← Chapters

မသင့်တော်ဘူး

Vol. 93 Ch. 1302

မသင့်တော်ဘူး

Vol. 93 Ch. 1302

“မင်းရဲ့ ဇစ်မြစ်ပေါက်ကြားသွားမှာကို မစိုးရိမ်ဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။ ဤသို့သော အသေးစိတ်ကျသည့် အစီအစဉ်နှင့် သတင်းအချက်အလက် ခွဲခြားထားမှုအရ သူမသည် ဤကဲ့သို့ အပေးအယူလုပ်သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်မှန်း သိသာလှသည်။ သို့သော်လည်း ဝမ်ဝေ့က သူမအနေနှင့်  သူများထံ သတင်းအချက်အလက်ရောင်းချသည့်အခါ သူကဲ့သို့ သူမ၏ ဇစ်မြစ်ကို ထုတ်ဖော်မည်မဟုတ်ကြောင်း သေချာနေ၏။

“ဒါက ရှင် ထင်ထားသလိုမျိုး ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး” ရှုကျင်းယောင်က ပြောလိုက်သည်။

လူတချို့ကသာ သူမ၏ ဇစ်မြစ်ကို သိထားကြလေ၏။ ထိုသူများထဲတွင် ကောင်းကင်ဘုံအရှင်ခုံနှင့် ကောင်းကင်ဘုံအရှင်ကျိဝမ်တို့ ပါဝင်နေသည်။ ယုံကြည်မှုက သူမ၏ အလုပ်ကိစ္စတွင် အရေးပါသည့်အတွက် တချို့သော ဖောက်သည်များဖြင့် ဖြေရှင်းသည့်အခါ သူမ၏ ဇစ်မြစ်ကို ယုံကြည်မှုရရှိဖို့ ထုတ်ဖော်ပြသရသည်။ ထိုသူများအား သူမ၏ အားနည်းချက်ကို ပေးလိုက်ခြင်းက သူမနှင့် အတူတကွ ပိုမိုအလုပ်တွဲလုပ်စေသည်။

ထိုသူများက သူမ၏ အားနည်းချက်ကို သိထားကြလျှင်ပင် ရန်စရဲကြမည် မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်တစ်သိန်းခန့်က တစ်စုံတစ်ယောက် ဝတ်ဆင်ထားခဲ့သည့် အောက်ခံကိုပင် သိနိုင်သည့်သူမျိုးကို အဘယ်ကြောင့် ရန်စရဲကြမည်နည်း။

ဤသည်က ရှုကျင်းယောင် ကိုင်ဆောင်ထားသည့် အာဏာတချို့ ဖြစ်ပေသည်။ သူမက စကားနှင့် မျက်ရည်အနည်းငယ်ဖြင့် ကျင့်ကြံသူများအား သူမနှင့် အလုပ်လုပ်ပေးလာအောင် ဆင့်ခေါ်နိုင်စွမ်းရှိသည်။ ဤကဲ့သို့သူမျိုးကို မည်သူကမှ ရန်စလိုမည် မဟုတ်ပေ။

“ပိုပြီးအရေးကြီးတာက အခုတော့ လူတော်တော်များများတော့ သဘောပေါက်သွားလောက်ပြီ”

ရှုကျင်းယောင်က ထိုသူများနှင့်သာ ဆက်ဆံခဲ့ဖူးသည်။ ထို့ကြောင့် သူမသည် သွေးနဂါးကို လုပ်ခဲ့သည့်အရာက ထိုသူများအား သူမ၏ ဇစ်မြစ်ကို ထုတ်ဖော်ဖို့ အကူအညီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“လူတချို့က မင်း လုပ်ခဲ့တဲ့အရာတွေကြောင့် အံ့အားသင့်မယ်လို့တော့ မထင်ဘူး” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“အဲ့လိုတော့ မဟုတ်သေးဘူး” သူမက ပြန်ပြင်ပေးလိုက်သည်။

