← Chapters

မက်မွန်ပန်းပွင့်များ

Vol. 91 Ch. 1193

မက်မွန်ပန်းပွင့်များ

Vol. 91 Ch. 1193

မက်မွန်ပန်းခက်၏ ကောင်းကင်နတ်သိုင်းမှာ အင်မတန် အနုစိတ်ရှုပ်ထွေးပြီး ပွင့်ချပ်များက လေကို ခွင်းလျက် ပိုင်းဖြတ်နေသည်။ ၎င်းတို့သည် တစတစ ကြီးမားလာပြီး ကောင်းကင်နှင့်မြေပြင် အပြည့်နေရာယူသွားကာ တခြားမည်သည်ကိုမှ မမြင်ရတော့ပေ။

တစ္ဆေသင်္ဘော၏ စွမ်းအင်မှာ လုံးလုံးလျားလျား ပေါက်ကွဲထွက်လာသော်လည်း နှိုင်းယှဉ်မရလောက်အောင် ပြင်းထန်သော စွမ်းအင်သည် မက်မွန်ပွင့်ချပ်များ ဖွဲ့တည်ထားသည့် ကမ္ဘာများကို ဖြတ်သန်းမသွားနိုင်ချေ။

သို့သော် မက်မွန်ပွင့်ချပ်များအပြင်ရှိ လူတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသော ပုံပျက်မှုကြီးကို ခံစားလိုက်ရသဖြင့် မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားကြသည်။

ဤလှိုင်းဂယက်သာ သူတို့ဆီ ရောက်ရှိလာပါက သူတို့ခန္ဓာကိုယ်ထဲရှိ အချိန်နှင့် နေရာဟင်းလင်းပြင်စွမ်းအင်တို့ လုံးလုံးလျားလျား ပေါက်ကွဲ၍ ‌ပျောက်ကွယ်သွားကြပေလိမ့်မည်။

နောက်ဆုံးတော့ လှိုင်းဂယက်များ တည်ငြိမ်သွား၏။

“ကောင်းကင်နတ်အရှင်ယွဲ့….”

ချင်မူမှာ လှည့်ပတ်နေသာ မက်မွန်ပန်းပွင့်များကို ငေးကြောင်လျက် ကြည့်နေရင်း ရင်တဒိန်းဒိန်း ခုန်နေမိသည်။ သူက စိတ်ကို ငြိမ်အောင် ထိန်းနေ၏။

ယခုတွင် သူတို့၌ စိတ်ပိုင်းဆိုင်ရာ ပုံပျက်မှုများ မရှိချေ။ ပြောရလျှင် သူတို့သည် ရုပ်ခန္ဓာများ မရှိကြဘဲ စွမ်းအင်ကိုယ်ထည်များသာ ဖြစ်ကြသည်။ စိတ်ခံစားမှုများမှာ စွမ်းအင်ပုံပျက်မှုများသာ ဖြစ်ပေသည်။

စွမ်းအင်ပုံပျက်မှုဆိုသည်မှာ စွမ်းအင်မငြိမ်သက်တော့၍ အချိန်မရွေး ပေါက်ကွဲနိုင်ခြင်းဟု ဆိုလိုသည်။

သူတို့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကို ချုပ်ပေးထားမည့် ဒြပ်ထု မရှိသည် မဟုတ်ပါလော။ ပေါက်ကွဲသွားလျှင် လုံးဝအမြစ်ပြုတ်သွားမည်သာ ဖြစ်သည်။ အနက်ရောင် ဝိညာဉ်သဲမှုန်များပင် ကျန်ခဲ့မည်မဟုတ်။

'ဒါက ဝိညာဉ်ကို လုံး၀ဖျက်ဆီးပစ်နိုင်တဲ့ ကောင်းကင်နတ်သိုင်းနောက်တစ်မျိုး ဖြစ်ရမယ်…’ ချင်မူက စိတ်ထဲတွင် တွေးလျက် အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။ သူသည် သေရှေးရှင်ရေးအခြေအနေတွင်ပင် ကောင်းကင်နတ်သိုင်းအကြောင်း စဉ်းစားနိုင်သေး၏။

