← Chapters

အခန်း (၁၃၀၀)

Vol. 93 Ch. 1300

အခန်း (၁၃၀၀)

Vol. 93 Ch. 1300

“သတင်းအချက်အလက် ရောင်းဖို့လား။ အဲဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး” ရှုကျင်းယောင်က ရေရွတ်လိုက်သည်။ သူမက သူမ၏ အခြေအနေကို ကောင်းကောင်းသိထားလေ၏။ သွေးနဂါးကို သတ်ပြီးသည့်နောက်တွင် လမင်းများက သူမအပေါ် သည်းခံနိုင်မည် မဟုတ်တော့သည့် အခြေအနေသို့ ကျရောက်နေလေသည်။ အမျိုးသမီးများက သူမကို အားကျနေကြသည့်အတွက် ယခုအခါ သူတို့၏ အငြိုးတရားကို ထုတ်ပြဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်ပေသည်။ အမျိုးသားများအတွက်မူ သူတို့က ယခုအခါ သူမကို ဖမ်းဆီးပြီး ကစားစရာအဖြစ် ထိန်းသိမ်းဖို့ရာ အကြောင်းပြချက်ကောင်း ရရှိလာလေပြီ။

ဝမ်ဝေ့က ထိုကောင်စုတ်များကို သုတ်သင်ပစ်ဖို့ ကံကြမ္မာရှိသည့်အတွက် သူ တောင်းဆိုသည် ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ ရှုကျင်းယောင်က သူနှင့် အလုပ်တွဲလုပ်ဖို့ စီစဉ်ထားလေသည်။ သူမက ပူးပေါင်းမှု၏ သဘာဝကို မဆုံးဖြတ်နိုင်သေးသော်လည်း သတင်းအချက်အလက် ဖလှယ်ခြင်းဖြင့် အစပျိုးနိုင်သည်။

“အဲဒါဆိုတော့ ဘယ်လိုလဲလှယ်ချင်တာလဲ။” ဝမ်ဝေ့က သူမ၏ တုံ့ဆိုင်းမှုကို ခံစားမိကာ မေးလိုက်သည်။

“တဲ့တိုးပြောတာပဲ ကောင်းလိမ့်မယ်”

“ကျွန်မ ဘာလိုချင်တယ်ဆိုတာကို ရှင် သိပါတယ်” ရှုကျင်းယောင်က ပြန်ဖြေလိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ချက်ချင်း ပြန်ဖြေလိုက်၏။

“ခန္ဓာကိုယ်တော့ မရဘူးနော်”

တင်းကြပ်သည့်လေထုက ချက်ချင်းဆိုသလို ကျိုးပျက်သွားကာ ရှုကျင်းယောင်က အားပါးတရ ရယ်မောလိုက်တော့သည်။ သို့သော်လည်း သူမ၏ အကြည့်ကို ထိန်းချုပ်ကာ ပြန်ဖြေလိုက်၏။

“ရှင့်ခန္ဓာကိုယ်ကို ဘယ်သူက လိုချင်လို့လဲ”

“ကောင်ချောလေးတွေက အပြင်ထွက်တဲ့အခါမှာ သူတို့ကိုယ်သူတို့ ကာကွယ်ရမယ်လို့ အမေက မှာဖူးတယ်” ဝမ်ဝေ့က အလေးအနက် ပြောလိုက်သည်။

“အဲဒီတုန်းကတော့ သူမ ပြောတာကို နားမလည်ခဲ့ဘူး။ အခုတော့ နားလည်သွားပြီ။ ကမ္ဘာပေါ်မှာ ဒီလိုမျိုး ရဲတင်းတဲ့ အမျိုးသမီး ရှိလာလိမ့်မယ်လို့ ထင်မထားမိဘူး”

သူက သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ လိုအပ်ကြောင်း ခံစားမိလိုက်သည်။ မဟုတ်ပါက အမျိုးသမီးတချို့သည် သူ့ကို အခွင့်ကောင်းယူသွားနိုင်သည်။

ရှုကျင်းယောင်က အံ့အားသင့်သွားလေ၏။ သတင်းအချက်အလက်များအရ သူသည် လွတ်လပ်ကာ ပြဇာတ်များထဲမှ သရုပ်ဆောင်များကဲ့သို့ အကျင့်စရိုက်ကို ပြောင်းလဲနိုင်စွမ်းရှိကြောင်း သိထားလေသည်။ သူမက ထိုအရာကို သိထားသော်လည်း သူမကိုယ်တိုင် တွေ့ကြုံခံစားရခြင်းကမူ ကွဲပြားသည့်ကိစ္စတစ်ခု ဖြစ်လေသည်။

