← Chapters

ဆုလာဘ်များနှင့် မက်လုံးများ

Vol. 93 Ch. 1289

ဆုလာဘ်များနှင့် မက်လုံးများ

Vol. 93 Ch. 1289

ဝမ်ဝေ့က လက်ကိုဝှေ့ပြီးသည့်နောက်တွင် အနီရောင်မျက်နှာဖုံးနှင့် အဆက်အသွယ် ပြုလုပ်လိုက်သည်။ သူက ပြုံးကာ မေးလိုက်၏။

“အရာအားလုံး ပြီးပြီလား”

“ဟုတ်ကဲ့ အရှင်” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။

“အချိန်အကြာကြီးယူနေလို့ တောင်းပန်ပါတယ်”

“မဟုတ်တာ။ မင်းကို အပြစ်တင်ရမှာ မဟုတ်ပါဘူး” ဝမ်ဝေ့က အချိန်ကြာသည့်အတွက် သူမကို အပြစ်တင်မည် မဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် သူမအား ဤတာဝန်အောင်မြင်သည့်အတွက် ချီးကျူးရလိမ့်မည်။ ဒိုင်မေးရှင်းအနိမ့်တွင် သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်က နက်နဲသည့် အုတ်မြစ်ရှိသည့်အတွက် သူက ဝမ်ကျူ တာဝန်ကျရှုံးသည့်အခါ တင်းကြပ်လေ့ရှိသည်။

သို့သော်လည်း ဒိုင်မေးရှင်းအမြင့်တွင်မူ ဆန့်ကျင်ဘက် ဖြစ်၏။ သူတို့၏ အုတ်မြစ်က အားနည်းသေးပြီး ထိုစိန်ခေါ်စရာတာဝန်များတွင် အောင်မြင်မှုများက အနီရောင်မျက်နှာဖုံး၏ စွမ်းရည်ကို ပြသနေသည်။

“ဒီတစ်ခေါက် မင်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

“အခုကစပြီး မင်းက ဝမ်ကျူရဲ့ အစစ်အမှန်ဆက်ခံသူပဲ”

အနီရောင်မျက်နှာဖုံးက ထိုစကားကိုကြားပြီးသည့်နောက်တွင် ခန္ဓာကိုယ် တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။ ယခုမှစ၍ ဝမ်ဝေ့က သူမအား ပိုမိုယုံကြည်လာမည်ဖြစ်ကာ လုပ်ပိုင်ခွင့်ကို ပိုမိုပေးလာလိမ့်မည်။ သူမအနေဖြင့် အလုပ်နှင့် ရာထူး ဆုံးရှုံးသွားမည့်အကြောင်းကို ဆက်တိုက် စိုးရိမ်နေစရာ မလိုတော့ပေ။

ထိုအရာက သူမသည် စိုးရိမ်မှုကင်းသွားပြီး ကြိုးစားစရာ မလိုတော့ကြောင်း ဆိုလိုခြင်း မဟုတ်ပေ။ သို့သော်လည်း သူမက အနည်းငယ် အသက်ရှူချောင်လာလေ၏။

“ကျွန်မကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” အနီရောင်မျက်နှာဖုံးက ဦးညွှတ်လိုက်သည်။

“မင်းနဲ့ ထိုက်တန်လို့ပါ။ တခြားတင်ပြစရာရှိသေးလား” ဝမ်ဝေ့က ပြောလိုက်သည်။

“နှစ်ခုရှိပါတယ်။ ကျွန်မ ဒီနန်းဆောင်ကို ထိန်းချုပ်တုန်းက ရှောင်ထျန်းတိနဲ့ လူတစ်ဖွဲ့ကို သတိထားမိခဲ့တယ်။ သူတို့က သွေးနဂါးရဲ့ မျိုးဆက်တချို့ကို ဖမ်းဆီးထားတယ်။ သူတို့က အစီအရင်ချိုးဖောက်ရေးအဆောင်နဲ့ ထွက်သွားဖို့ ကြိုးစားပေမဲ့ ကျွန်မ နန်းဆောင်ရဲ့ အစီအရင်တွေအားလုံးကို အသက်သွင်းပြီး သူတို့ကို ဖမ်းဆီးထားလိုက်တယ်”