“သူတို့က ကျွန်မ လုပ်တာကို အံ့အားသင့်တာ မဟုတ်ဘဲနဲ့ ကျွန်မ လုပ်ရဲတာကို အံ့အားသင့်နေကြတာ”

“အဲဒါက အဓိပ္ပာယ်တော့ ရှိသားပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဒီအကြောင်းပြောတယ်ဆိုမှတော့ အဲဒီနဂါးကို သတ်လို့ ကောင်းကင်တာအိုဆီကနေ ဆုလာဘ်ရသေးလား”

“ခစ် ခစ် ခစ် သခင်လေးဝမ်” ရှုကျင်းယောင်က လက်ဖြင့်အုပ်ကာ ရယ်မောရင်း ပြောလိုက်သည်။

“ဒီလိုသတင်းအချက်အလက်က အနည်းဆုံးတော့ ကြယ်ငါးလုံး တန်တယ်လေ။ ရှင် သိချင်သေးရဲ့လား”

ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ သူတို့၏ တည်ငြိမ်ကာ အေးဆေးသည့် စကားဝိုင်းသည် ရုတ်ချည်းဆိုသလို ပိုက်ဆံ၏ တန်ကြေးကြောင့် နှောင့်ယှက်ခံလိုက်ရသည်။ သူက ခေါင်းကို အသာယမ်းလိုက်၏။ သူက တန်ကြေးတစ်ခု မပေးလိုသည့်အတွက် ချောင်းကြည့်ဖို့ ရွေးချယ်လိုက်သည်။

ရှုကျင်းယောင်က ပြီးပြည့်စုံမှုစွမ်းအားဖြင့် လွှမ်းခြုံထားသည့်အတွက် ဆန့်ကျင်ဂမ္ဘီရအတွက် သင့်တော်လှသည်။ သို့သော်လည်း ဝမ်ဝေ့က သူ့ကိုယ်ပိုင်ပြီးပြည့်စုံသည့် အရှိန်အဝါကို သုံးပြီး သူမ၏ သတင်းအချက်အလက်တချို့ကို ရှာဖွေခဲ့သည်။

“စံပြသတ်ဖြတ်သူ ဂုဏ်ပုဒ်လား”

သူက မျက်ခုံးပင့်ကာ ပြောလိုက်သည်။ ဤသည်က လိုအပ်ချက်များ တင်းကြပ်သည့် ရှားပါးဂုဏ်ပုဒ်တစ်ခုဖြစ်ပြီး ကျင့်ကြံဆင့်နိမ့်သည့်သူက သူတို့ကိုယ်တိုင်  လုပ်ဖို့ လိုအပ်ပေသည်။

မိုးမြေအရ စံပြများသည် မြင့်မြတ်သည့် တည်ရှိမှုများဖြစ်သည့်အတွက် ကျင့်ကြံဆင့် ကျန်ရှိသူများက စံပြတစ်ယောက်ကို ကံကောင်းပြီး သတ်ခဲ့သည်ဆိုလျှင်ပင် ဆုလာဘ်အစား တန်ပြန်သက်ရောက်မှုကိုသာ ခံစားရလိမ့်မည်။ ထို့ကြောင့် သူတို့က အားကောင်းသည့် မျိုးနွယ်တစ်ခု၏ ကံကြမ္မာ သို့မဟုတ် ကံကြမ္မာ၏ ကာကွယ်မှုမရှိသရွေ့ ထိုဂုဏ်ပုဒ်ကို ရယူဖို့ ကြိုးစားသူများက ဆိုးဆိုးရွားရွားအဆုံးသတ်သွားလိမ့်မည်။