ဤအခိုက်အတန့်တွင် လှည့်ပတ်နေသည့် မက်မွန်ပန်းပွင့်ချပ်များမှာ သေးငယ်လာပြီး အဆက်မပြတ် ကျုံ့၀င်နေ၏။ အမျိုးသမီးတစ်ယောက်က လေထဲတွင် ဆံနွယ်များ လွင့်နေလျက် ပျံသန်းလာသည်။ သူမအသွင်မှာ လနန်းဆောင်မှ လနတ်သမီးလေး ဆင်းသက်လာသည့်အလား ထင်ရသည်။ သူမက လက်ကို အသာအယာဆန့်၍ ကောင်းကင်နတ်မြစ်နှစ်ပိုင်းကို လမ်းညွှန်လိုက်သည်။

သူမသည် ကောင်းကင်နတ်မြစ်ကို ပြန်ဆက်ပြီးနောက် မက်မွန်သစ်ခက်အား လက်ညှိုး၊ လက်မနှစ်ချောင်းဖြင့် ညှပ်ယူလိုက်၏။

လှည့်ပတ်နေသော ပွင့်ချပ်များမှာ တစ်ပွင့်ပြီး တစ်ပွင့် ပြန်လည်ပျံသန်းလာရင်း မက်မွန်သစ်ခက်အပေါ် ကျရောက်သွားကာ မက်မွန်ပန်းပွင့်တစ်ပွင့်အား ဖော်ဆောင်လိုက်သည်။ ပန်းဝတ်ဆံများသည် အသာအယာ ယိမ်းနွဲ့နေလေသည်။

အမျိုးသမီးက ခေါင်းငုံ့၍ မက်မွန်ပွင့်ကို ရှူရှိုက်လိုက်သော်လည်း မက်မွန်ပွင့်မှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။

မက်မွန်ပန်းပွင့်မှာ သာမန်မက်မွန်ပွင့်တစ်ပွင့်သာ ဖြစ်ပြီး တစ္ဆေသင်္ဘော၏ ‌စွမ်းအင်ပေါက်ကွဲမှုကို တားဆီးခဲ့သည်က သူမ၏ ကောင်းကင်နတ်သိုင်း ဖြစ်သည်။

“နှမြောစရာပဲ…”

အမျိုးသမီးမှာ နှမြောတသဖြစ်နေပြီး ၀မ်းနည်းကြေကွဲနေသော အမူအရာ ရှိသည်။ သို့သော် သူမသည် မကြာခင် ပျော်ရွှင်လာပြန်ပြီး ပြုံးနေ၏။ “ချစ်မေတ္တာသက်ဝင်ရတာက နှလုံးသားမဲ့တဲ့ကိစ္စတော့ မဟုတ်ဘူး…. နွေဦးရွှံ့နွံအဖြစ် ပြောင်းလဲလိုက်တာက ပန်းပွင့်ကို ပိုပြီးတော့ ကာကွယ်ပေးလိမ့်မယ်…. ငါ နင့်ကို စိုက်လိုက်ရင် နင်က နောက်နှစ်မှာ မက်မွန်သစ်ပင်တစ်ပင် ဖြစ်လာလိမ့်မယ်…. ပြီးရင် မက်မွန်သစ်ပင်က မက်မွန်တောအုပ်အဖြစ် အသွင်ပြောင်းသွားလိမ့်မယ်…..ကောင်းကင်တွေနဲ့ ကမ္ဘာတစ်သောင်းကို ဖြတ်ပြီးတော့တောင် ကြီးထွားရင် ကြီးထွားနိုင်လိမ့်မယ်”

သူမက သစ်ခက်ကို သိမ်းလျက် ချင်မူတို့အား စပ်စပ်စုစု ကြည့်လိုက်သည်။

ချင်မူက ရှေ့သို့ ပျံသွား၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပါပြီ ကောင်းကင်နတ်အရှင်ယွဲ့”

ဤအမျိုးသမီးမှာ ကောင်းကင်နတ်အရှင်ယွဲ့ပင်။ သူမမျက်နှာပေါ်ရှိ အံ့ဩမှင်သက်မှုက ပို၍ပင် ထင်ရှားလာတော့သည်။