“အဲဒါက ရှုကျင်းယောင်ရဲ့ အဖွဲ့ပဲ နေမယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“အရှင် သူတို့ကို ဘာလုပ်လိုက်ရမလဲ”

“သူတို့ခေါင်းဆောင်ဆီ တွေ့ဖို့ သတင်းစကား ပို့ပြီး လွှတ်ပေးလိုက်” ဝမ်ဝေ့က ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

“မင်းပြောချင်တဲ့ ဒုတိယအကြောင်းအရာကရော”

“နဂါးနန်းဆောင်ရဲ့ လျှို့ဝှက်နေရာတစ်ခုကို တွေ့ထားပါတယ်” အနီရောင်မျက်နှာဖုံးက ဆက်ပြောလိုက်သည်။

“ကျွန်မ သုံးသပ်ထားသလောက်တော့ အဲဒါက သွေးနဂါး သူ့သူလျှိုကွန်ယက်ကရတဲ့ သတင်းအချက်အလက်တွေအများစုကို ထိန်းသိမ်းထားတဲ့နေရာလို့ ထင်တယ်။ ဒါပေမဲ့ အဲဒီနေရာက ကွဲပြားတဲ့အစီအရင်စနစ် ရှိတော့ ကျွန်မတို့တွေ အထဲဝင်ဖို့ အားသုံးရလောက်တယ်”

“အဲ့လိုမလိုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ရှုကျင်းယောင်ဆီကနေ သွေးနဂါးဆီက သွေးအဆီအနှစ် အနည်းငယ် နည်းနည်းတောင်းလိုက်။ ပြီးသွားရင် သူ့အဆီအနှစ်နဲ့ အဲဒါကို ဖွင့်လိုက်”

“ဟုတ်ကဲ့ပါ” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။

“ငါတို့တွေ အဖွဲ့ ချဲ့ထွင်တော့မှာ။ မင်းတို့ အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က စိုက်ကြည့်ကာ ပြောလိုက်သည်။

“အဆင်သင့်ဖြစ်ပါပြီ” အနီရောင်မျက်နှာဖုံးက တုံ့ပြန်လိုက်၏။ သူမက သူမ၏ တာဝန်ကို သိသိချင်း သူတို့ရယူထားသည့် အရင်းအမြစ်ပမာဏကို နားလည်လိုက်သည်။ ထို့ကြောင့် သူတို့အား ကောင်းမွန်စွာ အသုံးချဖို့နှင့် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များကို ချဲ့ထွင်ဖို့ စီစဉ်ထားပြီးသား ဖြစ်၏။

“ကောင်းပြီ” ဝမ်ဝေ့က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ အနီရောင်မျက်နှာဖုံးက သူမ၏ အလုပ်ကို ကောင်းမွန်စွာလုပ်ရုံမကဘဲ သူ့နောက်ထပ် လှုပ်ရှားမှုကိုပါ ခန့်မှန်းထားပြီး ကြိုတင်ပြင်ဆင်ထားနိုင်သည်။ ဆိုလိုသည်မှာ သူမက ဖြည်းဖြည်းချင်းဖြင့် ဝမ်ကျူ၏ အဆင့်အနေအထားသို့ ရောက်ရှိလာမည် ဖြစ်၏။

ဆက်သွယ်ရေးကို ဖြတ်တောက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အားလုံးအား သူတို့၏ တာဝန်ပြီးမြောက်သည်နှင့် အလယ်ခန်းမ၌ တွေ့ဆုံဖို့ သတင်းစကား ပို့ဆောင်လိုက်သည်။ ဝမ်ဝေ့က ရတနာသိုက်ဆီ ဦးတည်လိုက်၏။