ထိုအရာကို လက်ခံရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းကမူ စံပြများက မိုးမြေဆီမှ မျက်နှာသာပေးမှုကို ဆုံးရှုံးသွားသည့်အခါတွင် ဖြစ်၏။ မျက်နှာသာပေးသည်ဆိုသည့် ဆုံးရှုံးမှုကို ဖော်ပြချက်ကမူ ရှုပ်ထွေးကာ ကျယ်ပြန့်လှသည်။ သို့သော်လည်း ပြီးပြည့်စုံသည့် နမူနာက ထိုကပ်ပါးများ ဖြစ်၏။

“ရိုင်းပျလိုက်တာ” ရှုကျင်းယောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူမ၏ ဆန့်ကျင်ဂမ္ဘီရစွမ်းအားကို မြှင့်တင်လိုက်သည်။ သူမ၏ ကူးယူခြင်းတာအိုဖြင့် သူမက ထိုအရာများစွာရှိပြီး ယခုထိ ကျင့်ကြံထားသည့်အတွက် ဝမ်ဝေ့အတွက် ပြီးပြည့်စုံသည့် အရှိန်အဝါဖြင့်ပင် တူညီသည့်နည်းလမ်းကို ထပ်မံအသုံးပြုဖို့ မလွယ်ပေ။

“ဟုတ်တယ် တောင်းပန်ပါတယ်။ ကြည့်ရတာ စိတ်အေးလက်အေးဖြစ်သွားလို့ ထင်တယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ရှုကျင်းယောင်က သူ့ကို ကြည့်လိုက်၏။ သူမက သူသည် အမှန်အတိုင်းပြောနေသည်လား သို့မဟုတ် သူတို့ကြားမှ လေထုကို စိမ်းကားစေဖို့ တမင်ပြောလိုက်ခြင်းလား မသဲကွဲပေ။ သူက တခြားအကြောင်းအရင်းကြောင့်လည်း ထိုသို့လုပ်နိုင်ခြင်း ဖြစ်နေနိုင်၏။ သူ့ကို ဖတ်ရှုဖို့ ခက်ခဲလှသည်။

ဒီအမျိုးသားရဲ့ စိတ်က အတော်လေးကို ရှုပ်ထွေးတယ်…

သူမက တွေးလိုက်သည်။ ထိုသို့သော သူများကို ဖြေရှင်းဖို့က အတော်လေး စိတ်ပင်ပန်းစရာကောင်းလှ၏။ သူမက ဉာဏ်ကောင်းသည့်သူကို စိတ်ထဲ မထားသော်လည်း ဉာဏ်ကောင်းမှုက ကိစ္စများကို ပျက်စီးသွားစေသည့်အခါမျိုး ရှိဖူးလေသည်။ အထူးသဖြင့် စိတ်ခံစားချက်ဆိုင်ရာ ကိစ္စများတွင် ဖြစ်၏။

သူက ငါနဲ့ ဘာမှမလုပ်ချင်တာ ဆိုးဝါးတဲ့ ကိစ္စတော့ မဟုတ်ဘူးပဲ။ ငါတို့တွေက မသင့်တော်လောက်ဘူး…

ရှုကျင်းယောင်က တွေးလိုက်သည်။ သူ မျှဝေလိုသည့် ဤကဲ့သို့သော အတွေးနက်သည့်သူနှင့် တစ်ဘဝလုံး ကုန်ဆုံးဖို့ရာကို စဉ်းစားကြည့်လျှင် တုန်ယင်လာမိသည်။

သူက ငါ့အပေါ်မှာ ပွင့်လင်းပြီး သူ့စိတ်နှလုံးသားကို တစ်ရက် ဖွင့်ပြရင်တောင် ငါ သူ့ကို ယုံကြည်ပါ့မလား…

သူမက မေးခွန်းကို မေးလိုက်ပြီး အဖြေကို ရလိုက်သည်။ ရှုကျင်းယောင်က သက်ပြင်းချလိုက်၏။ သူမက သူသည် အစစ်အမှန် မဟုတ်ဘဲ တစ်စုံတစ်ခု ကြံစည်နေမည့် သံသယကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။

