← Chapters

မဖြစ်နိုင်ဘူး

Vol. 93 Ch. 1301

မဖြစ်နိုင်ဘူး

Vol. 93 Ch. 1301

ဝမ်ဝေ့က ထိုအကြောင်းကို တွေးလေလေ ပိုပြီးသဘောကျလာလေလေ ဖြစ်၏။ သုံ့လီဖန်းကို လုပ်ခဲ့သလိုမျိုး သူက ရှုကျင်းယောင်ကိုလည်း လုပ်နိုင်လိမ့်မည်။ ဤသည်က ပြီးပြည့်စုံလှ၏။

သူမ၏ အခြေအနေက သိပ်အကောင်းကြီး မဟုတ်ဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။

အခု ရောက်ရှိလာတဲ့ ခေတ်ကာလက အားလုံးက ထူးကဲသာလွန်မှု လမ်းစဉ်အတွက် ယှဉ်ပြိုင်ကြရလိမ့်မယ်။ သူမကို ကာကွယ်ပေးမဲ့ အားကောင်းတဲ့ နောက်ခံမရှိဘဲ သူမက အများလုရမဲ့ အရသာရှိတဲ့ နတ်သုဒ္ဓါလို ဖြစ်လာကြလိမ့်မယ်။ ပြီးတော့ သူမရဲ့ သတင်းအချက်အလက်ကွန်ယက် ပြဿနာလည်း ရှိနေသေးတယ်။

 ဂိုဏ်းအများစုက သူမရဲ့ အကူအညီအတွက် ကျေးဇူးတင်ကြပေမဲ့ အများစုက သူတို့အချက်အလက်တွေ မပေါက်ကြားအောင် သူမကို တိတ်တဆိတ် သုတ်သင်ပစ်ဖို့ ကြိုးစားကြမှာပဲ။ တကယ်လို့ သူမရဲ့ ပြိုင်ဘက်ကင်းအလှတရားကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် သူမရဲ့ ဘဝက တကယ့်ကို အတက်အကျ အနိမ့်အမြင့်နဲ့ ပြည့်နှက်နေလိမ့်မယ်။ အဲဒါဆိုတော့ သူမကို ဂိုဏ်းထဲကို မျှားခေါ်နိုင်လိမ့်မယ်…

ရှုကျင်းယောင်၏ ဘဝက ဤခေတ်ကာလအဆုံးသတ်သွားသည့်အခါ အားကောင်းသည့် နောက်ခံမရှိဘဲ လွယ်ကူမည် မဟုတ်ပေ။ သူမက အင်အားစုတစ်ခု တည်ဆောက်ဖို့ လုံလောက်သည့် အချိန်ရှိနေသေးသော်လည်း ထိုသို့လုပ်လျှင်ပင် များစွာ ပြောင်းလဲသွားမည် မဟုတ်ပေ။ ခေတ်ကာအသစ်က စံပြများနှင့် ရှေးဦးစံပြများဖြင့် ပြည့်နှက်နေလိမ့်မည်။ ဝမ်ဝေ့ကိုယ်တိုင်ပင် သူက စံပြနှောင်းပိုင်းအဆင့်သို့ မရောက်ခင်အချိန်အထိ ယုံကြည်ချက် မရှိပေ။

အကယ်၍ ထိပ်တန်းမျိုးနွယ်များက ရှုကျင်းယောင်ကို သုတ်သင်ပစ်ဖို့ ကြိုးစားပါက သူမအနေဖြင့် အသက်ရှင်ဖို့ ရုန်းကန်နေရလိမ့်မည်။ သူမက စည်းမျဉ်းမဲ့ဇုန်အတွင်း မပုန်းအောင်းနိုင်ခင်အထိသာ ဖြစ်၏။ သို့သော် ထိုနည်းလမ်းကပင် ရာနှုန်းပြည့် အာမခံချက် မရှိပေ။ ရောက်ရှိလာမည့်ခေတ်ကာလ၏ စံပြများက ယခင်ကပ်ပါးများ၏ လက်ထက်မှ အမှိုက်သရိုက်များဖြင့် ယှဉ်ကြည့်၍ မရပေ။ သူတို့၏ စွမ်းအားက ကောင်းကင်ဘုံထိပ်သီးအဆင့်ကို ချခံရလျှင်ပင် ထိပ်သီးစံပြတစ်ယောက်က ထိပ်သီးစံပြတစ်ယောက် ဖြစ်နေဆဲသာ ဖြစ်၏။