“ရှင်က အတော်လေးကို ဇာတ်ကောင်ထဲ စိတ်နစ်နေတာပဲ” သူမက မှတ်ချက်ပေးလိုက်သည်။

“ဒါကို ချီးကျူးမှုအနေနဲ့ပဲ မှတ်လိုက်ပါမယ်” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ တကယ်ပြောတာ ကျွန်မ ဘာလိုချင်တယ်ဆိုတာကို ရှင်သိပါတယ်”

ဝမ်ဝေ့က တိတ်ဆိတ်သွားလေ၏။

“ငါ မင်းကို မကူညီနိုင်ဘူး”

“ရှင် မကူညီနိုင်တာလား။ မကူညီတာလား”

“နှစ်ခုလုံးပဲ”

“ရှင် မကူညီဘူးလို့ပဲ ပြောလိုက်တာက ပိုပြီး မှန်ကန်မယ် မဟုတ်ဘူးလား” ရှုကျင်းယောင်က ပြောလိုက်သည်။ ဤသည်က သူမ၏ ယခင်အားနည်းကာ သန့်စင်သည့် အငွေ့အသက်မျိုးဖြင့် သွေဖယ်နေလေ၏။

“ရှင် ဖုံးကွယ်ဖို့ ကြိုးစားထားပေမဲ့ ကျွန်မ ရှင့်ခန္ဓာကိုယ်အပေါ်က ပြီးပြည့်စုံတဲ့ အငွေ့အသက်ကို ခံစားမိတယ်။ အဲဒါက သန့်စင်လွန်းလို့ ရှင်က အဲဒီပြီးပြည့်စုံတဲ့ မျက်ရည်နဲ့ လုပ်ထားတာပဲ ဖြစ်ရမယ်။ ပြီးပြည့်စုံမှုအပေါ်မှာ နက်ရှိုင်းတဲ့ ဗဟုသုတနဲ့ဆိုရင် ရှင် မကူညီနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“ပြီးတော့ ရှင်နဲ့ အစ်မဝူတို့ရဲ့ ဆက်ဆံရေးလည်း ရှိသေးတယ်” ရှုကျင်းယောင်က ဆက်ပြောလိုက်သည်။

“သူမနဲ့ ဆက်ဆံရေးအရဆိုရင် သူမဆီ အကူအညီ မတောင်းနိုင်ဘဲ နေမှာ မဟုတ်ဘူး။ ရှင်တို့နှစ်ယောက်သာ အတူတူတွဲလုပ်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ကျွမ်းကျင်မှုတွေနဲ့ နည်းလမ်းတစ်ခုကို ဖန်တီးနိုင်ချေက အရမ်းကို မြင့်မားတယ်။”

“သူမနဲ့ ဆက်ဆံရေးအကြောင်း ဘယ်လိုသိတာလဲ”

“လတ်တလောလေးက တက်လှမ်းလာတဲ့သူတွေနဲ့ စကားပြောကြည့်တယ်လေ” ရှုကျင်းယောင်က ပြန်ဖြေလိုက်သည်။

“အဲဒါက ကောက်ချက်ချဖို့ မလုံလောက်သေးဘူး” ဝမ်ဝေ့က ပြောလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားလေသည်။ သူက စကားဝိုင်းအတွင်း သူမ၏ မျက်နှာအစစ်အမှန်အကြောင်း ထုတ်ပြောခဲ့ဖူးသွားသည်။

“ကြည့်ရတာ ရှင် သိသွားတဲ့ပုံပဲ” ရှုကျင်းယောင်က ပြောလိုက်သည်။

“ကျွန်မရဲ့ တကယ့်မျက်နှာအစစ်ကို သိတာ လူတချို့ပဲ ရှိတယ်။ ရှင့်အနေနဲ့ သိနိုင်တဲ့ နည်းလမ်းက သူမဆီကပဲ”

ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် အဖန်ရည်တစ်ငုံ သောက်သုံးလိုက်၏။

“ကောင်းပြီလေ။ ဒါက မျှတတဲ့ အပေးအယူလို့တော့ ထင်တယ်။ ရှင်က အခု ကျွန်မကို ကူညီ။ ကျွန်မက ရှင့်ကို ကူညီမယ်။ အဲဒါဆိုရင် ကျွန်မတို့တွေ အဖွဲ့ကောင်းကောင်းတစ်ခု ဖြစ်လာတာပေါ့”