သူ ပထမဆုံး သတိထားမိသည့်အရာက အဆင့် (၁၀)အောက် အရင်းအမြစ်ပမာဏ ဖြစ်ပေသည်။ ထိုအရာက များပြားလွန်းသည့်အတွက် ဒိုင်မေးရှင်းအနိမ့်မှ အရင်းအမြစ်အားလုံး ပေါင်းစည်းလိုက်လျှင်ပင် ဤရတနာသိုက်၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိလိမ့်မည်။

ဝမ်ဝေ့က ထိုရတနာသိုက်ထဲ ဆက်လက် စူးစမ်းလိုက်၏။ သူက သူ့စိတ်ထဲ လောဘရိပ် လွှမ်းမိုးလာသည်ကို ခံစားမိလိုက်သည်။ သူက ရပ်တန့်လိုက်ပြီး သူ့စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်၏။ ထိုလောဘကို ကြီးထွားခွင့်ပြုလိုက်လျှင် ထိုအရင်းအမြစ်များအား သူ့လူများနှင့် မဝေမျှဘဲ သူ့ကိုယ်သူ ယူမိသွားနိုင်ပြီး ပြဿနာများစွာ ဖြစ်လာနိုင်ကြောင်း သိလေသည်။

သူက သူ့စွမ်းအားဖြင့် ပြဿနာကို ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ထိုသို့သော အပြုအမူမျိုးက သူ့လူများကြားမှ သူ့ဂုဏ်သတင်းကို ပျက်စီးစေလိမ့်မည်။ ပို၍အရေးကြီးသည်က ထိုသူများကို သူ့တကယ့်နောက်လိုက်အဖြစ် ထားရှိမည့် အစီအစဉ်ကို ဖျက်ဆီးပစ်လိမ့်မည်။ သူက ဤသို့ အမြင်ကျဉ်းမည် မဟုတ်ပေ။

ငါလိုချင်တယ်ဆိုရင်တောင် ဒီအရင်းအမြစ်တွေ အားလုံးကို သုံးလို့မရဘူး။ ခေါင်းဆောင်အနေနဲ့ ငါက ထိန်းချုပ်ပြီးတော့ အဖိုးတန်ဆုံးအရာတစ်ခုကိုတော့ သုံးနိုင်တယ်။ ယာယီစိတ်ခံစားချက်အတွက် အနာဂတ်ကို ဘာလို့ ဖျက်ဆီးပစ်ရမှာလဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

ပြီးတော့ ဒီလိုမျိုးချမ်းသာကြွယ်ဝမှုပမာဏက ငါ့စိတ်ကို လွှမ်းမိုးဖို့လည်း လုံလောက်နေတယ်ဆိုရင် ငါ့ကိုယ်ငါ စိတ်ပျက်မိလိမ့်မယ်…

ဝမ်ဝေ့က စိတ်ကိုဖွင့်ကာ နဂိုအနေထားသို့ ပြန်လည်ပြောင်းလိုက်သည်။ သို့သော်လည်း သူက မျက်မှောင်ကြုတ်လိုက်၏။

“ ငါထင်ထားသလိုမျိုး ငါ့စိတ်က ပြီးပြည့်စုံနေတာ မဟုတ်သေးဘူးပဲ…” သူက ရေရွတ်လိုက်၏။ ဝမ်ဝေ့က သူသည် အမြဲတမ်း လောဘကြီးကြောင်း သိထားလေသည်။ သူ့အမြတ်ကြီးစားသည့် သဘာဝက သူ့အကျင့်စရိုက်၏ ပင်မကဏ္ဍ ဖြစ်လာဟန်ပေါ်သည်။ သို့သော်လည်း သူက သူ့လောဘကို အကြွင်းမဲ့ ထိန်းချုပ်နိုင်ကြောင်း တွေးထားခဲ့မိသည်။ သို့သော်လည်း ယနေ့ဖြစ်ရပ်ကမူ သူ့ကို တခြားတစ်ခုကို တွေးမြင်စေလာသည်။