သူက ဘယ်လိုလူစားမျိုးလဲဆိုတာ နားလည်ထားတာကို ဘာလို့ ရွေးချယ်ခဲ့တာတုန်း…

ရှုကျင်းယောင်က တွေးလိုက်သည်။

ကြည့်ရတာ သူမက သူ့လိုမျိုး ရှုပ်ထွေးနေတာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် သူက သူမအပေါ်မှာ ပွင့်ပွင့်လင်းလင်း ဖြစ်လာမယ်လို့ ယုံကြည်ချက်ရှိနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူ လေးနက်သည်ဖြစ်စေ၊ မလေးနက်သည်ဖြစ်စေ သူ လှည့်စားနေသည်ဖြစ်စေ အကွက်ချနေသည်ဖြစ်စေ ဒီအခြေအနေကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေလို့လား…

ငါ့အတွက်ကတော့ သူနဲ့ ဆက်ဆံရေးမှာ ဆုံးရှုံးသွားနိုင်တယ်…

ရှုကျင်းယောင်က သူမကိုယ်သူမ သေချာသိထားလေ၏။ သူမ၏ စိတ်ထဲမှ ဟာကွက်ဖြင့် ကြိုးကိုင်လှုံ့ဆော်ခံရဖို့ ပိုမိုလွယ်ကူလှသည်။ သူမက ထိုအရာကို သိထားသည့်အတွက် တာအိုလက်တွဲဖော်ကို ဘယ်သောအခါမှ မရှာခဲ့ပေ။ ပို၍အရေးကြီးသည်က သူမသည် တစ်စုံတစ်ယောက်ကို မှီခိုမည့်အစား သူမကိုယ်သူမ အားကိုးသင့်ကြောင်း တခြားသူဆီမှ ကြားခဲ့ရလေသည်။ ထိုသို့သော ဟာကွက်မျိုးနှင့် အကျင့်စရိုက်မျိုးဖြင့် သူမသည် ဤကဲ့သို့သောလူမျိုးနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်မိသည့်အခါ သူမကိုယ်သူမ ဆုံးရှုံးသွားနိုင်ကြောင်း သိလိုက်သည်။

ဟုတ်ပြီ ဒါက ရွေးချယ်မှုကောင်းတစ်ခုပဲ…

ရှုကျင်းယောင်က နောက်ဆုံးသော အတွေးကို ဖြတ်တောက်လိုက်သည်။

ဤသည်က သူတို့၏ ပထမဦးဆုံး တွေ့ဆုံမှုဖြစ်သော်လည်း သူ့အပေါ် ချစ်ခြင်းမေတ္တာလှုံ့ဆော်မှုတို့ မခံစားရပေ။ ဝမ်ဝေ့အကြောင်း သင်ယူဖို့သာ ထည့်စဉ်းစားခဲ့၏။ သူက ရုပ်ချောပြီး ပါရမီထူးကဲကာ မြင့်မားသည့် နောက်ခံ ရှိလေသည်။ မည်သို့သော အမျိုးသမီးက အဆွဲဆောင်မခံရဘဲ နေမည်နည်း။

ယနေ့စကားဝိုင်းအတွင်း သူမက သူတို့၏ အကျင့်စရိုက်ချင်း မကိုက်ညီကြောင်း ခံစားမိလိုက်သည်။

ဟမ်…

ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် ရှုကျင်းယောင်ကို ကြည့်လိုက်၏။ စံပြသတ်ဖြတ်သူ ဂုဏ်ပုဒ်အတွက် အကျိုးကျေးဇူးက ကံကောင်းမှုကို တိုးမြှင့်ပေးနိုင်သည်။ ထိုအရာက စံပြအဆင့်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် တည်ရှိမှုအပေါ် နားလည်ဖို့ အချိန်ပမာဏကိုပင် တိုးမြှင့်ပေးနိုင်၏။ ဝမ်ဝေ့ တန်ဖိုးအထားဆုံးအရာက ကျင့်ကြံဆင့် မြင့်မားသူနှင့် ဖြေရှင်းသည့်အခါ စွမ်းအားမြှင့်တင်ပေးနိုင်သည့် အရှိန်အဝါ စွမ်းရည်တစ်ခု ဖြစ်ပေသည်။

