← Chapters

ပြီးပြည့်စုံသည့် တွဲဖက်

Vol. 93 Ch. 1296

ပြီးပြည့်စုံသည့် တွဲဖက်

Vol. 93 Ch. 1296

“ရှင့်ရဲ့ ပွင့်လင်းမှုကိုတော့ ချီးကျူးပါတယ်” ရှုကျင်းယောင်က ပြန်ဖြေလိုက်သည်။ သူမအဆင့်တွင် ရှိသည့် ကျင့်ကြံသူများက ကံကြမ္မာဖန်သည့် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ပြီး ကွဲပြားသည့်အမြင်မျိုး ရှိကြသည်။ တချို့ကမူ ထွေးပွေ့ကြပြီး တချို့ကမူ မထူးမခြားနားဖြစ်ကာ တခြားသူများကမူ ရွံရှာလေ့ ရှိသည်။ ရှုကျင်းယောင်က မထူးမခြားနားကဏ္ဍတွင် ပါရှိပြီး သူမက ဝမ်ဝေ့ကို မျှော်လင့်မိသည်မှာ သူမ၏ အခြေအနေနှင့် ပတ်သက်ပြီး ကူညီပေးနိုင်လောက်သည်ဟု ထင်မိ၍ ဖြစ်သည်။

ဝမ်ဝေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူ အကြောက်ဆုံးက သူမသည် ထိုအရာနှင့်ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ် လုပ်မည်ကို ဖြစ်၏။ သူက သူတို့ကြားမှ ကံဆက်နွယ်မှုကို စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ထိုအရာက ယခင်ကကဲ့သို့ မချိုးဖောက်နိုင်ခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။

ဒါက အပြီးတိုင် ချိုးဖောက်ဖို့ မလုံလောက်သေးတဲ့ပုံပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူက ထိုဆက်နွယ်မှုကို အပြီးတိုင် မဖြတ်တောက်ခင် ရှုကျင်းယောင်နှင့် ပတ်သက်နေဖို့ လိုအပ်နေသေး၏။

“အခု ရှင် ဒီရောက်လာပြီဆိုတော့ ကျွန်မ ကျေးဇူးတင်ရဦးမယ်” ရှုကျင်းယောင်က စကားခေါင်းစဉ်ကို လွဲကာ ပြောလိုက်သည်။

“ရှင်သာ ဝူယွီကို မတားဆီးပေးခဲ့ရင် ကျွန်မတော့ အတော်လေး ဒုက္ခရောက်သွားနိုင်တယ်”

“တကယ်လား။ မင်းက ငါ့အပြုအမူကို အနှောင့်အယှက်လို့ မြင်နေတယ်လို့ ထင်နေတာ”

“ပြောရရင်တော့ ရှင်က ကျွန်မအသက်ကို ကယ်ခဲ့တာပါ” ရှုကျင်းယောင်က ပြောလိုက်သည်။

“အဲဒါကတော့ ပိုသွားပါပြီ။ မင်းက ဒီလိုအရာမျိုး ဖြစ်ပျက်ခဲ့မယ်ဆိုတဲ့ အနေအထားအတွက် တစ်ခုခုပြင်ဆင်ပြီးသားဆိုတာ သိနေတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ကျွန်မ တကယ် ပြင်ဆင်ထားပါတယ်” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်၏။ သူမက ဝူဟုန်၏ အရှိန်အဝါကို သုံးကာ ရောက်ရှိလာသည့်သူကို သတိကြီးကြီးထားစေခဲ့သည်။ ထိုသို့သော အပြုအမူမျိုးက သူမအတွက် သွေးနဂါးကို သတ်ဖို့ အချိန်လုံလောက်ပေသည်။ သို့သော်လည်း ထိုအရာ အလုပ်မဖြစ်ပါက ရှုကျင်းယောင်သည် သူမ၏ အထွတ်အထိပ်ဟွင်သွမ်းရတနာဖြစ်သည့် နန်းဆောင်ကို အသုံးပြုဖို့ ပြင်ဆင်ထားလေ၏။ ထိုနေရာမှတဆင့်  အရင်းအမြစ်ချီနေရာလွတ်ထဲ ထွက်ပြေးရလိမ့်မည်။

