ကြောက်ဖို့ကောင်းသည့် အမျိုးသမီး
Vol. 93 Ch. 1299
လူသားအထက်တန်းလွှာက နောက်ဆုံးတွင် တုံ့ပြန်လာပြိး နတ်ဆိုးမျိုးနွယ်နှင့် တိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင် သွေးသံရဲရဲ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာခဲ့သည်။
နတ်ဆိုးမျိုးနွယ်က သဘာဝအားဖြင့် ရက်စက်ကြမ်းတမ်းပြီး နတ်ဆိုးဧကရာဇ်၏ အကူအညီဖြင့် ထိုတိရစ္ဆာန်များက သူတို့တစ်ဘဝလုံး သဘာဝ၏ ရက်စက်သည့် စည်းမျဉ်းများအောက် လိုက်နာရင်း ဘဝကို ကုန်ဆုံးခဲ့ကြရသည်။ အားကောင်းသည့် နတ်ဆိုးများကမူ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ခြင်းဖြင့် သူတို့၏ နေရာသို့ ရောက်ရှိလာခြင်းဖြစ်သည့်အတွက် ထိုပျင်းရိကာ ဘာမှမလုပ်ကြသည့် အထက်တန်းလွှာက သူတို့အတွက် မည်သို့များ ပြိုင်ဖက် ဖြစ်မည်နည်း။
ပထမ ၆လအတွင်း အထက်တန်းလွှာ ၉၀ရာခိုင်နှုန်းက နတ်ဆိုးမျိုးနွယ်၏ လက်ထဲ၌ သေဆုံးသွားကြရသည်။ အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုက ပင်ကိုလူသားများ ဖြစ်၏။ ဝမ်ဝေ့က သူတို့ကို ၁၂၉၆၀၀ ဖန်တီးထားခဲ့ပြီး လက်ရှိခေတ်ကာလ၌ ၁၁၀၀၀၀ ရှင်သန်လျက်ရှိသေးသည်။ သို့သော်လည်း ယခင် ၆လအတွင်း ပင်ကိုလူသား ၁၈၀၀၀ သာ ကျန်ရှိတော့သည်။
လူသားမျိုးနွယ်က ဤစစ်ပွဲအတွင်း သွေးများ စွန်းထင်းခဲ့ရသည်။ သို့သော်လည်း ဤဆိုးရွားလှသည့် ဖြစ်ရပ်က စွမ်းအားနှင့် တည်ငြိမ်မှုတို့ကို ဖြစ်ပေါ်လာစေ၏။ အသက်ရှင်နေသည့် အထက်တန်းလွှာများနှင့် ရှေ့ဆောင်သူများက လူသားမျိုးနွယ်၏ အထောက်အပံ့ တိုင်လုံးများသဖွယ် ဖြစ်လာကြသည်။ စစ်ပွဲ၊ သွေးသံရဲရဲနှင့် စိတ်ဝိညာဉ် စတေးမှုများကြားမှ ထိုသူများသည် ပြိုင်ဘက်ကင်း စစ်သည်တော်များ ဖြစ်လာပြီး မျိုးနွယ်၏ ပင်မကျောရိုး ဖြစ်လာကြလေသည်။
ဤစစ်ပွဲအပြီး လူသားမျိုးနွယ်က ပြောင်းလဲသွားကြ၏။ သူတို့က တစ်ခါက ယုံကြည်ခဲ့ဖူးသလို အစာကွင်းစက်၏ ထိပ်ဆုံးတွင် ရှိနေခြင်း မဟုတ်ကြောင်း အသက်ရှင်ဖို့ရာအတွက် ဘာမဆို လုပ်ဖို့လိုကြောင်း နားလည်သွားကြသည်။
အားအကောင်းဆုံး စစ်သည်တော် ဖြစ်သည့် ဖူစစ်က ယခင် ၆လအတွင်း အမှန်တကယ် ရင့်ကျက်လာခဲ့သည်။ သူက နဂိုကတည်းက စိတ်ထားကောင်းသူဖြစ်ပြီး သူ့အပေါင်းအပါ လူသားများ ဆိုးဆိုးရွားရွား သေဆုံးကြသည်ကို မြင်ပြီးသည့်နောက်တွင် သူ့အပေါ် များစွာ သက်ရောက်မှု ရှိလာစေ၏။ သူက ပိုမိုအားကောင်းလာပြီး ဤတိုက်ပွဲကို အဆုံးသတ်ပစ်လိုသည်။ သို့သော်လည်း