ဘယ်လိုပဲကြည့်ကြည့် သူမအနေနဲ့ နောက်ခံရှာရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး။ တာအိုအခွင့်အလမ်းဂိုဏ်းက သူမအတွက် ပြီးပြည့်စုံတယ်…

ဝမ်ဝေ့က တစ်စုံတစ်ခုကို တွေးမိသွားကာ စိတ်လှုပ်ရှားလာမိသည်။

မဟုတ်သေးဘူး။ ဂိုဏ်းက သူမအတွက် အကောင်းဆုံးရွေးချယ်မှု မဟုတ်ဘူး။ မူလစည်းတံဆိပ်ကုန်းမြေကမှ သူမအတွက် အကောင်းဆုံးရွေးချယ်မှုပဲ…

သူက သုံးသပ်လိုက်သည်။

သူမက ငါ့အနာဂတ်ဇနီးလောင်းနဲ့ ဆရာတစ်ပိုင်းဆက်ဆံရေးလိုမျိုး ဖြစ်နေတာဆိုတော့ သူမရဲ့ အကောင်းဆုံးရွေးချယ်မှုက မူလစည်းတံဆိပ်ကုန်းမြေဆီ ဝင်ရောက်ဖို့ပဲ…

ဝမ်ဝေ့က အနာဂတ်ဇနီးလောင်းသည် သူမကို ကာကွယ်ပေးလိမ့်မည်မှန်း သံသယ မဖြစ်ပေ။

ဝူဟုန်က မူလစည်းတံဆိပ်ကုန်းမြေကို အာဏာရှင် (၁၃)ယောက်ထဲမှ တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့ပြီး သူမ၏ အကျင့်စရိုက်နှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာကို ပြသခဲ့သည်။ ထို့အပြင် သူမက သူမ၏ ဒဏ်ရာများကို ကုစားပြီး အခြေခံအုတ်မြစ်ကို ပြန်လည်တည်ထောင်နိုင်သည်နှင့် နောက်ခေတ်ကာလထဲတွင် ပိုမိုစွမ်းအားကြီးလာလိမ့်မည်။ သူမက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်ရှိသွားသည်နှင့် မူလစည်းတံဆိပ်ကုန်းမြေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာထဲ ထိပ်တန်းမျိုးနွယ်ဟူသော အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည်။

ငါ့ရဲ့ အနာဂတ်ဇနီးလောင်းက ရှုကျင်းယောင်ကို သူမထဲ ခေါ်ဖို့ ပြင်ဆင်ပြီးလောက်ပြီ…

ဝမ်ဝေ့က သုံးသပ်ပြီး သက်ပြင်းချလိုက်သည်။ သူ့အနေဖြင့် အောင်မြင်နိုင်ချေအခွင့်အရေးက သူ ထင်ထားသလို မများပြားကြောင်း သဘောပေါက်သွားလေ၏။

ငါ ကြိုးစားကြည့်သင့်လား…

ဝမ်ဝေ့၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက ရှုကျင်းယောင်ကို သူ့ဂိုဏ်းထဲ ခေါ်ဖို့ရာ အကောင်းအဆိုးကို ချင့်ချိန်လိုက်သည်။

မဟုတ်သေးဘူး။ ဒါက မထိုက်တန်ဘူး…

သူက သုံးသပ်လိုက်သည်။ သူက သူ့စိတ်လှုပ်ရှားမှုကြောင့် များစွာလျစ်လျူရှုထားမိခဲ့သည့် အချက်များကို သတိပြုမိလာသည်။ အရေးပါဆုံးအချက်က တာအိုအခွင့်အလမ်းဂိုဏ်း၏ ရှုပ်ထွေးလှသော အာဏာပိုင်းဆိုင်ရာ အနေအထား ဖြစ်၏။ ဤသည်က ဝမ်ဝေ့၏ လွှမ်းမိုးမှုနှင့် အာဏာသည် ဘိုးဘေးများ ပေါင်းစည်းခြင်းထက် မြင့်မားနေသည့် ဒိုင်မေးရှင်းအနိမ့်လို မဟုတ်ပေ။