“ဒါပေမဲ့ ရှင့်ရဲ့ တိုက်ပွဲကို မြင်ပြီးတဲ့နောက်မှာ ကျွန်မက စံပြတစ်ယောက်ရဲ့ စွမ်းအားကို ဘယ်လောက်တောင် လျှော့တွက်မိလဲဆိုတာကို သဘောပေါက်သွားမိတယ်” ရှုကျင်းယောင်က ထပ်ပြောလိုက်သည်။ သူမက သွေးနဂါးကို သတ်ပြီးသည့်နောက်တွင် သူတို့၏ တိုက်ပွဲကို လေ့လာအကဲခတ်ကြည့်ခဲ့သည်။ သူတို့၏ စွမ်းအားကြောင့် အတော်လေး အံ့အားသင့်သွားမိ၏။

ထိုသို့ဖြင့် သူမက နန်းဆောင်မှ  ထွက်လာပြီးသည့်နောက်တွင် စစ်ဆေးကြည့်ခဲ့သည်။ ထို့ကြောင့် ရှုကျင်းယောင်သည် ဝူယွီကို တိုက်ခိုက်ဖို့ မည်မျှခက်ခဲကြောင်း နားလည်လိုက်ရသည်။ အထူးသဖြင့် သူမက သွေးနဂါးကို သတ်ဖို့ ကြိုးစားရင်း အာရုံများနေသည့်အခါတွင် ဖြစ်၏။ သူမက ဝမ်ဝေ့သာ မရှိပါက နောက်ဆုံးသော ရလဒ်ကို မပြောနိုင်ပေ။ သို့သော် ကိစ္စများက သွေဖယ်သွားနိုင်ကြောင်း သိထားလေ၏။

“မင်းရဲ့ ကျေးဇူးတင်မှုကို လက်ခံတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“အခု ဒီဟာပြောနေရင်းနဲ့မှ သွေးနဂါးရဲ့ တာအိုအမှတ်အသားကို တွေ့ထားလားဆိုတာ မေးလို့ရမလား”

“တွေ့ထားပါတယ်။ ဒါနဲ့ ရှင်က ဘာလို့ မေးတာလဲ” ရှုကျင်းယောင်က ခေါင်းညိတ်ကာ မေးလိုက်သည်။

“တကယ်လို့ မင်းစိတ်ထဲ မထားဘူးဆိုရင် ငါတို့တွေ ဒါကို တတ်နိုင်သမျှဖြေရှင်းဖို့အတွက် လုပ်သင့်တယ်” ဝမ်ဝေ့က အကြံပြုလိုက်သည်။ သူက အမှတ်အသား၏ တည်ရှိမှုသည် အပြောင်းအလဲဖြစ်လာမည်ကို စိုးရိမ်နေလေသည်။ ထို့ကြောင့် အကောင်းဆုံးဖြေရှင်းနည်းက သူတို့အတူတွဲလုပ်ကာ ထိုအရာကို ရှင်းထုတ်ဖို့ရာ ဖြစ်၏။

ရှုကျင်းယောင်က ထိုအရာကို စဉ်းစားပြီးသည့်နောက်တွင် အမှတ်အသားကို ချက်ချင်းဖြေရှင်းလိုက်သည်က ပိုမိုကောင်းမွန်ကြောင်း ခံစားမိလိုက်သည်။ ကမ္ဘာပေါ်တွင် သူမ မလိုချင်ဆုံး နောက်ဆုံးအရာက ထိုငတုံးနဂါး ပြန်လည်အသက်ရှင်လာမည်ကို ဖြစ်၏။ သူမက လက်ကိုဝှေ့ပြီး မဟာတာအိုအရင်းအမြစ်ကို ဆင့်ခေါ်ကာ ဝမ်ဝေ့အား ထူးကဲသည့် သင်္ကေတတစ်ခုရှိသည့် စည်းပိတ်ထားသော နေရာတစ်ခုဆီ ခေါ်ဆောင်သွားခဲ့သည်။