လူတစ်ယောက်တည်းဖြင့် ဤစစ်ပွဲကို အနိုင်မရနိုင်ကြောင်း သိထား၏။ သူက ဤတိုက်ပွဲ၏ တတိယလထဲတွင် အဆင့်တက်လှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး နေရာတိုင်း၌ သတ်ဖြတ်ခဲ့၏။ သို့သော်လည်း နတ်ဆိုးမျိုးနွယ်ဘက်က နတ်ဆိုးဘုရင် ဆယ်ယောက်ထဲမှ နှစ်ယောက်ကို စေလွှတ်ခဲ့၏။ သူတို့က ဖူစစ်၏ စွမ်းအားနှင့် ခွန်အားတို့ဖြင့် ယှဉ်နိုင်ကြသည်။
ထိုစဉ် လူသားမျိုးနွယ်က စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။ အကြောင်းအရင်းကမူ နတ်ဆိုးမျိုးနွယ်သည် ပိုမိုအားကောင်းလာကြောင်း သိပြီးသည့်နောက်တွင် ဖြစ်၏။ ကံကောင်းစွာဖြင့် ဖူစစ်က သိုင်းပညာဘိုးဘေးနှင့် ထိုက်တန်သည်ဟူသော အရည်အချင်းကို ပြသလာခဲ့သည်။ လပေါင်းများစွာ တိုက်ခိုက်ပြီး သင်ယူပြီးသည့်နောက်တွင် သူက နတ်ဆိုးဘုရင်တစ်ယောက်ကို သတ်ဖြတ်ပြီး ကျန်တစ်ယောက်အား ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။
လူသားမျိုးနွယ်က စစ်ပွဲကို ဆင်နွှဲနေစဉ် မကောင်းဆိုးဝါးနတ်ဘုရားများက သူတို့၏ ဥမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြ၏။ ရှုကျင်းယောင်က နောက်ဆုံးတွင် သူမက သူမ မျိုးနွယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အရေးပါသည့် ပထမခြေလှမ်းကို ပြုလုပ်နိုင်ခဲ့သည့်အတွက် စိတ်သက်သာရာရသွားမိသည်။ သူမအတွက် ဖန်နှင့် မျိုးနွယ်အကြီးကဲအများစုကို မျှားခေါ်ဖို့ လျှို့ဝှက်နယ်မြေတစ်ခုကို ဖန်တီးထားလိုက်သည်။
လျှို့ဝှက်နယ်မြေထဲတွင် အမွေအနှစ်တစ်ခု ကိန်းအောင်းနေပြီး ထိုအရာကို တွေ့ကြုံပြီးသည့်နောက်တွင် ဖန်က သူ့ဇစ်မြစ် လိုအပ်ချက်အတွက် ကာမိအောင် ပြုလုပ်နိုင်ခဲ့သည်။ တခြားအဖွဲ့ဝင်များကလည်း သူတို့၏ ကျင့်ကြံဆင့် တိုးမြှင့်လာခဲ့ကြ၏။ သို့သော်လည်း ဤသည်က အဓိကရည်ရွယ်ချက် မဟုတ်သေးပေ။ ဤလျှို့ဝှက်နယ်မြေထဲတွင် မှုန်မှိုင်းကာ မီးခိုးရောင် စားပွဲတစ်လုံး ရှိနေလေ၏။ မကောင်းဆိုးဝါးနတ်ဘုရားများက ထိုနေရာဆီ ရောက်ရှိသွားပြီးသည့်နောက်တွင် သူတို့က ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားဟု ခေါ်ဆိုသည့် မျိုးနွယ်ကို မြင်လိုက်ရသည်။
