← Chapters

ဝယ် ဝယ် ဝယ်ဖို့ပေး! အားလုံးအရည်အသွေးမြင့်ငါးတွေ! ၃

Vol. 37 Ch. 545

ဝယ် ဝယ် ဝယ်ဖို့ပေး! အားလုံးအရည်အသွေးမြင့်ငါးတွေ! ၃

Vol. 37 Ch. 545

အရည်အသွေး ၁ နှင့် ၂ သဘာဝငါးထက် အလှမွေးငါးအကောင်ရေ ၂၀၀၀ ထုတ်ဖို့က ပိုခက်သည်။

အရင်ဆုံး တချို့အလှမွေးငါးများကနူးညံ့ပြီး အများစုက ရန်လိုတတ်သည်။ တချို့ကလည်း ရေအရည်အသွေးလိုအပ်ချက်မြင့်မားသည်။

ထို့ကြောင့် အလှမွေးငါးမသယ်ခင် ငါးကန်လုံလုံလောက်လောက်ပြင်ဆင်ပြီး ရေချိုထည့်ကာ အမျိုးအစားခွဲရမည်။

ဒီတစ်ကြိမ်တွင် ချင်လင်က မင်မြို့တော်ဆင်ခြေဖုံးရပ်ကွက်၌ စောင့်ကြည့်ကင်မရာမပါသောဂိုဒေါင်တစ်ခုငှားလိုက်သည်။ အလှမွေးငါး ၂၀၀၀ ထည့်ရန် ငါးကန်အလုံအလောက်မှာ၍ ရေဖြည့်ထားသည်။

သူပြင်ဆင်ပြီးသောအခါ နေ့လယ်ရောက်တော့မည်။ သူကဂိုဒေါင်ကိုသုံးလေးကြိမ်စစ်ကြည့်ရာ စောင့်ကြည့်ကင်မရာမတွေ့သောကြောင့် တံခါးပိတ်ပြီး အလှမွေးငါး ၂၀၀၀ ရွှေ့ရန် ဂိမ်းထဲဝင်လိုက်သည်။

နည်းနည်းနောနောအလုပ်မဟုတ်။

အလှမွေးငါး ၂၀၀၀ လုံး ဂိမ်းထဲမှရွှေ့ပြီးသောအခါ ညနေရောက်တော့မည်။ သူက သယ်ယူပို့ဆောင်ရေးအဖွဲ့ကျောက်လီယွမ်ကိုဆက်သွယ်ပြီး မနက်ဖြန်ငါးသယ်ရန်လူခေါ်လာခိုင်းသည်။

နောက်တစ်နေ့မနက်စောစောတွင် ကျောက်လီယွမ်က သူ့လူများနှင့်ရောက်လာပြီး ဂိမ်းအလှမွေးငါး ၂၀၀၀ ကို ထရပ်ကားပေါ်တင်လိုက်သည်။

ကျောက်လီယွမ်က ငါးကန်ထဲမှငါးများကိုကြည့်ရင်း_

''ဥက္ကဌချင်... ဒီတစ်ခေါက်ငါးတွေအကုန်လှတယ်... အလှမွေးငါးတွေလား''

''စံအိမ်မှာ ငါးပြတိုက်လုပ်ငန်းအသစ်ရှိတယ်''

ချင်လင်ကရှင်းပြလိုက်သည်_

''ဒီကောင်တွေကို ငါးပြတိုက်မှာထားမလို့''

မူလခန်းမကိုပုံစံပြောင်းထားသောငါးပြတိုက်မှာကျယ်ဝန်းသဖြင့် အလှမွေးငါး ၂၀၀၀ ကနည်းလွန်းသည်။ သို့ရာတွင် နေ့တိုင်းအလှမွေးငါးဖမ်းနိုင်သောကြောင့် နောက်မှနည်းနည်းချင်းဖြည့်သွားနိုင်သည်။ အလုံအလောက်မရှိမှာမပူရ။

နောက်ပြီး ဒီတစ်ခေါက်အလှမွေးငါး ၂၀၀၀ ကျော်စုပြီးသယ်တာ ကရိကထအလွန်များသည်။

နောက်ပိုင်း ဂိမ်းထဲကသုံးလေးရက်တစ်ကြိမ်သာထုတ်တော့မည်။ ရုံချန်းကဂိုဒေါင်မှ တောင်တန်းစံအိမ်ကိုတိုက်ရိုက်ရွှေ့မည်။ ဒါဆိုလွယ်သွားပြီ။