ထိုအကြောင်းကို သိပြီးသည့်နောက်တွင် သူက ထိုဂုဏ်ပုဒ်ကို ရယူဖို့ အခြေခံအကျဆုံးနည်းလမ်း သတင်းအချက်အလက်များကို ကောက်ချက်ချကြည့်ခဲ့ပြီးနောက်တွင် အသုံးမဝင်ကြောင်း သဘောပေါက်သွားလေသည်။

 မိုးမြေက သူ့အား ကွဲပြားသည့် စံနှုန်းအရ သတ်မှတ်ထားလေသည်။ တခြားသူများတွက် စံပြတစ်ယောက်ကို သတ်ဖို့ရာ လုံလောက်နေပြီဖြစ်သော်လည်း ထိုသူမျိုးအတွက်မူ ထိုဂုဏ်ပုဒ်ကို ရယူလိုပါက အနည်းဆုံး သူ ကောင်းကင်ဘုံအဆင့်တွင် ရှိနေစဉ် စံပြသုံးယောက်ကို သတ်ဖို့ လိုအပ်ပေသည်။

ဝမ်ဝေ့က ထိုအရာသည် မမျှတကြောင်း ညည်းတွားရင်းဖြင့် ရှုကျင်းယောင်ဆီမှ ရုတ်ချည်းဆိုသလို အပြောင်းအလဲကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူမကို ကြည့်လိုက်၏။

ငါတို့ရဲ့ ကံဆက်နွယ်မှုက အားနည်းသွားပြီ။ ဘာဖြစ်သွားတာလဲ…

နှမြောဖို့ကောင်းလှစွာဖြင့် သူမ၏ မျက်ဝန်းမှ စိတ်ခံစားချက် အမြောက်အများမှ ဘာမှကောက်ချက်မချနိုင်ခဲ့ပေ။

ဝမ်ဝေ့က ရှုကျင်းယောင်ကို လတ်တလောလေးမှ တွေ့သည့်အတွက် ယခင်နှစ်သုံးသန်းအတွင်း အတူတကွ တွဲလုပ်ခဲ့သော်လည်း သူတို့က စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ သူမက အစစ်အမှန်စိတ်ဆန္ဒနှင့် တခြားသောအပြုအမူများကို လုပ်ဆောင်ပုံအပေါ်မူတည်၍ သူမအပေါ် အခြေခံနားလည်မှုတချို့ ရှိလာလေသည်။ သို့သော် သူတို့စကားပြောလာသည့်အခါ သူမ၏ အကျင့်စရိုက်နှင့်ပတ်သက်ပြီး ပုံစံအသစ် မြင်လာမိသည်။

အခွင့်အရေးတစ်ခု ရောက်လာတာကို ခံစားမိလိုက်တယ်…

ဝမ်ဝေ့က တွေးလိုက်သည်။

အဲဒါဆိုတော့ တစ်ချက်ကြည့်ကြည့်ရအောင်…

သူက နှလုံးသားဖတ်ရှုရေး နည်းစနစ်ကို အသုံးပြုလိုက်သည်။ ထိုအရာက ဗုဒ္ဓကျမ်းနှင့် ယန်းလီလင်း၏ နည်းစနစ်တို့ကို ပေါင်းစည်းထားကာ ဖန်တီးထားသည့် စိတ်ဖတ်ရှုရေးနည်းစနစ် တစ်ခု ဖြစ်ပေသည်။ သူက ရှုကျင်းယောင်၏ စိတ်ထဲ ဝင်ရောက်ကာ ယခင် ဆယ်စက္ကန့်အတွင်းမှ အတွေးများကို ဖတ်ရှုလိုက်သည်။ သူက မြန်ဆန်လွန်းသည့်အတွက် သူမအနေနှင့် ဘာကိုမှ သတိမထားမိလိုက်ပေ။

