← Chapters

စစ်တုရင်ကစားပွဲ

Vol. 93 Ch. 1298

စစ်တုရင်ကစားပွဲ

Vol. 93 Ch. 1298

ဖူစစ်က အိမ်ကို အပြုံးဖြင့် ပြန်လည်ရောက်ရှိလာပြီး သူ့နည်းစနစ်အသစ်အား မျိုးနွယ်ထဲတွင် ရှိသည့် လူအားလုံးဖြင့် မျှဝေဖို့ရာ မစောင့်နိုင်တော့ပေ။ ယခုမှစ၍ သူ့အပေါင်းအပါ လူသားများကလည်း အမဲလိုက်ရင်း သေဆုံးမည့် အကြောင်းကို စိုးရိမ်နေစရာမလိုတော့ပေ။ သူတို့က ဤကုန်းမြေကို အုပ်စိုးနိုင်ပြီ ဖြစ်၏။

သူ ကံဆိုးသွားသည်က လက်တွေ့သည် သူ့ကို ထိနှက်ချက် ပြင်းပြင်းပေးလာခဲ့သည်။ ရှန်က ထိုနည်းလမ်းအား မျိုးနွယ်တွင် ရှိသည့်သူအားလုံးနှင့်  မျှဝေမည့်အကြောင်းကို သဘောမတူပေ။ သူက နှုတ်ရေးကောင်းကောင်းဖြင့် ဖူစစ်အား အားလုံးထံ ထိုစွမ်းအား ရှိလာသည့်အခါ ဖြစ်လာမည့် ဆိုးကျိုးကို ရှင်းပြခဲ့သည်။ ထို့အပြင် တခြားသော အကြီးအကဲများကလည်း သူနှင့် သဘောတူသည့်အတွက် ဖူစစ်အနေဖြင့် သူ့အကြံကို ပယ်ဖျက်လိုက်ရသည်။

နောက်ဆုံးတွင် လူသားအကြီးအကဲအဖွဲ့အစည်းက ထိုနည်းလမ်းသည် မျိုးနွယ်တစ်ခုချင်းစီ၏ အဖွဲ့ဝင်ဖြင့်သာ မျှဝေသင့်ကြောင်း သဘောတူလိုက်ကြသည်။ ထိုအရာတွင် မည်သူ့ထံ လက်ဆင့်ကမ်းရမည်ကို တင်းကြပ်သည့် စည်းမျဉ်းများ ရှိနေလိမ့်မည်။ ထို့ကြောင့် ယခုမှစ၍ လူသားမျိုးနွယ်တွင်း အဆင့်အတန်းမြင့်သည် စစ်သည်တော် လူမှုအဖွဲ့အစည်းတစ်ခုက ပေါ်ပေါက်လာလေ၏။

ဖူစစ်က ဒေါသထွက်နေသော်လည်း သူ တတ်နိုင်သည့်အရာဟူ၍ မရှိပေ။ လူသားမျိုးနွယ်က သူ့တစ်ယောက်တည်း အပိုင် မဟုတ်ပေ။ ထို့ကြောင့် သူ့အနေဖြင့် ဒေါသထွက်မှုများကို ထိုနည်းလမ်းအပေါ်သာ ပြောင်းလိုက်ရသည်။ သူက ထိုအရာကို ပြီးပြည့်စုံဖို့ ကြိုးစားပြီး စွမ်းအားကို ပိုမိုရယူဖို့နည်းလမ်းကို ရှာတွေ့ခဲ့သည်။

ရှုကျင်းယောင်က လူသားမျိုးနွယ်၏ အပြောင်းအလဲများကို တည်ငြိမ်စွာ ကြည့်နေလေ၏။

အဲဒါဆိုတော့ သူက သိုင်းပညာလမ်းစဉ်ကို ရွေးချယ်ခဲ့တာလား။ ဒီစနစ်ရဲ့ စွယ်စုံသုံးလို့ရတဲ့ အနေအထားအပေါ် မူတည်ပြီးတော့ အဓိပ္ပာယ်တော့ရှိသားပဲ…