“အခု ငါ့စိတ်နဲ့ တာအိုနှလုံးသားကို လေ့ကျင့်ပေးရမဲ့အချိန်ပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ငါ့ရဲ့ အမြဲပြောင်းလဲ တာအိုနှလုံးသားကို အဆင့်မြှင့်တင်ပေးရမယ်။ တကယ်လို့ ငါက ကမ္ဘာရဲ့ ချမ်းသာကြွယ်ဝမှုအားလုံးကို ထိန်းချုပ်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဘဝကို တွေ့ကြုံခံစားပြီး အဲဒီချမ်းသာကြွယ်ဝမှုကို လက်လျှော့နိုင်လိုက်မယ်ဆိုရင် အဲဒီစိတ်အနေအထားက နောက်တစ်ဆင့်ကို ရောက်ရှိသွားလိမ့်မယ်”

ဝမ်ဝေ့က သူ့စိတ်နှင့် တာအိုနှလုံးသားကို ရှည်လျားသည့်ဘဝနှင့် အတွေ့အကြုံများကို ခံစားခြင်းဖြင့် သဘာဝအတိုင်း လေ့ကျင့်ပေးခဲ့သည်။ သို့သော်လည်း ထိုချဉ်းကပ်မှုက မလုံလောက်သေးပေ။ သူ့အနေဖြင့် တချို့ကိစ္စရပ်များကို ပြုလုပ်ဖို့ လိုအပ်နေလေ၏။ ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ငါလုပ်ရမဲ့အရာတွေ အများကြီးရှိကြပေမဲ့ ငါ့ဆီမှာ အချိန်သိပ်မရှိတော့ဘူး”

သူက ရတနာသိုက်ထဲမှ ပစ္စည်းများကို လေ့လာစူးစမ်းနေသည်။ ထင်ထားသည့်အတိုင်း ရှားပါးအရာများစွာလည်း ရှိပေသည်။ ဝမ်ဝေ့က သူသည် အရင်းအမြစ်များနှင့် ပတ်သက်ပြီး အချိန်အတော်ကြာ စိုးရိမ်စရာ မလိုတော့ကြောင်း သိလိုက်သည်။ သူက တခြားသော ကပ်ပါးများ၏ ရတနာသိုက်ကိုပင် မျှော်လင့်စောင့်စားနေမိသည်။

မိနစ်သုံးဆယ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ပစ္စည်းတချို့ဖြင့် ရတနာသိုက်မှ ထွက်ခွာလာ၏။ ပထမတစ်ခုက သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စိတ်စွမ်းအားကို လေ့ကျင့်ပေးဖို့ လိုအပ်သည့် အရင်းအမြစ်များ ဖြစ်ပေသည်။ ဝမ်ဝေ့၏ ကျင့်ကြံရေးလမ်းတစ်လျှောက် သူသည် သူ့ဝိညာဉ်နှင့် စိတ်စွမ်းအားနှင့်ပတ်သက်ပြီး ဘယ်တော့မှ စိုးရိမ်စရာ မလိုအပ်ခဲ့ပေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်နှင့် တာအိုကမူ ထိုနှစ်ခုနှင့် လိုက်မှီတော့မည် ဖြစ်သည့်အတွက် သူ့အနေဖြင့် အားလုံးကို လေ့ကျင့်ပေးရမည့်အချိန်သို့ ကျရောက်လာလေပြီ။

