← Chapters

ရုပ်သေးရုပ် နည်းလမ်း

Vol. 93 Ch. 1293

ရုပ်သေးရုပ် နည်းလမ်း

Vol. 93 Ch. 1293

“ငါနဲ့ လိုက်ခဲ့” ဝမ်ဝေ့က ရုပ်သေးရုပ်နတ်ဆိုးအား ပြောလိုက်စဉ် ထိုသူက စိတ်လှုပ်ရှားလာ၏။ ထိုစဉ် တခြားသူများကမူ သူ့ကို အားကျတကြီး ကြည့်နေကြလေသည်။ ဆက်တိုက်ဆိုသလို သူတို့က အလျင်လိုမှုကို ခံစားမိလိုက်ကြသည်။ သူတို့၏ ခေါင်းဆောင်က မုန့်ခယ်နှင့် တခြားသောအဖွဲ့ဝင်များအပေါ် အလေးပေးဆက်ဆံမှုအား ဖုံးကွယ်ထားခြင်း မရှိပေ။ သို့သော်လည်း ယနေ့ဖြစ်ရပ်အပြီးတွင် သူတို့အဖွဲ့ကြား၌ အတွင်းပိုင်း အဖွဲ့တစ်ခုရှိနေကြောင်း သဘောပေါက်သွားကြသည်။ ထိုနေရာကို ဝင်ရောက်နိုင်မည့် လိုအပ်ချက်က တန်ဖိုးတစ်ခု ရှိဖို့ရာ ဖြစ်၏။

ယခင် မဟာမြူအဖွဲ့ခေါင်းဆောင်ဟောင်း ကျိုးပေါ်က ရုပ်သေးရုပ်နတ်ဆိုး တခြားသူများနှင့် အခန်းထဲ ဝင်ရောက်သွားသည်ကို ကြည့်ရင်း လက်သီးဆုပ်လိုက်သည်။ သူ့မျက်ဝန်းက ထောင့်တစ်နေရာတွင် ထိုင်နေသည့် သွေးမျိုးဆက်ခေါင်းဆောင်ဆီ ကျရောက်လာပြီး သူ့မျက်ဝန်းမှ သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်လုနီးပါး ဖြစ်လာလေ၏။

တကယ်လို့ ငါသာ စမ်းသပ်ချက်ကို အောင်မြင်ပြီး ထာဝရကောင်းကင်ဘုံအဆင့် တစ်ယောက်ဖြစ်လာမယ်ဆိုရင် ငါက အဲဒီခွေးကောင်ကို သတ်နိုင်မှာတင် မကဘဲနဲ့ ရုပ်သေးရုပ်နတ်ဆိုးလိုလည်း ဖြစ်နိုင်လိမ့်မယ်…

သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အမြွက် ပေါ်ထွက်လာသည်။ ကျိုးပေါ်သာ အတွင်းပိုင်းအဖွဲ့အတွင်း ဝင်ရောက်ဖို့ စဉ်းစားနေသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ ရုပ်သေးရုပ်နတ်ဆိုး၏ ဖြစ်ရပ်အပြီးတွင် အားလုံးက တူညီသည့် အတွေး၊ တူညီသည့် ရည်မှန်းချက်မျိုး ရှိလာကြ၏။

ဝမ်ဝေ့က ထိုသူများ၏ အပြောင်းအလဲကို အံ့ဖွယ်အသိစိတ်ဖြင့် ခံစားမိလိုက်သည်။ သူက ကိစ္စများကို ကြုံရာကျပန်း မကြာခဏလုပ်လေ့ မရှိသည့်အတွက် မုန့်ခယ်နှင့် သူ့အဖွဲ့နှင့် ထွက်သွားသည့် အပြုအမူက ထိုသူများအား တမင်လှုံ့ဆော်ပေးဖို့ လုပ်ခဲ့ခြင်း ဖြစ်သည်။ သူက ထိုသူများအား ပိုမိုကောင်းမွန်သည့် အရင်းအမြစ်များနှင့် သူ့လက်ခံသဘောတူညီချက်အတွက် ယှဉ်ပြိုင်ဖို့ ဖိအားပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့သော နည်းဗျူဟာက အတော်လေး ပြောင်မြောက်လှသည်။