“ကောင်းကင်နတ်အရှင်မူလား” သူမမှာ အံ့ဩ၀မ်းသာနေသည်။

ချင်မူမှာ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်တော်ပါပဲ”

ကောင်းကင်နတ်အရှင်ယွဲ့က ရှေ့သို့ အလောတကြီး ပြေးလာကာ သူ့လက်ကို ဆွဲကိုင်လိုက်သော်လည်း မည်သည်ကိုမှ မကိုင်မိချေ။ သူမမှာ ကြောင်အသွားပြီး ထပ်မံ ဆွဲကိုင်လိုက်သည့်အချိန်တွင်လည်း ဗလာနတ္ထိကိုသာ ဖမ်း‌ဆုပ်မိချေသည်။

ချင်မူက ကူကယ်ရာမဲ့စွာ ပြော၏။ “ကျွန်တော်တို့ လက်ရှိအခြေအနေက နည်းနည်းလေးထူးခြားတယ်…. စကားနည်းနည်းလောက်နဲ့ ရှင်းပြလို့ မရနိုင်ဘူး… ဟိုနားက ကျွန်တော့်အစ်ကို ဝေစွေ့ဖုန်းနဲ့ သူငယ်ချင်းအချို့ပါ”

ဝေစွေ့ဖုန်းက အရိုအသေပေးရန် ခပ်သွက်သွက် လျှောက်လာသည်။ ဖုန့်ချွေးယွင်မှာ ကောင်းကင်နတ်အရှင်ယွဲ့ကို အဝေးမှ မြင်နေရပြီး အနားမကပ်ရဲချေ။ သို့သော် ချုံဧကရာဇ်၏ အလောင်းသည် ကောင်းကင်နတ်အရှင်ယွဲ့ကို မှတ်မိသွားပြီး စိတ်လှုပ်ရှားလာ၏။ ၎င်းက ဟိန်းဟောက်လိုက်ပြီး ပို၍ တောက်ပလာတော့သည်။

အားလုံး၏ မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားကြ၏။

ကောင်းကင်နတ်အရှင်ယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး မက်မွန်သစ်ခက်မှ သစ်ရွက်တစ်ရွက်ကို ဆွဲနှုတ်ကာ ပစ်လွှတ်လိုက်သည်။

သစ်ရွက်သည် ကြီးမားလာပြီး ဝှစ်ခနဲ အသံနှင့်အတူ ချုံဧကရာဇ်၏ အလောင်းဘေးသို့ ရောက်သွားကာ သူ့အား ဖက်ထုပ်တစ်ထုပ်ကဲ့သို့ ရစ်ပတ်လိုက်၏။

ဘုန်း….

ပေါက်ကွဲမှုသံကြီးကား တုန်လှုပ်မြည်ဟီးသွားပြီး ကြောက်မက်ဖွယ်အလင်းတန်းတစ်တန်းသည် ဖက်ထုပ်၏အောက်ခြေမှ ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ ၎င်းက ကောင်းကင်ကို ဖောက်ထွက်သွားကာ မြေပြင်တွင်လည်း ဧရာမအပေါက်ကြီးတစ်ပေါက် ချန်ရစ်ခဲ့သည်။

“ငါ သစ်ရွက်နောက်တစ်ရွက် ဆုံးရှုံးလိုက်ရပြန်ပြီ…”

ကောင်းကင်နတ်အရှင်ယွဲ့က သက်ပြင်းချရင်း ‌မျက်မှောင်ကြုတ်လိုက်၏။ “အခုလေးတင် ပေါက်ကွဲသွားခဲ့တဲ့သူက မြောက်ချုံဧကရာဇ်ကောင်းကင်ရဲ့ ဧကရာဇ်နဲ့တူသလိုပဲ…. သူက သေသွားပြီမဟုတ်လား”

သူမမှာ ဇဝေဇဝါ ဖြစ်နေသည်။

ယွီလန်နန်းစောင့်တပ်သားများက အလင်းအသွင်သဏ္ဍာန်ဖြင့် ဖွဲ့တည်နေသော ခေါင်းတလားတစ်ခုကို သယ်လာကြသည်။ ခေါင်းတလားထဲတွင် ဘေးချင်းယှဉ်လျက် လဲလျောင်းနေသည့် အမျိုးသမီးနှစ်ဦး ရှိပြီး ခေါင်းတလားကို ဖွင့်ရန်မလိုဘဲ သူတို့အား ရှင်းရှင်းလင်းလင်း မြင်ရနိုင်သည်။