ဝမ်ဝေ့က တည်ငြိမ်နေ၏။ သူက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“မင်းက မှားယွင်းတဲ့ လမ်းစဉ် လျှောက်လှမ်းနေတယ်ဆိုတာကို သဘောမပေါက်သေးဘူးလား”

“တစ်စိတ်လောက်”

“မင်းရဲ့ မျက်နှာကင်းမဲ့နေတာက ကျိန်စာတစ်ခုတင် မကဘဲနဲ့ အခွင့်အရေးနဲ့ စမ်းသပ်ချက်တစ်ခုဆိုတာလည်း ဟုတ်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“တစ်စုံတစ်ယောက်အပေါ်မှာ မှီခိုမဲ့အစား မင်းကိုယ်မင်း လုပ်ကြည့်ဖို့ တွေးဖူးလား။ မင်း တကယ့်အစစ်အမှန်မျက်နှာကို မြင်ရဖို့ ဘာလို့ ငါ့အကူအညီကို လိုမှာလဲ။ ကျင့်ကြံဆင့်ဆိုတာက ကိုယ်တိုင်ထုဆစ်ရတဲ့ အရာလေ။ အဲဒါက မင်းရဲ့ အခြေအနေအပေါ်မှာလည်း သက်ရောက်မှုရှိတယ်။ မင်းရဲ့ တကယ့်မျက်နှာအစစ်အမှန်က မင်း ဖြစ်ချင်တဲ့အရာပဲ။ ကမ္ဘာအပေါ်မှာ အလှဆုံးမျက်နှာ ဖြစ်နိုင်သလို ရုပ်အဆိုးဆုံးလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ဘူးဆိုလည်း လူအများစုက တစ်ချက်တောင် ငေးမကြည့်တဲ့ သာမန်ဖြစ်လွန်းတဲ့ မျက်နှာနဲ့လည်း နေနိုင်တယ်။ ကိစ္စမရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် အဲဒါက မင်းမျက်နှာဆိုတော့ မင်းကြိုက်မှာပဲ”

ရှုကျင်းယောင်၏ စိတ်ထဲတွင် ထိုစကားများ ပဲ့တင်လာရင်း ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာလေသည်။ ရုတ်ချည်းဆိုသလို သူမက အတွေးထဲ နစ်မြောသွားလေ၏။

“အစ်မဝူ တကယ်ပဲ လုပ်ပေးနိုင်တာ မရှိဘူးလား”

“တို့ အားနာပါတယ်။ ဒါပေမဲ့ အဲဒါက တို့ရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်နေတယ်”

ရှုကျင်းယောင်က စိတ်ဓာတ်ကျသွားသော်လည်း သူမ၏ မျက်ဝန်းများက ခိုင်မာနေဆဲသာ ဖြစ်၏။

“အစ်မဝူက ဗဟုသုတနဲ့ အတွေ့အကြုံကြွယ်ဝတဲ့သူတစ်ယောက်ဆိုတော့ ကျွန်မအတွက် လမ်းစဉ်တစ်ခုကို လမ်းညွှန်ပေးနိုင်မလား”

“ဟူး တို့ပြောနိုင်တာက ဒါက မင်းအတွက် စစ်ဆေးမှုတစ်ခုဆိုတာပဲ။ မင်းရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းရမယ်…”

…………

“အဲဒါဆိုတော့ မင်း ဘယ်လိုထင်လဲ။ ဒါက ရွံဖို့ကောင်းတယ်မလား”

“မဟုတ်ပါဘူး”

“ငါ့ရဲ့ ခံစားချက်တွေကို ထည့်ပြီး စဉ်းစားဖို့မလိုဘူး။ ရွံဖို့ကောင်းတယ်ဆိုတာကို ငါလည်းသိတယ်”

“ဆရာ ဆရာမှားနေပြီ။ တကယ်တော့ ကျွန်တော်က ဒီလိုမျိုးကို ပိုပြီး သဘောကျတယ်” ရှောင်ထျန်းတိက ပြောလိုက်သည်။

“အို ဘာဖြစ်လို့လဲ” ဆရာ့ကို ကြည့်နေတဲ့အကြိမ်တိုင်းမှာ ကျွန်တော်မြင်နေရတဲ့ မျက်နှာက ဆရာ့အပိုင် မဟုတ်ဘူးဆိုတာကို သိတိုင်း အပြစ်ရှိစိတ်ကို ခံစားမိတယ်။ အခု ဆရာရဲ့ ပုံစံအစစ်အမှန်ကို မြင်ရတာ ဒီလိုဖြစ်နေတယ်ဆိုရင်တောင် အဆင်ပြေပါတယ်”