“ရှင် ဘယ်လိုလုပ်ချင်လဲ” ရှုကျင်းယောင်က မေးလိုက်သည်။

“ငါက စံပြတစ်ယောက်ရဲ့ အမှတ်အသားတစ်ယောက်ကို ဖြေရှင်းဖို့ အတွေ့အကြုံ မရှိဘူး။ အဲဒီတော့ ငါတို့ စွမ်းအားကုန်သုံး တိုက်ပြီး  ကိစ္စတွေ ပြောင်းလဲလာသလိုမျိုး တုံ့ပြန်ကြတာပေါ့”

ဝမ်ဝေ့က အကြံပြုလိုက်သည်။

ရှုကျင်းယောင်က ထိုအကြံပြုချက်နှင့် ပတ်သက်ပြီး ဘာမှ မှားနေသည်ဟု မထင်ပေ။ ထို့ကြောင့် သူမက ချက်ချင်းဆိုသလို လှုပ်ရှားလိုက်၏။ ထို့နောက် သူတို့၏မျက်ဝန်း ဝန်းကျင်တွင် အနီရောင်လျှပ်စီးတချို့ ပေါ်ထွက်လာကာ သူတို့၏ အစစ်အမှန်ဆန္ဒကို အသက်သွင်းပြီး သင်္ကေတထဲ ထည့်သွင်းလိုက်ကြသည်။

သူတို့က ပြင်းထန်သည့် တွေ့ဆုံမှုနှင့် တွေ့ကြုံခဲ့ရ၏။ ထိုအမှတ်အသားက အသက်ဝင်နေသည့်အလား … အနည်းဆုံးတော့ အသိစိတ်တချို့ ကိန်းအောင်းနေဟန်ပေါ်သည်။ ထိုအရာက သူ့ကိုယ်သူ ကာကွယ်ဖို့ တိုက်ခိုက်လာလေ၏။ စံပြတာအိုအမှတ်အသားက ကောင်းကင်ဘုံအဆင့်နှင့် ကွဲပြားလှသည်။ အကြောင်းအရင်းကမူ အသိစိတ်တစ်ခုရှိနေ၍ ဖြစ်၏။ သူတို့မသေဆုံးခင် အမှတ်အသားများကို ပုန်းအောင်းဖို့ အမိန့်ပေးနိုင်သည့် ကောင်းကင်ဘုံအဆင့်နှင့် မတူဘဲ စံပြများ၏ အမှတ်အသားက အလိုအလျောက် တုံ့ပြန်လာမည်သာ ဖြစ်သည်။ သို့သော်လည်း ထိုသို့သော စွမ်းရည်မျိုးက အခြေခံအကျဆုံး စွမ်းရည်သာ ဖြစ်၏။

တာအိုအမှတ်အသားများက စံပြများသည် သူတို့၏ အသက်ရှင်နိုင်ချေကို မည်သို့သေချာစေလဲအပေါ် မူတည်နေသည်။ ထို့ကြောင့် သူတို့က ထိုအရာကို ကာကွယ်မည့် နည်းလမ်းများကို ဖန်တီးခဲ့ကြသည်။ ထို့ကြောင့် သူတို့ တာအိုအမှတ်အသား နည်းစနစ်များစွာ ရှိလေ၏။ ထိုအရာထဲတွင် ရန်သူကို မျှားခေါ်သွားဖို့ အတုအယောင် တာအိုအမှတ်အသားများ ဖန်တီးခြင်းလည်း ပါဝင်နေသည်။ ထို့အပြင် တိုက်ပွဲအလိုလိုသိစိတ်ရှိပြီး ပုန်းအောင်းနိုင်စွမ်းရှိသည့် အမှတ်အသားများ၊ အဆင့်နိမ့် တခြားတစ်ယောက်ကို ကပ်ငြိပြီး သူတို့ကိုယ်သူတို့ ပုန်းအောင်းနိုင်မည့် အမှတ်အသားစွမ်းရည်တို့လည်း ရှိကြသည်။

ရှုကျင်းယောင်က သွေးနဂါး၏ တာအိုအမှတ်အသားကို ရှိထားသည့်အတွက် ပြဿနာများစွာမှ ကယ်တင်ပြီးသားဖြစ်သွားလေသည်။ မဟုတ်ပါက သူတို့အနေဖြင့် အမှတ်အသားကို လိုက်လံရှာဖွေဖို့ အချိန်တစ်ခု ကြာမြင့်လိမ့်မည်။ ထိုသို့သော အရေးသာချက်ဖြင့်ပင် သူတို့နှစ်ဦးအနေဖြင့် ထိုအရာကို သုတ်သင်ရှင်းထုတ်ဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်နေလေ၏။