မကြာမီ အလှမွေးငါးအားလုံးကားပေါ်တင်ပြီး၍ ချင်းလင်စံအိမ်သို့စထွက်လာသည်။





ချင်လင်က ကျောက်လီယွမ်ကားထဲဝင်ပြီး ခရီးသည်ထိုင်ခုံတွင်ထိုင်လိုက်သည်။ တစ်လမ်းလုံးသူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဒီနေ့လုပ်ရမည့်ကိစ္စများအပြီးသတ်ရန်စီစဉ်လိုက်သည်။

နတ်ဘုရားမတောင်မှတောင်တန်းထွက်ကုန်အသစ်မထွက်။

သို့ရာတွင် ဒီနေ့အဝါရောင်သစ်မွှေးတစ်ပင်တွေ့ပြီး အရည်အသွေး ၂ အဝါရောင်သစ်မွှေးသုံးတုံးရလိုက်သည်။

ပြီးလျှင် ငါးမျှားသည်။

ဒီနေ့ သူအတော်လေးကံကောင်းနေပုံရသည်။ ပထမဆုံးငါးဖမ်းလိုက်ရုံရှိသေး၊ သူ့စိတ်ထဲတွင် စနစ်အချက်ပေးသံထွက်လာသည်။

(ငါးမျှားတံအဆင့်မြှင့်နိုင်ပြီ။ ပန်းပဲဖိုသွား၍ အဆင့် ၃ ငါးမျှားတံလုပ်နိုင်သည်!)

ချင်လင်မှင်တက်သွားသည်။

ငါးမျှားတံကို အဆင့်ထပ်မြှင့်နိုင်ပြီ။

အရင်အဆင့်တက်တုန်းက အရည်အသွေး ၁ အလှမွေးငါးဖမ်းနိုင်တယ်ဆိုတော့ အခုအရည်အသွေး ၂ ဖမ်းနိုင်ပြီလား?

ဒီလိုဆိုရင် ဖွင့်တော့မယ့်ငါးပြတိုက်အတွက် သတင်းကောင်းပဲပေါ့။

သို့သော် အခုဂိမ်းထဲဝင်မရသေး၊ ပြန်ရောက်တဲ့အထိစောင့်ရဦးမည်။

ယာဉ်တန်းစံအိမ်ရောက်သောအခါ သူကလင်းရွှမ်နှင့်ချန်တပေကိုလူခေါ်ပြီး ကားပါကင်တွင်စောင့်ခိုင်းထားသည်။

ချန်တပေ၏လုံခြုံရေးအဖွဲ့မှာ ပစ္စည်းရွှေ့တာဝန်ယူထားရဆဲပင်။ ဘယ်လိုရွှေ့ပြီး ငါးပြတိုက်ထဲငါးဘယ်လိုထည့်မည်က ဒါရိုက်တာလင်းရွှမ်အပေါ်မူတည်သည်။

ချင်လင်ကားထဲမှထွက်ထွက်ချင်း ချန်တပေကလုံခြုံရေးအစောင့်အဖွဲ့နှင့်ရောက်လာကာ_

''သူဌေး!''





သူကနှုတ်ဆက်ပြီးနောက် အတွေ့အကြုံရှိပြီးသားသူ့လူများကို ငါးစရွှေ့ခိုင်းသည်။

ငါးကန်များကိုတစ်ခုချင်းချပြီး ကားပါကင်နေရာလွတ်တွင်ထားလိုက်သည်။ ပြီးမှ ငါးပြတိုက်ထဲရွှေ့မည်။

သယ်ချထားသောအလှမွေးငါးများကိုမြင်လျှင် လင်းရွှမ်မျက်လုံးများအရောင်တောက်သွားပြီး_

''သူဌေး... ဒီငါးတွေဘယ်ကဝယ်လာတာလဲ? လှလိုက်တဲ့အလှမွေးငါးတွေ''

ပုံစံတင်မဟုတ်၊ အရောင်အဆင်းလည်းလှသည်။ သာမန်အလှမွေးငါးထက်အများကြီးသာသည်_

''သူဌေး... အရည်အသွေးမြင့်ငါးတွေဒီလောက်အများကြီးကို တစ်ခါတည်းနဲ့ဝယ်နိုင်တယ်... အံ့ဩစရာပဲ''

''နောက်ကျပိုများလာဦးမှာ''

ချင်လင်ကအပြုံးနှင့်ပြောလိုက်သည်။

လင်းရွှမ်ကစူးစမ်းကြည့်ပြီး ရုတ်တရက်မယုံနိုင်ပုံနှင့်_

''သူဌေး... မြန်မြန် ဒီငါးသူတော်တွေကိုလာကြည့်ပါဦး... ငါးဥတွေရှိနေတယ်''

''ငါးသူတော်မှာ ငါးဥရှိတာ ထူးဆန်းလို့လား?''