သိုင်းပညာရပ်က ကောင်းကင်အသင်္ချေကမ္ဘာအားလုံးတစ်လျှောက် လူသားမျိုးနွယ်၏ နာမည်ကျော်ကြားဆုံး စနစ်တစ်ခု ဖြစ်လေသည်။ ဟွင်သွမ်းကမ္ဘာအများစု၌ လူသားမျိုးနွယ်၏ မြင့်တက်လာမှုက သိုင်းပညာဖြင့် အစပြုလေ့ရှိသည်။ သူတို့က အားကောင်းသည့် သက်ရှိများနှင့် သားရဲများကို အတုခိုးပြီး သူတို့၏ ပင်ကိုအားနည်းချက်ကို ရှင်းထုတ်ခဲ့ကြသည်။

ရှုကျင်းယောင်က သူမ၏ မျိုးနွယ်ကို အာရုံစိုက်ထားလိုက်၏။ သူမ၏ အလှည့်တွင် သူမက ကမ္ဘာ၏ အနေအထားကို ပြောင်းလဲပြီး သတ္တုများနှင့် ဆေးပင်မြောက်များစွာကို မွေးဖွားပေးခဲ့သည်။ ထိုဖန်တီးမှုအသစ်ကြားတွင် အသွင်ပြောင်းရေး မီးတောက်ကြာပွင့် ပါရှိလေ၏။ ထိုအရာက ပင်ကိုသက်ရှိများ၏ မွေးဖွားမှုကို အရှိန် မြှင့်တင်ပေးနိုင်သည်။

ဝမ်ဝေ့က ထိုအပြုအမူကြောင့် အံ့အားသင့်ခြင်း မရှိပေ။ ဤသည်က လူများသည် အစကတည်းက အားကောင်းသည့် မျိုးနွယ်ကို ရွေးချယ်သည့်အခါ အသုံးပြုလေ့ရှိသည့် လုပ်ဆောင်မှုတစ်ခု ဖြစ်၏။ ရှုကျင်းယောင်၏ အပြုအမူက အတော်လေး ကောင်းမွန်လှသည်။ အကြောင်းအရင်းကမူ သူမသည် စောစီးစွာ မွေးဖွားဖို့ ဖိအားပေးမည့်အစား သူမ မျိုးနွယ်၏ မွေးဖွားမှုအတွက် ကြိုတင်ပြင်ဆင်ထားလေသည်။

သူက သူ့လူသားများကို အာရုံစိုက်လိုက်၏။

လူသားမျိုးနွယ်က ဟွင်သွမ်းစကြဝဠာအတွင်း လက်ရှိတွင် အားအကောင်းဆုံးမျိုးနွယ်တစ်ခု ဖြစ်လေသည်။

သို့သော် အကြောင်းအရင်းကရော…

သူတို့သည် မျိုးနွယ်အားလုံးအနက် အမြင့်မားဆုံး နားလည်နိုင်စွမ်းဖြင့် မွေးဖွားလာသည့်သက်ရှိများ ဖြစ်နေ၍လား။

ဤသည်က တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်၏။ နောက်ထပ် အဓိကအကြောင်းအရင်းတစ်ခုကမူ လူသား၏ စိတ်ဓာတ် ဖြစ်ပေသည်။ လူသားများက သူတို့သည် သဘာဝကို လွှမ်းမိုးနိုင်သည်ဟု ယုံကြည်ကြပြီး မည်သည့်အခြေအနေတွင်ဖြစ်စေကာမူ လူသားများသည် တိုက်ခိုက်ကာ မြင့်တက်လာကြလိမ့်မည်။ သူတို့သည် စိတ်ဓာတ်ကျမှုအတွင်း သူတို့ကိုယ်သူတို့ ပြောင်းလဲပြီး သူတို့မျိုးနွယ်အား ကပ်ဘေးများနှင့် အတားအဆီးမျိုးစုံကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။