အဲဒါဆိုတော့ ငါတို့က မသင့်တော်ဘူးဆိုလို့ သူမက လက်လျှော့လိုက်တာလား။ ဒါကို ငါ ဖြစ်ချင်နေတဲ့ပုံပဲ။ ဒါပေမဲ့ ဘာလို့ ထူးဆန်းနေတယ်လို့ ခံစားမိနေပါလိမ့်…

ရှုကျင်းယောင်၏ အပြောင်းအလဲက ရုတ်ချည်းဆန်ကာ မြန်ဆန်လွန်းလှသည်။ ပိုပြီးအရေးကြီးသည်က သူ လုပ်ခဲ့သည့် ကြုံရာကျပန်း အပြုအမူတစ်ခုကြောင့် ဖြစ်နေလေ၏။

သူမက ဝမ်ဝေ့၏ စိတ်သည် ရှုပ်ထွေးလွန်းသည်ဟု တွေးထင်သည်က မှန်ကန်နေသော်လည်း ထိုအခြေအနေကို အလွန်အကဲ ချဲ့ကားနေသည်။ ဝမ်ဝေ့၏ ယခင်ရိုင်းပျသည့် အပြုအမူက တမင်ရည်ရွယ်ကာ ပြုမူလိုက်ခြင်း မဟုတ်ပေ။ သူပြောသည့်အတိုင်း သူက သူမနှင့် စိတ်အေးလက်အေး ဖြစ်သည့်အတွက် သူမ၏ ကိုယ်ရေးကိုယ်တာကို ကျူးကျော်လိုက်သလို ဖြစ်သွားမိသည်။

တစ်ခုခုတော့ လွဲနေသလိုပဲ။ သူမက ရုတ်တရက် ငါတို့ မသင့်တော်ဘူးဆိုတာကို သဘောပေါက်သွားတာက တစ်ခုခုတော့ လွဲနေပြီ

ဝမ်ဝေ့က တွေးလိုက်မိသည်။

“တစ်ခုခုများ ဖြစ်လို့လား” ရှုကျင်းယောင်က မေးလိုက်သည်။ ထိုစဉ် ဝမ်ဝေ့က သူမအား မသက်မသာဖြစ်အောင် စိုက်ကြည့်နေ၏။

“တစ်စိတ်လောက် ခွင့်ပြုပါဦး”

ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် မျက်လုံးကိုမှိတ်ပြီး သူ့စိတ်ထဲ၌ အရာအားလုံးကို သုံးသပ်လိုက်သည်။ သူ့အလိုလိုသိစိတ်က သူသည် တစ်စုံတစ်ခုက ကစားနေပြီဖြစ်ကြောင်း ပြောပြနေ၏။

ငါ့ရဲ့ အနာဂတ်ကိုယ်က လှုပ်ရှားပြီးတော့ အတားအဆီးဖြစ်နေတဲ့ “ရှုကျင်းယောင်” ကို ဖယ်ရှားလိုက်တာလား။ ဒါမှမဟုတ်ဘူးဆိုရင် ဟုန်အာက လှုပ်ရှားလိုက်တာလား…

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တွေးလိုက်မိသည်။

မဟုတ်သေးဘူး။ သူတို့တွေ ဘယ်လိုပဲလှုပ်ရှားလှုပ်ရှား အမြဲတမ်း မူမမှန်မှုတချို့တော့ ကျန်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်က အရမ်းကို ချောမွေ့လွန်းလို့ [ကံကြမ္မာ] ရဲ့ လုပ်ဆောင်ပုံကိုတောင် တွေးမိသွားစေတယ်…

All Chapters