ထိုနေရာတွင် ဝမ်ဝေ့က သုံ့လီဖန်းလို လူမျိုးကို မိတ်ဆက်ပေးနိုင်ပြီး အားလုံးကလည်း သဘောတူကြလေသည်။ သို့သော်လည်း ဒိုင်မေးရှင်းအမြင့်တွင် ထိုသို့လုပ်၍ မရပေ။ ဝမ်ဝေ့က ဂိုဏ်းဆီ မပြန်ရသေးသော်လည်း ရှုပ်ထွေးသည့်အခြေအနေကို ကောက်ချက်ချထားပြီးသားဖြစ်၏။

နမူနာအနေဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် ဝမ်၊ ယန်းနှင့် လီမျိုးနွယ် သုံးခုတည်း ရှိနေခြင်းမဟုတ်ဘဲ  တခြားသော မိသားစု ၉ခုလည်း ပါရှိနေသည်။ ထိုမိသားစုများက စံပြများဖြစ်လာကြသည့် ဂိုဏ်းအမှုထမ်း ဂိုဏ်းချုပ်ဟောင်းများဆီမှ ဖြစ်၏။ သူတို့၏ ရှည်ကြာလှသည့် သက်တမ်းဖြင့် သူတို့သည် ကြွယ်ဝချမ်းသာသည့် မိသားစုများကို တည်ထောင်နိုင်ခဲ့ကြသည်။

တကယ်တော့ ဝမ်ဝေ့က ဂိုဏ်းထဲ မိသားစုများစွာ ရှိနေသည့်အချက်ကြောင့် ဂိုဏ်းအမှုထမ်းမိသားစု၏ အင်အားသဘောတရား အစားထိုးခံလိုက်ရသည့်အချက်ကို ကောက်ချက်ချမိသည်။ သို့သော်လည်း ထိုတခြားသောမိသားစုများက ဂိုဏ်း၏ အုပ်ချုပ်မှုအနေအထားအဖြစ် မှတ်ယူလောက်အောင် လုံလုံလောက်လောက် အာဏာမရှိကြသေးပေ။

ဤကဲ့သို့ ရှုပ်ထွေးသော အခြေအနေဖြင့် ဝမ်ဝေ့က ရှုကျင်းယောင်ကို ဂိုဏ်းဆီ မိတ်ဆက်ပေးလျှင် သူ့ဇနီးကဲ့သို့ အဆင့်အတန်းမျိုး မရှိသည့်အခါ အတိုက်အခံများစွာ ဖြစ်လာလိမ့်မည်။ သူ့ဇနီးအနေဖြင့် လူများက ရှုကျင်းယောင်ကို ပွင့်လင်းမြင်သာ ကြိုဆိုပြီး ထွေးပွေ့ထားနိုင်သော်လည်း ဆရာတပည့်တစ်ယောက် သို့မဟုတ် ဂိုဏ်းသားတစ်ယောက်အနေဖြင့်မူ လူအများစုက ငြင်းဆန်ကြလိမ့်မည်။

 ဝမ်မျိုးနွယ်က အားအကောင်းဆုံးဖြစ်ပြီး ရှေးဦးစံပြနှစ်ယောက် ရှိလေသည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုအတိုက်အခံများကို ကျော်လွှားနိုင်သော်လည်း အဓိပ္ပာယ်မရှိပေ။