သူက သူ့ခန္ဓာကိုယ်နှင့် တာအိုအား ပြီးပြည့်စုံမှုကို ရသည်အထိ စောင့်ဆိုင်းနိုင်သည်။ သို့သော် ထိုအရာက သူ့အား နှောင့်နှေးစေလိမ့်မည်။ သူက တခြားသောကဏ္ဍများကို အထွတ်အထိပ်သို့ မြှင့်တင်ဖို့အတွက် ယုံကြည်ချက်ရှိနေသောကြောင့် သူ့ဝိညာဉ်နှင့် စိတ်စွမ်းအားကို ကန့်သတ်ချက်ထိ တွန်းပို့ပြီး မှီလာသည်အထိ စောင့်ဆိုင်းခိုင်းသည်က အကောင်းဆုံး ဖြစ်ပေသည်။ ထိုအခါမှသာ အဆီအနှစ်၊ စိတ်ဝိညာဉ်နှင့် ချီ၏ ပေါင်းစည်းမှုကို ရရှိနိုင်လိမ့်မည်။

ဝမ်ဝေ့၏ ရတနာသိုက်မှ ယူလာသည့် ဒုတိယအရာကမူ အဆင့်(၁၁) အသက်ရှည်အရင်းအမြစ် ဖြစ်ပေသည်။ သူက အပိုအသက်နှစ်သက် ချီးမြှင့်ပေးနိုင်သည့် ထာဝရအသက် သစ်သားနှင့် ဒုတိယအသက် ဆေးလုံးတို့ကို သိမ်းဆည်းထားသည်။ သူ့တွင် ကျန်ရှိနေသည့်အရာတစ်ခုဖြင့် သူ့တွင်စုစုပေါင်း သုံးခု ရှိသွားသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအရာများသည် သူတားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် အသုံးမဝင်တော့ကြောင်း ခံစားချက်ရရှိနေသည့်အတွက် များစွာ စိတ်လှုပ်ရှားခြင်း မရှိပေ။ ထိုအသက်ရှည်အရင်းအမြစ်များက တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူ့အား စံပြတစ်ယောက်လို သတ်မှတ်လိုက်မည် ဖြစ်၏။

သတင်းကောင်းကမူ ထိုအရင်းအမြစ်များကို  သူ့လူများဖြစ်သည့် မုန့်ခယ်၊ တုကွန်းနှင့် ကျားဖျင့်တို့ကို ဆုချနိုင်သည်။ မီးတောက်ပန်းပဲဆရာအတွက်မူ သူ့အား ပင်ကိုခရမ်းရောင်မီးတောက်ဖြင့် ဆုချပေးနိုင်သည်။ ထို့အပြင် ထိုအရာက မိုးမြေကြားတွင် မွေးဖွားလာသည့် ကောင်းကင်မီးတောက် ဖြစ်သော်လည်း အဆင့်ကမူ အဆင့် (၁၂) ဖြစ်ပေသည်။

မီးတောက်ပန်းပဲဆရာသာ ထိုမီးတောက်ကို သန့်စင်ရာ၌ အောင်မြင်သွားသရွေ့ သူ့ဝိညာဉ်သည် စံပြအရည်အသွေးသို့ ရောက်ရှိသွားမည်ဖြစ်ကာ ဝိညာဉ်စွမ်းအားကလည်း ထိုကဏ္ဍသို့ ရောက်ရှိသွားလိမ့်မည်။ ထို့နောက် ပန်းပဲဆရာက စံပြအဆင့် အသုံးအဆောင်ပစ္စည်းများကို သန့်စင်ဖို့ အရည်အချင်း ပြည့်မှီလာလိမ့်မည်။ ထိုသို့သော အောင်မြင်မှုမျိုးက သူ့ကံကောင်းမှုကို တိုးမြှင့်ပေးနိုင်သည့်အတွက် အဖြူရောင်ကံကောင်းမှုကိုပင် ဖြစ်တည်စေနိုင်၏။