ဝမ်ဝေ့က လူသားမျိုးနွယ်၏ မြင့်တက်လာမှုကို အာမခံပေးနိုင်မည့် အစီအစဉ်တစ်ခု ရှိထားပြီသား ဖြစ်။ ထို့ကြောင့် သူက အဘယ်ကြောင့် အသုံးမပြုဘဲ နေရမည်နည်း။

ဤစစ်တုရင် ကမ္ဘာထဲတွင် တိရစ္ဆာန်များထဲမှ တစ်ကောင်က ရုတ်ချည်းဆိုသလို ဉာဏ်အလင်းပွင့်ကာ အသိဉာဏ် ရရှိလာသည်။ ထိုအရာက မိုးမြေကြားမှ ဝိညာဉ်ချီကို စုပ်ယူပြီး စွမ်အားကို တိုးမြှင့်ခဲ့၏။

ထိုသက်ရှိက ယခင်က ကျားတစ်ကောင်ဖြစ်ပြီး ယခုတစ်ခါ နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့သည်။ ကျားက ထိုအရာကို နတ်ဆိုးမျိုးနွယ်ဟု ခေါ်ဆိုပြီး တခြားတိရစ္ဆာန်များကို စုစည်းကာ ဉာဏ်အလင်းဖွင့်ပေးပြီး သူတို့ကို အုပ်စိုးခဲ့သည်။ ရုတ်ချည်းဆိုသလို လူသားမျိုးနွယ်က နောက်ထပ် ယှဉ်ပြိုင်သူတစ်ဦး ရှိလာခဲ့၏။

သွေးနှင့် စစ်ပွဲကို သုံးပြီး လူသားမျိုးနွယ်ကို လေ့ကျင့်ပေးတာလား။ ဒီချဉ်းကပ်မှုက ရက်စက်ပေမဲ့ သက်ရောက်မှုရှိတယ်…

ရှုကျင်းယောင်က တွေးလိုက်သည်။ ခေတ္တမျှကြာမြင့်ပြီသည့်နောက်တွင် သူမက လူသားမျိုးနွယ်၏ နေရာထံ ဖန်ကို ပို့ဆောင်ကာ ရှင်းထုတ်ပစ်ရမည့် အစီအစဉ်ကို တွေးလိုက်မိသည်။ သို့သော်လည်း ရှုကျင်းယောင်က ဤသည်က ဉာဏ်မရှိသည့် အပြုအမူဖြစ်ကြောင်း ပြောနိုင်လေ၏။ အကြောင်းအရင်းကမူ ဖန်၏ လက်ရှိအင်အားဖြင့် သူ့ဦးတည်ရာကို ရောက်ရှိဖို့ အနည်းဆုံး နှစ်တစ်သောင်းမျှ ကြာမြင့်လိမ့်မည်။ ထိုစဉ် လူသားမျိုးနွယ်က မည်မျှအားကောင်းနေမည်ကို မည်သူကများ သိမည်နည်း။

ထိုအစား ရှုကျင်းယောင်က ဖန်ကို သူ မွေးဖွားသည့်နေရာမှ  ထွက်လာပြီး ကမ္ဘာသစ်ကို စူးစမ်းဖို့ လွှမ်းမိုးခဲ့သည်။ သူမက သူ့ကံကောင်းမှုကို အသက်သွင်းလိုက်၏။ ထင်ထားသည့်အတိုင်း ပထမဦးဆုံး မကောင်းဆိုးဝါးနတ်ဘုရားက ရှားပါးသည့် ဝိညာဉ်ဆေးပင်မြောက်များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ အထူးသဖြင့် အသွင်ပြောင်းရေးကြာပွင့် ဖြစ်၏။