ရှုကျင်းယောင်က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ဖြစ်လာပြီးသည့်နောက်တွင် ဂိုဏ်းအပေါ် ခံစားချက်တချို့ရှိလာကောင်း ရှိလာနိုင်သည်။ ဒိုင်မေးရှင်းအနိမ့်တွင် သုံ့လီဖန်း၏ ခင်ပွန်းက ဝမ်မျိုးနွယ်အဖွဲ့သားအဖြစ် ပြန်လည်မွေးဖွားလာမည် ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က ရှုကျင်းယောင်အား ဂိုဏ်းဆီ ဇနီးကဲ့သို့ အဆင့်အတန်းမျိုးဖြင့် မိတ်ဆက်မပေးနိုင်သည့်အတွက် သူမကို ခေါ်ယူနေဖို့ရာ အကျိုးမရှိပေ။

ပြီးတော့ ဝူဟုန်နဲ့ ပြဿနာလည်း ရှိသေးတယ်…

သူက တွေးလိုက်သည်။ သူက ရှုကျင်းယောင်ကို ခေါ်ဆောင်ဖို့ သန့်စင်သည့် ရည်ရွယ်ချက်မျိုး ရှိသော်လည်း သူမက နားလည်မှုလွဲသွားခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ အကယ်၍ သူမနောက်ကွယ်တွင် လုပ်ဆောင်ခဲ့ပါက ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေသလို ဖြစ်လိမ့်မည်။ သူမကို အမှန်အတိုင်းပြောလိုက်လျှင်ပင် ကြိုးကိုင်လှုံ့ဆော်နေသလို ပုံစံပေါက်သွားလိမ့်မည်။

 သူမက ငါ့ရဲ့ ရည်ရွယ်ချက်နဲ့ သစ္စာရှိမှုကို မေးခွန်းထုတ်ပြီး သံသယဖြစ်မဲ့ လူစားမျိုးတော့ မဟုတ်ပေမဲ့ အရင်ဆုံးတော့ တွေးကြည့်ထားရမယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူက သူ့အနာဂတ်ကိုယ် လုပ်ဆောင်နေသည့် အရှုပ်အထွေးများကို ခန့်မှန်းမိ၏။ ထိုအကြောင်းအရင်းထဲမှ တစ်ခုက သူ့အတွက် ကိစ္စများ ချောမွေ့နေစေသည့် အဓိကအကြောင်းအရင်းတစ်ချက်က ထိုအပြုအမူများထဲတွင် ဝူဟုန် ပါဝင်ပတ်သက်နေ၍ဖြစ်ကြောင်း သေချာနေသည်။ သူမ၏ အကူအညီမရှိဘဲ ကိစ္စများက အဆထောင်ချီ ပိုမိုခက်ခဲလာနိုင်သည်။

သူက ထိုအရာကို သိထားသည့်အတွက် သူ့ရန်သူကလည်း ထိုအရာကို သိထားလိမ့်မည်။ သူ့အနေဖြင့် ဝူဟုန်နှင့် ဆက်ဆံရေးကို ချိုးဖောက်ဖို့ နောက်ကျလွန်းသွားခဲ့ပြီဖြစ်သည့်အတွက် ထိုသူများက အတိတ်ကို စောင့်ကြည့်ကြလိမ့်မည်။

သူမနဲ့ ဆက်ဆံရေးက ရှုပ်ထွေးပြီးတော့ တစ်သတ်မှတ်တည်း မဟုတ်သေးဘူး။ ပြီးတော့ ဒီလူတွေက ငါတို့ကို ခွဲထုတ်ဖို့ ပြီးပြည့်စုံတဲ့အချိန်ပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

အဲဒါဆိုတော့ ရှုကျင်းယောင်က ဒီအခြေအနေမျိုးမှာ အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်လာပြီ။ နောက်ထပ် ငါနဲ့ ကံကြမ္မာဆက်နွယ်နေတဲ့ နောက်ထပ်အမျိုးသမီးတစ်ယောက်က အနာဂတ်ကို ဆုံးဖြတ်ပေးတဲ့အနေနဲ့ သူမက ကဏ္ဍတစ်ခုတော့ ပါဝင်ပတ်သက်နေလိမ့်မယ်။

