← Chapters

အားလုံးသူဌေးချင်ကျေးဇူးတွေ! ပါမောက္ခလီက တကယ်အံ့ဩစရာ! ၃

Vol. 37 Ch. 542

အားလုံးသူဌေးချင်ကျေးဇူးတွေ! ပါမောက္ခလီက တကယ်အံ့ဩစရာ! ၃

Vol. 37 Ch. 542

ဗီဒီယိုမှအသံကြားကြားချင်း ဝန်ကြီးလုနှင့်ပါမောက္ခရန်က မတ်တပ်ထရပ်လိုက်သည်။

''အာနိသင်နှစ်ဆ? ငါနားကြားမမှားပါဘူးနော်?''

ဝန်ကြီးလုကမသေချာသောအသံနှင့် ပါမောက္ခရန်ကိုမေးလိုက်သည်။

''အင်း!''

ပါမောက္ခရန်ကခေါင်းညိမ့်အတည်ပြုလိုက်သည်_

''တကယ်အံ့ဩစရာပဲ... စိတ်ဖိအားအပေါ်အာနိသင်နှစ်ဆတဲ့... ဒါဆိုရင် U31i ဆေးဝါးသုတေသနကိုကိုင်တွယ်တဲ့အပိုင်းမှာ နေရာအများကြီးရပြီ''

ဝန်ကြီးလုက တရုတ်သိပ္ပံအကယ်ဒမီမှပျိုးထောင်ကျွမ်းကျင်များကိုချက်ချင်းကြည့်လိုက်ပြီး_

''ပြီးရင် စမ်းသပ်ထားတဲ့အချက်အလက်တွေကို ပါမောက္ခလီခိုင်ဆီတောင်းလိုက်... မင်းတို့အဲဒါကိုသေချာအသုံးချရမယ်... ပါမောက္ခလီခိုင်ပျိုးထောင်ပြီး တို့ဆီပို့တဲ့အထိစောင့်မနေနဲ့... တို့မှာမျိုးစေ့ကအသင့်ရှိပြီးသား... အပင်မစိုက်နိုင်တာ''

ပျိုးထောင်ကျွမ်းကျင်တချို့က ရှက်ရှက်နှင့်ကြည့်လိုက်ကြသည်။

သူတို့အရည်အချင်းက ပါမောက္ခလီခိုင်လောက်မကောင်းသော်လည်း ပါမောက္ခလီခိုင်ရဲ့အပြီးသတ်ထုတ်ကုန်လိုမရှင်သန်နိုင်တဲ့အထိတော့မဟုတ်။

သို့သော် ဝန်ကြီးလုကိုပြန်မငြင်းရဲ။ ဘာပဲဖြစ်ဖြစ် အရင်ကထျန်းမုထုံရှန်းပျိုးထောင်ဖို့ ရံပုံငွေအများကြီးဖြုန်းခဲ့သည်လေ။ အခုတော့ ပါမောက္ခလီခိုင်က ဒီလောက်အချိန်တိုအတွင်း စံချိန်နှစ်ဆရခဲ့ပြီ။

ဒါပထမအသုတ်ပို့ထားတဲ့ရံပုံငွေတောင် မကုန်လောက်သေးဘူးမလား?

အမှန်အတိုင်းဆိုရရင် ပါမောက္ခလီခိုင်လိုတစ္ဆေမျိုးက တကယ်ရိုက်ခတ်မှုရှိသည်။

ပါမောက္ခရန်ကလည်း အရေးကြီးသောသုတေသနစမ်းသပ်မှုမျိုးဖြစ်၍ ပါမောက္ခလီခိုင်အားအကြိမ်ကြိမ်လုပ်ခိုင်းသည်။