ထိုစဉ် လူသားမျိုးနွယ်က ဆက်တိုက် ဖွံ့ဖြိုးနေသည်။ ဖူစစ်က လေ့ကျင့်ရေးနည်းလမ်းကို ဆက်တိုက်ပြုပြင်ပြောင်းလဲပြီး မီးတောက်ထိန်းချုပ်ရေးနှင့် ကောင်းကင်ထဲ ပျံသန်းနိုင်ရေးတို့ အံ့ဖွယ်စွမ်းအင်ရှိသည့် စစ်သည်တော်များကို မွေးဖွားပေးခဲ့သည်။ သို့သော်လည်း လူသားမျိုးနွယ်ထဲတွင် ရန်သူမရှိသည့်အချက်ကြောင့် အတွင်းရေးပဋိပက္ခပြဿနာများ ဖြစ်ပေါ်လာသည်။ အဓိကအကြောင်းအရင်းကမူ စစ်သည်တော်များနှင့် သာမန်လူသားကြား မညီမျှမှုကြောင့် ဖြစ်၏။ အထူးသဖြင့် လေ့ကျင့်ရေးနည်းလမ်းများကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသည့်အခါတွင် ဖြစ်သည်။

ရှန်က ထိုအခြေနေကို ဖြေရှင်းဖို့ ခွဲထုတ်ရေးနှင့် ချဲ့ထွင်ရေးအစီအစဉ်ကို စဉ်းစားလိုက်မိသည်။ စစ်သည်တော်များက လူသားမျိုးနွယ်၏ အထက်တန်းလွှာ ဖြစ်သွားလေသည်။ သာမန်လူများကမူ အလယ်ပိုင်းတွင် နေထိုင်ကြ၏။ ရှေ့ဆောင်သူများကမူ အပြင်ပိုင်းတွင် နေထိုင်ကြလေသည်။

 ရှေ့ဆောင်သူများ၏ အလုပ်က လူသားမျိုးနွယ်၏ အပြင်ဘက်တွင် ရှိသည့်နေရာများကို စူးစမ်းရှာဖွေပြီး မျိုးနွယ်အသစ်များကို ဖန်တီးဖို့ ဖြစ်၏။ ရှေ့ဆောင်သူများကို အခြေခံကျသည့် လေ့ကျင့်ရေး နည်းစနစ်များကို ပေးထားလေသည်။ လုံလောက်သည့် အောင်မြင်မှုမျိုးရှိပါက သူတို့သည်  တကယ့်အစစ်အမှန် လေ့ကျင့်ရေး နည်းလမ်းကို ရရှိမည်ဖြစ်ကာ အထက်တန်းလွှာ ဖြစ်လာနိုင်သည်။

ရှုကျင်းယောင်က လူသားအခြေအနေကို ကြည့်လိုက်၏။ သူမက ရှေ့ဆောင်သူစနစ်၏ ဟာကွက်ကို ချက်ချင်း မြင်လိုက်ရသည်။ ရှေ့ဆောင်သူတစ်ယောက်က လိုလားသည့် အောင်မြင်မှုမျိုးကို ရရှိပြီး လေ့ကျင့်ရေးနည်းလမ်းကို ရရှိကာ အထက်တန်းလွှာ ဖြစ်လာဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ ရှေ့ဆောင်သူအများစုက ထိုနေ့ရက်ကို မြင်တွေ့နိုင်ဖို့လောက် ကြာကြာ အသက်မရှည်ကြပေ။ ထို့ကြောင့် သူတို့၏ မျိုးဆက်များကို သူတို့၏ ဆန္ဒဖြည့်စည်းဖို့ မှီခိုထားကြ၏။

ပုံမှန်အားဖြင့် ထိုသို့သော ဟာကွက်ရှိသည့် စနစ်မျိုးကို ရှင်းထုတ်နိုင်သည်။ သူမက လူသားမျိုးနွယ်မှ တစ်စုံတစ်ယောက်ကို မြင့်တက်လာပြီး အတွင်းရေးပဋိပက္ခ ဖြစ်လာဖို့ တိတ်တဆိတ် လွှမ်းမိုးနိုင်၏။ သို့သော်လည်း သူမက ဝမ်ဝေ့သည် ထိုဟာကွက်ကို ပြုပြင်ဖို့ ပြင်ဆင်ပြီးသားကို မြင်လိုက်ရသည်။