ဝမ်ဝေ့က ရှုကျင်းယောင်ကို ဖြေရှင်းသည့်အခါ သတိထားဖို့ သဘောပေါက်သွားလေ၏။

စိတ်အေးအေးထား…

သူက သူ့ကိုယ်သူ သတိပေးလိုက်သည်။ သူက ရုတ်ချည်းဆိုသလို သူတို့ကြားတွင်ရှိသည့် ကံကြိုးမျှင်ကို ရုတ်ချည်း ဖယ်ရှားလိုသွားသည်။ သို့သော်လည်း ထိုသို့သော အပြုအမူမျိုးက ဆန့်ကျင်ဘက်အနေအထားမျိုးကို ဖြစ်သွားစေနိုင်ကြောင်း နားလည်ထား၏။

ငါလုပ်နိုင်တဲ့ အကောင်းဆုံးလှုပ်ရှားမှုက ဝူဟုန်ကို ပြောပြဖို့ပဲ။ ငါ့ရဲ့ အနာဂတ်အကြောင်း အကြောက်တရားနဲ့ သုံးသပ်မှုတွေ အပါအဝင်ပေါ့။ ပိုပြီးကောင်းတာက ငါတို့ရဲ့ ဆက်ဆံရေးကို ဖြေရှင်းတဲ့အပေါ်မှာလည်း တစ်ချိန်လုံး ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်သင့်တယ်…

ဝမ်ဝေ့က တုံ့ပြန်မှု လွန်ကဲနေတာလား…

ထိုသို့ဖြစ်နိုင်ပေသည်။ သို့သော်လည်း ထိုအရာက သူ့အနာဂတ်မေတ္တာရေးရာ ပါဝင်ပတ်သက်နေပြီး သူ့သာလွန်မှုဆီ သူ့လမ်းစဉ်လည်း ပါဝင်ပတ်သက်နေသည်။ နောက်ဆုံးသောအရာက ထိုအရာကို ရှုပ်ထွေးသွားစေဖို့ရာသာ ဖြစ်၏။

“ပူးပေါင်းဖို့ကတော့ ပြဿနာမရှိပါဘူး” ရှုကျင်းယောင်က ပြောလိုက်သည်။ ဝမ်ဝေ့က သူမကို အာရုံစိုက်ထားလိုက်၏။ ယခင်က သူသည် ပြိုင်ဘက်ကင်းအလျင်ဖြင့် သုံးသပ်ကာ စီစဉ်နေပြီး သူမကိုပါ စကားပြောနေလေသည်။ ထိုကိစ္စတစ်လျှောက်လုံးအတွင်း သူ့အမူအရာ၊ စိတ်ခံစားချက်၊ လေသံအတက်အကျနှင့် အားလုံးက ပြောင်းလဲသွားခြင်းမရှိပေ။

“ကြားရတာ ကောင်းပါတယ်”

“ဒါပေမဲ့ ရှင့်ကို တချို့သတင်းအချက်အလက်တွေ မပေးနိုင်ဘူးဆိုတာကိုတော့ ရှင် နားလည်သင့်တယ်” ရှုကျင်းယောင်က ထပ်ပြောလိုက်သည်။

“ကျွန်မဆီမှာ စွမ်းအားရှိတယ်ဆိုရင်တောင် ဆက်ပြီး မစုံစမ်းရဲတဲ့ ကိစ္စတွေဆိုတာ ရှိတယ်”

“ နားလည်ပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ကျုပ်ရဲ့ အဓိကရည်ရွယ်ချက်က အဲဒီကပ်ပါးတွေပဲ။ လုပ်ဖို့ အကြွင်းမဲ့လိုအပ်လာတာ မဟုတ်သရွေ့ အဲဒီထိပ်တန်းမျိုးနွယ်တွေကို ထိမှာမဟုတ်ဘူး”

“အဲ့လိုဆိုရင် ကောင်းပါပြီ” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်သည်။ သူမက ထိုမျိုးနွယ်များဖြင့် နက်နဲသည့် ပူးပေါင်းမှုမျိုးကို ဖော်ဆောင်ထားပြီး အချိန်အတော်ကြာ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သည့်အတွက် သူမကိုယ်သူမ မည်သို့ ထိန်းချုပ်ရမည်ကို ကောင်းကောင်းသိထားလေသည်။ ရှုကျင်းယောင်က သူတို့၏ တားမြစ်ချက်များကိုပင် သိထားပြီး ဘယ်သောအခါမှ မချိုးဖာက်ခဲ့ပေ။