ဝမ်ဝေ့နှင့် ရှုကျင်းယောင်တို့၏ တိုက်ခိုက်မှုက သူတို့ထင်ထားသလိုမျိုး သက်ရောက်မှုမရှိပေ။ ထို့ကြောင့် သူတို့က အတူတကွတွဲ၍ လုပ်ဆောင်လိုက်သည်။

သူတို့က အစစ်အမှန်ဆန္ဒကို ထည့်သွင်းလိုက်သည်။ ထိုဖြစ်စဉ်က ချောမွေ့ပြီး သဘာဝမဆန်သလို ခံစားရစေသည်။ ကြည့်ရသည်မှာ သူတို့က ပြီးပြည့်စုံသည့် တွဲဖက်များသဖွယ် ဖြစ်နေလေ၏။ သူတို့၏ ချဉ်းကပ်မှုက မှန်ကန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သည်။ သူတို့၏ ပေါင်းစည်းထားသည့် စွမ်းအားက သိသာသည့် သက်ရောက်မှုမျိုး ရှိလာသော်လည်း စိတ်လှုပ်ရှားရလောက်အောင် အနေအထားတော့ မရောက်ပေ။

“နှေးလိုက်တာ” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲ့လိုတော့ ဖြစ်မှာ။ ကျွန်မတို့တွေ ယွမ်ခေတ်ကာလ ၁၂၀၀လောက်တော့ ကြာလောက်တယ်။” ရှုကျင်းယောင်က ပြောလိုက်သည်။

သူမက ထိုအမှတ်အသားကို ဖြေရှင်းဖို့ အနည်းဆုံး ဆယ်ဆလောက် ကုန်ဆုံးဖို့ ပြင်ဆင်ထားလေသည်။

ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။

“ယွမ်ခေတ်ကာလ ၁၂၀၀ဆိုတာက ဒီအမှတ်အသားကနေ အချိန် အမည်မသိအပြောင်းအလဲတွေဖြစ်လာဖို့ အချိန်လုံလောက်တယ်”

“ကျွန်မ အဲဒါကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တတ်နိုင်တဲ့အရာ မရှိဘူး။ အနည်းဆုံးတော့ အရင်းအမြစ်တိုက်စားရေးရေစင် ဒါမှမဟုတ် အိုမီဂါကံကြမ္မာ။ မီးတောက်လိုမျိုးအရာတွေကို ရှာမတွေ့သရွေ့ပေါ့” ရှုကျင်းယောင်က ကြည့်ကာ ပြောလိုက်သည်။

“သွေးနဂါးရဲ့ ရတနာသိုက်ထဲမှာ အဲ့လိုအရာတွေ မတွေ့ခဲ့ဘူးလား”

“မတွေ့ဘူး။ အဲ့လိုအရာတွေရှိတယ်ဆိုရင်တောင် သူ့အသက်ကို နှမြောတာနဲ့ အဲဒီအရာတွေကို သိမ်းထားမယ် မထင်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

အရင်းအမြစ်တိုက်စားရေးရေစင် တစ်စက်က အဆင့်နိမ့်စံပြတာအိုတစ်ယောက်၏ အမှတ်အသားကို ချက်ချင်း ပယ်ဖျက်နိုင်သည်။ ထိုစဉ် အိုမီဂါကံကြမ္မာမီးတောက်ကမူ တာအိုအမှတ်အသားကို တိုက်ရိုက်လောင်ကျွမ်းနိုင်ပြီး ထိပ်တန်းစံပြနှင့် အဆုံးစွန်မဲ့ စံပြများ၏ အမှတ်အသားအား ရှင်းထုတ်နိုင်မည့် အရှိန်ကို မြှင့်တင်ပေးနိုင်သည်။

“ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် အခု အာရုံစိုက်ပြီးတော့ ဒီအချိန်အတွင်းမှာ စကားစမြည် ပြောကြတာပေါ့” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်သည်။