သူက နည်းလမ်းတကျနဲ့ ခြေလှမ်းရာချီ ကြိုတွေးနိုင်တာပဲ…

ရှုကျင်းယောင်က သုံးသပ်လိုက်သည်။

ငါ မကောင်းဆိုးဝါးနတ်ဘုရားကို ငါ့ရဲ့ မျိုးနွယ်အဖြစ် ရွေးချယ်လိုက်ကတည်းက သူက စည်းမျဉ်းတွေကို သုံးသပ်ပြီးတော့ ငါ့အပေါ်မှာ အတားအဆီးတွေ ထားရှိခဲ့တယ်။ ငါက ဒီကစားပွဲကို သေချာအလေးအနက် မှတ်ယူရမယ်…

သူမက အနိုင်ရရှိသူ ဖြစ်လာမည့် အခွင့်အရေးသည် သိပ်မကောင်းကြောင်း နားလည်သွားသည်။ သို့သော်လည်း သူမက အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။ ပြောရလျှင် ကစားပွဲက ယခုမှ စတင်ကာစဖြစ်၏။ သူမသည် စမှတ် ဆိုးရွားနေသော်လည်း ပြီးဆုံးသည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။

ထိုစဉ် ထိုချဲ့ထွင်ရေးအတွင်း လူသားမျိုးနွယ်ကမူ နတ်ဆိုးခေတ်ကာလသို့ ရောက်ရှိနေပြီ ဖြစ်၏။ ထင်ထားသည့်အတိုင်း ထိုမျိုးနွယ်ဆိုးနှစ်ခုကြား စစ်ပွဲတစ်ခု ဖြစ်တည်လာသည်။

လူသားမျိုးနွယ်က  နတ်ဆိုးမျိုးနွယ်အုပ်ကြောင့် လွှမ်းမိုးခံလိုက်ရသည်။ အခြေအနေက အတော်လေး ဆိုးရွားလာလေ၏။ အကြောင်းအရင်းကမူ နတ်ဆိုးမျိုးနွယ်က လူသားများကို စားသုံးခြင်းသည် သူတို့ဝိညာဉ်နှင့် အသိဉာဏ်ကို တိုးမြှင့်ပေးနိုင်ကြောင်း ရှာဖွေတွေ့ရှိသွား၍ ဖြစ်သည်။ တစ်လခန့်အတွင်း နတ်ဆိုးမျိုးနွယ်က ရှေ့ဆောင်သူများ ဖန်တီးထားသည့် နယ်မြေအများစုကို သိမ်းပိုက်ပြီး သတ်ဖြတ်ကာ ဖမ်းဆီးခဲ့သည်။

အလယ်ပိုင်းတွင်ရှိသည့် အထက်တန်းလွှာများက စစ်ပွဲအကြောင်း ဆွေးနွေးဖို့ စုစည်းနေလျက် ရှိ၏။ သိပ်မကြာခင် သူတို့က ရင်ဆိုင်ရမည့် အကြောက်တရားကို သဘောပေါက်သွားကြသည်။ နတ်ဆိုးမျိုးနွယ်က သူတို့ထက် သာလွန်နေမှုရှိ၏။ ပထမဦးစွာ အရေအတွက်အားဖြင့် အရေးသာချက် ရှိနေသည်။ လူသားများနှင့် ယှဉ်ပါက တိရစ္ဆာန်အမြောက်အများ ဖြစ်နေလေ၏။ တိရစ္ဆာန်အများစုက လပိုင်းမှ နှစ်ပိုင်းအတွင်း အရွယ်ရောက်လာနိုင်ကြစဉ် လူသားများကမူ ၁၅နှစ်မှ ၁၈ နှစ်အထိ စောင့်ဆိုင်းရလေသည်။

