← Chapters

ပြန်လည်အသုံးပြုခြင်း

Vol. 93 Ch. 1294

ပြန်လည်အသုံးပြုခြင်း

Vol. 93 Ch. 1294

ဝမ်ဝေ့က ရုပ်သေးရုပ်နတ်ဆိုးကဲ့သို့သော သူသည် ထိုအတွေးမျိုး ရလာခဲ့သည့် အချက်ကို အံ့အားသင့်နေမိသည်။ သူ့ပုံစံအနေအထားအရ ရုတ်တရက် တွေးမိသွားခြင်းဖြစ်ကြောင်း ဆိုလိုနေလေ၏။ ထိုသို့သော စွမ်းရည်မျိုးက သူ့ပုံမှန်စွမ်းရည်ထက် ကျော်လွန်နေသည်။

သူ့အတွက် ဒီလိုမျိုးအတွေးမျိုးရလာတာက ဖြစ်တော့ ဖြစ်နိုင်ပါတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။

ငါ့သံသယက သူ့အတွေးအခေါ်မှာ အဓိကအနေနဲ့ ရုပ်သေးရုပ်တွေအများကြီး ပါဝင်နေလို့ပဲ…

ငါက ချိုက်စုန့်ကို အကြွင်းမဲ့စစ်ပွဲ စက်ယန္တရားအဖြစ် လေ့ကျင့်ပေးဖို့ အချိန်အများကြီး စီစဉ်ထားခဲ့တာ။ ရုပ်သေးရုပ်နတ်ဆိုးက ရုတ်တရက် ဒီလိုအတွေးအခေါ်မျိုးကို ရလာတာတဲ့လား…

ဤသည်က သံသယဖြစ်ဖို့ ကောင်းလွန်းလှသည်။ ဝမ်ဝေ့အနေဖြင့် သူ့အနာဂတ်ကိုယ်က ထိုအတွေးအား ရုပ်သေးရုပ်နတ်ဆိုး၏ ခေါင်းထဲ ထည့်သွင်းကာ ချိုက်စုန့်၏ မြင့်တက်လာမှုအတွက် အခြေခံအုတ်မြစ် ချပေးလိုသည့်အတွက်ကြောင့်လားဟု ရုတ်ချည်းဆိုသလို သံသယဖြစ်လာခြင်း ဖြစ်သည်။ ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ ထိုအရာက ကိစ္စမရှိပေ။ ရုပ်သေးရုပ်နတ်ဆိုး၏ တန်ဖိုးက သိသိသာသာ မြင့်တက်လာလေ၏။ တစ်ရက်ကျ သူက ချိုက်စုန့်၏ ညာလက်ရုံး ဖြစ်လာနိုင်သည်။

“မင်း ကောင်းကောင်း လုပ်ခဲ့တယ်” ဝမ်ဝေ့က ချီးကျူးလိုက်၏။

“အရှင့်ကို ကျေးဇူးတင်ပါတယ်။ ပန်းပဲဆရာ မရှိဘဲနဲ့ ကျုပ် ဒီလိုလုပ်နိုင်မှာ မဟုတ်ပါဘူး”

“ငါက နည်းနည်းလောက်ပဲ ကူညီပေးခဲ့ရုံပါ” ပန်းပဲဆရာကလည်း သူ့ကိုယ်ပိုင်မာနရှိသည့်အတွက် ဤသို့သောအရာမျိုးအတွက် ချီးကျူးမှုခံယူနေမည် မဟုတ်ပေ။

“ဒီကိစ္စကို မင်း တာဝန်ယူလိုက်” ဝမ်ဝေ့က ပြောလိုက်ပြီး သူတို့ကို ထပ်ပြောလိုက်သည်။

“မင်းမှာ လိုအပ်တဲ့ အရင်းအမြစ်တွေအားလုံး ရလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ လေ့ကျင့်ရေးကိုလည်း လျစ်လျူရှုထားလို့ မရဘူး။ မင်းရဲ့ ရုပ်သေးရုပ်အမြုတေ လုပ်ဖို့အတွက် အဆင့်(၁၂) သတ္တုတချို့ ပေးမယ်”