ရုပ်သေးရုပ်နတ်ဆိုး၏ အပြုအမူများက ထင်မှတ်မထားသော်လည်း သူ့ကို ကူညီပေးနိုင်ခဲ့သည်။ ထိုသူများက ရုပ်သေးရုပ်နတ်ဆိုးသည် ထူးချွန်ပြောင်မြောက်သည့် အောင်မြင်မှုများကို ရကာ အတွင်းပိုင်းစက်ဝန်းဆီ ဖိတ်ကြားခံရသည်ကို မြင်တွေ့ခဲ့ကြရသည်။ ထိုသူများနှင့် တစ်ခါက တူညီသည့်အဆင့်တွင် ရှိဖူးသည့်သူတစ်ယောက်က ထိပ်သို့ မြင့်တက်လာပြီး သူတို့အိပ်မက် မက်ရသည့် အရေးသာချက်များကို ရယူနိုင်သည့် အချက်ထက် လှုံ့ဆော်ပေးနိုင်သည့် အရာမျိုး မရှိပေ။

ဝမ်ဝေ့က တိတ်ဆိတ်သည့် အခန်းတစ်ခုကို ရှာကာ အားလုံးက မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ကြသည်။ သူက အဖန်ရည်ကဲ့သို့ အရာများကို ဧည့်ခံခြင်း မရှိဘဲ တဲ့တိုးသာ ပြောလိုက်၏။

“မင်းအစီအစဉ်အကြောင်း ထပ်ပြီးတော့ ပြော”

ရုပ်သေးရုပ်နတ်ဆိုးက အသက်ပြင်းပြင်းရှူလိုက်သည်။ သူက နေရာမှာတင် အတွေးရလာခြင်းဖြစ်သည့်အတွက် ဝမ်ဝေ့ဆီ စွန့်စားပြီး တင်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုသူက လေးမှ လွှတ်ထုတ်လိုက်သည့် မြားတစ်စင်းသဖွယ် ဖြစ်နေပြီး လှည့်ပြန်စရာ လမ်း မရှိတော့ပေ။ ပလ္လင်အခန်းအတွင်း တိုတောင်းသည့် စကားဝိုင်းအတွင်း သူက အတွေးရလာသော်လည်း လုံလောက်သည်ဟု မထင်ပေ။

ကဲ ပြောလိုက်ကြရအောင်…

ရုပ်သေးရုပ်နတ်ဆိုးက မိုးမြေကြားမှ စွမ်းအားကို အသုံးပြုပြီး ပုံကားချပ်တစ်ခုကို ရေးဆွဲပြလိုက်သည်။

“ဒါက ဒီလိုမျိုးပါ”

သူက သူ့အတွေးကို ရှင်းပြရင်းဖြင့် ရုပ်သေးရုပ်အမျိုးအစား အသစ်အကြောင်း ပြောပြလိုက်သည်။ သူ့အတွက် ကံကောင်းသည်က မီးတောက်ပန်းပဲဆရာက သူ့အတွေးကို စိတ်ဝင်စားနေပြီး ထိုသူကလည်း ရုပ်သေးရုပ်အတွင်း အောင်မြင်မှုတချို့ ရရှိထားလေသည်။ ထို့ကြောင့် သူတို့က ဆွေးနွေးရင်းဖြင့် ထိုအတွေးကို အကောင်အထည်ဖော်ခဲ့သည်။