“တန်ကြေးအနေနဲ့ကရော” ရှုကျင်းယောင်က စိုက်ကြည့်လိုက်သည်။

“ရှင်က ကျွန်မကို ဉာဏ်အလင်းဖွင့်ပေးခဲ့တာဆိုတော့ ကံကြွေးတစ်ခုတော့ တင်နေတယ်။ တကယ်လို့ တစ်ရက်မှာ ရှင်အကူအညီလိုလာတယ်ဆိုရင် တောင်းဆိုလို့ရတယ်။ ကျွန်မ တတ်နိုင်သမျှ ကူညီပေးပါမယ်။ ဒါပေမဲ့…”

“စီးပွားရေးက စီးပွားရေး၊ မိတ်ဆွေက မိတ်ဆွေ” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါကို နားလည်တယ်။ ပြဿနာမရှိဘူး”

“အဲဒါဆိုလည်း ကောင်းပါပြီ” သူမက ခေါင်းညိတ်လိုက်သည်။

“အဲဒါဆိုရင် ကျွန်မ ကျိမင်ကို ပေးထားတဲ့ စံနှုန်းအတိုင်း ပေးလို့ရတယ်။ ရှင့်ကို ၂၀ရာခိုင်နှုန်း လျှော့ဈေးပေးမယ်”

သူမက သူမကို တိုက်ရိုက်ဆက်သွယ်နိုင်မည့် နည်းလမ်းအနေဖြင့် ထိန်းသိမ်းထားသော အဆောင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုအရာထဲတွင် သူမက သတင်းအချက်အလက်နှင့် တန်ကြေးကိုပါ ဖော်ညွှန်းထားလေ၏။

ကြယ်တစ်လုံးကနေ ကိုးလုံးအထိရှိတာ။ အနိမ့်ဆုံးကြယ်တစ်လုံးကတောင် ဈေးကြီးလှပြီ…

ဝမ်ဝေ့က ညည်းတွားလိုက်သည်။

ဒါပေမဲ့ ဘာလို့ ဈေးကြီးနေတာလဲဆိုတာ နားလည်လို့တော့ ရပါတယ်…

ရှုကျင်းယောင်က သတင်းအချက်အလက် ရောင်းချရေး၌ ကျွမ်းကျင်သည့် လမ်းစဉ်တစ်ခုကို ရွေးချယ်ထားခြင်း ဖြစ်၏။ ဆိုလိုသည်မှာ သူမဆီမှ သတင်းအချက်အလက် ဝယ်ယူသူများက ကောင်းမွန်သည့် သူလျှိုကွန်ယက် ရှိထားကြပြီ ဖြစ်သော်လည်း သူတို့ မရှာနိုင်သည့်အရာများကိုသာ ဝယ်ယူကြလိမ့်မည်။

ဒီအနေအထားက ဘာလို့ ထူးဆန်းလာတယ်လို့ ခံစားမိလိုက်ပါလိမ့်…

ဝမ်ဝေ့က တွေးပြီး သတင်းအချက်အလက်ကို ကြည့်လိုက်သည်။ သူက ရှုကျင်းယောင်သည် ကောင်းမွန်သည့် ကွန်ယက်တစ်ခု ရှိထားကြောင်း သိထားသော်လည်း ယခု သူမက ထိုထက်ပိုမို လုပ်ဆောင်နိုင်စွမ်း ရှိနေ၏။ သူမက သတင်းအချက်အလက်များကို ရောင်းချပြီး ကြားခံတစ်ယောက် ဖြစ်လာခဲ့သည်။ သူမက ကမ္ဘာမြေပေါ်ရှိ မြေအောက်လောကတွင် ကျက်စားသည့် ဂျိုကာဟူသော ဇာတ်ကောင်ကို ပြန်လည်အမှတ်ရသွားစေသည်။

အမျိုးသမီးက ငါ ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးတာပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

All Chapters