ရုပ်သေးရုပ်နတ်ဆိုး၏ အကြည့်များက တောက်ပလာလေ၏။ အဆင့်(၁၂)ကို အမြုတေ တည်ဆောက်ဖို့အတွက်မူ သူ့အရည်အချင်းက မလုံလောက်သေးပေ။ သို့သော်လည်း သူက အကောင်းဆုံး အဆင့်(၁၁)အမြုတေကို တည်ဆောက်နိုင်လေ၏။ သူသာ နောက်အဆင့်ကို အရင်ဝင်ရောက်သွားသည်နှင့် သူ့အမြုတေကလည်း ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။

“ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“မင်းတို့တွေက ဒီတစ်ခေါက် အများကြီး ထမ်းဆောင်ခဲ့တယ်။ မင်းတို့တွေအတွက် ဆုပေးမယ်”

သူက အသက်ရှည်အရင်းအမြစ်နှင့်အတူ ကောင်းကင်မီးတောက်ကို ပေးလိုက်စဉ် အားလုံးက ကျေးဇူးတင်ကြလေသည်။ မည်သူကများ အပိုအသက်မလိုချင်ဘဲ နေမည်နည်း။

သို့သော်လည်း မီးတောင်ပန်းပဲဆရာကမူ တုံ့ဆိုင်းနေသည့် အမူအရာမျိုး ဖြစ်နေလေ၏။

“တစ်ခုခု မှားလို့လား” ဝမ်ဝေ့က မေးလိုက်သည်။

“ကျုပ်က ဒီလိုဆုလာဘ်မျိုးနဲ့ ထိုက်တန်တယ်လို့တော့ မထင်ဘူး” မီးတောက်ပန်းပဲဆရာက ပြန်ဖြေလိုက်၏။ ထိုအရာက သူ့စစ်မှန်သည့်အတွေးများ ဖြစ်လေသည်။ သူက ခုခံကာကွယ်ရေးအစီအရင် အပြင်ဘက်တွင်လည်း များစွာ အကူအညီမဖြစ်ခဲ့သလို အထဲဝင်ရောက်သွားပြီးသည့်နောက် တခြားသော အစီအရင်များအတွက်လည်း များစွာ အထောက်အကူ မဖြစ်ခဲ့ပေ။ မုန့်ခယ်ကသာ အားလုံးကို သတ်ပြီး ကျွမ်းကျင်အတတ်ပညာခန်းမရှိ အားလုံးကို ဖိနှိပ်ခဲ့ခြင်း ဖြစ်၏။ မီးတောက်ပန်းပဲဆရာက သူသည် ဘာမှမလုပ်လိုက်ရဘဲ ထိုသို့သော ဆုလာဘ်မျိုးနှင့် ထိုက်တန်သည်ဟု မထင်ပေ။

“ရုပ်သေးရုပ်နတ်ဆိုးရဲ့ အကြံကို ကူညီပေးတာကတင် ထိုက်တန်နေပါပြီ” ဝမ်ဝေ့က ပြောလိုက်သည်။

“ပြီးတော့ ခင်ဗျားအတွက် တာဝန်တစ်ခု ရှိတယ်။ တကယ်လို့ ဒီဆုလာဘ်နဲ့ မထိုက်တန်ဘူးလို့ ထင်တယ်ဆိုရင် ဒီအခွင့်အရေးကို သုံးပြီးတော့ ကြိုးစားပေါ့”

“အိုး”

“ခင်ဗျားက အဲဒီကျွမ်းကျင်အတတ်ပညာရှင်တွေကို တာဝန်ယူရမယ်” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။

“သူတို့ရဲ့ အခြေအနေကို စောင့်ကြည့်ပြီးတော့ သူတို့အတွက် ကျုပ်တို့အဖွဲ့သားဆိုတဲ့ ခံစားချက်မျိုး ရအောင် ပတ်ဝန်းကျင်ကို ဖန်တီးပေးရမယ်။ ခင်ဗျား လုပ်နိုင်လား”

“ကျုပ် အကောင်းဆုံး လုပ်ပါ့မယ်” မီးတောက်ပန်းပဲဆရာက ခေါင်းညိတ်လိုက်သည်။

“ကျုပ်က အဲဒါပဲ တောင်းဆိုတာပါ” ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် အရိပ်မျိုးနွယ်မှ စည်းပိတ်ထားသည့်သူအား ဆင့်ခေါ်ကာ အားလုံးကို ပြသလိုက်သည်။