ရုပ်သေးရုပ်နတ်ဆိုး၏ အကြံက ကျင့်ကြံရေးလောက၏ ပစ္စည်းအစိတ်အပိုင်းများကို တပ်ဆင်ခြင်းပုံစံ ဖြစ်၏။ သူက ရုပ်သေးရုပ်ကို ခေါင်း၊ ရင်ဘတ်ပိုင်း၊ အပေါ်ပိုင်းခန္ဓာ၊ အောက်ပိုင်းခန္ဓာနှင့် အမြုတေဟူ၍ ၅ပိုင်း ခွဲခြားထားသည်။ ထိုအစိတ်အပိုင်းများ၌ ပြုပြင်မွမ်းမံသည့် စံနှုန်းတစ်ခုရှိမည် ဖြစ်ကာ သူတို့အား အချင်းချင်း ပေါင်းစည်းပြီး နောက်ဆုံးသော ထုတ်ကုန်ကို ဖြစ်လာစေလိမ့်မည်။ ထို့သို့သော နည်းလမ်းက ပြုပြင်မွမ်းမံရေးဖြစ်စဉ်ကို လျှော့ချပေးလေ၏။ ရုပ်သေးရုပ်နတ်ဆိုးအနေဖြင့် ပစ္စည်းတစ်ခုလုံးကို ပြုပြင်မွမ်းမံဖို့ရာ မလိုအပ်ဘဲ အစိတ်အပိုင်းတစ်ခုကိုသာ ပြုပြင်ဖို့သာ လိုအပ်သည်။

ရုပ်သေးရုပ်နတ်ဆိုး၏ အကြံက ကောင်းမွန်သော်လည်း ပြဿနာတချို့ ကြုံတွေ့နေရသည်။

ကျွမ်းကျင်အတတ်ပညာရှင်များအတွက် သူတို့၏ ထုတ်ကုန်များကို ပြုပြင်မွမ်းမံဖို့ နည်းလမ်းနှစ်ခုက တိုက်ရိုက်သန့်စင်ခြင်း သို့မဟုတ်သင်္ကေတများ၏ သဟဇာတဖြစ်မှုတို့ကို အသုံးပြုခြင်းတို့ ဖြစ်၏။

တိုက်ရိုက်သန့်စင်ခြင်းကမူ သူတို့၏ ဖန်တီးမှုထဲ ထည့်သွင်းမည့် တာအိုအပေါ် နက်နက်နဲနဲ နားလည်ဖို့ လိုအပ်ပေသည်။ နမူနာအနေဖြင့် ပြုပြင်မွမ်းမံသူတစ်ယောက်က မီးတောက်မဟာတာအိုအရင်းအမြစ်အပေါ် နက်နက်နဲနဲ နားလည်ထားပြီး မီးတောက်ဓား တစ်ချောင်းကို သန့်စင်မွမ်းမံမည်ဆိုပါက သူတို့သည် မီးတောက် မဟာတာအိုအရင်းအမြစ်ဖြင့် တိုက်ရိုက်သန့်စင်အားဖြည့်ပေးနိုင်သည်။

သင်္ကေတသဟဇာတ ဖြစ်မှုကမူ အများသုံးသည့် ချဉ်းကပ်မှုမျိုးဖြစ်ပြီး ကျွမ်းကျင်အတတ်ပညာရှင်များအား သူတို့နားလည်မှုမရှိသည့် တာအိုအား အသုံးပြုခွင့်ပြုထားလေသည်။ သို့သော်လည်း သင်္ကေတလေ့လာခြင်းက မဟာတာအိုအရင်းအမြစ် နားလည်ဖို့ရာထက် ရှုပ်ထွေးမှုနည်းပါးခြင်း မရှိပေ။

ရုပ်သေးရုပ်နတ်ဆိုး၏ နည်းလမ်းက ရုပ်သေးရုပ်များကို ပြုလုပ်ဖို့ တိုက်ရိုက်သန့်စင်မှုကို အသုံးမပြုနိုင်ပေ။ ထို့ကြောင့် တူညီသည့် တာအိုကို နားလည်ထားသည့် ကျွမ်းကျင်အတတ်ပညာရှင်များကို စုစည်းဖို့ လိုအပ်၏။ သို့သော်လည်း သင်္ကေတသဟဇာတဖြစ်ခြင်းကို အသုံးပြုသည့်အခါတွင် ပြဿနာများ ရှိလာလေသည်။