ရှုကျင်းယောင်က သူ့တပည့်လေးအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမက ထိုသို့သော တုံ့ပြန်မှုကို ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူမက ရုတ်ချည်းဆိုသလို ပြုံးလိုက်၏။ ယခုမှစ၍ သူမက ဤတပည့်လေးအား အစစ်အမှန် အသိအမှတ်ပြုလိုက်၏။ ယခုမှစ၍ ဘယ်လိုပင်ဖြစ်စေကာမူ သူက ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်စေ သို့မဟုတ် သာမန်အလယ်အလတ်မျှသာ ဖြစ်နေစေကာမူ သူ့ကို မိသားစုဝင်တစ်ယောက်အဖြစ် ဆက်ဆံမည် ဖြစ်၏။

ရှုကျင်းယောင်က ငေးမောနေရာမှ အသိပြန်ဝင်လာပြီး သူမ၏ ခန္ဓာကို ထိတွေ့လိုက်သည်။ သူမက အဆုံးမသတ်ရဲသည့်အလား လမ်းတစ်ဝက်၌ ရပ်တန့်လိုက်၏။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် သူမက မျက်နှာ၏ အစိတ်အပိုင်းတိုင်းကို ထိတွေ့ကြည့်လိုက်သည်။ သူမ၏ နဖူးမှ မေးစေ့၊ နှာခေါင်းနှင့် မျက်လုံးများပင် အပါအဝင် ဖြစ်၏။ ထိုသို့သော မြင်ကွင်းမျိုးက ပြင်ပမှ ကြည့်လျှင် ထူးဆန်းကောင်း ထူးဆန်းနေသော်လည်း ဝမ်ဝေ့က ဘာမှမပြောဘဲ တည်ငြိမ်စွာ ကြည့်နေလေသည်။

ရှုကျင်းယောင် အဆုံးသတ်သွားသည်နှင့် သူမက လက်ကို ဝှေ့ကာ ကြေးမုံတစ်ချပ်ကို ဖန်တီးလိုက်သည်။ သူမက ဇာမဏီပုံစံများ ရေးထွင်းထားသည့် ရွှေရောင်ကြေးမုံတစ်ခု၏ ကျောဘက်ကို ကြည့်နေပြီးသည့်နောက်တွင် ရုတ်တရက် လှန်လိုက်သည်။ သူမက ထိုအရာကို မြင်လိုက်ရ၏။ သူမ၏ အသက်ခုနစ်နှစ်ထဲက တစ်ဘဝလုံး အဖော်ပြုပေးလာသည့် ဗလာကျင်းမှု ဖြစ်သည်။

သူမက အော်ဟစ်ကာ အစေခံလေးများကို ကြောက်လန့်သွားစေပြီး သူမအမေကိုပင် အထိတ်တလန့်ဖြစ်သွားစေသည်။ သူမက သူမ မြင်ရသည့်အရာကို ပြောပြီးသည့်နောက်တွင် ရှုကျင်းယောင်၏ မိဘများက ကလေး၏ လျှောက်ပြောနေမှုဟုသာ တွေးထင်ခဲ့ကြသည်။ သူမက ဆက်တိုက်ပြောနေသော်လည်း အဆင့်(၇)ကျင့်ကြံသူဖြစ်သည့် သူမ၏ အဖေက ဘာမှမမြင်ခဲ့ရပေ။ ရှုကျင်းယောင်က တစ်လကြာ သောင်းကျန်းပြီးသည့်နောက်တွင် သူမ၏ မိဘများက လှုပ်ရှားရုံမှအပ ရွေးချယ်စရာ မရှိပေ။