သူတို့ထဲမှ တစ်ဦးမှာ အင်မတန် ချောမောလှပပြီး ညှို့ယူဖမ်းစားနိုင်၏။ စွမ်းအင်ကိုယ်ထည်အဖြစ် ပြောင်းလဲသွားခဲ့သည်က နှမြောစရာပင်။

ကျန်တစ်ဦးက ကောင်းကင်နတ်ဧကရီ ဖြစ်သည်။ သူမသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည့်အလျောက် သေဆုံးပြီးဖြစ်သော်လည်း ရုပ်ခန္ဓာမှာ တည်ရှ်ိနေဆဲဖြစ်ပြီး ထိုက်ရှီတာအို၏ ပြောင်းလဲခြင်း မခံခဲ့ရပေ။

ချင်မူမှာ စိတ်အေးသွားမိသည်။ တစ္ဆေသင်္ဘောပေါ်ရှိ လူတိုင်း၏ အသက်အန္တရာယ်အပြင် ကျွယ်ဝူချိန်နှင့် ကောင်းကင်နတ်ဧကရီ၏ ရုပ်အလောင်းများမှာ အရေးကြီးဆုံး ဖြစ်လေသည်။

“ကောင်းကင်နတ်အရှင်ယွဲ့၊ ကျွန်တော်တို့ အခြေအနေက တော်တော်လေး မတည်ငြိမ်ဘူးဖြစ်နေလို့ လူသူရှင်းတဲ့ နေရာတစ်ခုလောက် ညွှန်ပြပေးနိုင်မလား”

ချင်မူက ပြောသည်။ “ကျွန်တော် စိတ်အေးအေးထားပြီး စဉ်းစားဖို့ လိုနေတယ်… ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ပြဿာနာကို‌ ဖြေရှင်းနိုင်သလား သိဖို့လိုတယ်…”

ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးလျက် ပြောသည်။ “ငါ့နောက်လိုက်ခဲ့…. ကမ္ဘာဦးဘုံမှာ နင်တို့အတွက် နေရာတစ်ခု ငါ့မှာ ရှိနေပြီးသားသိလား…. အနှောင့်အယှက်ပေးခံရမှာ စိုးရိမ်စရာမလိုဘူး… အနှောင့်အယှက်ဆိုလို့ အမိကမ္ဘာမြေကလည်း ငါ့ကို ကြောက်တယ်လေ… သူ အဲ့ဒီနေရာမှာ ငါ့ကို လုံး၀ ရန်စရဲမှာမဟုတ်ဘူး”

ချင်မူလည်း သက်ပြင်းတစ်ချက်ချ၍ စပ်စုလိုက်သည်။ ‘‘အမိကမ္ဘာမြေတဲ့လား…. အခုက ဘယ်ခေတ်များလဲ’’

“ချုံဧကရာဇ်ခေတ်လေ”

ကောင်းကင်နတ်အရှင်ယွဲ့က လှည့်ကြည့်လာရင်း ပြုံးလိုက်၏။ “ချုံဧကရာဇ်နန် နန်းတက်ခဲ့တာ နှစ်ပေါင်း တစ်သောင်းကိုးထောင် ကြာခဲ့ပြီ…. လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ချုံဧကရာဇ်ရဲ့ အသက်နှစ်သောင်းပြည့်‌မွေးနေ့ ရောက်တော့မှာ”

သူမသည် အင်မတန် ၀မ်းမြောက်နေပြီး ပျော်ရွှင်မှုကို မမြိုသိပ်ထားနိုင်ဟန် တူ၏။ “နင် ဒီကိုရောက်လာတာ အတော် တိုက်ဆိုင်တာပဲ… ဒီနှစ်တွေအတွင်းမှာ ငါနဲ့ ညီမလင် ကမ္ဘာဦးဘုံကို ထိန်းချုပ်ပြီးတော့ အတော်တိုးတက်စေနိုင်ခဲ့တယ်”