ဤသို့သော အားကောင်းသည့် မီးတောက်မျိုးကို သန့်စင်ရာက စွန့်စားရာကျပေသည်။ သာမန်အခြေအနေအောက်၌ ဝမ်ဝေ့က ထိုသို့သော အရာမျိုးကို  ခွင့်ပြုမည် မဟုတ်ပေ။ သို့သော်လည်း မီးတောက် ပန်းပဲဆရာက ထိုသို့လုပ်ဆောင်နိုင်ဖို့ ပါရမီရှိလေ၏။ ပို၍အရေးကြီးသည်က ဝမ်ဝေ့သည် တစ်စုံတစ်ခုဖြစ်ပျက်လာခဲ့လျှင် သူ့အသက်ရှင်မှုကို အာမခံပေးနိုင်သည့် အရင်းအမြစ် အလုံအလောက် ရှိလေသည်။

ငါ လမ်းပြကျောက်တုံးကို တွေ့ခဲ့တာ မယုံနိုင်သေးဘူး…

ဝမ်ဝေ့က ပြုံးကာ တွေးလိုက်သည်။ ထိုအရာက တန်ဖိုးရှိသည်ဟု ဆိုနိုင်သလို များစွာလည်း မဟုတ်ပေ။ ထိုအရာက တစ်ဘဝလုံး၌ စွမ်းအားနောက်လိုက်နိုင်သည့် ကျင့်ကြံသူအများစုအတွက် သက်ရောက်မှု အနည်းငယ်သာ ရှိ၏။

သို့သော်လည်း ဝမ်ဝေ့လိုမျိုး အခြေခံကျသည့်အရာအပြင် နောက်လိုက်ရမည့် လမ်းစဉ်ရှိနေသည့်သူအတွက်မူ စကားဖြင့် ဖော်မပြနိုင်လောက်အောင် အဖိုးတန်လှသည်။ ထိုအကြောင်းအရာကမူ တူညီသည့်လမ်းစဉ် ရှိသည့်သူများ၏ ဘဝများကို  တွေ့ကြုံခံစားခွင့်ပြုထား၍ ဖြစ်သည်။

နမူနာအနေဖြင့် ဝမ်ဝေ့က အကြွင်းမဲ့လွတ်လပ်ခွင့်ကို လိုချင်သောကြောင့် ထိုရည်မှန်းချက်ကို ရရှိဖို့ ချဉ်းကပ်နိုင်သည့် နည်းလမ်းအမျိုးမျိုး ရှိလေသည်။ သူက ထိန်းချုပ်နိုင်သည့် နည်းလမ်းများကို ရွေးချယ်နိုင်သည်။ သူ့လွတ်လပ်ခွင့်ကို ရယူနိုင်သည့်နည်းလမ်းက တခြားသူ၏ လွတ်လပ်ခွင့်ကိုရဖို့ စွမ်းအားရှိခြင်းနှင့် အရာအားလုံးကို ထိန်းချုပ်နိုင်လိမ့်မည်။

သို့သော်လည်း တခြားသောတစ်ယောက်ကမူ ကွဲပြားသော ချဉ်းကပ်မှုမျိုး ပြုလုပ်လိုက်နိုင်သည်။ သူတို့က သူတို့ကိုယ်သူတို့ စည်းမျဉ်းများမှ လွတ်မြောက်စေပြီး ဝမ်ဝေ့လိုမျိုး ထိန်းချုပ်ခံအနှောင်အဖွဲ့များမှ လွတ်မြောက်လိုကြသည်။

ထိုကျောက်တုံးဖြင့် ဝမ်ဝေ့က ထိုသူများ၏ ဘဝကို တွေ့ကြုံခံစားကြည့်ပြီး သင်ယူကာ သူ့တာအိုနှလုံးသားနှင့် စိတ်ကို လေ့ကျင့်ပေးနိုင်သလို သူ့လျှောက်ရမည့် လမ်းစဉ်ကိုလည်း ရှာဖွေနိုင်လိမ့်မည်။

All Chapters