ဝိညာဉ်စွမ်းအား သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားက သင်္ကေတများ ရေးထွင်းရာ၌ အသုံးပြုလေ့ရှိသည်။ သို့သော်လည်း ပြုပြင်မွမ်းမံခြင်းကမူ ကိုယ်ပိုင်ဖြစ်သည့်အတွက် ကျွမ်းကျင်အတတ်ပညာရှင်တိုင်းက ကွဲပြားကြပြီး သူတို့၏ ဝိညာဉ်စွမ်းအားကလည်း ကွဲပြားကြသည်။ သူတို့တွင် ကွဲပြားသည့် ဖွဲ့စည်းတည်ဆောက်ပုံ၊ ခွန်အား၊ အားနည်းချက်၊ ကြိမ်နှုန်းနှင့် လူတစ်ယောက်၏ ဝိညာဉ်စွမ်းအားကို သက်ရောက်မှုရှိနိုင်သည့် ရည်မှန်းချက်နှင့် အတွေးအခေါ်တို့ပင် ကွဲပြားနေကြသည်။

ထိုသို့ဝိညာဉ်စွမ်းအား ကွဲပြားမှုကြောင့် ရုပ်သေးရုပ်အစိတ်အပိုင်းအပေါ် ရေးထွင်းထားသည့် သင်္ကေတများကလည်း ကွဲပြားနေလိမ့်မည်။ ရလဒ်အနေဖြင့် သူတို့၏ လိုက်လျောညီထွေဖြစ်နှုန်းက လျှော့ကျသွားလိမ့်မည်။

ထိုအရာကို အတူတကွ ပေါင်းစည်းပြီး နောက်ဆုံးအနေအထားသို့ ရောက်ရှိဖို့ရာ မဖြစ်နိုင်ပေ။ သို့သော်လည်း မီးတောက်ပန်းပဲဆရာက ထိုပြဿနာကို သန့်စင်သူများ၏ ဝိညာဉ်စွမ်းအားကို သန့်စင်ပြီး တူညီသည့် ဝိညာဉ်ကြိမ်နှုန်းရှိဖို့ရာအတွက် အစီအရင်အသုံးပြုဖို့ အကြံပြုပြီး ပြဿနာကို အလွယ်တကူ ဖြေရှင်းပေးခဲ့သည်။

ထိုပြဿနာက ပြဿနာမရှိဘဲ ဖြေရှင်းနိုင်သွား၏။

 သို့သော် နောက်ထပ် ပြဿနာတစ်ခု ဖြစ်ပေါ်လာသည်။ ဤအရာက လိုက်လျောညီထွေဖြစ်သည့် ကဏ္ဍတွင် ရှိလေ၏။ ပြုပြင်မွမ်းမံသူများက သင်္ကေတရေးထွင်းရာနှင့် ပတ်သက်ပြီး ကွဲပြားသည့် အရည်အချင်းမျိုး ရှိကြသည်။ အကယ်၍ ရုပ်သေးရုပ်လက်၌ သင်္ကေတက တခြားလက်တစ်ဖက်၌ ပိုကောင်းနေပါက နောက်ဆုံးသော ပေါင်းစည်းမှုက ခိုင်မြဲမည် မဟုတ်ပေ။ ဝမ်ဝေ့က အချိန်မဖြုန်းဘဲ ထိုအကြံ၏ အဓိကအချက်ဖြစ်သည့် စံနှုန်းထားကို မိတ်ဆက်ပေးခဲ့သည်။