“အရင်းအမြစ် ဖြုန်းတီးမှုပဲ” မုန့်ခယ်က ပြောလိုက်သည်။ သူက ဝမ်ဝေ့လိုမျိုး တူညီသည့်အရာကို သဘောပေါက်ပြီး ကောင်းကင်အလိုဆန္ဒ စံပြတစ်ယောက်ကို မွေးဖွားပေးမည့် အခြေအနေများကို နားလည်ထားလေသည်။

“ဒါက ပြစ်မှုတစ်ခုပဲ” တုကွန်းက ဆက်ပြောလိုက်၏။

ကျားဖျင့်ကလည်း နာကျင်နေသည့် အမူအရာမျိုး ရှိနေလေသည်။ သူတို့၏ အထွတ်အထိပ်အခါတွင် ရှိနေစဉ်ကပင် သူ့တိုင်းပြည်က ဤသို့သော အရာမျိုးလုပ်ဖို့ရာ အရင်းအမြစ် လုံလုံလောက်လောက် မရှိပေ။ ရုပ်သေးရုပ်နတ်ဆိုးက အစပိုင်းတွင် စိတ်ရှုပ်ထွေးနေသော်လည်း နောက်ပိုင်း၌ တည်ငြိမ်သွားလေသည်။ ထိုစဉ် မီးတောက်ပန်းပဲဆရာက ခေါင်းယမ်းကာ ပြောလိုက်သည်။

“ကောင်းကင်အလိုဆန္ဒ ဆေးလုံးက ကမ္ဘာအပေါ်မှာ အဖြုန်းတီးဆုံးလို့ ထင်နေတာ။ အခုတော့ ဒါက နောက်ထပ်ဆိုးရွားတာ တစ်ခုပဲ”

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင်ရှိသည့် ဆေးဝါးပညာရှင်များက ကောင်းကင်အလိုဆန္ဒကို အသုံးပြုပြီး ဆေးလုံးများကို ဖန်တီးကြလေသည်။ နာမည်အကျော်ကြားဆုံးက သန့်စင်အရင်းအမြစ် ဆေးလုံးဖြစ်ပြီး မဟာဧကရာဇ်များအား သူတို့၏ ကျင့်ကြံဆင့်များကို ဆိုးကျိုး မရှိဘဲ ၂၀ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်စွမ်းရှိ၏။ ထိုဆေးလုံးက ကျင့်ကြံဆင့် ၅၀ ရာခိုင်နှုန်းအောက်ရှိသည့်သူများအတွက်သာ အထောက်အကူ ဖြစ်သော်လည်း အင်မတန် အဖိုးတန်လှသည်။

သို့သော်လည်း ထိုဆေးလုံးက ကောင်းကင်အလိုဆန္ဒ အနည်းဆုံးတစ်သောင်းနှင့် ကောင်းကင်ဘုံအဆင့် ဆေးဝါးပညာရှင် တစ်ယောက် လိုအပ်ပေသည်။ မဟာဧကရာဇ်တစ်သောင်းကို မွေးဖွားပေးနိုင်မည့် အလားအလာကို မဟာဧကရာဇ် တစ်ယောက်၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးနိုင်ဖို့အတွက် မည်သည့်အင်အားစုကမှ ဖြုန်းတီးကြမည် မဟုတ်ပေ။ ထို့ကြောင့် ထိုဆေးလုံးက အင်မတန် ရှားပါးလှ၏။ ထို့ကြောင့် ကောင်းကင်ဘုံအဆင့်က  တည်ရှိသော်လည်း စံပြအဆင့်အတွက်ကိုမူ ကောလဟာလမျှသာ ဖြစ်လေသည်။

“ငါလည်း တူညီတဲ့ တုံ့ပြန်မှုမျိုးရှိခဲ့တာ” ဝမ်ဝေ့က တုကွန်းကို ကြည့်ကာ ပြောလိုက်သည်။