သူတို့က ထိုအားကောင်းသည့် မျိုးနွယ် မြင့်တက်လာမှုနှင့် ကျဆုံးမှုကိုပါ မြင်လိုက်ရ၏။ သူတို့၏ အထွတ်အထိပ်တွင် လက်ရှိ မကောင်းဆိုးဝါးနတ်ဘုရားများကပင် ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားများနှင့် မယှဉ်နိုင်ကြပေ။ မကောင်းဆိုးဝါးနတ်ဘုရားများက မြင့်မြတ်စွာ မွေးဖွားလာကြပြီး သူတို့က ထိုအရာကို သိထားကြ၏။ သို့သော်လည်း သူတို့၏ မြင့်မြတ်စွာ မွေးဖွားလာမှုက ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားများနှင့် ယှဉ်ပါက မှေးမှိန်သေးသည်။ သို့သော်လည်း ထိုမျိုးနွယ်က မည်မျှပင် အားကောင်းစေကာမူ ဖျက်ဆီးခံလိုက်ရဆဲသာ ဖြစ်၏။
ဖန်နှင့် အကြီးအကဲများက ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ထိတ်လန့်သွားကြသည်။ အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် သူတို့က မျိုးနွယ်ဝင်တိုင်း လိုက်နာရမည့် တားမြစ်ချက်နှင့် အခြေခံသဘောတရားများကို ဖန်တီးလိုက်ကြသည်။ တောင်တစ်လုံးထက် အလွန်တွင် နောက်ထပ်တောင်တစ်လုံး ရှိနေစမြဲဖြစ်သည့်အတွက် အကောင်းဆုံးဟု ထင်နေသည်က တားမြစ်ချက်တစ်ခု ဖြစ်ပေသည်။
ငါတို့က မြင့်မြတ်စွာ မွေးဖွားလာပေမဲ့ သက်တောင့်သက်သာ နေလို့ရအောင် ဘဝအဆင့်အတန်းကို မှီခိုရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။
ပျင်းရိမှုနဲ့ မိမိဘာသာ အားရကျေနပ်မှုတို့က ဒုတိယတားမြစ်ချက် ဖြစ်သည်။ မည်သူကိုမှ လျှော့မတွက်သင့်ပေ။ မည်မျှပင် အားနည်းစေကာမူ မျိုးနွယ်တိုင်းက မိုးမြေ၏ အထွတ်အထိပ်ကို ရောက်ရှိလာဖို့ အလားအလာရှိကြသည်။ မျိုးနွယ်များကို သူတို့၏ မွေးဖွားရာကြောင့် အထင်သေးခြင်းက တတိယတားမြစ်ချက် ဖြစ်၏။
ဖန်နှင့် အကြီးအကဲများက ဟွင်သွမ်းနတ်ဆိုးနတ်ဘုရား၏ ကံကြမ္မာသည် သူ့မျိုးနွယ်တွင် ဖြစ်ပျက်လာနိုင်သည့်အရာကို မိုးမြေဆီမှ သတိပေးမှုဖြစ်ကြောင်း ခံစားမိခဲ့ကြသည်။ ထို့ကြောင့် သူတို့က ထိုသဘောတရားများကို သူတို့၏ မြင့်တက်လာမှုနှင့် ကြွယ်ဝမှုတို့၏ အုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြ၏။ ယခုမှစတင်၍ သွေးမျိုးဆက်အပေါ် မှီခိုကြသည့် မကောင်းဆိုးဝါးနတ်ဘုရားကဲ့သို့အရာမျိုး ရှိမည် မဟုတ်ပေ။ မွေးဖွားစဉ်ကတည်းက အားလုံးက သူတို့၏ အလားအလာ အပြည့်ရောက်အောင် တင်းကြပ်သည့် လေ့ကျင့်မှုမျိုးကို တွေ့ကြုံခံစားကြရမည်။
သူမက ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေအကြောင်း သိနေတာလား…
ဝမ်ဝေ့က တွေးလိုက်သည်။ ဝမ်ဝေ့ သိထားသလောက် ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားများ၏ တည်ရှိမှုနှင့် ဗဟုသုတများက တစ်စုံတစ်ယောက်ကြောင့် ပယ်ဖျက်ခံထားရ၏။ ထိုအရာက မဟာတာအို ဖြစ်နေနိုင်သည်။ ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားများက မည်မျှပင် အားကောင်းခဲ့ကြောင်း သတင်းအချက်အလက်တချို့တော့ ရှိလေသည်။ သို့သော်လည်း ထိပ်တန်းစံပြများကသာ သူတို့၏ တည်ရှိမှုကို သိကြပြီး ကျင့်ကြံဆင့် နိမ့်သူများဖြင့် မမျှဝေနိုင်ကြပေ။