အားလုံးက တူညီသည့် စံနှုန်းထားတစ်ခု ရှိရမည်။ ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အစိတ်အပိုင်း၊ ရေးထွင်းဖို့ အသုံးပြုသည့် ဝိညာဉ်စွမ်းအားနှင့် ပြုပြင်မွမ်းမံသူတို့၏ အရည်အချင်းပင် အပါအဝင် ဖြစ်၏။ ထိုသို့သော ချဉ်းကပ်မှုမျိုးကသာ သူတို့အတွက် ရုပ်သေးရုပ်ကို အံ့မခန်းအလျင်ဖြင့် ထုတ်လုပ်လိုက်မည့် ရည်ရွယ်ချက်ကို ပြီးမြောက်နိုင်လိမ့်မည်။

မီးတောက်ပန်းပဲဆရာက နောက်ဆုံးရလဒ်ကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။

“ဒီနည်းလမ်းက ရုပ်သေးရုပ်တွေကို ထုတ်လုပ်ပေးတဲ့ အမြန်နှုန်းကိုတော့ သိသိသာသာ တိုးမြှင့်ပေးနိုင်မှာ မှန်ပေမဲ့ ခွန်အားက သာမန်ပဲ ဖြစ်နေလိမ့်မယ်”

သူတို့ဖန်တီးသည့် စံနှုန်းက သိပ်မြင့်၍ မရပေ။ မဟုတ်ပါက ရုပ်သေးရုပ်ဆရာအများစု သို့မဟုတ် ပြုပြင်မွမ်းမံသူအများစုက စံနှုန်းနှင့် လိုက်မှီနိုင်မည် မဟုတ်ပေ။

“ပြုပြင်မွမ်းမံသူအများစုက  ဒီလိုမျိုး ဝိညာဉ်မပါတဲ့ အလုပ်မျိုးကို သိပ်လုပ်ချင်ကြမှာမဟုတ်ဘူး”

ဝမ်ဝေ့က ထိုစကားများကို ကြားသော်လည်း ချက်ချင်းမတုံ့ပြန်ပေ။

“မင်းတို့တွေရော ဘယ်လိုထင်လဲ”

“အမြန်နှုန်းက ဒီအတွေးအခေါ်အတွက် သော့ချက်လို့ ထင်တယ်” မုန့်ခယ်က မှတ်ချက်ပေးလိုက်သည်။

“အမြန်နှုန်းနဲ့ ပမာဏအမြောက်အများအတွက် ခွန်အားကို စတေးရတာပေါ့”

သူက ထိုသို့သော နည်းလမ်း၏ တန်ဖိုးကို သဘောပေါက်ထားလေသည်။ အထူးသဖြင့် ကျွမ်းကျင်အတတ်ပညာရှင်များစွာ ရှိသည့် ထိပ်တန်းမျိုးနွယ်တွင် ဖြစ်၏။ ဤသည်က မည်သည့်အင်အားစုမဆို စစ်ပွဲစွမ်းအားကို တိုးမြှင့်ပေးသည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။

ပန်းပဲဆရာ၏ မှတ်ချက်အတွက်ကိုမူ မုန့်ခယ်နှင့် တခြားသူများက သိပ်ဂရုမစိုက်ပေ။ သူတို့က ကျွမ်းကျင်အတတ်ပညာရှင်များသည် တခြားသူများကဲ့သို့ ချမ်းသာကြွယ်ဝမှုကို အလေးထားကြောင်း နားလည်ထားလေ၏။ ထို့ကြောင့် ဤသို့သော အလုပ်မျိုးကို သူတို့ကိုသာ လုံလုံလောက်လောက် တန်ကြေးတစ်ခုပေးသရွေ့ လုပ်ကြလိမ့်မည်။

“အခု မေးစရာရှိလာတာက ဒီနည်းလမ်းအသစ်မှာ ကျုပ်တို့တွေ ဘယ်လောက် ရင်းနှီးမြှုပ်နှံမလဲဆိုတာပဲ” ကျားဖျင့်က ထပ်ပြောလိုက်သည်။