ဒုတိယအနေဖြင့် လူသားမျိုးနွယ်များက သူတို့၏ ကိုယ်ပိုင်မျိုးနွယ်၏ အရေးသာချက် ရှိ၏။ သူတို့က လူသားများလောက် အသိဉာဏ်ရှိခြင်း မရှိသောကြောင့် သူတို့၏ နားလည်နိုင်စွမ်းက နိမ့်ကျနေသည်။ သို့သော်လည်း သူတို့က အားကောင်းသည့် ခန္ဓာ ရှိထားကြလေသည်။ အထူးသဖြင့် သူတို့က ဝိညာဉ်ချီဖြင့် အားဖြည့်ခံရပြီးသည့်နောက်တွင် သူတို့က လူသားများထက် စွမ်းအင်များထက် ပိုမိုခံစားနိုင်ကြသည့်အတွက် ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းဖို့ ပိုမိုလွယ်ကူနေစေသည်။

တတိယနှင့် အရေးကြီးဆုံး ကဏ္ဍကမူ သူတို့၏ ဧကရာဇ်မှ ရက်ရောမှု ဖြစ်၏။ နတ်ဆိုးဧကရာဇ်က သူ၏ ချီစုပ်ယူရေးနည်းလမ်းကို သူ့မျိုးနွယ်ထံ ဝေပေးဖို့ ထိန်ချန်ထားမှုမျိုး မရှိပေ။ သူက သူ့အထွတ်အထိပ်ကို ထိန်းသိမ်းထားနိုင်ဖို့ နောက်ခံအစီအစဉ်တစ်ခု ရှိသော်လည်း လူသားမျိုးနွယ်ထက်တော့ ပိုမိုရက်ရောလေသည်။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်က လူသားစစ်သည်တော် ပမာဏထက် ကျော်လွန်နေလေသည်။

ဤသို့သော အနေအထားမျိုးက လူသားမျိုးနွယ်၏ တိုက်တန်နှစ်ယောက်ဖြစ်သည့် ရှန်နှင့် ဖူစစ်ကြားမှ ပဋိပက္ခကို ဖြစ်စေသည်။ နောက်တစ်ယောက်ကမူ ထိုသူသည် လွန်ခဲ့သည့်နှစ်ရာပိုင်းခန့်က လေ့ကျင့်ရေးနည်းလမ်းကို ဖွင့်ပေးမည့် ကိစ္စကို တားဆီးခဲ့သည့်အတွက် ဒေါသထွက်နေလေ၏။ မဟုတ်ပါက လူသားမျိုးနွယ်သည် ဤသို့သော အနေအထားမျိုး ရောက်ရှိလာမည် မဟုတ်ပေ။

ရှန်ကလည်း သူ ဘာမှ အမှားမလုပ်ခဲ့ကြောင်း သေချာလေသည်။ အကယ်၍ ဤနည်းလမ်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်မထားပါက လူသားမျိုးနွယ်သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြမည့် အနေအထားသို့ ရောက်ရှိသွားလိမ့်မည်။ သို့သော်လည်း ဤသည်က အတွင်းရေးပဋိပက္ခ ဖြစ်နေရမည့်အချိန် မဟုတ်ကြောင်း သိနေလေ၏။ ထို့ကြောင့် သူက အမှားကို လက်ခံကာ ဖူစစ်အား လက်ရှိအနေအထားကို အာရုံစိုက်ဖို့ တောင်းဆိုခဲ့သည်။

နှစ်ယောက်သားက ဤကပ်ဘေး၌ ရှင်သန်ဖို့ အပြောင်းအလဲကြီးတစ်ခု လိုအပ်ကြောင်း သဘောတူကြ၏။ ပထမဦးစွာ လေ့ကျင့်ရေးနည်းလမ်းကို သူတို့ရှေ့ဆောင်သူများထံ ပေးအပ်လာမည်ဖြစ်ကာ သူတို့က အလယ်ပိုင်းနေရာတွင် ရှိသည့် ပါရမီထူးကဲသူများကို ရွေးချယ်လေ့ကျင့်ပေးနိုင်သည်။ ထိုသို့သော ဗျူဟာက ရှေ့ဆောင်သူများအတွက် လျော်ကြေးတစ်ခုအသွင် ဖြစ်သော်လည်း အလယ်ပိုင်းကဏ္ဍတွင် ရှိသူများအတွက်မူ ရှေ့ဆောင်သူဖြစ်လာပြီး စစ်ပွဲတွင် ဝင်ရောက်ဆင်နွှဲဖို့ လှုံ့ဆော်မှုတစ်ခုလည်း ဖြစ်ပေသည်။