“ဒီကနေ ကောင်းကင်အလိုဆန္ဒ တချို့ကို ပြန်လည်အသုံးပြုနိုင်မဲ့ နည်းလမ်းမျိုးများ ရှိလား” ဝမ်ဝေ့က သူ ကြိုးစားကြည့်နိုင်သည့် နည်းလမ်းတချို့ရှိသော်လည်း သူ့တွက်ချက်ထားမှုအရ နောက်ဆုံးသော ရလဒ်သည် ကျေနပ်အားရမည် မဟုတ်ပေ။ သူက ကောင်းကင်အလိုဆန္ဒ တစ်ရာခန့်လောက်ကို ပြန်လည်ရယူနိုင်သော်လည်း သူ့အနေဖြင့် ထိုအရေအတွက်ကို မကျေနပ်ပေ။

“ကျွန်မတို့မျိုးနွယ်မှာတော့ အကျိုးအကြောင်းကို ပြန်လည်ပြောင်းပြန်လှန်နိုင်တဲ့ ရိုးရာပွဲအခမ်းအနားမျိုး ရှိတယ်” တုကွန်းက ပြန်ဖြေပြီးသည့်နောက်တွင် ပြောလိုက်သည်။

“အဲဒါက အသုံးပြုထားတဲ့ ကောင်းကင်အလိုဆန္ဒ ၁၀ ရာခိုင်နှုန်းကိုလည်း အသုံးပြုနိုင်လိမ့်မယ်”

ဝမ်ဝေ့က စဉ်းစားလိုက်သည်။ ထိုအရေအတွက်က နည်းပါးဟန်ထင်ရသော်လည်း သူ့တစ်ရာထက် အင်မတန် များပြားနေလေသည်။ သို့သော် ဝမ်ဝေ့က ပိုမိုလိုချင်လေ၏။

“အဲ့ထက် များနိုင်သေးလား”

“တကယ်လို့ ကျွန်မက ကောင်းကင်အလိုဆန္ဒနဲ့ တာအိုသစ်ပင်တွေအကြောင်းကို လေ့လာပြီး အရှင့်ရဲ့ တာအိုအကူအညီနဲ့ဆိုရင်တော့ ရာခိုင်နှုန်းကို ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်လောက်တယ်” တုကွန်းက သုံးသပ်လိုက်သည်။

“ဒါပေမဲ့…”

သူမက သူမ၏ ခင်ပွန်းဖြစ်သူကို ကြည့်ပြီးသည့်နောက်တွင် ထပ်မပြောပေ။

ဝမ်ဝေ့က သူမ၏ ဆိုလိုရင်းကို နားလည်လိုက်၏။ ထိုသို့သော အစီအစဉ်အတွက် ဗဟုသုတများစွာ လိုအပ်နေလေသည်။

သို့သော်လည်း သူတို့က ဝမ်ဝေ့နှင့် ဆင်တူသည့် အနေအထားတွင် ရှိလေသည်။  မျိုးနွယ်ဆီမှ ကပ်ပါးများထံမှ သူတို့ကို ကာကွယ်ဖို့ နှင်ထုတ်ခံလိုက်ရခြင်းဖြစ်သည့်အတွက် ဝမ်ဝေ့နှင့် ပူးပေါင်းထားကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က သူတို့မျိုးနွယ်အား ရှောင်ရှားနိုင်မည့် အခွင့်အရေးမျိုး ပေးလိုသည့်အတွက် သူတို့ကိုယ်သူတို့ သိပ်မပတ်သက်လိုကြပေ။

ထိုစုံတွဲက ဤအစီအစဉ်အတွက် လိုအပ်သည့် ဗဟုသုတများစွာကို ရယူဖို့ သူတို့မျိုးနွယ်နှင့် ဆက်သွယ်ဖို့ လိုအပ်နေသည်။ ထိုသို့သော လုပ်ခြင်းက သဲလွန်စ ချန်ထားနိုင်ခဲ့သည့်အတွက် အင်မတန် အန္တရာယ်ကြီးမားနေသည်။

ထိုကမ္ဘာက သွေးနဂါး၏ သေဆုံးမှုအပြီးတွင် ထိလွယ်ရှလွယ်အနေအထားသို့ ကျရောက်နေလေ၏။ သူတို့က မျိုးနွယ်နှင့် အဆက်အသွယ်ပြုလုပ်ဖို့ မဆုံးဖြတ်ခင် သတိကြီးကြီးထားသင့်သည်။