ချင်မူမျာ စိတ်အေးလက်အေး သက်ပြင်းတစ်ချက်ချ၍ စိတ်ထဲမှ တွေးနေမိသည်။ ‘တောင်ချုံဧကရာဇ်က နှစ်သုံးသိန်းအထိ ရှင်သန်ခဲ့တာ.. ချုံဧကရာဇ်ခေတ်ကနေ နှစ်နှစ်သောင်းပဲ ရှိသေးတယ်…. အဲ့ဒီပြောင်းလဲမှုကြီးမတိုင်ခင် အချိန်နည်းနည်း ရသေးတယ်…”

ကောင်းကင်နတ်အရှင်ယွဲ့က ‌ဆက်ပြောသည်။ “ဒီချုံဧကရာဇ်က ဆယ့်ငါးယောက်မြောက် ချုံဧကရာဇ်ပဲ… သူ နန်းသက်စံမြန်းခဲ့တာ နှစ်နှစ်သောင်းနီးပါး ရှိနေပြီ…. အရင်ချုံဧကရာဇ်တွေက လူသားမျိုးနွယ်နဲ့ တခြားကမ္ဘာဦးမျိုးနွယ်က တန်ခိုးရှင်တွေ များတယ်…. ငါတို့ ကမ္ဘာဦးဘုံရဲ့ မျိုးနွယ်တွေက အလျင်အမြန် တိုးတက်လာနေလွန်းလို့ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံတောင် သူတို့နဲ့ မယှဉ်နိုင်တော့ဘူး….”

သူမမှာ ပြောနေရင်း ၀မ်းနည်းလာသည့်ပုံပင်။ တိုက်ပွဲတွင် ကျဆုံးသွားသည့် ကောင်းကင်နတ်အရှင်ယွီကို သတိရသွားခြင်း ဖြစ်လိမ့်မည်။

“ဆယ့်ငါးယောက်မြောက် ချုံဧကရာဇ်လား”

ချင်မူမှာ ကျောရိုး‌တလျှောက် ကြက်သီးမွှေးညင်းများ ထသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင် မတည်မငြိမ် ဖြစ်လာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။ သူက ခံစားချက်များကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။

ဆယ့်ငါးယောက်မြောက် ချုံဧကရာဇ်ကား နှစ်နှစ်သောင်းနီးပါး အာဏာရထားချေသည်။ ယင်းက သူသည် ချုံဧကရာဇ်ကပ်ဘေးနှင့် အလွန်နီးစပ်နေသည့် အဓိပ္ပာယ်ပင် မဟုတ်လော။

ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့သည် ဤအချိန်အတွင်း သတ်ဖြတ်ခံခဲ့ရ၏။ ကောင်းကင်နတ်အရှင်လင်မှာ ထာ၀ရသံသရာအတွင်းသို့ ရောက်သွားခဲ့ပြီး ကောင်းကင်နတ်အရှင်ယွဲ့မှာတော့ ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံး၍ ဒုက္ခိတဖြစ်ခဲ့ရသည်။

ကောင်းကင်နတ်အရှင်ယွဲ့က သူ့ကို စပ်စပ်စုစု ကြည့်နေပြီးနောက် လက်ညှိုးကို တိတ်တဆိတ် ဆန့်ထုတ်၍ သူ့ခန္ဓာကိုယ်ကို တို့လိုက်သည်။

သူမလက်ညှိုးက ချင်မူ့ခန္ဓာကိုယ်ကို ဖြတ်သွားသော်လည်း မည်သည်ကိုမှ မထိတွေ့မိချေ။ သူမ ထိတွေ့လိုက်မိသည်က အင်မတန် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင် ဖြစ်သည်။

“မမကြီးယွဲ့၊ လျှောက်ဆော့မနေပါနဲ့ဗျာ” ချင်မူမှာ ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။

ကောင်းကင်နတ်အရှင်ယွဲ့က လက်ကိုရုတ်လိုက်သည်။ တခဏကြာသော် သူမမှာ စိတ်မထိန်းနိုင်ဘဲ ထပ်တို့လိုက်ပြန်သည်။ ချင်မူမှာ ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။ “မဆော့ပါနဲ့တော့ဆိုဗျာ… တကယ်ပါ…. မနာပေမယ့် ခံစားချက်ကြီးက ထူးဆန်းတယ်ဗျ”