ဒုတိယအပြောင်းအလဲကမူ အထက်တန်းလွှာ ၉၀ရာခိုင်နှုန်းကို ရှေ့တန်းပို့ဖို့ရာ ဖြစ်၏။

သူတို့အတွက် ကံဆိုးသွားသည်က သူတို့၏ ဆုံးဖြတ်ချက်သည် ခုခံမှုကို ဖြစ်ပေါ်လာစေခဲ့သည်။ အထက်တန်းလွှာများက လေ့ကျင့်ရေးနည်းလမ်း မျှဝေပေးသည်က အဆင်ပြေသော်လည်း သူတို့က အကောင်းဆုံးလေ့ကျင့်ရေး နည်းလမ်းများကိုမူ သူတို့အတွက်သူတို့ ထိန်းသိမ်းထားသင့်သည်ဟု ငြင်းခုန်ကြသည်။ သူတို့က အလယ်ပိုင်းနေရာတွင် ရှိသည့်သူများကို လေ့ကျင့်ပေးဖို့အတွေးကိုပင် သဘောမတူကြပေ။ အကယ်၍ ထိုသူများသာ စွမ်းအားလိုချင်ပါက ရှေ့တန်းကိုသာ သွားနိုင်လေ၏။

စစ်ပွဲတွင် ပါဝင်ဆင်နွှဲရမည့်အတွက်ကိုမူ သူတို့က ငြင်းဆန်ကြလေသည်။ သူတို့က အထက်တန်းလွှာများ ဖြစ်သည်မှာ သူတို့၏ စွမ်းအားကြောင့်သာ မကပေ။ အများစုက ပင်ကိုလူသားများဖြစ်ကြသလို သူတို့၏ မျိုးဆက်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကိုယ်သူတို့ အဘယ်ကြောင့် အန္တရာယ်ကြား ကျရောက်ရမည်နည်း။ ဤသို့ သက်တောင့်သက်သာ ကြာရှည်စွာ နေလာပြီးသည့်နောက်တွင် ထိုသူများက စစ်သည်တော်များ မဟုတ်တော့ဘဲ စွမ်းအားရှိသည့်သူမျှသာ ဖြစ်လာလေသည်။

အခြေအနေက ပြင်းထန်လာပြီး လူသားမျိုးနွယ်က အတွင်းပိုင်းပြိုလဲလုနီးပါး ဖြစ်လာလေ၏။ သို့သော်လည်း အထက်တန်းစားများ ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။ တိုက်တန် နှစ်ယောက်က ရက်စက်စွာဖြင့် သူတို့၏ အမိန့်ဆန့်ကျင်သူအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုသို့ပင်ဖြစ်စေကာမူ သူတို့၏ အပေါင်းအပါ ပင်ကိုလူသားများ ဖြစ်စေကာမူ ခုခံသူအားလုံးကို သတ်ပစ်ခဲ့ခြင်း ဖြစ်၏။

ဖူစစ်က လူသားမျိုးနွယ်တွင် အားအကောင်းဆုံး စစ်သည်တော်တစ်ဦး ဖြစ်၏။ ရှန်ကမူ စွမ်းအားအရတွင် ထိပ်တန်းဆယ်ယောက်အတွင်း ပါဝင်ပြီး အာဏာအများဆုံး ကိုင်ဆောင်ထားသူ ဖြစ်ပေသည်။ သူတို့နှစ်ဦး အလုပ်တွဲလုပ်ပါက အထက်တန်းလွှာများအနေနှင့် အမိန့်ကိုနာခံပြီး ရှေ့တန်းထွက်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။

All Chapters