ဝမ်ဝေ့က သူမနှင့် သဘောမတူသော်လည်း ဘာမှမပြောလိုက်ပေ။ ထိုအစား သူက မုန့်ခယ်ဆီမှ ကိုယ်ယူထားသည့် နည်းစနစ်တစ်ခုကို အသုံးပြုဖို့ ကံကြမ္မာမြစ်ကြောင်းကို ဆင့်ခေါ်လိုက်သည်။ နောက်ထပ် စိတ်ဆန္ဒတစ်ခုကို ပေါင်းစည်းလိုက်ခြင်းက သူတို့၏ အရှိန်ကို သိသိသာသာ တိုးမြှင့်ပေးမည် ဖြစ်သည်။

 ရှုကျင်းယောင်က အံ့အားသင့်သွားလေ၏။

ဝမ်ဝေ့ကမူ ထိုအမြန်နှုန်းနှင့် ပတ်သက်ပြီး မကျေနပ်သေးသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။

ရှုကျင်းယောင်က သူတို့၏ အစစ်အမှန်ဆန္ဒ၏ အပြောင်းအလဲကို ခံစားမိလိုက်ပြီး သူမမျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ မျက်လုံးအသာမှိတ်လိုက်သည်။ စက္ကန့်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူမဝန်းကျင်တွင် စည်းမျဉ်းသံကြိုးမြောက်များစွာ ထွက်ပေါ်လာပြီး ကွဲပြားသည့် မဟာတာအိုအရင်းအမြစ် အရှိန်အဝါတို့ ထွက်ပေါ်လာလေသည်။ ထို့နောက် ထိုသံကြိုးများဆီမှ ကွဲပြားသည့် တာအိုဆန္ဒမြောက်များစွာ ထွက်ပေါ်လာပြီးသည့်နောက်တွင် အစစ်အမှန်စိတ်ဆန္ဒဖြင့် မပေါင်းစည်းခင် တစ်သားတည်း စုစည်းသွားခဲ့သည်။

အဲဒါဆိုတော့ သူမက လူတစ်ယောက်ရဲ့ တာအိုကို ကူးယူနိုင်ရုံတင် မကဘဲနဲ့ သူတို့ရဲ့ တာအိုစည်းချက်ကိုတောင် ကူးယူနိုင်တာပဲ။ ငါ့နည်းစနစ်က သူမကို လှုံ့ဆော်ပေးခဲ့တာ နေမယ်။ သူမက တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ…

ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားပြီး တွေးလိုက်မိသည်။ သူက ရှုကျင်းယောင်၏ အရန်တာအိုဆန္ဒသည် အားနည်းကာ ပုံရိပ်ယောင်မျှသာ ဖြစ်သည့်အတွက် သူမ၏ နည်းစနစ်သည် မပြီးပြည့်စုံသေးကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း သူ နေရာမှာတင် ဖန်တီးသည့်အတွက် နားလည်၍ ရပေသည်။

ဝမ်ဝေ့က တည်ငြိမ်သွားပြီးသည့်နောက်တွင် လက်ရှိကိစ္စကိုသာ အာရုံစိုက်ထားလိုက်၏။

အခု ယွမ်ခေတ်ကာလ ၅၅၀ထိ နည်းသွားပြီ။ ဒါပေမဲ့ မကျေနပ်သေးဘူး…

ဝမ်ဝေ့က တစ်ယွမ်ခေတ်ကာလအောက် လျှော့ချဖို့ ပြင်ဆင်ထားလေသည်။ ထို့နောက် သူက သွေးနဂါးနန်းဆောင်ဆီ သတင်းစကားပို့ဆောင်လိုက်၏။

“မုန့်ခယ်၊ တုကွန်း၊ ကျားဖျင့်နှင့် မီးတောက်ပန်းပဲဆရာ ခင်ဗျားတို့ရဲ့ စိတ်ဆန္ဒကို ငှားဦး။ တခြားသူတွေအားလုံးက တာအိုဆန္ဒအသုံးအဆောင် ပစ္စည်းရှိတယ်ဆိုရင်လည်း သုံးလို့ရတယ်”