“မင်းရဲ့ စိုးရိမ်မှုကို နားလည်တယ်။ မစိုးရိမ်နဲ့။ ငါ့ဆီမှာ မင်းလိုအပ်တဲ့ ဗဟုသုတတွေကို ရနိုင်မဲ့ နည်းလမ်းတစ်ခု ရှိတယ်” ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။ သို့သော်လည်း သူ့စကားက တုကွန်းအား မျက်မှောင်ကြုတ်သွားစေသည်။

“အရှင် သွေးနဂါးက အခုလေးမှ ချမ်းသာကြွယ်ဝလာတယ်ဆိုတာကို နားလည်သင့်တယ်။ သူက ကောင်းကင်အလိုဆန္ဒတွေကို လေ့လာထားပေမဲ့လည်း သူတို့က ကျွန်မတို့ မျိုးနွယ်တွေနဲ့တော့ မယှဉ်နိုင်သေးဘူး။ တကယ်လို့ အရှင့်ဂိုဏ်းကို ဆက်သွယ်ဖို့ တွေးနေတာမျိုး မဟုတ်ရင်ပေါ့”

မုန့်ခယ်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုတာဝန်က ခေါင်းဆောင်သာ စွန့်စားပြီး သူ့ဂိုဏ်းကို ဆက်သွယ်မည်ဆိုပါက သူ့ဇနီးသည် တာဝန်ယူမှုကို ရှောင်ရှားနိုင်သော်လည်း တူညီမည် မဟုတ်ပေ။

“ငါက တာအိုအခွင့်အလမ်းဂိုဏ်းအကြောင်း ပြောနေတာ မဟုတ်ဘူး” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သို့သော်လည်း သူ့စကားများက ယုံကြည်ဖို့ မကောင်းသေးပေ။

“အဲဒါဆိုရင် ဘယ်ကလဲ။ ကျွန်မက စူးစမ်းဖို့ ကြိုးစားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီဗဟုသုတက နိမ့်ကျတယ်ဆိုရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး” တုကွန်းက ပြောလိုက်သည်။

“မစိုးရိမ်နဲ့။ အဲဒီလူက ကမ္ဘာပေါ်မှာ အကြီးမားဆုံး စာကြည့်တိုက်ကို ပိုင်ဆိုင်တာ” ဝမ်ဝေ့က အပြုံးဖြင့် ဖျောင်းဖျလိုက်သည်။

ဒီလိုရဲတင်းတဲ့စကားတွေ…

တုကွန်းက တွေးလိုက်၏။ သို့သော်လည်း သူမက ဝမ်ဝေ့သည် နောက်ခံအစီအစဉ် မရှိဘဲ လျှောက်ပြောသည့် လူစားမျိုးဟု မထင်ပေ။ သို့သော်လည်း သူမက ကမ္ဘာပေါ်တွင် အကောင်းဆုံး စာကြည့်တိုက်ကို ပိုင်ဆိုင်ထားသည့်သူ ရှိလိမ့်မည်ဟု ပြောနိုင်သည့်သူကို မစဉ်းစားမိပေ။

ကပ်ပါးများကြောင့် ပိတ်ဆို့ခံလိုက်ရသည့် အသင်္ချေမှတ်တမ်းဗိမာန်ကမူ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကျင့်ကြံရေးစနစ်များစွာ ကိုင်ဆောင်ထားလေသည်။ သို့သော်လည်း ထိုသို့သော စာကြည့်တိုက်မျိုးက ကမ္ဘာအပေါ်တွင် အကြီးဆုံး မဟုတ်သေးပေ။ သူတို့က ကျင့်ကြံရေးနည်းစနစ်များသာ ကိန်းအောင်းနေ၍ ဖြစ်၏။ ထိပ်တန်းမျိုးနွယ်ကမူ ထိုဗိမာန်ထက်ကြီးမားသည့် စာကြည့်တိုက်မျိုးကို ပိုင်ဆိုင်ထားကြသည်။

တုကွန်းက ခေါင်းယမ်းလိုက်၏။ သူမက ထပ်မတွေးနိုင်သည့်အတွက် တွေးနေ၍ အကျိုးမရှိတော့ပေ။ သူက ဝမ်ဝေ့၏ စကားများကိုသာ ယုံကြည်ထားလိုက်၏။

