဘုရင်မှာ နဂါးဟန်ခေတ်အတွင်းတုန်းက ဧရာမနဂါးမျိုးနွယ်တစ်စုမှ ဖြစ်ခဲ့သည်။ သူ့တွင် နဂါးခေါင်းနှင့် လူခန္ဓာကို ပိုင်ဆိုင်ထားပြီး ဧရာမနဂါးကြီးတစ်ကောင်အဖြစ် အသွင်‌ပြောင်းလဲနိုင်၏။ သူ့သွေးဆက်သည် အင်မတန် ရှေးကျပြီး ဘိုးဘေးနန်းတော်၏ နဂါးသွေးကြောမှ အသွင်ပြောင်းလာခဲ့သည့် ကောင်းကင်နဂါးတစ်ကောင်၏ မျိုးဆက်ဖြစ်သည်ဟု ကောလဟာလ ရှိလေသည်။

အလင်းတန်းဖြင့် ဖွဲ့တည်ထားသော နန်းဆောင်ထဲမှ နဂါးအရှင်ခြောက်ပါးကလည်း လူသားအသွင်သဏ္ဍာန်များဖြင့် လျှောက်ထွက်လာကြသည်။

နဂါးအရှင်ဘုရင်ကဲ့သို့ပင် သူတို့သည် ကျောက်ရုပ်အဖြစ်မှ လွတ်မြောက်၍ တောက်ပနေသော ခန္ဓာကိုယ်များ ဖြစ်သွားကြ၏။။

သူတို့သာမက ဝေစွေ့ဖုန်းအပါအ၀င် သင်္ဘောပေါ်ရှိ လူတိုင်း၏ ခန္ဓာကိုယ်နှင့် ကောင်းကင်နတ်ဧကရီ၏ အလောင်းမှာလည်း စွမ်းအင်အလုံးများ ဖြစ်လာကြသည်။

တစ္ဆေသင်္ဘောပင်လျှင် ဤထူးဆန်းသည့် အခြေအနေကို ထိန်းသိမ်းထား၏။ စွမ်းအင်သာရှိပြီး ဒြပ်ထုမရှိပေ။

ဤသည်က ထိုက်ရှီ၏ အခြေအနေဖြစ်သည်။

“ဒီအခြေအနေက မကောင်းဘူး”

နဂါးအရှင်တစ်ပါးက သူ့လက်များကို ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှုနှင့်အတူ ကြည့်လိုက်သည်။ သူက ထိတ်လန့်တုန်လှုပ်စွာ ပြောနေသည်။ “ငါ့အသား၊ ငါ့ခန္ဓာကိုယ်…. ငါ့မှာ ရုပ်ခန္ဓာမရှိတော့ဘူး…. ငါ့ရဲ့ မူလဝိညာဉ်ရော ဘယ်မှာလဲ…”

သူ့မှာ ဆက်ပြောလေလေ သူ့မှာ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ထဲရှိ အလင်းရောင်မှာ ပို၍ တောက်ပလာသည်။

ချင်မူ့မျက်နှာက သိသိသာသာ ပျက်ယွင်းသွားကာ သူက အော်လိုက်သည်။ “စိတ်မလှုပ်ရှားနဲ့…”

ဘုန်း….

ထို‌နဂါးအရှင်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်မှာ အထိန်းအကွပ်မဲ့သွားပြီး ကြောက်မက်ဖွယ်ရာကောင်းစွာ ပေါက်ကွဲထွက်လာသည်။

အကုန်လုံး အရပ်လေးမျက်နှာ လွင့်ထွက်သွားကြပြီး ပြင်းထန်လှသော စွမ်းအင်သည် တစ္ဆေသင်္ဘောပေါ်ရှိ လူတိုင်းကို လွှမ်းခြုံသွားတော့၏။

ကောင်းကင်နတ်မြစ်လည်း ပေါက်ကွဲသွားပြီး ဤကြောက်မက်ဖွယ် စွမ်းအားကြောင့် နှစ်ပိုင်းပြတ်သွားသည်။

ချင်မူနှင့် ကျန်သူများမှာ ‌ကောင်းကင်နတ်မြစ်ထဲမှ ထွက်လာသည့်အချိန်မှာပဲ ဤထိန်းချုပ်မရနိုင်သော စွမ်းအင်ဖြင့် ရိုက်ထုတ်ခံလိုက်ရသည်။ ချင်မူသည် ဝေစွေ့ဖုန်း၏အသံကိုသာ ကြားရသဖြင့် အော်ဟစ်လိုက်၏။ “စိတ်ကို တည်ငြိမ်အောင် ထားကြ… စိတ်မလှုပ်ရှားကြနဲ…. စိတ်လှုပ်ရှားရင် ခန္ဓာကိုယ်ထဲက စွမ်းအင်က ထိန်းထားနိုင်မှာ မဟုတ်ဘူး”

သူ ထိုသို့ပြောလိုက်သည်နှင့် တစ္ဆေသင်္ဘောမှာလည်း နဂါးအရှင်၏ ပေါက်ကွဲမှုကြောင့် တောက်ပလာ၏။ အကုန်လုံး မိုင်တစ်ရာကျော် ရှည်လျားသည့် ဧရာမသင်္ဘောကြီးကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

ဤ‌သင်္ဘောသာ ပေါက်ကွဲသွားခဲ့လျှင်….

ဝုန်း….

အရာအားလုံးကို အမြစ်ဖြတ်ချေမှုန်းပစ်နိုင်သည့် စွမ်းအင်သည် ပေါက်ကွဲထွက်လာပြီး တစ္ဆေသင်္ဘောမှာ ထိန်းချုပ်မရနိုင်သည့် စွမ်းအင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွား၏။ ၎င်းကား နဂါးအရှင်သခင် ပေါက်ကွဲမှုမှ ဖြစ်တည်လာသော စွမ်းအင်ပုံပျက်မှုထက် အဆတစ်သောင်း ပို၍ ပြင်းထန်ချေသည်။

အကုန်လုံး မျှော်လင့်ချက် မရှိတော့ပေ။ ဤမျှ နီးကပ်သော အကွာအဝေးတွင် ရှောင်နိုင်ရန် နည်းလမ်း ရှိပါမည်လော။

ထိုအခိုက်အတန့်တွင် မက်မွန်ပန်းခက်တစ်ခက် မျောလွင့်လာပြီး နှစ်ပိုင်းပြတ်နေသော ‌ကောင်းကင်နတ်မြစ်အထက်တွင် ပေါ်လာသည်။ ပန်းခက်က လှည့်ပတ်လိုက်ရာ ပွင့်ချပ်များ ကြွေကျလာသည်။ ကျဆင်းလာနေသော ပန်းရောင်ပွင့်ချပ်တစ်ချပ်စီသည် ကမ္ဘာတစ်စင်းစီနှင့် တူနေပြီး စွမ်းအင်ကို ခွဲထုတ်ပေးနေတော့၏။

All Chapters