ကောင်းကင်နတ်အရှင်ယွဲ့မှာ ပြောင်ချော်ချော် မလုပ်တော့ချေ။ သူမက နောက်လှည့်ကြည့်လိုက်ရာ ကောင်းကင်နတ်ဧကရီ၏ ခေါင်းတလားအား သယ်ဆောင်ရင်း နောက်မှလိုက်သော ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်တပ်သားများကို တွေ့လိုက်ရလေသည်။

ကောင်းကင်နတ်အရှင်ယွဲ့က လက်ကို ရုတ်လိုက်သည်။ တခဏကြာသော် စိတ်မထိန်းနိုင်ဘဲ ထပ်တို့ကြည့်ပြန်သည်။ ချင်မူမှာ ကူကယ်ရာမဲ့စွာ ပြောသည်။ “မဆော့ပါနဲ့တော့ဆိုဗျာ… တကယ်ပါ…. မနာပေမယ့် ခံစားချက်ကြီးက ထူးဆန်းတယ်ဗျ”

ကောင်းကင်နတ်အရှင်ယွဲ့လည်း ပြောင်ချော်ချော် မလုပ်တော့ချေ။ သူမက နောက်လှည့်ကြည့်လိုက်ရာ ကောင်းကင်နတ်ဧကရီ၏ ခေါင်းတလားအား သယ်ဆောင်ရင်း နောက်မှလိုက်သော ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်တပ်သားများကို တွေ့လိုက်ရသည်။ နဂါးအရှင်ဘုရင်၊ နဂါးအရှင်ခုနစ်ပါးနှင့် ဖုန့်ချိုးယွင်က အဝေးမှ လှမ်းကြည့်နေကြသည်။

“သူတို့ မလိုက်လာဘူးလား” ကောင်းကင်နတ်အရှင်ယွဲ့က စပ်စပ်စုစု မေးသည်။

ချင်မူက လက်ဝှေ့ယမ်းပြရင်း လှမ်းအော်သည်။ “နဂါးအရှင်ဘုရင်၊ မမကြီးချိုးယွင် ၊ လာ တူတူလိုက်ခဲ့... ကျွန်တော်ပဲ ဒီကောင်းကင်နတ်သိုင်းကို ဖြေရှင်းနိုင်တာ... ကျွန်တော်မရှိရင် မမကြီးတို့အားလုံး အချိန်မရွေး ပေါက်ကွဲသွားနိုင်တယ်”

နဂါးအရှင်ဘုရင်မှာ အားကိုးရာမဲ့သွားပြီး ခပ်တိုးတိုး ပြောလေသည်။ “လိုက်သွားကြတာပေါ့”

ဖုန့်ချိုးယွင်လည်း တွန့်ဆုတ်စွာဖြင့် ကမ္ဘာဦးဘုံ၏ ကောင်းကင်ဆီ ကြည့်လိုက်သည်။ မြောက်ပိုင်းတွင် စင်ကြယ်သော နတ်သတ္ထုများဖြင့် တည်ဆောက်ထားသော ကောင်းကင်နတ်ဘုံတစ်ဘုံကား ကမ္ဘာဦးသစ်ပင်အထက်၌ ပျံဝဲနေ၏။ ယင်းကား အမိကမ္ဘာမြေ၏ မြောက်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံပင်။

“ငါက အဲဒီကောင်းကင်နတ်ဘုံထဲမှာပဲ”

ဖုန့်ချိုးယွင်သည် ချင်မူတို့နောက် လိုက်သွားရင်း ရင်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ပေါက်ဖွားလာ၏။ သူမ အခြားတစ်ယောက်လည်း ဤကမ္ဘာထဲတွင် ရှိနေချေသည်။ ‘ဒါပေမဲ့ အမိကမ္ဘာမြေကို သစ္စာဖောက်ပြီး ကောင်းကင်နတ်အရှင်မူနဲ့အတူ ငရဲအထိ လိုက်သွားဖို့ပဲ တတ်နိုင်တော့တယ်... ဘယ်လောက်သနားစရာကောင်းလိုက်တဲ့ အခြေအနေလဲ’

All Chapters