ရှုကျင်းယောင် မွေးဖွားလာကတည်းက ကြီးကျယ်သည့် အမြင်ရုပ်လွှာဖြင့် တစ်ပူးတွဲတွဲ ပါရှိလာသည့်အတွက် လွှမ်းမိုးမှုရှိသည့်သူများက သူမကို တပည့်အဖြစ် လက်ခံလိုကြသလို ရည်ရွယ်ချက်ဆိုး ရှိသည့်သူများလည်း များစွာရှိပေသည်။ ရှုကျင်းယောင်၏ မိဘများက ထိုသူများထဲမှ တစ်ယောက်ကို ဆက်သွယ်ကာ သူမကို စစ်ဆေးကြည့်ခိုင်းရုံမှအပ ရွေးချယ်စရာ မရှိပေ။ သို့သော်လည်း သူတို့က ဘာမှမမြင်ရပေ။ နောက်ဆုံးတွင် ရှုကျင်းယောင်က သူမ၏ ဗလာကျင်းနေသည့် မျက်နှာကို သူမကလွဲ၍ ကျန်သူများက မမြင်ရကြောင်း လက်ခံလိုက်ရသည်။ ထိုနေ့ရက်မှစ၍ သူမက ကြည်လင်နေသည့် ရေပြင်အပါအဝင် ရောင်ပြန်ဟပ်သည့် အရာအားလုံးကို မုန်းတီးလာ၏။

ရှုကျင်းယောင်က ကြည့်မိပြီးသည့်နောက်တွင် ထိုအရာကို မြင်လိုက်ရသည်။ အပြည့်အဝ မဖော်ညွှန်းနိုင်သည့် ဝေဝေဝါးဝါးကောက်ကြောင်းတစ်ခု ပေါ်ထွက်လာလေ၏။ သူမက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာပြီး အာရုံစိုက်လိုက်သော်လည်း ထိုကောက်ကြောင်းပုံရိပ်က ပုံရိပ်ယောင်မျှသာ ရှိနေလေသည်။ သူမက တည်ငြိမ်စွာဖြင့် အသက်ပြင်းပြင်းရှူပြီးသည့်နောက်တွင် ကြေးမုံကို သိမ်းဆည်းလိုက်သည်။

သူမက ထရပ်ပြီး လက်နှစ်ဖက်ယှက်ကာ ဝမ်ဝေ့ထံ ၉၀ဒီဂရီဦးညွှတ်လိုက်သည်။

“တာအိုရောင်းရင်းရဲ့ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက ဦးညွှတ်မှုကို လက်ခံသော်လည်း သူမလိုမျိုး အလေးအနက် မမှတ်ယူပေ။ သူမနှင့် ရင်းနှီးသည့်သူများသည် တူညီသည့်အရာကို ပြောခဲ့ဖူးကြောင်း သေချာနေ၏။ သို့သော်လည်း တာအိုနှလုံးသားကို ကုစားပေးဖို့ရာ သို့မဟုတ် စိတ်အခြေအနေကို ကုစားပေးဖို့ရာအတွက် မှန်ကန်သည့်သူတစ်ယောက်က သင့်တော်သည့်အချိန်တွင် ပြောပေးဖို့ လိုအပ်လေသည်။ ရှုကျင်းယောင်က ကံကြမ္မာဖန်သည့်သူသည် သူမ၏ အခြေအနေကို တိုးတက်လာအောင် ကူညီပေးလိမ့်မည်ဟု ယုံကြည်ချက်များစွာ ရှိနေသည့်အတွက် ဝမ်ဝေ့ဆီမှ ထွက်ပေါ်လာသည့် စကားများက တခြားသူထက် ပိုမိုအဓိပ္ပာယ်ရှိနေခြင်း ဖြစ်သည်။

ရှုကျင်းယောင်က ထိုင်ပြီးသည့်နောက်တွင် စိတ်အေးလက်အေး ဖြစ်သွားလေ၏။ သူမ၏ တာအိုနှလုံးသားမှ ဟာကွက်များက ပြီးပြည့်စုံစွာ မဖြေရှင်းရသေးသော်လည်း ရှေ့ဆက်ရမည့် လမ်းစဉ်ကို မြင်လိုက်ရသည်။ သူမက သူမကိုယ်သူမ ရှာဖွေဖို့ရာ အာရုံစိုက်ထားဖို့သာ လိုအပ်၏။ တစ်ရက်ကျ သူမ၏ မျက်နှာကို ပြန်လည်ရရှိလာလိမ့်မည်။ ဝမ်ဝေ့ပြောသည့်အတိုင်း ထိုမျက်နှာက ကမ္ဘာပေါ်တွင် သာမန်အဆန်ဆုံးမျက်နှာ ဖြစ်နေနိုင်သော်လည်း သူမ၏ အပိုင်ဖြစ်နေသည့်အတွက် ကိစ္စမရှိပေ။