ဒီအမျိုးသမီးရဲ့ သူလျှိုကွန်ယက်က ဘယ်လောက်တောင် နက်ရှိုင်းနေတာလဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက အံ့အားသင့်နေမိသည်။
သူမနှင့် ယှဉ်ပါက သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များသည်…
သူက ခေါင်းအသာယမ်းကာ ထိုအကြောင်း ထပ်မစဉ်းစားတော့ပေ။
ငါ ရှားပါးသတင်းအချက်အလက်ကို စုစည်းဖို့ သူမဆီ ခွင့်ပြုချက် တောင်းနိုင်လောက်တယ်…
သို့သော်လည်း ဝမ်ဝေ့က ထိုအတွေးကို ဖယ်ရှားလိုက်သည်။ သူနှင့် ရှုကျင်းယောင်တို့က မိတ်ဆွေ မဟုတ်သလို အသိအကျွမ်းလည်း မဟုတ်ပေ။ ထို့ကြောင့် သူမက အဘယ်ကြောင့် ကူညီပေးရမည်နည်း။ သို့သော်လည်း ဝမ်ဝေ့က သတင်းအချက်အလက် လဲလှယ်ဖို့ စီးပွားရေးလက်တွဲဖော် ဖြစ်လာဖို့ရာ ထည့်သွင်းစဉ်းစားလိုက်သည်။
ကြည့်ရတာ ငါ့အနေနဲ့ သူမနဲ့ ကံကြမ္မာကို ပိုမိုနက်ရှိုင်းစေတာ ကောင်းမွန်တဲ့ ချဉ်းကပ်မှုလို့တော့ ထင်တယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“မိန်းကလေးရှု ကိုယ်ရေးကိုယ်တာ မေးခွန်းတစ်ခုကို မေးလို့ရမလား”
ရှုကျင်းယောင်က သူသည် စကားအရင်ဦးစွာ စပြောလာသည့်အတွက် အံ့အားသင့်သွားလေ၏။ ထို့ကြောင့် သူမက ပြုံးလိုက်စဉ် နေရာကိုပင် ချက်ချင်းဆိုသလို လင်းထိန်သွားစေသည်။
“ရှင်က ကျွန်မကို မိန်းကလေးရှုလိုမျိုး ခေါ်နေပြီး ခပ်စိမ်းစိမ်း ပြောနေတာ မဟုတ်ဘူးဆိုရင်ပေါ့”
“ကိစ္စမရှိဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက သူမနှင့် စီးပွားရေး လုပ်လိုသည့်အတွက် သူမနှင့် ရင်းနှီးလာဖို့ ပြဿနာ မရှိပေ။ သူတို့က အသိအကျွမ်းနှင့် မိတ်ဆွေအထိပါ ဖြစ်လာနိုင်၏။
“မင်းရဲ့ သတင်းအချက်အလက်အဖွဲ့အစည်းက ဘယ်လောက်ထိ ကောင်းလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“အဲဒါက စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပဲ” ရှုကျင်းယောင်က ရေရွတ်လိုက်၏။
“အဲဒါကို ဘယ်လိုဖြေရမလဲ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်နိုင်တယ်”
“အိုး” ဝမ်ဝေ့က သူမ၏ ယုံကြည်ချက်ကြောင့် အံ့အားသင့်သွားလေ၏။