သူ့အဖွဲ့က စိတ်ရှုပ်ထွေးသွားကြသော်လည်း သူတို့က မေးခွန်းများစွာ မရှိဘဲ တာအိုဆန္ဒ၊ စိတ်ဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းတို့ကို အသုံးပြုကာ ဝမ်ဝေ့နှင့် သူတို့ကြားမှရှိသည့် ကံကြမ္မာကြိုးမျှင်မှတဆင့် ပို့ဆောင်လိုက်ကြသည်။ ထိုသူများ၏ ပူးပေါင်းမှုကြောင်း သုတ်သင်ရေးဖြစ်စဉ်က အရှိန်မြှင့်တင်သွားခဲ့သည်။

ဝမ်ဝေ့က အရှိန်တိုးပွားလာသည်ကို မြင်သည့်အခါ အကြည့်များ တောက်ပလာလေ၏။ ယခုအခါ ယွမ်ခေတ်ကာလ ၁၂၀ အထိ လျော့ကျသွားလေသည်။ ထို့ကြောင့် သူက တခြားဘယ်သူ့ဆီ အကူအညီတောင်းခံနိုင်လဲဟု စဉ်းစားနေလေ၏။

သို့သော်လည်း ရှုကျင်းယောင်က သူ့စိုးရိမ်မှုကို လျှော့ချပေးခဲ့သည်။ သူမက သူ့ထက် ထာဝရကောင်းကင်ဘုံအဆင့်နှင့် ထာဝရဧကရာဇ်များစွာကို သိထားသည့်အတွက် သူမက သူ့နည်းလမ်းကို ကူးယူခဲ့စဉ် လေဟာနယ်ထဲမှ စိတ်ဆန္ဒရာချီ ရောက်ရှိလာလေသည်။ သိပ်မကြာခင် သူတို့က ကန့်သတ်ချက် ရောက်ရှိသွားပြီး လူများစွာက အစစ်အမှန်ဆန္ဒ ပြိုလဲသွားကြသည်။

အချိန်ကုန်လွန်သွားလာသည်နှင့်အမျှ နှစ်ယောက်သားက အမှတ်အသား မရှင်းထုတ်ခင် နှစ်သုံးသန်းလောက်မျှသာ ကျန်ရှိတော့သည်။ သူတို့နှစ်ဦးက ယွမ်ခေတ်ကာလ ငါးသိန်းလောက် စောစောပြီးနိုင်သော်လည်း ဝမ်ဝေ့က အပြင်ဘက်မှ ရုတ်ချည်းဆိုသလို အပြောင်းအလဲကြောင့် အနည်းငယ် အာရုံများသွားခဲ့သည်။

ထိုအမှတ်အသား ပျောက်ကွယ်သွားတဲ့အခါမှာ မိုးမြေကြား၌ အမြင်ရုပ်လွှာဟူ၍ ထွက်ပေါ်မလာပေ။ သို့သော်လည်း ကမ္ဘာကြီးထံ အပြောင်းအလဲတချို့ ဖြစ်ပေါ်လာပြီး အနေအထားတစ်ခု ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများကမူ သတိထားမိခဲ့ကြသည်။ တွက်ချက်မှုအနည်းငယ်အပြီးတွင် လူတချို့က သွေးနဂါးသည် အပြီးတိုင် ကျရှုံးသွားကြောင်း သဘောပေါက်သွားကြသည်။

ကျင့်ကြံသူများစွာက ထိုအမှန်တရားကို သဘောပေါက်သွားကြပြီး လောကဓံအကြောင်း ညည်းတွားလိုက်ကြသည်။ သေမျိုးများက မသေမျိုးဘဝ၌ လျှောက်လှမ်းနေကြပြီး မသေမျိုးများက ထာဝရလမ်းစဉ်နောက် လိုက်ကြသည်။ သို့သော်လည်း အဆုံးစွန်မဲ့စံပြများကဲ့သို့ မြင့်မြတ်သည့် သက်ရှိများကပင် အစစ်အမှန် ထာဝရတည်ရှိမှုကို မရရှိနိုင်ပေ။ ထို့ကြောင့် သူတို့တွင် မည်သည့်အခွင့်အရေးမျိုးများ ရှိနေမည်နည်း။

All Chapters