သူမ၏ တာအိုနှလုံးသားကို ပြီးပြည့်စုံစေသည်နှင့် သူမ၏ အနာဂတ်က တောက်ပလာလိမ့်မည်။

ဝမ်ဝေ့က တွေးလိုက်မိသည်။

ရှုကျင်းယောင်က သူမ၏ ပြဿနာကို ဖြေရှင်းပြီးသည်နှင့် သူမသည် ပြီးပြည့်စုံမှုအား ကျိန်စာတစ်ခုအစား အရေးသာမှုအဖြစ် မြင်တွေ့လိုက်ရလိမ့်မည်။ သူမ၏ သတင်းအချက်အလက်ကွန်ယက်ဖြင့် ထူးကဲသာလွန်မှုလမ်းစဉ် ပါဝင်နေသည့် ပြီးပြည့်စုံမှုလမ်းစဉ်ကို ကောက်ချက်ချဖို့ရာ သိပ်ကြာမြင့်မည် မဟုတ်ပေ။ ထို့ကြောင့် သူမက ထိုအရာအတွက် စတင်ပြင်ဆင်ထားနိုင်၏။

ငါ ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို သူမနဲ့ လဲလှယ်မဲ့ နည်းလမ်းရှာလိုက်ရမလား…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက ပါရမီရှင်များကို သဘောကျ၏။ ထိုအကြောင်းအရာကြောင့် သူသည် သူမနှင့် အဆက်အသွယ် မဖြတ်တောက်ဖို့ ယာယီဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်သည်။ သူမအနေဖြင့် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ဖြစ်လာဖို့ အခွင့်အရေးက အင်မတန် မြင့်မားလေ၏။ အကြောင်းအရင်းကမူ သူမသည် ပြီးပြည့်စုံမှုဖြင့် လိုက်လျောညီထွေဖြစ်နေ၍ ဖြစ်သည်။ ပြီးပြည့်စုံသည့်အုတ်မြစ်က ထိုဖြစ်နိုင်ချေကို ပိုမိုတိုးမြှင့်ပေးလိမ့်မည်။

ပြီးတော့…

ဝမ်ဝေ့က သူတို့ကြားမှ ဆက်နွယ်မှုကို ကြည့်လိုက်၏။ သူမကို ဉာဏ်အလင်းဖွင့်ပေးပြီးသည့်နောက်တွင် သူတို့၏ ကံကြမ္မာဆက်နွယ်မှုက ပိုမိုနက်ရှိုင်းလာသည်။ သူက သူတို့၏ ကံကြမ္မာဆက်နွယ်မှုကို ဖြတ်တောက်နိုင်ဖို့ တစ်ဆင့်မျှသာ လိုအပ်တော့သည်။ အကယ်၍ သူသာ ပြီးပြည့်စုံသည့် အုတ်မြစ်ကို ပေးလိုက်ပါက လိုအပ်ချက်နှင့် ကိုက်ညီသွားနိုင်ကြောင်း သိထား၏။

မဟုတ်သေးဘူး။ ကံကြမ္မာ နက်ရှိုင်းစေဖို့ ဒီလိုအဖိုးတန်တဲ့အရာမျိုးကို သုံးဖို့ မလိုအပ်ဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက ကံကြမ္မာက သူ့ဆီ ပစ်ပေးသည့် ဆွဲဆောင်မှုမျိုးကို ခုခံဖို့ ယုံကြည်ချက်ရှိလေသည်။ ပိုပြီးအရေးကြီးသည်က သူသည် ရှုကျင်းယောင်အတွက် ပြီးပြည့်စုံသည့် အုတ်မြစ်နည်းလမ်းလိုမျိုး အဖိုးတန်သည့်အရာကို ပေးလောက်အောင် နက်ရှိုင်းသည့် ဆက်နွယ်မှုမျိုး မရှိသလို ရင်းနှီးမှုမျိုးလည်း မရှိပေ။

ခဏလေးနေပါဦး။ တကယ်လို့ သူမက အဲ့လိုဖြစ်နေခဲ့ရင်ရော။ သူမမှာ နောက်ခံ ထိပ်တန်းမျိုးနွယ်လည်း မရှိဘူးဆိုတော့ သူမကို တာအိုအခွင့်အလမ်းဂိုဏ်းထဲကို ဆွဲခေါ်လို့ရနိုင်ချေ ရှိတယ်…

ဝမ်ဝေ့က ရုတ်တရက် တွေးမိသွားသည်။

ရှုကျင်းယောင်ကို ထူးကဲသာလွန်မှုမျိုးစေ့အဖြစ် မှတ်ယူနိုင်သည့်အတွက် မည်သည့်အင်အားစုကမဆို သူမအတွက် အလုအယက် တိုက်ခိုက်ကြလိမ့်မည်။

All Chapters