ချင်လင်ကဇဝေဇဝါနှင့်မေးလိုက်သည်။

လင်းရွှမ်က ချင်လင်ကိုအံ့ဩသလိုကြည့်ပြီး_

''သူဌေး... ငါးသူတော်မှာငါးဥရှိတာ မထူးဆန်းပါဘူး... ဒါပေမဲ့ အဖိုးတန်ငါးသူတော်တစ်ကောင်က အနည်းဆုံးယွမ် ၁၀၀၀၀ ကနေ ၂၀၀၀၀ ရှိတယ်... ပြီးတော့ ဒီအဖိုးတန်ငါးသူတော်အလှမွေးငါးတွေရဲ့ပင်ရင်းကိုထိန်းချုပ်နိုင်ဖို့ မွေးမြူရေးကုမ္ပဏီတွေက အရောင်ဘာညာထည့်ပြီး မျိုးမပွားအောင်ကာကွယ်ထားကြတယ်''

''ဒီငါးသူတော်တွေဥဥနိုင်တာ မျိုးပွားနိုင်လို့ပဲ... ဒီငါးတွေအားလုံးက အရည်အသွေးမြင့်ငါးတွေ... တကယ်လို့ နည်းနည်းလောက်ပဲသားဖောက်နိုင်ရင်တောင် ကျွန်မတို့ချင်းလင်စံအိမ်က အရည်အသွေးမြင့်အလှမွေးငါးတင်သွင်းသူလုပ်လို့ရပြီ''

''သူဌေး... မနှစ်က ကျွန်မတို့အလှမွေးငါးလုပ်ငန်းတန်ဖိုးဘယ်လောက်လဲသိလား? ၂၀၂၁ မှာ ၂၆ ဘီလီယံအထိရှိခဲ့တယ်''

ထိုစကားကြားပြီး ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။

ဒါသူလုံးဝမတွေးမိတဲ့အရာ။ တန်ဖိုးကြီးငါးမွေးမြူရေးကုမ္ပဏီတွေက စျေးကွက်ကိုအုပ်စိုးဖို့ ငါးမျိုးပွားနိုင်စွမ်းကိုထိန်းချုပ်တာ ကျိုးကြောင်းသင့်သည်။

ဒါပေမဲ့ သူ့ငါးက ဂိမ်းထဲကဖမ်းမိတဲ့သဘာဝငါး။ မျိုးပွားနိုင်စွမ်းကိုလုံးဝသက်ရောက်မှုမရှိ။

အဓိကအကျဆုံးက ဒါတွေအားလုံး အဆင်း +၁ ရှိတဲ့ အရည်အသွေး ၁ အလှမွေးငါးတွေ။ အပြင်ကသာမန်အလှမွေးငါးတွေထက် ပိုချောပိုလှသည်။

ဒီငါးတွေကိုသားဖောက်ရင် သာမန်အလှမွေးငါးတွေထက် သေချာပေါက်နာမည်ပိုကြီးမှာမလား?

လင်းရွှမ်ပြောတဲ့အလှမွေးငါးလုပ်ငန်း RMB ၂၆ ဘီလီယံအကြောင်းတွေးကြည့်ရင် လုံးဝတန်သည်။ စံအိမ်ကို နောက်ထပ်ထူးထူးခြားခြားလက္ခဏာတစ်ခုထပ်ဖြည့်နိုင်သည်။

လင်းရွှမ်က ငါးကန်များကိုပတ်ပြီး တစ်ခုချင်းလိုက်ကြည့်သည်။ သူမက နောင်တသံနည်းနည်းစွက်၍_

''သူဌေး... ဒါတွေအားလုံးက အရည်အသွေးမြင့်အလှမွေးငါးတွေ... အကောင်ရေ ၂၀၀၀ ကျော်ဆို ငါးပြတိုက်ကိုလူတွေလုံးဝစိတ်ဝင်စားမှာ... တစ်ခုကောင်းတာက ငါးပြတိုက်မှာ ဘယ်အကောင်မှထင်းမနေတော့ဘူး''





All Chapters