“ကျုပ် နားလည်ထားသလောက်တော့ ဒီလိုမျိုး ပါရမီထူးကဲတဲ့ ရုပ်သေးရုပ်ဆရာတွေကို ရယူထားကာစပဲ ရှိသေးတယ်။ သူတို့လုပ်မဲ့ ရုပ်သေးရုပ်တစ်ရုပ်က ရာချီ ထိုက်တန်နေနိုင်ပြီးတော့ ဒီလိုအမြန်ထုတ်လုပ်ထားတဲ့ ရုပ်သေးရုပ်တွေ  စွမ်းအားနဲ့လဲ တူညီနေနိုင်တယ်။ ဒါပေမဲ့ ဖြစ်စဉ်ကတော့ ကြာလိမ့်မယ်။ အဲဒါဆိုတော့ ကျုပ်တို့တွေက ထူးချွန်ပြောင်မြောက်တဲ့ အရာကို အလေးထားမလား။ ဒါမှမဟုတ် သာမန်ရုပ်သေးရုပ်တွေကို အလေးထားမလား”

“ဒါက ပြောသင့်တယ်” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။ သူက ထိုအကြံဉာဏ်ကို ထောက်ခံပြီး လူရိုင်းမျိုးနွယ်၏ အခြေခံအုတ်မြစ်ထည့်သွင်းဖို့ မစောင့်ဆိုင်းနိုင်တော့သော်လည်း အနာဂတ်အတွက်သာ ဖြစ်ပေသည်။ လက်ရှိအခြေအနေအတွက်မူ အကုန်ကျသက်ရောက်မှု နည်းပါးသည့် နည်းလမ်းက ဆွေးနွေးဖို့ ထိုက်တန်ပေသည်။

ထိုစကားကို ကြားကာ ရုပ်သေးရုပ်နတ်ဆိုးက ချက်ချင်းဆိုသလို စိုးရိမ်လာလေ၏။ သူ့အကြံဉာဏ်အပေါ် တန်ဖိုးက ဤအဖွဲ့အတွင်း သူ့အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်လိမ့်မည်။ ဆိုလိုသည်မှာ ခေါင်းဆောင်က သူ့အကြံသည် လက်ရှိ မဖြစ်နိုင်ဘူးဟုသာ ဆုံးဖြတ်လိုက်ပါက သူ့အနာဂတ်အတွက် ထိနှက်ချက်ကြီး ဖြစ်လာလိမ့်မည်။

“ငါတို့ပြဿနာအတွက် အဖြေက ငါတို့ရှေ့မှာပဲ ရှိတယ်” ဝမ်ဝေ့က နောက်ဆုံးတွင် ပြောလိုက်သည်။

“ရုပ်သေးရုပ်တွေက သာမန်ဆိုတော့ သူတို့ကို ဖန်တီးဖို့ လိုအပ်ချက်ကလည်း သာမန်ပဲ။ ငါတို့တွေက သာမန်ဝိညာဉ်နဲ့ ပြုပြင်မွမ်းမံရေး ပါရမီရှိထားတဲ့ ဧကရာဇ် ဒါမှမဟုတ် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတွေကို ဆင့်ခေါ်ပြီးတော့ ဒီနည်းလမ်းကို ပေးလို့ရတယ်။ သူတို့တွေ လုပ်ဖို့လိုတာက သတ္တုဒါဇင်ချီလိုက် သန့်စင်ဖို့နဲ့ ရုပ်သေးရုပ်တွေကို မလုပ်ခင် သင်္ကေတရာချီကို မှတ်ထားရုံလောက်ပဲလေ”

အခန်းအတွင်း လူအများစုက ဉာဏ်ကောင်းကြသည့်အတွက် ထိုစကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်ကြသည်။