ညနေမတိုင်ခင်အထိ အလားတူရလဒ်သာပြန်ထွက်သဖြင့် ပါမောက္ခရန်လုံးဝစိတ်သက်သာရာရသွားသည်။



ဗီဒီယိုအစည်းအဝေးပြီးသည်အထိ ဝန်ကြီးလုမှာပြုံးရွှင်သောမျက်နှာနှင့်_

''ပါမောက္ခရန်... ရလဒ်တွေထွက်မှတော့ ပါမောက္ခဟွမ်နဲ့ပါမောက္ခကျင်းကိုအသိပေးကြတာပေါ့... သူတို့မှာသူတို့ကိုယ်ပိုင်စမ်းသပ်စရာတွေရှိသေးတယ်''

ပါမောက္ခရန်ကခေါင်းညိမ့်ပြီး ဖုန်းထုတ်လိုက်သည်။ သူကပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်းကိုအဖွဲ့ဖွဲ့ပြီး ဗီဒီယိုခေါ်လိုက်သည်။

တစ်ဖက်ဓာတ်ခွဲခန်းတစ်ခု၌_

ပါမောက္ခကျင်းမှာမှန်ဘီလူးတစ်ခုကိုင်ပြီး ပျိုးပင်များကိုသေချာလေ့လာနေသည်။

ထိုပျိုးပင်များမှာ တရုတ်သိပ္ပံအကယ်ဒမီကပို့လိုက်သောထျန်းမုထုံရှန်းမျိုးစေ့မှပေါက်လာသောပျိုးပင်များဖြစ်သည်။

တရုတ်သိပ္ပံအကယ်ဒမီကိုကူညီပြီး စမ်းသပ်ပျိုးထောင်ပေးတာ ဒါပထမဆုံးအကြိမ်မဟုတ်။

သို့ရာတွင် ဒီတစ်ကြိမ် သူအတတ်နိုင်ဆုံးဂရုစိုက်ထားသည်။

နိုင်ငံတော်အဆင့်စမ်းသပ်မှုဖြစ်သည်ကတစ်ကြောင်း၊ ပါမောက္ခဟွမ်နှင့်ပါမောက္ခလီခိုင်လိုထိပ်တန်းပညာရှင်နှစ်ဦးနှင့်အတူ ရှားရှားပါးပါးပါဝင်လုပ်ဆောင်ခွင့်ရသည်ကတစ်ကြောင်းပင်။

ဒီလိုအပြန်အလှန်တန်ဖိုးထားယှဉ်ပြိုင်မှုမျိုးက အပြင်လူအဖို့နားလည်ရခက်သော်လည်း သုတေသနအပိုင်းတွင်မူ ရှားပါးအခွင့်အရေးဖြစ်သည်။

''ပြီးရင် ဒီပျိုးပင်တွေကို ငါပြင်ဆင်ထားတဲ့အပင်အားဖြည့်ဆေးရည်နံပါတ် ၃ လောင်းလိုက်နော်''

ပါမောက္ခကျင်းကလေ့လာပြီးနောက် မတ်တပ်ထရပ်ပြီး သူ့လက်ထောက်ကိုမှာလိုက်သည်။

သူပျိုးထောင်ထားတဲ့ပျိုးပင်တွေရဲ့ကြီးထွားမှုဖြစ်စဉ်ကမဆိုး။

တရုတ်သိပ္ပံအကယ်ဒမီ၏စိတ်ဖိအားအပေါ်သက်ရောက်မှုလိုအပ်ချက်နှင့်ကိုက်ညီခြင်းရှိမရှိကိုမူ အပင်ကိုစမ်းသပ်နိုင်သည်အထိစောင့်ရုံသာ။





စမ်းသပ်ချက်နှင့်ပတ်သက်ပြီး သူဘာမှအာမမခံနိုင်။ ဒီအပိုင်းမှာ သူ့ကိုယ်ပိုင်အသိပညာနှင့် အကောင်းဆုံးပျိုးထောင်ပြီး ရလဒ်များကိုကြီးကြပ်ရုံသာရှိသည်။