“ကျွန်မက အပိုတွေ ပြောနေသလိုမျိုး ခံစားနေရလိမ့်မယ်။ ဒါပေမဲ့ အမှန်တရားပဲ။ ကျွန်မက ဒီနေရာမှာ ရှိနေပေမဲ့ ကျွန်မနဲ့ ထိုက်တန်တယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး” သူမက ရှင်းပြလိုက်သည်။
“မင်း ထပ်ပြီး ပြောပြလို့ရမလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဒီခေတ်ကာလရဲ့ အစပိုင်းမှာ အာဏာရှင်တွေနဲ့ ထိပ်တန်းမျိုးနွယ်တွေက သူတို့ရဲ့ တောင်မှာပဲ ပိတ်ဆို့ပြီးတော့ သူတို့ရဲ့ သတင်းအချက်အလက် အဖွဲ့အစည်းတွေက ရပ်တန့်လိုက်ရတယ်။ အတိအကျပြောရမယ်ဆိုရင် သူတို့က ပွင့်လင်းမြင်သာ လှုပ်ရှားလို့မရတော့ဘူးပေါ့။ ကျွန်မက အဲဒီအခွင့်အရေးကို သုံးပြီး မြင့်တက်လာတာ။ ပိုပြီးပြောရမယ်ဆိုရင် ကျွန်မက သူတို့နဲ့ အပေးအယူ လုပ်ခဲ့တာ။”
“သူတို့ရဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့လား” ဝမ်ဝေ့က အံ့မခန်းအရာတစ်ခုကို တွေးမိသွားကာ မေးလိုက်သည်။
“ဟုတ်တယ်” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်သည်။
“ကျွန်မက သူတို့ထက် လှုပ်ရှားဖို့ ပိုပြီးတော့ လွယ်ကူတယ်လေ။ အဲဒါကြောင့် ကျွန်မက သူတို့သတင်းအချက်အလက်ကွန်ယက်အတွက် ကြားလူဖြစ်လာတာ။ လမင်းနဲ့ နေမင်းတွေရဲ့ အတားအဆီးတွေကို ချိုးဖောက်လိုက်တာပေါ့”
“သူတို့လိုပြောတော့ မင်းက ဘယ်လောက်လောက်ကို ပြောတာလဲ”
“၈၀ ရာခိုင်နှုန်းလောက်ပေါ့”
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့အနေဖြင့် သူမသည် ဤမျှကြောက်ဖို့ကောင်းသည့် အမျိုးသမီး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားမိပေ။ ထိပ်တန်းမျိုးနွယ်၏ ၈၀ ရာခိုင်နှုန်း၏ သတင်းအချက်အလက်မျှဝေသူက မည်သည်ကို ဆိုလိုနေသနည်း။ ဆိုလိုသည်မှာ ရှုကျင်းယောင်သည် လိုအပ်လာပါက သူမ မလုပ်နိုင်သည့်အရာဟူ၍ မရှိကြောင်း ဆိုလိုနေသည်။ ရှုကျင်းယောင်က သူမအနေဖြင့် လိုက်နာရမည့် စည်းမျဉ်းများ လိုအပ်ကြောင်း နားလည်ထားလေသည်။ အကယ်၍ သူမက ထိုအင်အားစုများ၏ လျှို့ဝှက်ချက်များကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပါက သူတို့၏ ပူးပေါင်းမှုက ရပ်တန့်သွားမည် သာမကဘဲ သူမကို သုတ်သင်ပစ်ဖို့ ဘာမဆိုကြိုးစားကြလိမ့်မည်။
“အဲဒါက ဘယ်လိုအကြည့်လဲ။” ရှုကျင်းယောင်က မေးလိုက်သည်။
“ကျုပ်က မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာလားလို့ ပြန်လည်စဉ်းစားနေတာပါ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်အနေနဲ့ ဂုဏ်သိက္ခာနဲ့ ခန္ဓာကိုယ်ကို ရင်းနှီးရုံနဲ့ ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ ဒီလိုမျိုး သတင်းအချက်အလက်ကွန်ယက်ကို ရနိုင်မှာလေ။ ဘယ်လိုပဲကြည့်ကြည့် ကျုပ်ဘက်က ရှုံးနေတာတော့ မဟုတ်ဘူးပဲ”