“အဲ့လိုဆိုရင် ဆုံးဖြတ်ပြီးသွားပြီ” ဝမ်ဝေ့က သူမအား စည်းတံဆိပ်တစ်ခုကို ပေးလိုက်သည်။ သို့သော်လည်း သူက သူ့အနာဂတ်ဇနီးလောင်း၏ တာအိုတွင်  ဗဟုသုတ လိုအပ်မှု ပါဝင်နေသည့်အတွက် သူမက ကမ္ဘာပေါ်တွင် အကောင်းဆုံးစာကြည့်တိုက် ပိုင်ဆိုင်ထားသည့်အချက်ကို သံသယမဖြစ်ပေ။

“အခုတော့ ဒီလောက်ပဲ” ဝမ်ဝေ့က အဖွဲ့အား ပြောလိုက်သည်။ သူတို့အနေဖြင့် တခြားလုပ်စရာမရှိတော့သည့်အတွက် အားလုံးကို ပြန်လွှတ်လိုက်၏။ သို့သော်လည်း သူက ဤအနိုင်ရရှိမှုအား ပြန်လည်တွေးကာ မိန်းမောမနေစေလိုပေ။ ထို့အပြင် ဤအနိုင်ရရှိမှုက တခြားတစ်ယောက်ကြောင့်သာ ဖြစ်၏။ သူက သူတို့အား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြုကာ သူတို့၏ စွမ်းအားကို တတ်နိုင်သမျှ မြန်မြန်တိုးမြင့်အောင် သတိပေးလိုက်သည်။

ဝမ်ဝေ့က အန္တိမသဟဇာတသည် မကြာခင် လှုပ်ရှားလာတော့မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး ကမ္ဘာတစ်ခုလုံးကို မုန်တိုင်းက လွှမ်းခြုံသွားလိမ့်မည်။ သူတို့၏ အဖွဲ့က အားကောင်းသော်လည်း ရောက်ရှိလာသည့် ဖရိုဖရဲအတွင်း အားလုံး၏ ဘေးကင်းမှုကို အာမခံပေးနိုင်လောက်အောင် အလှမ်းဝေးနေသေးသည်။ အားလုံး ထွက်ခွာသွားပြီးသည့်နောက်တွင် မုန့်ခယ်က နေရစ်လေ၏။

“အားလုံး အဆင်ပြေလား” ဝမ်ဝေ့က မေးလိုက်သည်။

“အင်း အဆင်ပြေပါတယ်။ ကျုပ်ဆီမှာ ခင်ဗျားရဲ့ အမြင်လိုချင်တဲ့ နည်းစနစ်တစ်ခု ရှိတယ်” မုန့်ခယ်က အဆောင်တစ်ခု ဖွဲ့စည်းကာ ဝမ်ဝေ့၏ လက်ထဲ ပေးလိုက်သည်။ ဝမ်ဝေ့က ဤသည်မှာ တားမြစ်တိုက်ခိုက်ရေးအဆင့် ဝင်ရောက်နိုင်သည့် နည်းစနစ်တစ်ခုဖြစ်ကြောင်း ပြောနိုင်လေ၏။ သူက မုန့်ခယ်သည် ကျားဖျင့်၏ ပါရမီအဆင့်ခွဲခြားမှုအပေါ် အနည်းငယ် အစွဲအလမ်းဖြစ်နေကြောင်း သဘောပေါက်ထားသည့်အတွက် ထိုအရာကို မျှော်လင့်နေမိသည်။

ဝမ်ဝေ့က ထိုအရာတစ်ခုလုံးကို ကြည့်ရှုလိုက်၏။ ထိုနည်းစနစ်က ရှေ့ပြေးပုံစံဖြစ်ပြီး ပြီးပြည့်စုံဖို့ရာ လိုအပ်နေသော်လည်း ယေဘုယျ ရည်ရွယ်ချက်နှင့် ပုံကြမ်းက ဖန်တီးပြီးသွားပြီဖြစ်သည်။

သို့သော်လည်း သူ ဖတ်ရှုပြီးသည့်နောက်တွင် သူ့ပထမဆုံးစကားက

“မင်းက ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေတာလား”

All Chapters