မဟုတ်ရင် တရုတ်သိပ္ပံအကယ်ဒမီကပညာရှင်တွေရလဒ်ထွက်မလာဘဲ သူတို့အကူအညီလိုမှာမဟုတ်။

ပါမောက္ခဟွမ်နှင့်ပါမောက္ခလီခိုင်ဘယ်လိုလုပ်လဲ သူမသိပေ။

ပါမောက္ခကျင်းတွေးတောနေစဉ် သူ့ဖုန်းမှဗီဒီယိုကောလ်ခေါ်သံကြားရသည်။ သူကဖွင့်ကြည့်လိုက်သောအခါ ပါမောက္ခရန်ထံမှဗီဒီယိုတောင်းဆိုချက်ဖြစ်နေသည်။

သူကချက်ချင်း'လက်ခံသည်'ကိုနှိပ်လိုက်ရာ ဖုန်းတွင်ဗီဒီယိုအဖွဲ့တစ်ခုပေါ်လာသည်။ လိုင်းပေါ်တွင် ပါမောက္ခရန်နှင့်ပါမောက္ခဟွမ်ရောက်နေပြီ။

''ပါမောက္ခဟွမ်... ပါမောက္ခရန်''

ပါမောက္ခကျင်းက သူတို့နှစ်ယောက်ကိုနှုတ်ဆက်လိုက်သည်။

ပါမောက္ခဟွမ်ကလည်း_

''ပါမောက္ခကျင်းလည်းရောက်ပြီဆိုတော့ ပါမောက္ခလီခိုင်ပဲကျန်တော့တယ်မလား? ပါမောက္ခကျင်း... စမ်းသပ်တာဘယ်လိုလဲ? ငါ့ဆီမှာတော့ ကောင်းကောင်းဖြစ်နေတယ်''

ပါမောက္ခကျင်းကပြန်ဖြေသည်_

''ကျွန်တော့်ဆီမှာလည်း အစီအစဉ်တကျရှိနေပါတယ်... အာနိသင်ကတော့ အပင်ဖြစ်တဲ့အချိန်စောင့်ပြီးစမ်းသပ်ရမှာပါပဲ... စိတ်ဖိအားအပေါ်အာနိသင်ရှိရင် ဒီနည်းနဲ့ထဲထဲဝင်ဝင်လုပ်မယ်... ပါမောက္ခလီခိုင်ဘက်မှာ ဘယ်လိုအခြေအနေရှိလဲမသိဘူး''

သူတို့နှစ်ယောက်စကားဝိုင်းကိုနားထောင်ပြီး ပါမောက္ခရန်သက်ပြင်းမချဘဲမနေနိုင်တော့။ ဒီနှစ်ယောက်က ထိပ်တန်းပျိုးထောင်ပညာရှင်တွေဖြစ်ပေမဲ့ အချိန်တိုအတွင်း ထျန်းမုထုံရှန်းရလဒ်ကိုမထုတ်ပေးနိုင်။

ပါမောက္ခလီက တကယ်အံ့ဩစရာပဲ!

''ပါမောက္ခဟွမ်... ပါမောက္ခကျင်း''

ပါမောက္ခရန်ကပြောလိုက်သည်_

''ပါမောက္ခလီကအဖြေထွက်ပါပြီ... စိတ်ဖိအားအပေါ်အာနိသင်က သတ်မှတ်ထားတဲ့တန်ဖိုးရဲ့နှစ်ဆရှိတယ်!''

“???” ပါမောက္ခကျင်း။

“???” ပါမောက္ခဟွမ်။

ပါမောက္ခနှစ်ဦးမှာ ဗီဒီယိုထဲမှပါမောက္ခရန်ကိုတစ်ပုံစံတည်းကြည့်လိုက်သည်။

သူတို့ကြည့်သည့်အဓိပ္ပါယ်မှာ_

'နောက်နေတာလား?''ဟူ၍။



All Chapters