ရှုကျင်းယောင်က အံ့အားသင့်သွားပြီးသည့်နောက်တွင် ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။
“ရှင်က ကျွန်မဆီ ကမ္ဘာကြီးကို ပေးမဲ့အစား ကျွန်မအပေါ် မှီခိုချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံဖူးတဲ့ ပထမဦးဆုံးလူပဲ”
“အမှန်အတိုင်း ပြောနေတာ”
ရှုကျင်းယောင်က ခေါင်းယမ်းလိုက်သည်။ သူမက သူ့လိုလူမျိုးသည် သူ့သိက္ခာနှင့် သူရှိသည့်အတွက် ထိုသို့သောအရာမျိုးကို လုပ်မည်မဟုတ်ကြောင်း သိလေ၏။ သူမ သိထားသလောက် သူမ မသိသည်ကား သူမ၏ မျိုးနွယ်ကား ရှုအစား ဝူဖြစ်နေပါက ဝမ်ဝေ့သည် သူမ၏ သူလျှိုကွန်ယက်အတွက် သူ့ခန္ဓာကိုယ်ကို ရောင်းချဖို့ အရှက်မဲ့လိမ့်မည်သာ ဖြစ်၏။
“အဲဒါဆိုတော့ ဒီလိုအရေးကြီးတဲ့ သတင်းအချက်အလက်ကို ဘာလို့ ပြောပြနေတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျွန်မ သဘောကျလို့ပေါ့” ရှုကျင်းယောင်က ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။ ထိုအရာက အမှန်တရားတစ်ဝက် ကိန်းအောင်းနေလေ၏။
“ပြီးတော့ ကျွန်မ လုပ်တော့ရော ဘာဖြစ်လဲ။ လူတော်တော်များများက ကျွန်မလိုမျိုး အားနည်းတဲ့ အမျိုးသမီးတစ်ယောက်က ဒီလိုမျိုး အာဏာမျိုးရှိမယ်လို့ ဘယ်သူကများ ယုံမှာလဲ။ သူတို့ကြုံတယ်ဆိုရင်တောင် သူတို့က ဘာများလုပ်နိုင်မှာလဲ”
“မင်းက တစ်စိတ်တစ်ပိုင်းပဲ မှန်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“မင်း သွေးနဂါးကို ဖြေရှင်းပြီးတဲ့နောက်မှာ လူအများစုက လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုတာကို ယုံကြည်လာကြပြီလေ”
“အဲဒါတော့ ဟုတ်ပါတယ်” သူမက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူမသည် သူမ၏ ဂုဏ်သတင်းနှင့် ကမ္ဘာကြီး၏ သူမအပေါ် အမြင်အား အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့သည်ကို တွေးမိသွားသည်။ သူမက ဝမ်ဝေ့ကို အာရုံစိုက်လိုက်၏။
“တကယ့်မေးခွန်းက ရှင်က ဘာလို့ ကျွန်မကို အဲ့လိုမေးခွန်းမျိုး မေးတာလဲ”
“ကျုပ်တို့တွေ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်နေလို့ပါ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်က မင်းရဲ့ သတင်းအချက်အလက်ကို တန်ဖိုးထားတယ်။ အဲဒီအတွက်လည်း တန်ကြေးတစ်ခု ပေးနိုင်တယ်။ အဲဒါဆိုတော့ မင်း ဘယ်လိုထင်လဲ”