“ပိုပြီးကောင်းတာက အလားအလာ နည်းပါးတဲ့ ပြုပြင်မွမ်းမံသူတွေကိုလည်း ခန့်အပ်လို့ ရတယ်။” တုကွန်းက ထပ်ပြောလိုက်သည်။

ဤကမ္ဘာရှိ ကျွမ်းကျင်အတတ်ပညာရှင်အများစုက အင်မတန် ကြာလွန်းလှသည့် ထုတ်ကုန်များကိုသာ သန့်စင်ကြလေ့ရှိသည့်အတွက် သူတို့၏ အောင်မြင်နှုန်းက ဆိုးရွားကြလေသည်။

“သူတို့ဆီမှာ အုတ်မြစ်ရှိတယ်ဆိုတော့ လေ့ကျင့်မှုပဲ လိုအပ်လိမ့်မယ်” တုကွန်းက ဆက်ပြောလိုက်သည်။

“အတိအကျပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“အရင်တုန်းက အဲဒီအဆင့်နိမ့် ကျွမ်းကျင်အတတ်ပညာရှင်တွေက အရည်အချင်းတာအိုအဖွဲ့အစည်းကနေပြီးတော့ အသက်ရှင်နေကြရတာ။ ဒါပေမဲ့ အခုကတော့ … ” မီးတောက်ပန်းပဲဆရာက ခေါင်းယမ်းလိုက်သည်။

“သူတို့ကို  တန်ကြေးနည်းနည်းနဲ့ ခန့်အပ်ဖို့က ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်” ကျားဖျင့်က ထပ်ပြောလိုက်သည်။ အားလုံးကလည်း သဘောတူကြ၏။

“ငါ့ဆီမှာ မေးခွန်းတစ်ခု ရှိတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်ပြီး ရုပ်သေးရုပ်နတ်ဆိုးနှင့် မီးတောက်ပန်းပဲဆရာတို့ကို ကြည့်လိုက်သည်။

“နောက်ဆုံးရုပ်သေးရုပ်အစိတ်အပိုင်းတွေကို တပ်ဆင်ဖို့က ဧကရာဇ်တစ်ယောက် လိုအပ်တယ်မလား”

“အဆင့် (၁၀)ရုပ်သေးရုပ်ကို လုပ်မယ်ဆိုရင်တော့ ဟုတ်ပါတယ်” ပန်းပဲဆရာက ပြန်ဖြေလိုက်သည်။

“အဲဒါဆိုရင် အဆင့်(၉)အောက်က လူတွေအတွက်ရော ဖြစ်နိုင်လား။ ငါ ပြောချင်တာက ဒီလိုမျိုး လေ့ကျင့်ထားပြီးတော့ အစီအရင်ဆီကနေ အထောက်အကူနဲ့လေ”

ကျွမ်းကျင်အတတ်ပညာရှင် မဟုတ်သည့်သူများ၏ အကြည့်က တောက်ပလာကြသည်။ ထိုသို့သာဖြစ်နိုင်ပါက ရုပ်သေးရုပ်များအပေါ် ကျသင့်ငွေက သိသိသာသာ လျော့ကျသွားလိမ့်မည်။

“အဲဒီလို ဖြစ်နိုင်တယ်” ပန်းပဲဆရာက တုံ့ပြန်လိုက်သည်။ နောက်ဆုံးသောကဏ္ဍက အရည်အချင်းများစွာ မလိုအပ်ဘဲ ကျင့်ကြံရေးစနစ်ပေါ် မှီခိုနေလျှင် ဧကရာဇ်တစ်ပိုင်းအဆင့်ကပင် လိုအပ်သည့် လေ့ကျင့်မှုနှင့် အစီအရင်မှ ထောက်ပံ့မှုအပြီးတွင် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။

“အဲဒါဆို သတင်းကောင်းပဲ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။ ထို့နောက် သူက ရုပ်သေးရုပ်နတ်ဆိုးအား ကြည့်လိုက်သည်။

All Chapters